လွတ်လပ်ရေးထိန်းသိမ်းမှုနှင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်မှုကာလများတွင် အမျိုးသမီး စစ်ဝန်ထမ်းတပ်များ ပါဝင်ဖွဲ့စည်းပြီး ကျရာအခန်းကဏ္ဍတွင် ထူးချွန်ပြောင်မြောက်စွာ ပါဝင်ထမ်းဆောင်ခဲ့

ေနျပည္ေတာ္ ၊ ဒီဇင္ဘာ ၂၁

မိမိတို႔ႏုိင္ငံ၏အတိတ္သမုိင္းတြင္ ေခတ္မီတပ္မေတာ္တစ္ရပ္တည္ေထာင္ႏုိင္ခဲ့ျခင္းမရွိသျဖင့္ သူ႕ကြၽန္ဘ၀သုိ႔ေရာက္ရွိခဲ့ရေၾကာင္း၊ ႏုိင္ငံလြတ္လပ္ေရးရရွိရန္အတြက္ မိမိတုိ႔တပ္မေတာ္သည္ ျပည္သူမ်ားႏွင့္လက္တြဲၿပီး နယ္ခ်ဲ႕ဖက္ဆစ္မ်ားကုိတြန္းလွန္ခဲ့ၾကေၾကာင္း၊ ထုိသုိ႔သူ႕ကြၽန္မခံတြန္းလွန္မႈမ်ားႏွင့္ လြတ္လပ္ေရးႀကိဳးပမ္းမႈမ်ားတြင္ ျမန္မာအမ်ိဳးသမီးမ်ားကလည္း အမ်ိဳးသားမ်ားနည္းတူ ပါ၀င္ေဆာင္ရြက္ခဲ့ၾကသည္မွာ သမုိင္းတြင္ အထင္အရွားရွိေၾကာင္း၊ ထုိ႔အျပင္လြတ္လပ္ေရးထိန္းသိမ္းမႈႏွင့္ ႏုိင္ငံေတာ္တည္ၿငိမ္ေအးခ်မ္းေရး ေဆာင္ရြက္မႈကာလမ်ားတြင္လည္း အမ်ိဳးသမီးစစ္္၀န္ထမ္းတပ္မ်ား ပါ၀င္ဖြဲ႕စည္းၿပီး က်ရာအခန္းက႑တြင္ ထူးခြၽန္ေျပာင္ေျမာက္စြာ ပါ၀င္ထမ္းေဆာင္ခဲ့ၾကေၾကာင္း၊ ထုိ႔ေၾကာင့္ မ်ိဳးခ်စ္စိတ္ထက္သန္သည့္ ျမန္မာအမ်ိဳးသမီးမ်ားႏွင့္အမ်ိဳးသမီးစစ္မႈထမ္းမ်ား၏ စြမ္းေဆာင္ရည္ကုိ ျမန္မာ့သမုိင္းႏွင့္တပ္မေတာ္သမုိင္းတြင္ အထင္အရွားမွတ္ေက်ာက္တင္ၿပီးျဖစ္ေၾကာင္းျဖင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မဟာသေရစည္သူ မင္းေအာင္လိႈင္ က ယေန႔နံနက္ပုိင္းတြင္ ရန္ကုန္ၿမိဳ႕၊ တပ္မေတာ္(ၾကည္း) ဗုိလ္သင္တန္းေက်ာင္း(ေမွာ္ဘီ)တြင္ က်င္းပျပဳလုပ္သည့္ ဘြဲ႕ရအမ်ိဳးသမီးဗိုလ္ေလာင္းသင္တန္း အမွတ္စဥ္(၄)သင္တန္းဆင္း ဂုဏ္ျပဳစစ္ေရးျပအခမ္းအနားသုိ႔ တက္ေရာက္မိန္႔ခြန္းေျပာၾကားစဥ္ ထည့္သြင္းေျပာၾကားသည္။

အဆုိပါအခမ္းအနားသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ဇနီး ေဒၚၾကဴၾကဴလွ၊ ျပည္ထဲေရး၀န္ႀကီးဌာနျပည္ေထာင္စု၀န္ႀကီး ဒုတိယဗုိလ္ခ်ဳပ္ႀကီး သီရိပ်ံခ်ီ ေက်ာ္ေဆြႏွင့္ဇနီး၊ ကာကြယ္ေရး၀န္ႀကီးဌာနျပည္ေထာင္စု၀န္ႀကီး ဒုတိယဗုိလ္ခ်ဳပ္ႀကီး ေဇယ်ေက်ာ္ထင္ စိန္၀င္းႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး ေဇယ်ေက်ာ္ထင္ တင္ေအာင္စန္း ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေဇယ်ေက်ာ္ထင္ ခင္ေအာင္ျမင့္ႏွင့္ ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး(ၾကည္း)မွ တပ္မေတာ္အရာရိွႀကီးမ်ားႏွင့္ဇနီးမ်ား၊ ရန္ကုန္တုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး၊ တပ္မေတာ္(ၾကည္း) ဗုိလ္သင္တန္းေက်ာင္း ေက်ာင္းအုပ္ႀကီးႏွင့္ ရန္ကုန္တပ္နယ္မွအရာရိွႀကီးမ်ား၊ ဖိတ္ၾကားထားသည့္ဧည့္သည္ေတာ္မ်ားႏွင့္ သင္တန္းဆင္းဘြဲ႕ရအမ်ိဳးသမီးဗိုလ္ေလာင္းမ်ား၏ မိဘေဆြမ်ိဳးမ်ား တက္ေရာက္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မဟာသေရစည္သူ မင္းေအာင္လိႈင္ က ဗိုလ္ေလာင္းတပ္ခြဲ၏အေလးျပဳျခင္းကိုခံယူၿပီးဗုိလ္ေလာင္းတပ္ခြဲကုိ စစ္ေဆးသည္။ ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မဟာသေရစည္သူ မင္းေအာင္လိႈင္ အား ဗိုလ္ေလာင္းတပ္ခြဲက အေႏွးေလွ်ာက္၊ အျမန္ေလွ်ာက္တို႔ျဖင့္ ခ်ီတက္အေလးျပဳၾကသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က တပ္မေတာ္(ၾကည္း) ဗုိလ္သင္တန္းေက်ာင္း(ေမွာ္ဘီ) ဘြဲ႕ရအမ်ိဳးသမီးဗုိလ္ေလာင္းသင္တန္းမွ အေကာင္းဆုံးဗုိလ္ေလာင္းဆု ရရွိသူ ဗုိလ္ေလာင္းအမွတ္ ၂၀ ဗုိလ္ေလာင္း ခင္လျပည့္အားဆုေပးအပ္ခ်ီးျမႇင့္သည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မဟာသေရစည္သူ မင္းေအာင္လႈိင္ က သင္တန္းဆင္းဗိုလ္ေလာင္းမ်ားအား မိန္႕ခြန္းေျပာၾကားရာတြင္ မိမိတို႔ႏုိင္ငံတြင္ အမ်ိဳးသမီးဦးေရသည္ ႏုိင္ငံလူဦးေရ၏ ၅၁ ရာခုိင္ႏႈန္းေက်ာ္ရွိသည့္အတြက္ အမ်ိဳးသမီးအင္အားထုကုိ ႏုိင္ငံေတာ္ဖြံ႔ၿဖိဳးတုိးတက္ေရးႏွင့္ ကာကြယ္ေရးစြမ္းအား တည္ေဆာက္ေရးတုိ႔တြင္ ထိေရာက္စြာအသုံးျပဳရန္ လုိအပ္မည္ျဖစ္ေၾကာင္း၊ ထုိ႔ေၾကာင့္ ႏုိင္ငံေတာ္၏ကာကြယ္ေရးစြမ္းအားတည္ေဆာက္ရာတြင္ ျမန္မာအမ်ိဳးသမီးထုပါ၀င္ႏုိင္ေရး၊ အမ်ိဳးသမီးမ်ား၏အခန္းက႑ျမႇင့္တင္ေရးႏွင့္ တပ္မေတာ္တြင္အမ်ိဳးသမီးစစ္မႈထမ္းမ်ား ပါ၀င္ထမ္းေဆာင္ႏုိင္ေရးတုိ႔အတြက္ ဘြဲ႕ရအမ်ိဳးသမီး ဗုိလ္ေလာင္းသင္တန္း၊ သူနာျပဳႏွင့္ေဆးဘက္ပညာသင္တန္း၊ ကြန္ပ်ဴတာဒီပလုိမာ တပ္ၾကပ္ႀကီး/စာေရးသင္တန္းမ်ားကုိ စဥ္ဆက္မျပတ္ဖြင့္လွစ္ၿပီး အမ်ိဳးသမီးစစ္မႈထမ္းမ်ားကုိ ေလ့က်င့္ေမြးထုတ္ေပးလ်က္ရွိေၾကာင္း ရွင္းလင္းေျပာၾကားသည္။

ဆက္လက္ၿပီး ႏုိင္ငံေတာ္ကာကြယ္ေရးတာ၀န္ထမ္းေဆာင္ရာတြင္ အမ်ိဳးသမီးမ်ား ပါ၀င္ေဆာင္ရြက္ႏုိင္ေစရန္အတြက္ အမ်ိဳးသမီးစစ္မႈထမ္းအရာရွိမ်ားအား ေလ့က်င့္သင္ၾကားေမြးထုတ္ေပးရန္ဆုိသည့္ ရည္ရြယ္ခ်က္ျဖင့္ ဘြဲ႕ရအမ်ိဳးသမီးဗုိလ္ေလာင္း သင္တန္းမ်ားကုိ ဖြင့္လွစ္ခဲ့ျခင္းျဖစ္ၿပီး သင္တန္းဆင္းအမ်ိဳးသမီးအရာရွိမ်ားအေနျဖင့္ ၾကည္း၊ ေရ၊ ေလ၊ ႐ုံးဌာနမ်ားအပါအ၀င္ လက္႐ုံး၀န္ထမ္းတပ္ဖြဲ႕အသီးသီးတြင္ တာ၀န္ေက်ပြန္စြာ ထမ္းေဆာင္လ်က္ရွိေနၾကေၾကာင္း။ တပ္မေတာ္(ၾကည္း)ဗုိလ္သင္တန္းေက်ာင္း(ေမွာ္ဘီ)မွဆင္းသည့္ အမ်ိဳးသမီးအရာရွိတခ်ိဳ႕သည္ အထူးတာ၀န္တပ္ဖြဲ႕(အမ်ိဳးသမီး)သင္တန္းမ်ားကုိ တက္ေရာက္ေအာင္ျမင္ၿပီးျဖစ္သကဲ့သို႔ တပ္မေတာ္(ေလ)အမ်ိဳးသမီးအရာရွိတခ်ိဳ႕သည္လည္း ေလသူရဲေလာင္းမ်ားအျဖစ္ စတင္ေလ့က်င့္ေဆာင္ရြက္ေနၿပီျဖစ္ေၾကာင္း၊ မိမိတုိ႔အေနျဖင့္လည္း သင္တန္းေက်ာင္းကေလ့က်င့္သင္ၾကားေပးလုိက္သည့္ ဘာသာရပ္မ်ားႏွင့္ လက္ေတြ႕ေလ့က်င့္ေဆာင္ရြက္မႈမ်ားကုိအေျခခံၿပီး ေပးအပ္လာမည့္တာ၀န္မ်ားကုိ ေက်ပြန္စြာထမ္းေဆာင္သြားၾကရန္လုိအပ္ေၾကာင္းမွာၾကားသည္။

ထုိ႔ေနာက္ စစ္အတတ္ပညာႏွင့္ စစ္လက္နက္ပစၥည္းမ်ားသည္ ေန႔စဥ္ႏွင့္အမွ် တီထြင္ေျပာင္းလဲတုိးတက္ေနသည့္အေလ်ာက္ ေလ့က်င့္ေရးပုိင္းကုိလည္းႏုိင္ငံတကာ စံခ်ိန္မီေအာင္ အရည္အေသြးျမႇင့္တင္ေဆာင္ရြက္သြားရမည္ျဖစ္ေၾကာင္း၊ စစ္လက္နက္ပစၥည္းမ်ား၊ စစ္နည္းဗ်ဴဟာမ်ားကုိကြၽမ္းက်င္ပုိင္ႏုိင္မႈရွိေအာင္ ေလ့က်င့္ေနရမည္ျဖစ္သကဲ့သုိ႔ လက္ေတြ႕စစ္ေျမျပင္တြင္ ရန္သူကုိရင္ဆုိင္တုိက္ပြဲ၀င္ႏုိင္ရန္အတြက္ ကုိယ္ခႏၶာႀကံ့ခုိင္မႈရွိေအာင္လည္း ေလ့က်င့္ေနရန္လုိအပ္ေၾကာင္း၊ စြမ္းရည္ထက္ျမက္သည့္ တပ္မေတာ္ျဖစ္ရန္အတြက္ ေဆာင္ရြက္ရာတြင္ စစ္သည္တစ္ဦးခ်င္းအတြက္ အဆင့္ႏွင့္ေလ်ာ္ညီသည့္ စစ္ပညာတတ္ကြၽမ္းမႈရွိေအာင္ ေလ့က်င့္ေပးရန္လုိအပ္သကဲ့သုိ႔ အသင္းအဖြဲ႕အလုိက္ ပူးေပါင္းေဆာင္ရြက္မႈရွိေစရန္လည္း တပ္ဖြဲ႕အလုိက္ေလ့က်င့္ေပးရန္လုိအပ္မည္ျဖစ္ေၾကာင္း၊ မိမိတုိ႔တပ္မေတာ္အေနျဖင့္ ေခတ္သစ္စစ္ပြဲကုိ ရင္ဆုိင္ႏုိင္စြမ္းရွိၿပီး စြမ္းရည္ျမင့္မားသည့္ တပ္မေတာ္ျဖစ္ေစရန္အတြက္ တစ္ဦးခ်င္းေလ့က်င့္ေရး၊ အဖြဲ႕လုိက္ေလ့က်င့္ေရးႏွင့္ ပူးေပါင္းေလ့က်င့္ေရးဆုိသည့္ ေလ့က်င့္ေရးက႑ ၃ ရပ္ျဖင့္ ေလ့က်င့္ေဆာင္ရြက္လ်က္ရွိေၾကာင္း၊ ထုိသုိ႔ေလ့က်င့္ရာတြင္ က်န္းမာႀကံ့ခုိင္ရမည္၊ ကြၽမ္းက်င္ရမည္၊ ရဲစြမ္းသတၱိရွိရမည္ဆုိသည့္ တပ္မေတာ္၏ေလ့က်င့္ေရးအေျခခံမူမ်ားႏွင့္အညီ ေဆာင္ရြက္သြားၾက ရမည္ျဖစ္ေၾကာင္းမွာၾကားသည္။

ယင္းေနာက္ ျပည္တြင္း/ျပည္ပရန္ကုိ ကာကြယ္ရန္ႏွင့္ သမား႐ုိးက်စစ္ဆင္ႏုိင္ရန္အတြက္ တပ္မေတာ္ကုိဖြဲ႕စည္းထားျခင္းျဖစ္ေၾကာင္း၊ တပ္မေတာ္၏အဓိကတာ၀န္ သည္ ႏုိင္ငံေတာ္ကာကြယ္ရန္ျဖစ္ၿပီး ႏုိင္ငံ့အခ်ဳပ္အျခာအာဏာထိပါးသူ၊ ျပည္တြင္း လက္နက္ကုိင္ပဋိပကၡဖန္တီးေနသူမ်ားကုိ တုိက္ခုိက္ေခ်မႈန္းေနရျခင္းျဖစ္ေၾကာင္း၊ ျပည္ပရန္ကာကြယ္ေရးႏွင့္ ျပည္တြင္းလက္နက္ကုိင္ပဋိပကၡမ်ားခ်ဳပ္ၿငိမ္းေရးအတြက္ တပ္မေတာ္၏ ကာကြယ္ေရးစြမ္းရည္အစဥ္ျမင့္မားေနရန္လုိအပ္သည့္အတြက္ တုိက္စြမ္းရည္ႏွင့္ တုိက္စြမ္းအားျမင့္မားေနရန္ အေလးထားလုပ္ေဆာင္လ်က္ရွိေၾကာင္း၊ ႏုိင္ငံေတာ္ကာကြယ္ရန္အတြက္ ကာကြယ္ေရးစြမ္းရည္ရွိေနရမည္ျဖစ္ၿပီး တစ္ဦးခ်င္းစြမ္းရည္ျမင့္မားရန္အတြက္ အေျခခံအားျဖင့္ျပည့္စုံရမည့္ က်န္းမာႀကံ့ခုိင္မႈ၊ ေလ့က်င့္သားျပည့္၀မႈမ်ားရွိေနရမည္ျဖစ္ေၾကာင္း၊ တစ္ဦးခ်င္းစြမ္းရည္ရွိမွ တပ္မ်ား၏ စြမ္းရည္ေကာင္းမြန္လာမည္ျဖစ္ေၾကာင္း၊တပ္မေတာ္၏ “အား” ကုိ တည္ေဆာက္ရာတြင္ တပ္ဖြဲ႕မ်ားအားလုံးစုစည္းညီၫြတ္မႈရွိရန္လုိအပ္သည့္အတြက္ တပ္မ်ားစြမ္းရည္ျမင့္မားေစရန္ အရွည္ေမွ်ာ္ေတြးၿပီး အေလးထားလုပ္ေဆာင္ၾကရမည္ျဖစ္ေၾကာင္း ေျပာၾကားသည္။

၎ေနာက္ မိမိတို႔တပ္မေတာ္အေနျဖင့္ အဓိကလုပ္ငန္းႀကီး ၃ ခုျဖစ္သည့္ ႏုိင္ငံေတာ္ကာကြယ္ေရးတာ၀န္၊ ေလ့က်င့္ေရးတာ၀န္ႏွင့္ ျပည္သူ႕အက်ိဳးျပဳလုပ္ငန္းတာ၀န္ မ်ားကုိထမ္းေဆာင္သြားရန္ သတ္မွတ္ေပးထားၿပီးျဖစ္ေၾကာင္း၊ မည္သည့္ႏုိင္ငံေရးစနစ္ျဖစ္ေစကာမူ တပ္မေတာ္၏အဓိကတာ၀န္မွာ ႏုိင္ငံေတာ္ကုိကာကြယ္ရန္ႏွင့္ ႏုိင္ငံေတာ္က ေပးအပ္လာသည့္တာ၀န္မ်ားကုိ ထမ္းေဆာင္ရန္ျဖစ္ေၾကာင္း၊ ကာကြယ္ေရးဆုိသည္မွာ စစ္တုိက္ျခင္းတစ္ခုတည္းသာမဟုတ္ဘဲ ျပည္သူလူထု၏ အသက္အုိးအိမ္စည္းစိမ္ကုိကာကြယ္ျခင္း၊ ျပည္သူ႕အက်ိဳးေဖာ္ေဆာင္ေပးျခင္းႏွင့္ ျပည္သူတုိ႔၏စား၀တ္ေနေရး၊ အမ်ိဳးသားေရးစ႐ုိက္လကၡဏာမ်ားကုိ ထိခုိက္မႈမရွိေစရန္ ကာကြယ္ျခင္းတုိ႔ပါ၀င္ေၾကာင္း၊ အဆုိပါတာ၀န္မ်ားကုိထမ္းေဆာင္ႏုိင္ရန္အတြက္ အမွန္တကယ္စြမ္းရည္ရွိသည့္တပ္၊ ႏုိင္ငံေတာ္ကအားထားရသည့္တပ္၊ ျပည္သူကအားကုိးရသည့္တပ္မ်ားျဖစ္ရန္မလြဲမေသြ လုပ္ေဆာင္သြားၾကရမည္ျဖစ္ေၾကာင္း၊ တပ္မ်ားစြမ္းရည္ရွိေအာင္လုပ္ေဆာင္ရာတြင္ စည္ကမ္းေကာင္းမြန္မႈႏွင့္ အမိန္႔နာခံမႈရွိျခင္းသည္ အေရးႀကီးသည့္လုိအပ္ခ်က္ျဖစ္ေၾကာင္း မွာၾကားသည္။

ဆက္လက္ၿပီး စြမ္းရည္ဟုဆုိရာတြင္ စစ္ေရးစြမ္းရည္၊ စည္း႐ုံးေရးစြမ္းရည္၊ အုပ္ခ်ဳပ္ေရးစြမ္းရည္စသည့္ စြမ္းရည္သုံးရပ္ပါ၀င္ၿပီး မိမိတုိ႔၏အဓိကလုပ္ငန္း Professional ျဖစ္သည့္ စစ္ေရးစြမ္းရည္ထက္ျမက္ေနရန္အထူးလုိအပ္ေၾကာင္း၊ စစ္ေရးစြမ္းရည္ ထက္ျမက္ရန္အတြက္ ပထမအခ်က္အေနျဖင့္ လူတစ္ဦးခ်င္းစီ၏စြမ္းရည္မ်ားထက္ျမက္ရန္၊ ဒုတိယအခ်က္အေနျဖင့္လက္နက္ စြမ္းရည္မ်ားရွိရန္ႏွင့္ ေလ့့က်င့္သားျပည့္၀ရမည္ျဖစ္ၿပီး စစ္နည္းဗ်ဴဟာက်င့္သုံးမႈတြင္လည္း သူ႕ေနရာႏွင့္သူ မွန္ကန္မႈရွိရန္လုိအပ္ေၾကာင္း၊ တစ္ဦးခ်င္းစြမ္းရည္ရွိမႈႏွင့္အတူ တပ္ဖြဲ႕အလုိက္၊ တပ္အလိုက္လည္းစြမ္းရည္ျမင့္မားထက္ျမက္ေနရန္လိုအပ္မည္ျဖစ္ေၾကာင္း၊ ထုိ႔အတူ မိမိတာ၀န္ယူရသည့္အဖြဲ႕အစည္းႏွင့္ ျပည္သူလူထုအေပၚခုိင္မာသည့္ စည္းလုံးညီၫြတ္မႈကုိ တည္ေဆာက္ႏုိင္ရန္အတြက္ စည္း႐ုံးေရးစြမ္းရည္ျပည့္စုံေနရန္လုိေၾကာင္း၊ ႏုိင္ငံေတာ္ကာကြယ္ေရးတြင္ တပ္မေတာ္၏ ဦးေဆာင္မႈႏွင့္ ျပည္သူ႕စစ္မဟာဗ်ဴဟာ ေဖာ္ေဆာင္ႏုိင္ရန္အတြက္ တပ္တြင္း၊ တပ္ျပင္ စည္း႐ုံးေရးလုပ္ငန္းမ်ားကုိ အေလးအနက္ထားေဆာင္ရြက္သြားရမည္ျဖစ္ေၾကာင္း၊ ျပည္သူကုိလုံၿခဳံေအာင္ကာကြယ္ေစာင့္ေရွာက္ျခင္း၊ ျပည္သူ႕အက်ဳိးစီးပြားကုိေဖာ္ေဆာင္ေပးျခင္း၊ ျပည္သူ႕ဘ၀တုိးတက္ေအာင္၀ုိင္း၀န္းလုပ္ေဆာင္ျခင္းျဖင့္ ျပည္သူလူထု၏ ယံုၾကည္ကုိးစားမႈကုိရယူႏုိင္မွာျဖစ္ေၾကာင္း ရွင္းလင္းေျပာၾကားသည္။

ထုိ႔အျပင္ အထက္ကေပးအပ္လာသည့္အမိန္႔၊ တာ၀န္ႏွင့္ၫႊန္ၾကားခ်က္မ်ားကုိ ဦးစီးတာ၀န္ႏွင့္အညီ စနစ္တက်စီမံခန္႔ခြဲေဆာင္ရြက္ႏုိင္ရန္ႏွင့္ ကြပ္ကဲၾကပ္မတ္ႏုိင္ရန္အတြက္လည္း အုပ္ခ်ဳပ္ေရးစြမ္းရည္ ထက္ျမက္ေနရန္လိုအပ္ေၾကာင္း၊ စစ္ဦးစီး၊ စစ္ေရး၊ စစ္ေထာက္ဆုိင္ရာလုပ္ငန္းမ်ား မွန္မွန္ကန္ကန္ေဆာင္ရြက္ျခင္းျဖင့္ အုပ္ခ်ဳပ္မႈစနစ္ပုိမိုေကာင္းမြန္လာမည္ျဖစ္ေၾကာင္း၊ ထုိကဲ့သုိ႔ စစ္ေရးစြမ္းရည္၊ စည္း႐ုံးေရးစြမ္းရည္၊ အုပ္ခ်ဳပ္ေရးစြမ္းရည္ဆုိသည့္ စြမ္းရည္သုံးရပ္ထက္ျမက္ျမင့္မားေစရန္အတြက္ ေလ့က်င့္ေရးႏွင့္တည္ေဆာက္၊ အုပ္ခ်ဳပ္ေရးႏွင့္တည္ေဆာက္၊ သက္သာေခ်ာင္ခ်ိေရးႏွင့္တည္ေဆာက္၊ စိတ္ဓာတ္ႏွင့္ တည္ေဆာက္ဆုိသည့္ တပ္တည္ေဆာက္ေရးလုပ္ငန္းႀကီး(၄)ရပ္ႏွင့္အညီ မွန္ကန္စြာ တည္ေဆာက္သြားၾကရမည္ျဖစ္ေၾကာင္းမွာၾကားသည္။

ထုိ႔ေနာက္ မိမိတုိ႔တပ္မေတာ္သည္ စစ္စည္းကမ္းကုိမ႑ဳိင္ျပဳၿပီး အမိန္႔နာခံတတ္မႈႏွင့္ က်စ္လ်စ္သိပ္သည္းစြာဖြဲ႕စည္းထားသည့္တပ္မေတာ္တစ္ရပ္ျဖစ္ေၾကာင္း၊ ယေန႔အခ်ိန္အထိ တည္တ့ံခုိင္ၿမဲစြာျဖင့္ႏုိင္ငံေတာ္ကာကြယ္ေရးတာ၀န္မ်ားကုိ ထမ္းေဆာင္ႏုိင္ျခင္းသည္ စိတ္ဓာတ္၊ စည္းကမ္းေကာင္းမြန္မႈႏွင့္ အမိန္႔နာခံတတ္မႈမ်ားေၾကာင့္ပင္ျဖစ္ေၾကာင္း၊ စည္းကမ္းဆုိရာတြင္ လုိက္နာေဆာင္ရြက္ရန္တုိက္တြန္းခ်က္ စည္းကမ္းႏွင့္ ေရွာင္ၾကဥ္ရန္တားျမစ္ထားသည့္ တားျမစ္ခ်က္စည္းကမ္းဟု ႏွစ္မ်ိဳးရွိၿပီး အသိတရားျဖင့္လုိက္နာေစာင့္ထိန္းသြားရန္လုိအပ္ေၾကာင္း၊ မိမိတုိ႔တပ္မေတာ္သားမ်ားသည္ တပ္မေတာ္၏လုပ္ထုံးလုပ္နည္း၊ စည္းကမ္းဥပေဒမ်ားကုိ တိတိက်က်လုိက္နာေဆာင္ရြက္ၾကရသည့္အျပင္ ႏုိင္ငံေတာ္ကခ်မွတ္ထားသည့္ ဥပေဒႏွင့္စည္းကမ္းမ်ားကုိ ႏုိင္ငံသားတစ္ဦးအေနျဖင့္လည္း လုိက္နာၾကရသူမ်ားျဖစ္ေၾကာင္း၊ ထုိ႔အျပင္ႏုိင္ငံတကာတြင္ လက္ခံ က်င့္သုံးေနသည့္ စစ္ပြဲဆုိင္ရာဥပေဒမ်ားႏွင့္ ထိေတြ႕တုိက္ခုိက္မႈစည္းမ်ဥ္းမ်ားကုိလည္း သိရွိလုိက္နာၾကရမည္ျဖစ္ေၾကာင္း၊ တပ္မေတာ္သားမ်ားအေနျဖင့္ကုိယ္တုိင္ျပစ္မႈမက်ဴး လြန္ေအာင္လုိက္နာေစာင့္ထိန္းရသကဲ့သုိ႔ မိမိတာ၀န္ယူကြပ္ကဲရသည့္ လက္ေအာက္က ျပစ္မႈက်ဴးလြန္လွ်င္လည္း မ်က္ကြယ္ျပဳ၍မရဘဲ စစ္ဘက္၊ နယ္ဘက္ ဥပေဒမ်ားႏွင့္အညီ အေရးယူေဆာင္ရြက္ရသည္ကုိ အားလုံးအသိပင္ျဖစ္ေၾကာင္း၊ ထုိ႔ေၾကာင့္ တာ၀န္ထမ္းေဆာင္ရာတြင္ ျပ႒ာန္းထားသည့္ဥပေဒ၊ ထုတ္ျပန္ထားသည့္ အမိန္႔ႏွင့္ၫႊန္ၾကားခ်က္၊ စည္းကမ္း၊ နည္းလမ္း မ်ားႏွင့္အညီ လုိက္နာေဆာင္ရြက္ၾကရန္လုိေၾကာင္းမွာၾကားသည္။

၎ေနာက္ တပ္မေတာ္တြင္ ေခါင္းေဆာင္ငယ္မ်ားအျဖစ္ တာ၀န္ထမ္းေဆာင္ၾကရေတာ့မည့္ မိမိတို႔အေနျဖင့္ သင္တန္းကာလတြင္ ေခါင္းေဆာင္မႈသေဘာတရားႏွင့္ နည္းလမ္းမ်ားကုိ ေလ့လာသင္ယူခဲ့ၾကၿပီးျဖစ္သျဖင့္ လက္ေတြ႕တာ၀န္ထမ္းေဆာင္ရာတြင္လည္း ေခါင္းေဆာင္မႈအရည္အခ်င္းမ်ားႏွင့္ ျပည့္စုံေနေအာင္တည္ေဆာက္ႏုိင္စြမ္းရွိရမည္ျဖစ္ေၾကာင္း၊ ေခါင္းေဆာင္မႈဆုိသည္မွာ မိမိအေပၚတြင္က်ေရာက္လာသည့္ ႏုိင္ငံ၏ သမုိင္းေပးတာ၀န္၊ သုိ႔မဟုတ္ အထက္မွေပးအပ္လာသည့္တာ၀န္ကုိ မိမိလက္ေအာက္ငယ္သားမ်ားႏွင့္အတူ ရည္မွန္းခ်က္ၿပီးေျမာက္ေအာင္ေဆာင္ရြက္ႏုိင္သည့္ ပညာရပ္ပင္ျဖစ္ေၾကာင္း၊ တစ္နည္းအားျဖင့္ေခါင္းေဆာင္မႈဆုိသည္မွာ လူသားမ်ား၏စိတ္ဓာတ္ႏွင့္ စြမ္းရည္ကုိ စနစ္တက်စုစည္းၿပီး စြမ္းအင္တစ္ရပ္ရရွိေအာင္ ေဖာ္ေဆာင္ႏုိင္သည့္ အရည္အခ်င္းတစ္ခုပင္ျဖစ္ေၾကာင္း၊ ထုိ႔ေၾကာင့္ေခါင္းေဆာင္မႈအျပည့္အ၀ရရွိႏုိင္ရန္အတြက္ မိမိတုိ႔တပ္မေတာ္မွခ်မွတ္ထားသည့္ ေခါင္းေဆာင္မႈအဂၤါရပ္(၁၆)ရပ္ႏွင့္အညီ ႀကိဳးစားလုပ္ေဆာင္ၾကရန္လုိအပ္မည္ျဖစ္ေၾကာင္း၊ စစ္မွန္သည့္ေခါင္းေဆာင္ဆုိသည္မွာ ကုိယ္တုိင္စံနမူနာျပေနထုိင္က်င့္ႀကံေျပာဆုိၿပီး လက္ေအာက္ငယ္သားမ်ား၏ ခ်စ္ခင္ေလးစားမႈႏွင့္ ပတ္၀န္းက်င္ရွိိလူမ်ား ေလးစားစြာအသိအမွတ္ျပဳျခင္းကုိခံယူရရွိေအာင္ ေဆာင္ရြက္ႏုိင္ျခင္းပင္ျဖစ္ေၾကာင္း၊ စစ္ဘက္ေခါင္းေဆာင္မႈ၏အေျခခံအခ်က္မွာ တည္ဆဲဥပေဒမ်ား၊ အမိန္႔ႏွင့္ၫႊန္ၾကားခ်က္မ်ားကုိ တိက်စြာလုိက္နာျခင္းတုိ႔ႏွင့္အတူ အထက္အႀကီးအကဲမ်ားအေပၚ သစၥာရွိျခင္းႏွင့္ လက္ေအာက္ငယ္သားမ်ားအေပၚ ရဲေဘာ္ရဲဘက္စိတ္ထားရွိျခင္းမ်ားလည္း ပါ၀င္ေၾကာင္း၊ ရာထူး/အဆင့္မ်ားခန္႔အပ္ေပးလုိက္ျခင္းအတြက္ မိမိကုိယ္ကုိ အရည္အခ်င္းျပည့္၀သည့္ ေခါင္းေဆာင္မ်ားအလုိအေလ်ာက္ျဖစ္လာၿပီဟု ခံယူသတ္မွတ္ျခင္းမ်ိဳးကုိေရွာင္ၾကဥ္ၿပီး ေခါင္းေဆာင္ေကာင္းတစ္ဦးျဖစ္လာေစရန္ က်ရာတာ၀န္မ်ားကုိ ထမ္းေဆာင္ရင္း ဆက္လက္ေလ့လာဆည္းပူးသင္ယူၾကရမည္ျဖစ္ေၾကာင္းမွာၾကားသည္။

ယင္းေနာက္ ႏုိင္ငံတစ္ႏုိင္ငံ၏ဖြံ႕ၿဖိဳးတုိးတက္ေရးအတြက္ ႏုိင္ငံေရးအရတည္ၿငိမ္မႈ၊ လုံၿခဳံေရးအရတည္ၿငိမ္မႈႏွင့္ စီးပြားေရးအရတည္ၿငိမ္မႈမ်ားရွိရန္လိုအပ္သည့္အတြက္ တပ္မေတာ္အေနျဖင့္ ျပည္တြင္းလက္နက္ကုိင္ပဋိပကၡမ်ားခ်ဳပ္ၿငိမ္းၿပီး တစ္ႏုိင္ငံလုံးအတုိင္းအတာျဖင့္ ထာ၀ရၿငိမ္းခ်မ္းေရးရရွိေအာင္ ႏုိင္ငံေရးနည္းအရမွန္ကန္စြာေျဖရွင္းေဆာင္ရြက္မႈမ်ားမွာ ဥပေဒႏွင့္အညီ ပူးေပါင္းပါ၀င္ေဆာင္ရြက္လ်က္ရွိေၾကာင္း၊ မိမိတို႔ႏုိင္ငံ၏ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားကုိ အေကာင္အထည္ေဖာ္ေဆာင္ရြက္ရာတြင္ တစ္ႏုိင္ငံလုံးပစ္ခတ္တုိက္ခုိက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္ (Nationwide Ceasefire Agreement-NCA) လမ္းေၾကာင္းကုိအေျခခံၿပီး လုပ္ေဆာင္လ်က္ရွိေၾကာင္း၊ ၿငိမ္းခ်မ္းေရးကုိအမွန္တကယ္ရယူၿပီး ဒီမုိကေရစီ၏အႏွစ္သာရျဖစ္သည့္ လက္ရွိသြားေနသည့္ ပါတီစုံဒီမုိကေရစီလမ္းေၾကာင္းေပၚတြင္ ပါ၀င္ေလွ်ာက္လွမ္းလုိပါက အရာအားလုံးၿငိမ္း ခ်မ္းလုိသည့္စိတ္ကုိအေျခခံၿပီး ေျဖရွင္းရမည္ျဖစ္ေၾကာင္း၊ NCA အရ တုိင္းရင္းသားအေရးကုိ ႏုိင္ငံေရးအရေဆြးေႏြးႏုိင္သည့္လမ္းေၾကာင္းမ်ားစြာ၊ အခြင့္အေရးမ်ားစြာ ရရွိမည္ျဖစ္ေၾကာင္း၊ တပ္မေတာ္အေနျဖင့္ ႏုိင္ငံေရးလုပ္ေနျခင္းမဟုတ္ဘဲ ၿငိမ္းခ်မ္းေရးအတြက္ တုိက္ပြဲျဖစ္စဥ္မ်ားခ်ဳပ္ၿငိမ္းရန္၊ လက္နက္ကုိင္ပဋိပကၡမ်ားခ်ဳပ္ၿငိမ္းရန္ လုပ္ေဆာင္ေနျခင္းသာျဖစ္ေၾကာင္း၊ ထုိ႔ေၾကာင့္ မိမိတုိ႔အေနျဖင့္လည္း တစ္ႏုိင္ငံလုံးထာ၀ရၿငိမ္းခ်မ္းေရးရရွိရန္ေဆာင္ရြက္ၾကရာတြင္ မိမိတုိ႔က်ရာအခန္းက႑မွ ပါ၀င္ေဆာင္ရြက္သြားၾကရန္ တုိက္တြန္းမွာၾကားသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မဟာသေရစည္သူ မင္းေအာင္လိႈင္သည္ ဗိုလ္ေလာင္းတပ္ခြဲ၏ အေလးျပဳျခင္းကိုခံယူၿပီးေနာက္ စစ္ေရးျပအခမ္းအနားမွ ျပန္လည္ထြက္ခြာသည္။

စစ္ေရးျပအခမ္းအနားအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မဟာသေရစည္သူ မင္းေအာင္လႈိင္ သည္ တပ္မေတာ္(ၾကည္း)ဗိုလ္သင္တန္းေက်ာင္း (ေမွာ္ဘီ)ရိပ္သာဧည့္ခန္းမ၌ အေကာင္းဆုံးဗုိလ္ေလာင္းဆုရ ဗုိလ္ေလာင္း ခင္လျပည့္၊ ေသနတ္ပစ္အေကာင္းဆုံးဆုရ ဗုိလ္ေလာင္း ဇာျခည္ထြန္းႏွင့္ ၎တုိ႔၏မိဘမ်ားအားေတြ႕ဆုံ၍ ဂုဏ္ျပဳအမွာစကားေျပာၾကားသည္။

ထုိသုိ႔ေျပာၾကားရာတြင္ ယခုကဲ့သုိ႔ထူးခြၽန္ဆုရရွိခဲ့ျခင္းသည္ သင္တန္းကာလ အစမွအဆုံးအထိ မေလ်ာ့သည့္ ဇြဲ၊ လုံ႔လ၊ ၀ီရိယမ်ားျဖင့္ႀကိဳးစားအားထုတ္ေဆာင္ရြက္ခဲ့မႈမ်ားေၾကာင့္ျဖစ္ေၾကာင္း၊ ေမြးဖြားသည့္အခ်ိန္မွစ၍ တကၠသုိလ္တက္ေရာက္ၿပီး ဘြဲ႕ရသည္အထိ မိဘမ်ားက သြန္သင္ဆုံးမမႈ၊ ႀကီးၾကပ္မႈ၊ အားေပးေထာက္ပံ့မႈမ်ားေပးခဲ့ၿပီး ယခုအခါတြင္ တပ္မေတာ္မွအရာရွိတစ္ဦးျဖစ္ေအာင္ ေမြးထုတ္ေပးခဲ့ေၾကာင္း၊ ထုိ႔ေၾကာင့္မိမိတုိ႔အေနျဖင့္ မိဘမ်ား၏ေက်းဇူးႏွင့္ တပ္မေတာ္၏ေက်းဇူးကုိ မေမ့ရန္လုိေၾကာင္း၊ တာ၀န္ထမ္းေဆာင္ခ်ိန္တြင္လည္း ႀကိဳးစားအားထုတ္မႈကုိမေလွ်ာ့ဘဲ ဆက္လက္ႀကိဳးစားေဆာင္ရြက္သြားၾကေစလုိေၾကာင္းျဖင့္ မွာၾကားခဲ့သည္။

(Unicode Version)

လွတ်လပ်ရေးထိန်းသိမ်းမှုနှင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးဆောင်ရွက်မှုကာလများတွင် အမျိုးသမီးစစ်ဝန်ထမ်းတပ်များ ပါ၀င်ဖွဲ့စည်းပြီး ကျရာအခန်းကဏ္ဍတွင်ထူးချွန် ပြောင်မြောက်စွာပါ၀င်ထမ်းဆောင်ခဲ့

နေပြည်တော် ၊ ဒီဇင်ဘာ – ၂၁

မိမိတို့နိုင်ငံ၏အတိတ်သမိုင်းတွင် ခေတ်မီတပ်မတော်တစ်ရပ်တည်ထောင်နိုင်ခဲ့ခြင်းမရှိသဖြင့် သူ့ကျွန်ဘဝသို့ရောက်ရှိခဲ့ရကြောင်း၊ နိုင်ငံလွတ်လပ်ရေးရရှိရန်အတွက် မိမိတို့တပ်မတော်သည် ပြည်သူများနှင့်လက်တွဲပြီး နယ်ချဲ့ဖက်ဆစ်များကိုတွန်းလှန်ခဲ့ကြကြောင်း၊ ထိုသို့သူ့ကျွန်မခံတွန်းလှန်မှုများနှင့် လွတ်လပ်ရေးကြိုးပမ်းမှုများတွင် မြန်မာအမျိုးသမီးများကလည်း အမျိုးသားများနည်းတူ ပါ၀င်ဆောင်ရွက်ခဲ့ကြသည်မှာ သမိုင်းတွင် အထင်အရှားရှိကြောင်း၊ ထို့အပြင်လွတ်လပ်ရေးထိန်းသိမ်းမှုနှင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်မှုကာလများတွင်လည်း အမျိုးသမီးစစ််ဝန်ထမ်းတပ်များ ပါ၀င်ဖွဲ့စည်းပြီး ကျရာအခန်းကဏ္ဍတွင် ထူးချွန်ပြောင်မြောက်စွာ ပါ၀င်ထမ်းဆောင်ခဲ့ကြကြောင်း၊ ထို့ကြောင့် မျိုးချစ်စိတ်ထက်သန်သည့် မြန်မာအမျိုးသမီးများနှင့်အမျိုးသမီးစစ်မှုထမ်းများ၏ စွမ်းဆောင်ရည်ကို မြန်မာ့သမိုင်းနှင့်တပ်မတော်သမိုင်းတွင် အထင်အရှားမှတ်ကျောက်တင်ပြီးဖြစ်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် က ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)တွင် ကျင်းပပြုလုပ်သည့် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၄)သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောကြားသည်။

အဆိုပါအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ပြည်ထဲရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သီရိပျံချီ ကျော်ဆွေနှင့်ဇနီး၊ ကာကွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် တင်အောင်စန်း နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် ခင်အောင်မြင့်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း ကျောင်းအုပ်ကြီးနှင့် ရန်ကုန်တပ်နယ်မှအရာရှိကြီးများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များနှင့် သင်တန်းဆင်းဘွဲ့ရအမျိုးသမီးဗိုလ်လောင်းများ၏ မိဘဆွေမျိုးများ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် က ဗိုလ်လောင်းတပ်ခွဲ၏အလေးပြုခြင်းကိုခံယူပြီးဗိုလ်လောင်းတပ်ခွဲကို စစ်ဆေးသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် အား ဗိုလ်လောင်းတပ်ခွဲက အနှေးလျှောက်၊ အမြန်လျှောက်တို့ဖြင့် ချီတက်အလေးပြုကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်းမှ အကောင်းဆုံးဗိုလ်လောင်းဆု ရရှိသူ ဗိုလ်လောင်းအမှတ် ၂၀ ဗိုလ်လောင်း ခင်လပြည့်အားဆုပေးအပ်ချီးမြှင့်သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် က သင်တန်းဆင်းဗိုလ်လောင်းများအား မိန့်ခွန်းပြောကြားရာတွင် မိမိတို့နိုင်ငံတွင် အမျိုးသမီးဦးရေသည် နိုင်ငံလူဦးရေ၏ ၅၁ ရာခိုင်နှုန်းကျော်ရှိသည့်အတွက် အမျိုးသမီးအင်အားထုကို နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်ရေးစွမ်းအား တည်ဆောက်ရေးတို့တွင် ထိရောက်စွာအသုံးပြုရန် လိုအပ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်၏ကာကွယ်ရေးစွမ်းအားတည်ဆောက်ရာတွင် မြန်မာအမျိုးသမီးထုပါ၀င်နိုင်ရေး၊ အမျိုးသမီးများ၏အခန်းကဏ္ဍမြှင့်တင်ရေးနှင့် တပ်မတော်တွင်အမျိုးသမီးစစ်မှုထမ်းများ ပါ၀င်ထမ်းဆောင်နိုင်ရေးတို့အတွက် ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်း၊ သူနာပြုနှင့်ဆေးဘက်ပညာသင်တန်း၊ ကွန်ပျူတာဒီပလိုမာ တပ်ကြပ်ကြီး/စာရေးသင်တန်းများကို စဉ်ဆက်မပြတ်ဖွင့်လှစ်ပြီး အမျိုးသမီးစစ်မှုထမ်းများကို လေ့ကျင့်မွေးထုတ်ပေးလျက်ရှိကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်ရာတွင် အမျိုးသမီးများ ပါ၀င်ဆောင်ရွက်နိုင်စေရန်အတွက် အမျိုးသမီးစစ်မှုထမ်းအရာရှိများအား လေ့ကျင့်သင်ကြားမွေးထုတ်ပေးရန်ဆိုသည့် ရည်ရွယ်ချက်ဖြင့် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်း သင်တန်းများကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းဆင်းအမျိုးသမီးအရာရှိများအနေဖြင့် ကြည်း၊ ရေ၊ လေ၊ ရုံးဌာနများအပါအဝင် လက်ရုံးဝန်ထမ်းတပ်ဖွဲ့အသီးသီးတွင် တာဝန်ကျေပွန်စွာ ထမ်းဆောင်လျက်ရှိနေကြကြောင်း။ တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)မှဆင်းသည့် အမျိုးသမီးအရာရှိတချို့သည် အထူးတာဝန်တပ်ဖွဲ့(အမျိုးသမီး)သင်တန်းများကို တက်ရောက်အောင်မြင်ပြီးဖြစ်သကဲ့သို့ တပ်မတော်(လေ)အမျိုးသမီးအရာရှိတချို့သည်လည်း လေသူရဲလောင်းများအဖြစ် စတင်လေ့ကျင့်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ မိမိတို့အနေဖြင့်လည်း သင်တန်းကျောင်းကလေ့ကျင့်သင်ကြားပေးလိုက်သည့် ဘာသာရပ်များနှင့် လက်တွေ့လေ့ကျင့်ဆောင်ရွက်မှုများကိုအခြေခံပြီး ပေးအပ်လာမည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင်သွားကြရန်လိုအပ်ကြောင်းမှာကြားသည်။

ထို့နောက် စစ်အတတ်ပညာနှင့် စစ်လက်နက်ပစ္စည်းများသည် နေ့စဉ်နှင့်အမျှ တီထွင်ပြောင်းလဲတိုးတက်နေသည့်အလျောက် လေ့ကျင့်ရေးပိုင်းကိုလည်းနိုင်ငံတကာ စံချိန်မီအောင် အရည်အသွေးမြှင့်တင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ စစ်လက်နက်ပစ္စည်းများ၊ စစ်နည်းဗျူဟာများကိုကျွမ်းကျင်ပိုင်နိုင်မှုရှိအောင် လေ့ကျင့်နေရမည်ဖြစ်သကဲ့သို့ လက်တွေ့စစ်မြေပြင်တွင် ရန်သူကိုရင်ဆိုင်တိုက်ပွဲဝင်နိုင်ရန်အတွက် ကိုယ်ခန္ဓာကြံ့ခိုင်မှုရှိအောင်လည်း လေ့ကျင့်နေရန်လိုအပ်ကြောင်း၊ စွမ်းရည်ထက်မြက်သည့် တပ်မတော်ဖြစ်ရန်အတွက် ဆောင်ရွက်ရာတွင် စစ်သည်တစ်ဦးချင်းအတွက် အဆင့်နှင့်လျော်ညီသည့် စစ်ပညာတတ်ကျွမ်းမှုရှိအောင် လေ့ကျင့်ပေးရန်လိုအပ်သကဲ့သို့ အသင်းအဖွဲ့အလိုက် ပူးပေါင်းဆောင်ရွက်မှုရှိစေရန်လည်း တပ်ဖွဲ့အလိုက်လေ့ကျင့်ပေးရန်လိုအပ်မည်ဖြစ်ကြောင်း၊ မိမိတို့တပ်မတော်အနေဖြင့် ခေတ်သစ်စစ်ပွဲကို ရင်ဆိုင်နိုင်စွမ်းရှိပြီး စွမ်းရည်မြင့်မားသည့် တပ်မတော်ဖြစ်စေရန်အတွက် တစ်ဦးချင်းလေ့ကျင့်ရေး၊ အဖွဲ့လိုက်လေ့ကျင့်ရေးနှင့် ပူးပေါင်းလေ့ကျင့်ရေးဆိုသည့် လေ့ကျင့်ရေးကဏ္ဍ ၃ ရပ်ဖြင့် လေ့ကျင့်ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့လေ့ကျင့်ရာတွင် ကျန်းမာကြံ့ခိုင်ရမည်၊ ကျွမ်းကျင်ရမည်၊ ရဲစွမ်းသတ္တိရှိရမည်ဆိုသည့် တပ်မတော်၏လေ့ကျင့်ရေးအခြေခံမူများနှင့်အညီ ဆောင်ရွက်သွားကြ ရမည်ဖြစ်ကြောင်းမှာကြားသည်။

ယင်းနောက် ပြည်တွင်း/ပြည်ပရန်ကို ကာကွယ်ရန်နှင့် သမားရိုးကျစစ်ဆင်နိုင်ရန်အတွက် တပ်မတော်ကိုဖွဲ့စည်းထားခြင်းဖြစ်ကြောင်း၊ တပ်မတော်၏အဓိကတာဝန် သည် နိုင်ငံတော်ကာကွယ်ရန်ဖြစ်ပြီး နိုင်ငံ့အချုပ်အခြာအာဏာထိပါးသူ၊ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခဖန်တီးနေသူများကို တိုက်ခိုက်ချေမှုန်းနေရခြင်းဖြစ်ကြောင်း၊ ပြည်ပရန်ကာကွယ်ရေးနှင့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းရေးအတွက် တပ်မတော်၏ ကာကွယ်ရေးစွမ်းရည်အစဉ်မြင့်မားနေရန်လိုအပ်သည့်အတွက် တိုက်စွမ်းရည်နှင့် တိုက်စွမ်းအားမြင့်မားနေရန် အလေးထားလုပ်ဆောင်လျက်ရှိကြောင်း၊ နိုင်ငံတော်ကာကွယ်ရန်အတွက် ကာကွယ်ရေးစွမ်းရည်ရှိနေရမည်ဖြစ်ပြီး တစ်ဦးချင်းစွမ်းရည်မြင့်မားရန်အတွက် အခြေခံအားဖြင့်ပြည့်စုံရမည့် ကျန်းမာကြံ့ခိုင်မှု၊ လေ့ကျင့်သားပြည့်ဝမှုများရှိနေရမည်ဖြစ်ကြောင်း၊ တစ်ဦးချင်းစွမ်းရည်ရှိမှ တပ်များ၏ စွမ်းရည်ကောင်းမွန်လာမည်ဖြစ်ကြောင်း၊တပ်မတော်၏ “အား” ကို တည်ဆောက်ရာတွင် တပ်ဖွဲ့များအားလုံးစုစည်းညီညွတ်မှုရှိရန်လိုအပ်သည့်အတွက် တပ်များစွမ်းရည်မြင့်မားစေရန် အရှည်မျှော်တွေးပြီး အလေးထားလုပ်ဆောင်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

၎င်းနောက် မိမိတို့တပ်မတော်အနေဖြင့် အဓိကလုပ်ငန်းကြီး ၃ ခုဖြစ်သည့် နိုင်ငံတော်ကာကွယ်ရေးတာဝန်၊ လေ့ကျင့်ရေးတာဝန်နှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းတာဝန် များကိုထမ်းဆောင်သွားရန် သတ်မှတ်ပေးထားပြီးဖြစ်ကြောင်း၊ မည်သည့်နိုင်ငံရေးစနစ်ဖြစ်စေကာမူ တပ်မတော်၏အဓိကတာဝန်မှာ နိုင်ငံတော်ကိုကာကွယ်ရန်နှင့် နိုင်ငံတော်က ပေးအပ်လာသည့်တာဝန်များကို ထမ်းဆောင်ရန်ဖြစ်ကြောင်း၊ ကာကွယ်ရေးဆိုသည်မှာ စစ်တိုက်ခြင်းတစ်ခုတည်းသာမဟုတ်ဘဲ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကိုကာကွယ်ခြင်း၊ ပြည်သူ့အကျိုးဖော်ဆောင်ပေးခြင်းနှင့် ပြည်သူတို့၏စားဝတ်နေရေး၊ အမျိုးသားရေးစရိုက်လက္ခဏာများကို ထိခိုက်မှုမရှိစေရန် ကာကွယ်ခြင်းတို့ပါ၀င်ကြောင်း၊ အဆိုပါတာဝန်များကိုထမ်းဆောင်နိုင်ရန်အတွက် အမှန်တကယ်စွမ်းရည်ရှိသည့်တပ်၊ နိုင်ငံတော်ကအားထားရသည့်တပ်၊ ပြည်သူကအားကိုးရသည့်တပ်များဖြစ်ရန်မလွဲမသွေ လုပ်ဆောင်သွားကြရမည်ဖြစ်ကြောင်း၊ တပ်များစွမ်းရည်ရှိအောင်လုပ်ဆောင်ရာတွင် စည်ကမ်းကောင်းမွန်မှုနှင့် အမိန့်နာခံမှုရှိခြင်းသည် အရေးကြီးသည့်လိုအပ်ချက်ဖြစ်ကြောင်း မှာကြားသည်။

ဆက်လက်ပြီး စွမ်းရည်ဟုဆိုရာတွင် စစ်ရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည်စသည့် စွမ်းရည်သုံးရပ်ပါ၀င်ပြီး မိမိတို့၏အဓိကလုပ်ငန်း Professional ဖြစ်သည့် စစ်ရေးစွမ်းရည်ထက်မြက်နေရန်အထူးလိုအပ်ကြောင်း၊ စစ်ရေးစွမ်းရည် ထက်မြက်ရန်အတွက် ပထမအချက်အနေဖြင့် လူတစ်ဦးချင်းစီ၏စွမ်းရည်များထက်မြက်ရန်၊ ဒုတိယအချက်အနေဖြင့်လက်နက် စွမ်းရည်များရှိရန်နှင့် လေ့့ကျင့်သားပြည့်ဝရမည်ဖြစ်ပြီး စစ်နည်းဗျူဟာကျင့်သုံးမှုတွင်လည်း သူ့နေရာနှင့်သူ မှန်ကန်မှုရှိရန်လိုအပ်ကြောင်း၊ တစ်ဦးချင်းစွမ်းရည်ရှိမှုနှင့်အတူ တပ်ဖွဲ့အလိုက်၊ တပ်အလိုက်လည်းစွမ်းရည်မြင့်မားထက်မြက်နေရန်လိုအပ်မည်ဖြစ်ကြောင်း၊ ထို့အတူ မိမိတာဝန်ယူရသည့်အဖွဲ့အစည်းနှင့် ပြည်သူလူထုအပေါ်ခိုင်မာသည့် စည်းလုံးညီညွတ်မှုကို တည်ဆောက်နိုင်ရန်အတွက် စည်းရုံးရေးစွမ်းရည်ပြည့်စုံနေရန်လိုကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးတွင် တပ်မတော်၏ ဦးဆောင်မှုနှင့် ပြည်သူ့စစ်မဟာဗျူဟာ ဖော်ဆောင်နိုင်ရန်အတွက် တပ်တွင်း၊ တပ်ပြင် စည်းရုံးရေးလုပ်ငန်းများကို အလေးအနက်ထားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြည်သူကိုလုံခြုံအောင်ကာကွယ်စောင့်ရှောက်ခြင်း၊ ပြည်သူ့အကျိုးစီးပွားကိုဖော်ဆောင်ပေးခြင်း၊ ပြည်သူ့ဘဝတိုးတက်အောင်ဝိုင်းဝန်းလုပ်ဆောင်ခြင်းဖြင့် ပြည်သူလူထု၏ ယုံကြည်ကိုးစားမှုကိုရယူနိုင်မှာဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့အပြင် အထက်ကပေးအပ်လာသည့်အမိန့်၊ တာဝန်နှင့်ညွှန်ကြားချက်များကို ဦးစီးတာဝန်နှင့်အညီ စနစ်တကျစီမံခန့်ခွဲဆောင်ရွက်နိုင်ရန်နှင့် ကွပ်ကဲကြပ်မတ်နိုင်ရန်အတွက်လည်း အုပ်ချုပ်ရေးစွမ်းရည် ထက်မြက်နေရန်လိုအပ်ကြောင်း၊ စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်ဆိုင်ရာလုပ်ငန်းများ မှန်မှန်ကန်ကန်ဆောင်ရွက်ခြင်းဖြင့် အုပ်ချုပ်မှုစနစ်ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ စစ်ရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည်ဆိုသည့် စွမ်းရည်သုံးရပ်ထက်မြက်မြင့်မားစေရန်အတွက် လေ့ကျင့်ရေးနှင့်တည်ဆောက်၊ အုပ်ချုပ်ရေးနှင့်တည်ဆောက်၊ သက်သာချောင်ချိရေးနှင့်တည်ဆောက်၊ စိတ်ဓာတ်နှင့် တည်ဆောက်ဆိုသည့် တပ်တည်ဆောက်ရေးလုပ်ငန်းကြီး(၄)ရပ်နှင့်အညီ မှန်ကန်စွာ တည်ဆောက်သွားကြရမည်ဖြစ်ကြောင်းမှာကြားသည်။

ထို့နောက် မိမိတို့တပ်မတော်သည် စစ်စည်းကမ်းကိုမဏ္ဍိုင်ပြုပြီး အမိန့်နာခံတတ်မှုနှင့် ကျစ်လျစ်သိပ်သည်းစွာဖွဲ့စည်းထားသည့်တပ်မတော်တစ်ရပ်ဖြစ်ကြောင်း၊ ယနေ့အချိန်အထိ တည်တ့ံခိုင်မြဲစွာဖြင့်နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နိုင်ခြင်းသည် စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်မှုနှင့် အမိန့်နာခံတတ်မှုများကြောင့်ပင်ဖြစ်ကြောင်း၊ စည်းကမ်းဆိုရာတွင် လိုက်နာဆောင်ရွက်ရန်တိုက်တွန်းချက် စည်းကမ်းနှင့် ရှောင်ကြဉ်ရန်တားမြစ်ထားသည့် တားမြစ်ချက်စည်းကမ်းဟု နှစ်မျိုးရှိပြီး အသိတရားဖြင့်လိုက်နာစောင့်ထိန်းသွားရန်လိုအပ်ကြောင်း၊ မိမိတို့တပ်မတော်သားများသည် တပ်မတော်၏လုပ်ထုံးလုပ်နည်း၊ စည်းကမ်းဥပဒေများကို တိတိကျကျလိုက်နာဆောင်ရွက်ကြရသည့်အပြင် နိုင်ငံတော်ကချမှတ်ထားသည့် ဥပဒေနှင့်စည်းကမ်းများကို နိုင်ငံသားတစ်ဦးအနေဖြင့်လည်း လိုက်နာကြရသူများဖြစ်ကြောင်း၊ ထို့အပြင်နိုင်ငံတကာတွင် လက်ခံ ကျင့်သုံးနေသည့် စစ်ပွဲဆိုင်ရာဥပဒေများနှင့် ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်းများကိုလည်း သိရှိလိုက်နာကြရမည်ဖြစ်ကြောင်း၊ တပ်မတော်သားများအနေဖြင့်ကိုယ်တိုင်ပြစ်မှုမကျူး လွန်အောင်လိုက်နာစောင့်ထိန်းရသကဲ့သို့ မိမိတာဝန်ယူကွပ်ကဲရသည့် လက်အောက်က ပြစ်မှုကျူးလွန်လျှင်လည်း မျက်ကွယ်ပြု၍မရဘဲ စစ်ဘက်၊ နယ်ဘက် ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်ရသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း၊ ထို့ကြောင့် တာဝန်ထမ်းဆောင်ရာတွင် ပြဋ္ဌာန်းထားသည့်ဥပဒေ၊ ထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်၊ စည်းကမ်း၊ နည်းလမ်း များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်လိုကြောင်းမှာကြားသည်။

၎င်းနောက် တပ်မတော်တွင် ခေါင်းဆောင်ငယ်များအဖြစ် တာဝန်ထမ်းဆောင်ကြရတော့မည့် မိမိတို့အနေဖြင့် သင်တန်းကာလတွင် ခေါင်းဆောင်မှုသဘောတရားနှင့် နည်းလမ်းများကို လေ့လာသင်ယူခဲ့ကြပြီးဖြစ်သဖြင့် လက်တွေ့တာဝန်ထမ်းဆောင်ရာတွင်လည်း ခေါင်းဆောင်မှုအရည်အချင်းများနှင့် ပြည့်စုံနေအောင်တည်ဆောက်နိုင်စွမ်းရှိရမည်ဖြစ်ကြောင်း၊ ခေါင်းဆောင်မှုဆိုသည်မှာ မိမိအပေါ်တွင်ကျရောက်လာသည့် နိုင်ငံ၏ သမိုင်းပေးတာဝန်၊ သို့မဟုတ် အထက်မှပေးအပ်လာသည့်တာဝန်ကို မိမိလက်အောက်ငယ်သားများနှင့်အတူ ရည်မှန်းချက်ပြီးမြောက်အောင်ဆောင်ရွက်နိုင်သည့် ပညာရပ်ပင်ဖြစ်ကြောင်း၊ တစ်နည်းအားဖြင့်ခေါင်းဆောင်မှုဆိုသည်မှာ လူသားများ၏စိတ်ဓာတ်နှင့် စွမ်းရည်ကို စနစ်တကျစုစည်းပြီး စွမ်းအင်တစ်ရပ်ရရှိအောင် ဖော်ဆောင်နိုင်သည့် အရည်အချင်းတစ်ခုပင်ဖြစ်ကြောင်း၊ ထို့ကြောင့်ခေါင်းဆောင်မှုအပြည့်အဝရရှိနိုင်ရန်အတွက် မိမိတို့တပ်မတော်မှချမှတ်ထားသည့် ခေါင်းဆောင်မှုအင်္ဂါရပ်(၁၆)ရပ်နှင့်အညီ ကြိုးစားလုပ်ဆောင်ကြရန်လိုအပ်မည်ဖြစ်ကြောင်း၊ စစ်မှန်သည့်ခေါင်းဆောင်ဆိုသည်မှာ ကိုယ်တိုင်စံနမူနာပြနေထိုင်ကျင့်ကြံပြောဆိုပြီး လက်အောက်ငယ်သားများ၏ ချစ်ခင်လေးစားမှုနှင့် ပတ်ဝန်းကျင်ရှိိလူများ လေးစားစွာအသိအမှတ်ပြုခြင်းကိုခံယူရရှိအောင် ဆောင်ရွက်နိုင်ခြင်းပင်ဖြစ်ကြောင်း၊ စစ်ဘက်ခေါင်းဆောင်မှု၏အခြေခံအချက်မှာ တည်ဆဲဥပဒေများ၊ အမိန့်နှင့်ညွှန်ကြားချက်များကို တိကျစွာလိုက်နာခြင်းတို့နှင့်အတူ အထက်အကြီးအကဲများအပေါ် သစ္စာရှိခြင်းနှင့် လက်အောက်ငယ်သားများအပေါ် ရဲဘော်ရဲဘက်စိတ်ထားရှိခြင်းများလည်း ပါ၀င်ကြောင်း၊ ရာထူး/အဆင့်များခန့်အပ်ပေးလိုက်ခြင်းအတွက် မိမိကိုယ်ကို အရည်အချင်းပြည့်ဝသည့် ခေါင်းဆောင်များအလိုအလျောက်ဖြစ်လာပြီဟု ခံယူသတ်မှတ်ခြင်းမျိုးကိုရှောင်ကြဉ်ပြီး ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်လာစေရန် ကျရာတာဝန်များကို ထမ်းဆောင်ရင်း ဆက်လက်လေ့လာဆည်းပူးသင်ယူကြရမည်ဖြစ်ကြောင်းမှာကြားသည်။

ယင်းနောက် နိုင်ငံတစ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံရေးအရတည်ငြိမ်မှု၊ လုံခြုံရေးအရတည်ငြိမ်မှုနှင့် စီးပွားရေးအရတည်ငြိမ်မှုများရှိရန်လိုအပ်သည့်အတွက် တပ်မတော်အနေဖြင့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထာဝရငြိမ်းချမ်းရေးရရှိအောင် နိုင်ငံရေးနည်းအရမှန်ကန်စွာဖြေရှင်းဆောင်ရွက်မှုများမှာ ဥပဒေနှင့်အညီ ပူးပေါင်းပါ၀င်ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံ၏ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (Nationwide Ceasefire Agreement-NCA) လမ်းကြောင်းကိုအခြေခံပြီး လုပ်ဆောင်လျက်ရှိကြောင်း၊ ငြိမ်းချမ်းရေးကိုအမှန်တကယ်ရယူပြီး ဒီမိုကရေစီ၏အနှစ်သာရဖြစ်သည့် လက်ရှိသွားနေသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ပါ၀င်လျှောက်လှမ်းလိုပါက အရာအားလုံးငြိမ်း ချမ်းလိုသည့်စိတ်ကိုအခြေခံပြီး ဖြေရှင်းရမည်ဖြစ်ကြောင်း၊ NCA အရ တိုင်းရင်းသားအရေးကို နိုင်ငံရေးအရဆွေးနွေးနိုင်သည့်လမ်းကြောင်းများစွာ၊ အခွင့်အရေးများစွာ ရရှိမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံရေးလုပ်နေခြင်းမဟုတ်ဘဲ ငြိမ်းချမ်းရေးအတွက် တိုက်ပွဲဖြစ်စဉ်များချုပ်ငြိမ်းရန်၊ လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းရန် လုပ်ဆောင်နေခြင်းသာဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့်လည်း တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရန်ဆောင်ရွက်ကြရာတွင် မိမိတို့ကျရာအခန်းကဏ္ဍမှ ပါ၀င်ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်သည် ဗိုလ်လောင်းတပ်ခွဲ၏ အလေးပြုခြင်းကိုခံယူပြီးနောက် စစ်ရေးပြအခမ်းအနားမှ ပြန်လည်ထွက်ခွာသည်။

စစ်ရေးပြအခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် သည် တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း (မှော်ဘီ)ရိပ်သာဧည့်ခန်းမ၌ အကောင်းဆုံးဗိုလ်လောင်းဆုရ ဗိုလ်လောင်း ခင်လပြည့်၊ သေနတ်ပစ်အကောင်းဆုံးဆုရ ဗိုလ်လောင်း ဇာခြည်ထွန်းနှင့် ၎င်းတို့၏မိဘများအားတွေ့ဆုံ၍ ဂုဏ်ပြုအမှာစကားပြောကြားသည်။

ထိုသို့ပြောကြားရာတွင် ယခုကဲ့သို့ထူးချွန်ဆုရရှိခဲ့ခြင်းသည် သင်တန်းကာလ အစမှအဆုံးအထိ မလျော့သည့် ဇွဲ၊ လုံ့လ၊ ၀ီရိယများဖြင့်ကြိုးစားအားထုတ်ဆောင်ရွက်ခဲ့မှုများကြောင့်ဖြစ်ကြောင်း၊ မွေးဖွားသည့်အချိန်မှစ၍ တက္ကသိုလ်တက်ရောက်ပြီး ဘွဲ့ရသည်အထိ မိဘများက သွန်သင်ဆုံးမမှု၊ ကြီးကြပ်မှု၊ အားပေးထောက်ပံ့မှုများပေးခဲ့ပြီး ယခုအခါတွင် တပ်မတော်မှအရာရှိတစ်ဦးဖြစ်အောင် မွေးထုတ်ပေးခဲ့ကြောင်း၊ ထို့ကြောင့်မိမိတို့အနေဖြင့် မိဘများ၏ကျေးဇူးနှင့် တပ်မတော်၏ကျေးဇူးကို မမေ့ရန်လိုကြောင်း၊ တာဝန်ထမ်းဆောင်ချိန်တွင်လည်း ကြိုးစားအားထုတ်မှုကိုမလျှော့ဘဲ ဆက်လက်ကြိုးစားဆောင်ရွက်သွားကြစေလိုကြောင်းဖြင့် မှာကြားခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။