တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စင်ကာပူတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တည်ခင်း ဧည့်ခံသည့်ကြိုဆိုဂုဏ်ပြုညစာစားပွဲသို့တက်ရောက်

ေနျပည္ေတာ္၊ မတ္ – ၈

(၁၅)ႀကိမ္ေျမာက္ အာဆီယံတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္မ်ား အလြတ္သေဘာ အစည္းအေ၀း (15th ACDFIM) တက္ေရာက္ရန္ စင္ကာပူႏုိင္ငံသုိ႔ေရာက္ရွိေနသည့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ မတ္ ၇ ရက္ ညပုိင္းတြင္ S.E.A Aquarium Resort World Sentosa ရွိ Ocean Gallery ၌ စင္ကာပူတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ Lt. Gen. Perry Lim ကတည္ခင္းဧည့္ခံသည့္ ႀကိဳဆုိဂုဏ္ျပဳညစာစားပြဲ အခမ္းအနားသုိ႔ တက္ေရာက္သည္။

အဆုိပါဂုဏ္ျပဳညစာစားပြဲအခမ္းအနားသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အတူဇနီး ေဒၚၾကဴၾကဴလွ၊ ျမန္မာ့တပ္မေတာ္ ကုိယ္စားလွယ္အဖြဲ႕၀င္မ်ား၊ အာဆီယံႏုိင္ငံမ်ားမွတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္မ်ားႏွင့္ ကုိယ္စားလွယ္အဖြဲ႕၀င္မ်ား တက္ေရာက္ၾကသည္။

ဦးစြာ အခမ္းအနားတက္ေရာက္လာၾကသည့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ႏွင့္ အာဆီယံႏုိင္ငံမ်ားမွ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္မ်ားအား စင္ကာပူတပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ ဇနီးတုိ႔ကႀကိဳဆုိႏႈတ္ဆက္ၾကသည္။ ထုိ႔ေနာက္ အခမ္းအနားတက္ေရာက္လာၾကသူမ်ားသည္ Ocean Gallery အတြင္း လွည့္လည္ၾကည့္႐ႈၾကသည္။

ယင္းေနာက္ စင္ကာပူတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ကႀကိဳဆုိႏႈတ္ခြန္းဆက္ စကားေျပာၾကားကာ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ညစာစားပြဲ သုိ႔တက္ေရာက္လာၾကသည့္ အာဆီယံႏုိင္ငံမ်ားမွ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္မ်ား ကုိယ္စားလွယ္အဖြဲ႕၀င္မ်ားႏွင့္အတူ ညစာကုိအတူတကြသုံးေဆာင္ၾကသည္။

ညစာသုံးေဆာင္ေနစဥ္အတြင္းေတးဂီတအဖြဲ႕ကေတးသံသာမ်ားျဖင့္ တီးမႈတ္ေဖ်ာ္ေျဖၾကသည္။ ညစာသုံးေဆာင္အၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ အာဆီယံႏုိင္ငံမ်ားမွ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္မ်ားႏွင့္လည္းေကာင္း၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္၏ ဇနီးေဒၚၾကဴၾကဴလွ သည္ အာဆီယံႏုိင္ငံမ်ားမွ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္မ်ား၏ ဇနီးမ်ားႏွင့္လည္း ေကာင္းအမွတ္တရစုေပါင္း ဓာတ္ပုံ႐ုိက္ခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စင်ကာပူတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တည်ခင်း ဧည့်ခံသည့်ကြိုဆိုဂုဏ်ပြုညစာစားပွဲ သို့တက်ရောက်

နေပြည်တော်၊ မတ် – ၈

(၁၅)ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေး (15th ACDFIM) တက်ရောက်ရန် စင်ကာပူနိုင်ငံသို့ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မတ် ၇ ရက် ညပိုင်းတွင် S.E.A Aquarium Resort World Sentosa ရှိ Ocean Gallery ၌ စင်ကာပူတပ်မတော်ကာကွယ်ရေးဦးစီးချုပ် Lt. Gen. Perry Lim ကတည်ခင်းဧည့်ခံသည့် ကြိုဆိုဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့ တက်ရောက်သည်။

အဆိုပါဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အတူဇနီး ဒေါ်ကြူကြူလှ၊ မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ အာဆီယံနိုင်ငံများမှတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ အခမ်းအနားတက်ရောက်လာကြသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အာဆီယံနိုင်ငံများမှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် များအား စင်ကာပူတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီးတို့ကကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် အခမ်းအနားတက်ရောက်လာကြသူများသည် Ocean Gallery အတွင်း လှည့်လည်ကြည့်ရှုကြသည်။

ယင်းနောက် စင်ကာပူတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားကာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ညစာစားပွဲ သို့တက်ရောက်လာကြသည့် အာဆီယံနိုင်ငံများမှ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များ ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့်အတူ ညစာကိုအတူတကွသုံးဆောင်ကြသည်။

ညစာသုံးဆောင်နေစဉ်အတွင်းတေးဂီတအဖွဲ့ကတေးသံသာများဖြင့် တီးမှုတ်ဖျော်ဖြေကြသည်။ ညစာသုံးဆောင်အပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အာဆီယံနိုင်ငံများမှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များနှင့်လည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဇနီးဒေါ်ကြူကြူလှ သည် အာဆီယံနိုင်ငံများမှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ၏ ဇနီးများနှင့်လည်း ကောင်းအမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။