တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့ ထိုင်းနိုင်ငံသို့ချစ်ကြည်ရေးခရီးထွက်ခွာ

ေနျပည္ေတာ္၊ ဇြန္ – ၂၄

ထုိင္းဘုရင့္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ Gen. Tarnchaiyan Srisuwan၏ ဖိတ္ၾကားခ်က္အရ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္သည့္ ျမန္မာ့တပ္မေတာ္ ခ်စ္ၾကည္ေရးကုိယ္စားလွယ္အဖြဲ႕သည္ ယေန႔မြန္းလြဲပုိင္းတြင္ ရန္ကုန္အျပည္ျပည္ဆုိင္ရာ ေလဆိပ္မွ ထြက္ခြာၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဦးေဆာင္သည့္ ျမန္မာ့တပ္မေတာ္ခ်စ္ၾကည္ေရးကုိယ္စားလွယ္အဖြဲ႕အား ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)ဗုိလ္ခ်ဳပ္ႀကီးတင္ေအာင္စန္း၊ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး (ၾကည္း)မွတပ္မေတာ္အရာရွိႀကီးမ်ား၊ ရန္ကုန္တုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး၊ ျမန္မာႏုိင္ငံဆုိင္ရာ ထုိင္းႏုိင္ငံ သံအမတ္ႀကီး H.E. Mr. Jukr Boon-Long၊ ထုိင္းဘုရင့္ေရတပ္စစ္သံမွဴး၊ ေလတပ္စစ္သံမွဴးႏွင့္ တာ၀န္ရွိသူမ်ားကေလဆိပ္တြင္ ပုိ႔ေဆာင္ႏႈတ္ဆက္ၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဦးေဆာင္သည့္ ျမန္မာ့တပ္မေတာ္ကုိယ္စားလွယ္ အဖြဲ႕တြင္ အဖြဲ႕၀င္မ်ားအျဖစ္ ဇနီးေဒၚၾကဴၾကဴလွႏွင့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား အဖြဲ႕၀င္အျဖစ္လုိက္ပါသြားၾကသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ထုိင္းႏုိင္ငံ၊ ဘန္ေကာက္ၿမိဳ႕ရွိ ဒြန္ေမာင္းတပ္မေတာ္ေလဆိပ္ (Wing-6) သုိ႔ေရာက္ရွိရာ ထုိင္းဘုရင့္ တပ္မေတာ္ပူးတြဲစစ္ဦးစီးခ်ဳပ္ Gen. Ponpipaat Benyasri ႏွင့္ဇနီး၊ ထုိင္းဘုရင့္တပ္မေတာ္ အရာရွိႀကီးမ်ား၊ ထုိင္းႏုိင္ငံဆုိင္ရာ ျမန္မာႏုိင္ငံသံအမတ္ႀကီး ဦးမ်ိဳးျမင့္သန္း၊ ျမန္မာ စစ္သံ(ၾကည္း၊ေရ၊ေလ) ဗုိလ္မွဴးခ်ဳပ္ ခင္ေဇာ္ႏွင့္ တာ၀န္ရွိသူမ်ားက ေလဆိပ္တြင္ႀကိဳဆုိ ႏႈတ္ဆက္ၾကသည္။

အဆုိပါခရီးစဥ္အတြင္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ ထုိင္းႏုိင္ငံရွိ နယ္ဘက္စစ္ဘက္ ေခါင္းေဆာင္မ်ားႏွင့္ သီးျခားစီေတြ႕ဆုံ၍ ႏွစ္ႏုိင္ငံခ်စ္ၾကည္ေရးႏွင့္ ပူးေပါင္းေဆာင္ရြက္ေရးဆုိင္ရာကိစၥရပ္မ်ားအား ေဆြးေႏြးျခင္းမ်ားေဆာင္ရြက္ၿပီး အထင္ကရေနရာမ်ားအား လွည့္လည္ၾကည့္႐ႈ ေလ့လာသြားမည္ျဖစ္သည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့ ထိုင်းနိုင်ငံသို့ချစ်ကြည်ရေးခရီးထွက်ခွာ

နေပြည်တော်၊ ဇွန် – ၂၄

ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Gen. Tarnchaiyan Srisuwan၏ ဖိတ်ကြားချက်အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဦးဆောင်သည့် မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား ကာကွယ်ရေး ဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှတပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီးH.E. Mr. Jukr Boon-Long၊ ထိုင်းဘုရင့်ရေတပ်စစ်သံမှူး၊ လေတပ်စစ်သံမှူးနှင့် တာဝန်ရှိသူများကလေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဦးဆောင်သည့် မြန်မာ့တပ်မတော်ကိုယ်စားလှယ် အဖွဲ့တွင် အဖွဲ့ဝင်များအဖြစ် ဇနီးဒေါ်ကြူကြူလှနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ အဖွဲ့ဝင်အဖြစ်လိုက်ပါသွားကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဒွန်မောင်းတပ်မတော်လေဆိပ် (Wing-6) သို့ရောက်ရှိရာ ထိုင်းဘုရင့် တပ်မတော်ပူးတွဲစစ်ဦးစီးချုပ် Gen. Ponpipaat Benyasri နှင့်ဇနီး၊ ထိုင်းဘုရင့်တပ်မတော် အရာရှိကြီးများ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမျိုးမြင့်သန်း၊ မြန်မာ စစ်သံ(ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် ခင်ဇော်နှင့် တာဝန်ရှိသူများက လေဆိပ်တွင်ကြိုဆို နှုတ်ဆက်ကြသည်။

အဆိုပါခရီးစဉ်အတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ထိုင်းနိုင်ငံရှိ နယ်ဘက်စစ်ဘက် ခေါင်းဆောင်များနှင့် သီးခြားစီတွေ့ဆုံ၍ နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးခြင်းများဆောင်ရွက်ပြီး အထင်ကရနေရာများအား လှည့်လည်ကြည့်ရှု လေ့လာသွားမည်ဖြစ်သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။