တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နီပေါတပ်မတော်ကြည်းတပ်ဦးစီးချုပ် General Rajendra Chheri အားဂုဏ်ပြုကြိုဆို၊ တွေ့ဆုံဆွေးနွေး၊ ဂုဏ်ပြုနေ့လယ်စာဖြင့်တည်ခင်းဧည့်ခံ

ေနျပည္ေတာ္၊ ဇူလုိင္ – ၄

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ နီေပါတပ္မေတာ္ၾကည္းတပ္ဦးစီးခ်ဳပ္ General Rajendra Chheri အား ယေန႔နံနက္ပုိင္းတြင္ ေနျပည္ေတာ္ရွိ ေဇယ်ာသီရိဗိမာန္ေရွ႕၌ ဂုဏ္ျပဳ တပ္ဖြဲ႕ျဖင့္ႀကိဳဆုိသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ နီေပါတပ္မေတာ္ၾကည္းတပ္ဦးစီးခ်ဳပ္တုိ႔သည္ ဂုဏ္ျပဳတပ္ဖြဲ႕၏ အေလးျပဳျခင္းကိုခံယူၾကၿပီး ဂုဏ္ျပဳတပ္ဖြဲ႕ကိုလုိက္လံ ၾကည့္႐ႈစစ္ေဆးသည္။ ယင္းေနာက္ အခမ္းအနားတက္ ေရာက္လာၾကေသာ ႏွစ္ႏိုင္ငံတပ္မေတာ္အရာရွိႀကီးမ်ားအား အျပန္အလွန္မိတ္ဆက္ေပးၾကသည္။

အဆိုပါဂုဏ္ျပဳႀကဳိဆိုပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီး ခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီးစုိး၀င္း၊ ၫိႇႏႈိင္းကြပ္ကဲေရးမွဴး(ၾကည္း၊ေရ၊ေလ) ဗိုလ္ခ်ဳပ္ႀကီးျမထြန္းဦး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္ ႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ ေနျပည္ေတာ္တုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴးတုိ႔ တက္ေရာက္ ၾကၿပီး နီေပါတပ္မေတာ္ၾကည္းတပ္ဦးစီးခ်ဳပ္ ႏွင့္အတူ ျမန္မာႏုိင္ငံဆုိင္ရာနီေပါ ႏုိင္ငံသံအမတ္ႀကီး H.E. Mr. Bhim K. Udas ၊ နီေပါတပ္မေတာ္အရာရွိႀကီးမ်ားတက္ေရာက္ၾကသည္။

ထုိ႔ေနာက္ နီေပါတပ္မေတာ္ၾကည္းတပ္ဦးစီးခ်ဳပ္သည္ ေဇယ်ာသီရိဗိမာန္ ဧည့္သည္ေတာ္မွတ္တမ္းစာအုပ္တြင္ မွတ္တမ္းတင္လက္မွတ္ေရးထိုးၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဧည့္ခန္းမေဆာင္၌ေတြ႕ဆုံ ေဆြးေႏြး ၾကသည္။

ထုိသို႔ေတြ႕ဆုံေဆြးေႏြးရာတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ယခုခ်စ္ၾကည္ေရးခရီးစဥ္သည္ ျမန္မာ-နီေပါႏွစ္ႏုိင္ငံဆက္ဆံေရးႏွင့္ တပ္မေတာ္ႏွစ္ရပ္အၾကားဆက္ဆံေရးအတြက္ သမုိင္း၀င္ခရီးစဥ္တစ္ခုျဖစ္ၿပီး ႏွစ္ႏုိင္ငံခ်စ္ၾကည္ ရင္းႏွီးမႈတုိးတက္ေရးအတြက္ေျခလွမ္းတစ္ရပ္ျဖစ္ေၾကာင္း၊ မိမိဦးေဆာင္သည့္ျမန္မာ့ တပ္မေတာ္ခ်စ္ၾကည္ေရးကုိယ္စားလွယ္အဖြဲ႕ နီေပါႏုိင္ငံသုိ႔ခ်စ္ၾကည္ေရးခရီး လာေရာက္စဥ္က အေကာင္းဆုံး ျဖစ္ေအာင္ေဆာင္ရြက္ေပးခဲ့မႈမ်ားအေပၚ ေက်းဇူးတင္ရွိပါေၾကာင္း၊ ႏွစ္ႏုိင္ငံႏွင့္ႏွစ္ႏုိင္ငံတပ္မေတာ္ ႏွစ္ရပ္ အၾကား ခ်စ္ၾကည္ရင္းႏွီးမႈတုိးတက္ ခုိင္မာေစေရးအတြက္ ဆက္လက္ေဆာင္ရြက္ သြားမည္ျဖစ္ေၾကာင္း ေျပာၾကားသည္။

ယင္းေနာက္ ဧည့္သည္ေတာ္ နီေပါတပ္မေတာ္ၾကည္းတပ္ဦးစီးခ်ဳပ္က ယခုကဲ့သုိ႔ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္၏ ဖိတ္ၾကားခ်က္အရ ခ်စ္ၾကည္ေရးခရီးလာေရာက္ရသည့္အတြက္ ေက်းဇူးတင္ရွိပါေၾကာင္း၊ နီေပါၾကည္းတပ္ဦးစီးခ်ဳပ္တစ္ဦးအေနျဖင့္ ျမန္မာႏုိင္ငံသုိ႔ပထမဦးဆုံးအႀကိမ္ လာေရာက္သည့္ခ်စ္ၾကည္ေရး ခရီးစဥ္ျဖစ္ပါေၾကာင္း၊ ယခုကဲ့သုိ႔ခ်စ္ၾကည္ေရးခရီးစဥ္မ်ား အျပန္အလွန္ လည္ပတ္ျခင္းျဖင့္ ႏွစ္ႏုိင္ငံႏွင့္ႏွစ္ႏုိင္ငံတပ္မေတာ္ႏွစ္ရပ္အၾကားခ်စ္ၾကည္ရင္းႏွီးမႈမ်ား ပုိမိုတုိးတက္ခုိင္မာလာ မည္ဟုယုံၾကည္ပါေၾကာင္း၊ ယခုကဲ့သုိ႔ရင္းႏွီးေႏြးေထြးစြာႀကိဳဆုိမႈမ်ားကုိလည္း ေက်းဇူးတင္ရွိပါေၾကာင္း ေျပာၾကားသည္။

ထုိ႔ေနာက္ ႏွစ္ႏုိင္ငံႏွင့္ ႏွစ္ႏုိင္ငံတပ္မေတာ္ႏွစ္ရပ္အၾကားခ်စ္ၾကည္ရင္းႏွီးမႈ တုိးျမႇင့္ေဆာင္ရြက္ေရးႏွင့္ ကုန္သြယ္မႈျမႇင့္တင္ေရးဆုိင္ရာကိစၥရပ္မ်ား၊ ႏွစ္ႏုိင္ငံတပ္မေတာ္ႏွစ္ရပ္အၾကား စစ္ဘက္ဆုိင္ရာ သင္တန္းမ်ား အျပန္အလွန္ေစလႊတ္ေရး၊ ေဆးဘက္နည္းပညာမ်ား၊ သဘာ၀ေဘးအႏၲရာယ္ကာကြယ္ေရးႏွင့္ အျခားကိစၥ ရပ္မ်ားတြင္ အျပန္အလွန္ပူးေပါင္းေဆာင္ရြက္ေရး၊ ယဥ္ေက်းမႈအဖြဲ႕မ်ားႏွင့္ အားကစားအဖြဲ႕မ်ား အျပန္အလွန္ ေစလႊတ္ေရး၊ နီေပါႏုိင္ငံရွိ ကုလသမဂၢၿငိမ္းခ်မ္းမႈထိန္းသိမ္းေရး သင္တန္းေက်ာင္းတြင္ ျမန္မာ့တပ္မေတာ္မွ သင္တန္းသားမ်ားတက္ေရာက္ေရး၊ ဘာသာစကားဆုိင္ရာ သင္တန္းမ်ားအျပန္အလွန္ေစလႊတ္ေရး၊ ျမန္မာ ႏုိင္ငံ၏ထာ၀ရၿငိမ္းခ်မ္းေရးရရွိေစရန္အတြက္ တပ္မေတာ္မွေဆာင္ရြက္ေနမႈအေျခအေနမ်ားႏွင့္ ႏွစ္ႏုိင္ငံ တပ္မေတာ္ႏွစ္ရပ္အၾကားခ်စ္ၾကည္ရင္းႏွီးမႈတုိးျမႇင့္ေဆာင္ရြက္ေရးဆုိင္ရာကိစၥရပ္မ်ားအား ရင္းႏွီးပြင့္လင္းစြာ အျမင္ခ်င္းဖလွယ္ေဆြးေႏြးခဲ့ၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ နီေပါတပ္မေတာ္ၾကည္းတပ္ဦးစီးခ်ဳပ္တုိ႔သည္ အမွတ္တရလက္ေဆာင္ပစၥည္းမ်ား အျပန္အလွန္ေပးအပ္ၾကၿပီး တက္ေရာက္လာၾကသူမ်ားႏွင့္ အတူစုေပါင္း ဓာတ္ပုံ႐ုိက္ၾကသည္။

ဆက္လက္ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ႏွင့္ ဇနီးေဒၚၾကဴၾကဴလွတုိ႔က နီေပါတပ္မေတာ္ၾကည္းတပ္ဦးစီးခ်ဳပ္ General Rajendra Chhetri ႏွင့္ဇနီး Mrs. Rita Chhetri ဦးေဆာင္သည့္ ခ်စ္ၾကည္ေရးကုိယ္စားလွယ္အဖြဲ႕အား ဂုဏ္ျပဳေန႔လယ္စာျဖင့္တည္ခင္းဧည့္ခံသည္။ ဦးစြာတပ္မေတာ္ဂုဏ္ျပဳ စစ္တီး၀ုိင္းတပ္ဖြဲ႕က ႏွစ္ႏုိင္ငံႏုိင္ငံေတာ္သီခ်င္းမ်ားအားဂုဏ္ျပဳတီးမႈတ္၍ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္က ႀကိဳဆုိႏႈတ္ခြန္းဆက္စကားေျပာၾကားၿပီး နီေပါတပ္မေတာ္ၾကည္းတပ္ဦးစီးခ်ဳပ္က ေက်းဇူးတင္စကားျပန္လည္ ေျပာၾကားသည္။

ယင္းေနာက္ေန႔လယ္စာအားအတူတကြသုံးေဆာင္ၾကသည္။ ေန႔လယ္စာမသုံးေဆာင္မီႏွင့္သုံးေဆာင္ေနစဥ္ အတြင္း ျပည္သူ႕ဆက္ဆံေရးႏွင့္စိတ္ဓာတ္စစ္ဆင္ေရး ၫႊန္ၾကားေရးမွဴး႐ုံးကြပ္ကဲမႈေအာက္ ျမ၀တီေတး ဂီတအဖြဲ႕ႏွင့္ ျပင္ဦးလြင္ၿမိဳ႕နယ္၊ နီေပါ၊ ေဂၚရခါးယဥ္ေက်းမႈအဖြဲ႕တုိ႔က ႏွစ္ႏုိင္ငံေတးသီခ်င္းမ်ားျဖင့္ သီဆုိ၊ တီးမႈတ္၊ ကျပ ေဖ်ာ္ေျဖၾကသည္။

ေန႔လယ္စာသုံးေဆာင္အၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ နီေပါတပ္မေတာ္ၾကည္း တပ္ဦးစီးခ်ဳပ္တုိ႔ သည္ အမွတ္တရလက္ေဆာင္ပစၥည္းမ်ား အျပန္အလွန္ေပးအပ္ၾကသည္။ ထုိ႔ေနာက္သီဆုိေဖ်ာ္ေျဖခဲ့ၾကသည့္ အဖြဲ႔မ်ားအား ဂုဏ္ျပဳ လက္ေဆာင္ႏွင့္ ဂုဏ္ျပဳပန္းျခင္းမ်ားေပးအပ္ၿပီး အမွတ္တရစုေပါင္းဓာတ္ပုံ႐ုိက္ခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နီပေါတပ်မတော်ကြည်းတပ်ဦးစီးချုပ် General Rajendra Chheri အားဂုဏ်ပြုကြိုဆို၊ တွေ့ဆုံဆွေးနွေး၊ ဂုဏ်ပြုနေ့လယ်စာဖြင့်တည်ခင်းဧည့်ခံ

နေပြည်တော်၊ ဇူလိုင် – ၄

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နီပေါတပ်မတော်ကြည်းတပ်ဦးစီးချုပ် General Rajendra Chheri အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်ရှေ့၌ ဂုဏ်ပြု တပ်ဖွဲ့ဖြင့်ကြိုဆိုသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် နီပေါတပ်မတော်ကြည်းတပ်ဦးစီးချုပ်တို့သည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူကြပြီး ဂုဏ်ပြုတပ်ဖွဲ့ကိုလိုက်လံ ကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် အခမ်းအနားတက် ရောက်လာကြသော နှစ်နိုင်ငံတပ်မတော်အရာရှိကြီးများအား အပြန်အလှန်မိတ်ဆက်ပေးကြသည်။

အဆိုပါဂုဏ်ပြုကြိုဆိုပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ် ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့ တက်ရောက် ကြပြီး နီပေါတပ်မတော်ကြည်းတပ်ဦးစီးချုပ် နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာနီပေါ နိုင်ငံသံအမတ်ကြီး H.E. Mr. Bhim K. Udas ၊ နီပေါတပ်မတော်အရာရှိကြီးများတက်ရောက်ကြသည်။

ထို့နောက် နီပေါတပ်မတော်ကြည်းတပ်ဦးစီးချုပ်သည် ဇေယျာသီရိဗိမာန် ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဧည့်ခန်းမဆောင်၌တွေ့ဆုံ ဆွေးနွေး ကြသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယခုချစ်ကြည်ရေးခရီးစဉ်သည် မြန်မာ-နီပေါနှစ်နိုင်ငံဆက်ဆံရေးနှင့် တပ်မတော်နှစ်ရပ်အကြားဆက်ဆံရေးအတွက် သမိုင်းဝင်ခရီးစဉ်တစ်ခုဖြစ်ပြီး နှစ်နိုင်ငံချစ်ကြည် ရင်းနှီးမှုတိုးတက်ရေးအတွက်ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း၊ မိမိဦးဆောင်သည့်မြန်မာ့ တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ နီပေါနိုင်ငံသို့ချစ်ကြည်ရေးခရီး လာရောက်စဉ်က အကောင်းဆုံး ဖြစ်အောင်ဆောင်ရွက်ပေးခဲ့မှုများအပေါ် ကျေးဇူးတင်ရှိပါကြောင်း၊ နှစ်နိုင်ငံနှင့်နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုတိုးတက် ခိုင်မာစေရေးအတွက် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ဧည့်သည်တော် နီပေါတပ်မတော်ကြည်းတပ်ဦးစီးချုပ်က ယခုကဲ့သို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ ချစ်ကြည်ရေးခရီးလာရောက်ရသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ နီပေါကြည်းတပ်ဦးစီးချုပ်တစ်ဦးအနေဖြင့် မြန်မာနိုင်ငံသို့ပထမဦးဆုံးအကြိမ် လာရောက်သည့်ချစ်ကြည်ရေး ခရီးစဉ်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန် လည်ပတ်ခြင်းဖြင့် နှစ်နိုင်ငံနှင့်နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြားချစ်ကြည်ရင်းနှီးမှုများ ပိုမိုတိုးတက်ခိုင်မာလာ မည်ဟုယုံကြည်ပါကြောင်း၊ ယခုကဲ့သို့ရင်းနှီးနွေးထွေးစွာကြိုဆိုမှုများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

ထို့နောက် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြားချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ဆောင်ရွက်ရေးနှင့် ကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား စစ်ဘက်ဆိုင်ရာ သင်တန်းများ အပြန်အလှန်စေလွှတ်ရေး၊ ဆေးဘက်နည်းပညာများ၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနှင့် အခြားကိစ္စ ရပ်များတွင် အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေး၊ ယဉ်ကျေးမှုအဖွဲ့များနှင့် အားကစားအဖွဲ့များ အပြန်အလှန် စေလွှတ်ရေး၊ နီပေါနိုင်ငံရှိ ကုလသမဂ္ဂငြိမ်းချမ်းမှုထိန်းသိမ်းရေး သင်တန်းကျောင်းတွင် မြန်မာ့တပ်မတော်မှ သင်တန်းသားများတက်ရောက်ရေး၊ ဘာသာစကားဆိုင်ရာ သင်တန်းများအပြန်အလှန်စေလွှတ်ရေး၊ မြန်မာ နိုင်ငံ၏ထာဝရငြိမ်းချမ်းရေးရရှိစေရန်အတွက် တပ်မတော်မှဆောင်ရွက်နေမှုအခြေအနေများနှင့် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြားချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် နီပေါတပ်မတော်ကြည်းတပ်ဦးစီးချုပ်တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး တက်ရောက်လာကြသူများနှင့် အတူစုပေါင်း ဓာတ်ပုံရိုက်ကြသည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီးဒေါ်ကြူကြူလှတို့က နီပေါတပ်မတော်ကြည်းတပ်ဦးစီးချုပ် General Rajendra Chhetri နှင့်ဇနီး Mrs. Rita Chhetri ဦးဆောင်သည့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား ဂုဏ်ပြုနေ့လယ်စာဖြင့်တည်ခင်းဧည့်ခံသည်။ ဦးစွာတပ်မတော်ဂုဏ်ပြု စစ်တီးဝိုင်းတပ်ဖွဲ့က နှစ်နိုင်ငံနိုင်ငံတော်သီချင်းများအားဂုဏ်ပြုတီးမှုတ်၍ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး နီပေါတပ်မတော်ကြည်းတပ်ဦးစီးချုပ်က ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။

ယင်းနောက်နေ့လယ်စာအားအတူတကွသုံးဆောင်ကြသည်။ နေ့လယ်စာမသုံးဆောင်မီနှင့်သုံးဆောင်နေစဉ် အတွင်း ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးကွပ်ကဲမှုအောက် မြဝတီတေး ဂီတအဖွဲ့နှင့် ပြင်ဦးလွင်မြို့နယ်၊ နီပေါ၊ ဂေါ်ရခါးယဉ်ကျေးမှုအဖွဲ့တို့က နှစ်နိုင်ငံတေးသီချင်းများဖြင့် သီဆို၊ တီးမှုတ်၊ ကပြ ဖျော်ဖြေကြသည်။

နေ့လယ်စာသုံးဆောင်အပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် နီပေါတပ်မတော်ကြည်း တပ်ဦးစီးချုပ်တို့ သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။ ထို့နောက်သီဆိုဖျော်ဖြေခဲ့ကြသည့် အဖွဲ့များအား ဂုဏ်ပြု လက်ဆောင်နှင့် ဂုဏ်ပြုပန်းခြင်းများပေးအပ်ပြီး အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။