တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်း နိုင်ငံ၊ အောက်လွှတ်တော်၊ နိုင်ငံတကာရေးရာကော်မတီ၏ ဒုတိယဥက္ကဋ္ဌ Mr. ALEXEI CHEPA အား လက်ခံတွေ့ဆုံ

ေနျပည္ေတာ္၊ ဇူလုိင္ ၂၆

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ႐ုရွားဖက္ဒေရးရွင္းႏုိင္ငံ၊ ေအာက္လႊတ္ေတာ္၊ ႏုိင္ငံတကာေရးရာေကာ္မတီ၏ဒုတိယဥကၠ႒ Mr. ALEXEI CHEPA အား ယေန႔နံနက္ပုိင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာဧည့္ခန္းမေဆာင္၌ လက္ခံေတြ႕ဆုံသည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗုိလ္ခ်ဳပ္ႀကီးစုိးထြဋ္၊ တပ္မေတာ္သားလႊတ္ေတာ္ကုိယ္စားလွယ္ဗုိလ္ခ်ဳပ္သန္းစိုးႏွင့္ တပ္မေတာ္ အရာရွိႀကီးမ်ားတက္ေရာက္ၾကၿပီး ႐ုရွားဖက္ဒေရးရွင္းႏုိင္ငံ၊ ေအာက္လႊတ္ေတာ္၊ ႏုိင္ငံတကာေရးရာ ေကာ္မတီ၏ ဒုတိယဥကၠ႒ႏွင့္အတူ ေအာက္လႊတ္ေတာ္၊ ကာကြယ္ေရးဆုိင္ရာေကာ္မတီအဖြဲ႕၀င္ Mr. ALEKSEI KHOKHLOV ၊ ျမန္မာႏုိင္ငံဆုိင္ရာ႐ုရွားဖက္ဒေရးရွင္းႏုိင္ငံသံ႐ုံးမွ ဒုတိယသံအမတ္ႀကီး ႏွင့္ တာ၀န္ရွိသူမ်ားတက္ေရာက္ၾကသည္။

ထုိသုိ႔ေတြ႕ဆုံစဥ္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ျမန္မာႏုိင္ငံႏွင့္႐ုရွားႏိုင္ငံ ႏွစ္ႏုိင္ငံသည္ ေရွးယခင္ ကတည္းကခ်စ္ၾကည္ရင္းႏွီးသည့္ မိတ္ေဆြေဟာင္း၊ မိတ္ေဆြေကာင္းႏုိင္ငံမ်ားျဖစ္ၿပီး ႏုိင္ငံေခါင္းေဆာင္မ်ား သည္လည္း ခ်စ္ၾကည္ရင္းႏွီးမႈရွိေၾကာင္း၊ ယခုကဲ့သုိ႔ ႐ုရွားလႊတ္ေတာ္မွကုိယ္စားလွယ္မ်ားႏွင့္ တပ္မေတာ္ ေတြ႕ဆုံျခင္းသည္ ပထမဆုံးအႀကိမ္ျဖစ္ေၾကာင္း၊ မိမိတုိ႔ႏုိင္ငံတြင္ႏုိင္ငံေရးအရတည္ၿငိမ္မႈ၊ လုံၿခဳံေရးအရ တည္ၿငိမ္မႈရွိရန္လုိအပ္လ်က္ရွိပါေၾကာင္း၊ ၁၉၈၈ ခုႏွစ္မွ ၂၀၁၁ ခုႏွစ္အထိ တပ္မေတာ္အစုိးရ၏ ဦးေဆာင္မႈျဖင့္ေဆာင္ရြက္ခဲ့ၿပီး ျပည္သူမ်ားမွလုိလားသည့္ ပါတီစုံဒီမုိကေရစီစနစ္ကုိ ေလွ်ာက္လွမ္းႏုိင္ရန္ အတြက္ တပ္မေတာ္အစုိးရမွျပဳျပင္ေျပာင္းလဲမႈမ်ားေဆာင္ရြက္ခဲ့ေၾကာင္း၊ ထုိသုိ႔ေျပာင္းလဲခ်ိန္တြင္ အခက္အခဲမရွိေစရန္အတြက္ တျဖည္းျဖည္းခ်င္း ႏုိင္ငံေရးပုံစံႏွင့္ စီးပြားေရးပုံစံမ်ားျပဳျပင္ေျပာင္းလဲခဲ့ၿပီး၊ ၂၀၁၁ ခုႏွစ္တြင္ ဖြဲ႕စည္းပုံအေျခခံ ဥပေဒအသစ္ျဖင့္ ေရြးခ်ယ္တင္ေျမႇာက္ခံအစုိးရသုိ႔ စနစ္တက် လႊဲေျပာင္းေပးႏုိင္ခဲ့ေၾကာင္း၊ ယခုအခါတြင္ ဒုတိယေျမာက္ေရြးခ်ယ္ခံအစုိးရကာလသာရွိေသးၿပီး အေတြ႕အႀကဳံမ်ားစြာ ႏုနယ္သျဖင့္ ႏုိင္ငံေရးအရျပည့္စုံမႈမရွိေသးေၾကာင္း၊ လႊတ္ေတာ္မ်ားသည္ ဥပေဒျပဳေရးကုိ အဓိကေဆာင္ရြက္ရေၾကာင္း၊ မိမိတုိ႔ႏုိင္ငံ၏ပထမအစုိးရလႊတ္ေတာ္သက္တမ္းတြင္ လႊတ္ေတာ္ကုိယ္စားလွယ္မ်ားကုိေရြးခ်ယ္ရာ၌ ႏုိင္ငံေရးအေတြ႕အႀကဳံရွိသည့္သူမ်ား၊ ပါတီမ်ားမွ ေရြးခ်ယ္ခံလႊတ္ေတာ္ကုိယ္စားလွယ္ ၇၅ ရာခုိင္ႏႈန္းႏွင့္ တပ္မေတာ္သားလႊတ္ေတာ္ကုိယ္စားလွယ္ ၂၅ ရာခုိင္ႏႈန္းပါ၀င္ခဲ့ေၾကာင္း၊ ယခုဒုတိယအႀကိမ္ လႊတ္ေတာ္သက္တမ္းတြင္လည္း ေရြးခ်ယ္ခံႏုိင္ငံေရးပါတီ ကုိယ္စားလွယ္ ၇၅ ရာခုိင္ႏႈန္း၊ တပ္မေတာ္သားလႊတ္ေတာ္ကုိယ္စားလွယ္ ၂၅ ရာခုိင္ႏႈန္းပင္ျဖစ္ေၾကာင္း၊ မိမိတုိ႔တပ္မေတာ္သားလႊတ္ေတာ္ကုိယ္စားလွယ္မ်ားသည္ တပ္မေတာ္ အတြင္းႏွစ္ေပါင္းမ်ားစြာ တာ၀န္ထမ္းေဆာင္ဖူးသူ၊ အေတြ႕အႀကဳံရွိသူမ်ားျဖစ္ၿပီး ႐ုိး႐ုိးဘြဲ႕မွစ၍ မဟာဘြဲ႕၊ ပါရဂူဘြဲ႕မ်ားရရွိ ထားသူမ်ား၊ ဆရာ၀န္မ်ားႏွင့္ အင္ဂ်င္နီယာမ်ားပါ၀င္ကာ ဥပေဒျပဳေရးတြင္မ်ားစြာ အေထာက္အကူေပးႏုိင္ သူမ်ားျဖစ္ေၾကာင္း၊ တပ္မေတာ္သည္ အမ်ိဳးသားေရးကုိ ဦးစားေပးေဆာင္ရြက္ေနျခင္းျဖစ္ေၾကာင္း ရွင္းလင္းေျပာၾကားသည္။

ထုိ႔ေနာက္ လုံၿခဳံေရးအရတည္ၿငိမ္ေအးခ်မ္းမႈႏွင့္ပတ္သက္ၿပီး မိမိတုိ႔အေနျဖင့္ လြတ္လပ္ေရးရရွိၿပီးခ်ိန္မွစ၍ ႏုိင္ငံတည္ၿငိမ္ေအးခ်မ္းေအာင္ ေခတ္အဆက္ဆက္ ေဆာင္ရြက္ခဲ့ရေၾကာင္း၊ ယခုအခ်ိန္သည္ ပါတီစုံ ဒီမုိကေရစီလမ္းေၾကာင္းကုိေလွ်ာက္လွမ္းေနျခင္းျဖစ္၍ ဥပေဒႏွင့္အညီသာ သြားရမည္ျဖစ္သျဖင့္ ျပည္တြင္း ၿငိမ္းခ်မ္းေရးရရွိရန္ အတြက္ လက္နက္ကုိင္တုိင္းရင္းသားအဖြဲ႕မ်ား တစ္ႏုိင္ငံလုံးပစ္ခတ္တုိက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္(NCA) စာခ်ဳပ္အား လက္မွတ္ေရးထုိးႏုိင္ေရးေဆာင္ရြက္ေနျခင္းျဖစ္ေၾကာင္း၊ တုိင္းရင္းသားလက္နက္ကုိင္အဖြဲ႕မ်ားသည္ အေရအတြက္မ်ားျပားသလုိ ႏုိင္ငံေရးေနာက္ခံ အေၾကာင္းအရာမ်ား မတူညီသျဖင့္ အခက္အခဲမ်ားစြာရွိေၾကာင္း၊ လက္နက္ကုိင္ပဋိပကၡမ်ားမရွိမွသာ တုိင္းျပည္ၿငိမ္းခ်မ္းမည္၊ တုိင္းျပည္ၿငိမ္းခ်မ္းမွသာ တုိးတက္မႈရွိမည္ျဖစ္ေၾကာင္း၊ မိမိတုိ႔၏ကာကြယ္ေရး တည္ေဆာက္မႈသည္ ႏုိင္ငံေတာ္ကာကြယ္ေရးအတြက္သာ တည္ေဆာက္ေနျခင္းျဖစ္ေၾကာင္း၊ တုိင္းရင္းသားလက္နက္ကုိင္အဖြဲ႕အစည္းမ်ားႏွင့္ တုိက္ခိုက္ရန္အတြက္ တည္ေဆာက္ေနျခင္း မဟုတ္ေၾကာင္း၊ ကာကြယ္ေရးဆုိသည္မွာ ခ်က္ခ်င္းေဆာင္ရြက္၍မရေၾကာင္း၊ မိမိတုိ႔ႏုိင္ငံသည္ လြတ္လပ္ေရးရရွိၿပီးခ်ိန္မွစ၍ တုိင္းျပည္ၿပိဳကဲြေစရန္ ျပည္တြင္း၊ ျပည္ပမွၿခိမ္းေျခာက္မႈမ်ား ႀကဳံေတြ႕ခဲ့ရေၾကာင္း၊ ထုိ႔ေၾကာင့္တပ္မေတာ္အေနျဖင့္ ဒုိ႔တာ၀န္အေရးသုံးပါးကုိ အဓိကထားၿပီး ကာကြယ္ေဆာင္ရြက္လ်က္ရွိေၾကာင္း၊ လက္ရွိပါတီစုံဒီမုိကေရစီလမ္းေၾကာင္းေပၚ ေလွ်ာက္လွမ္းေနမႈ ကုိလည္း ထိခုိက္မႈမရွိေအာင္ၿငိမ္းခ်မ္းေရး တည္ေဆာက္ေနမႈကုိလည္း မထိခိုက္ေအာင္ ေဆာင္ရြက္ရန္လုိေၾကာင္း၊ ၿငိမ္းခ်မ္းေရးေဆာင္ရြက္ရာတြင္ အဓိကအားျဖင့္ဒီမုိကေရစီနည္းလမ္းတက်၊ ဥပေဒအရသာ ေဆာင္ရြက္သြားရန္လုိေၾကာင္းေျပာၾကားသည္။

ထုိ႔ေနာက္ ဧည့္သည္ေတာ္႐ုရွားဖက္ဒေရးရွင္းႏုိင္ငံ၊ ေအာက္လႊတ္ေတာ္၊ ႏုိင္ငံတကာေရးရာေကာ္မတီ၏ ဒုတိယဥကၠ႒က ပါလီမန္ဒီမုိကေရစီစနစ္သည္ ကမၻာ့ႏုိင္ငံ အသီးသီးတြင္က်ယ္ျပန္႔စြာ သုံးစြဲလာၿပီ ျဖစ္ေၾကာင္း၊ မည္သည့္ႏုိင္ငံတြင္မဆုိ သက္ဆုိင္ရာႏုိင္ငံမွ ခ်မွတ္ျပ႒ာန္းထားသည့္ ဖြဲ႕စည္းပုံအေျခခံ ဥပေဒသည္အေရးႀကီးေသာအခန္းက႑မွပါ၀င္ၿပီး ဖြဲ႕စည္းပုံအေျခခံဥပေဒအားသက္၀င္လႈပ္ရွားေစရန္ အေကာင္အထည္ေဖာ္ေဆာင္ရြက္ရသည္မွာ သက္ဆုိင္ရာႏုိင္ငံ၏အစုိးရပင္ျဖစ္ပါေၾကာင္း၊ ျမန္မာႏုိင္ငံ၏ လႊတ္ေတာ္အတြင္း တာ၀န္ထမ္းေဆာင္လ်က္ရွိသည့္ တပ္မေတာ္သားလႊတ္ေတာ္ ကုိယ္စားလွယ္မ်ား၏ အခန္းက႑ႏွင့္ပတ္သက္၍လည္း မိမိတို႔အေနျဖင့္သိရွိနားလည္ၿပီး မွန္ကန္သည့္ေရြးခ်ယ္မႈ တစ္ခုျဖစ္သည္ကုိေတြ႕ရွိရပါေၾကာင္း၊ မိမိတုိ႔႐ုရွားႏုိင္ငံတြင္ “ႏုိင္ငံတစ္ႏုိင္ငံ၏မိတ္ေဆြအစစ္အမွန္သည္ အဆုိပါႏုိင္ငံ၏တပ္မေတာ္သာျဖစ္သည္” ဟူေသာဆုိ႐ုိးစကားရွိေၾကာင္း၊ ႏုိင္ငံ၏အခ်ဳပ္အျခာအာဏာ တည္တံ့ခုိင္ၿမဲေရးအတြက္ အဓိကထားတာ၀န္ထမ္းေဆာင္ရသည္မွာ တပ္မေတာ္ပင္ျဖစ္ေၾကာင္း၊ ျမန္မာႏုိင္ငံ၏ ႏုိင္ငံေရးျပဳျပင္ေျပာင္းလဲမႈမ်ားတြင္လည္း တပ္မေတာ္သည္အေရးႀကီးသည့္ အခန္းက႑ တြင္ ပါ၀င္ေဆာင္ရြက္ေနသည္ကုိသိရွိနားလည္ပါေၾကာင္း၊ မိမိတုိ႔႐ုရွားႏုိင္ငံ၏ လြတ္လပ္ေရးႏွင့္ အခ်ဳပ္အျခာအာဏာအား အဓိကကာကြယ္ေစာင့္ေရွာက္ေပးခဲ့သည့္ အဖြဲ႕အစည္းမွာ တပ္မေတာ္ ပင္ျဖစ္ေၾကာင္း၊ ျမန္မာ့တပ္မေတာ္အေနျဖင့္ ဒုိ႔တာ၀န္အေရးသုံးပါးကုိ ဦးထိပ္ထားကာ ေဆာင္ရြက္ေနျခင္းျဖစ္သည့္အတြက္ မွန္ကန္သည့္ လုပ္ရပ္ဟုဆုိႏုိင္ပါေၾကာင္း၊ ၿငိမ္းခ်မ္းေရးရရွိရန္အတြက္ ေဆာင္ရြက္ရာ၌ တပ္မေတာ္မွ ေဆာင္ရြက္ခ်က္မ်ားသည္ တရားမွ်တစြာျဖင့္ၿငိမ္းခ်မ္းေရးကုိသာ ဦးတည္ေဆာင္ရြက္ ေနသည္ကုိေတြ႕ရွိရေၾကာင္း၊ တစ္ႏုိင္ငံလုံးပစ္ခတ္တုိက္ခိုက္မႈ ရပ္စဲေရးသေဘာတူ စာခ်ဳပ္ (NCA) အားခ်ဳပ္ဆုိႏုိင္ခဲ့သည္ကုိ သတင္းမွတ္တမ္းမ်ားတြင္ေလ့လာသိရွိခဲ့ရေၾကာင္း၊ ထုိသုိ႔ ေဆာင္ရြက္ႏုိင္ျခင္းသည္ၿငိမ္းခ်မ္းေရးရရွိရန္အတြက္ မွန္ကန္သည့္ေျခလွမ္းတစ္ခု ျဖစ္ပါေၾကာင္း၊ မိမိတုိ႔႐ုရွားႏုိင္ငံအေနျဖင့္လည္း ဆီးရီးယားႏုိင္ငံၿငိမ္းခ်မ္းေရးရရွိရန္အတြက္ ပံ့ပုိးကူညီမႈမ်ား ေဆာင္ရြက္ေပးခဲ့ေၾကာင္း၊ ယင္းသုိ႔ေဆာင္ရြက္ရာတြင္ မိမိတုိ႔မွေရးဆြဲေပးသည့္ ၿငိမ္းခ်မ္းေရးစာခ်ဳပ္ပါ အခ်က္မ်ားသည္ ျမန္မာႏုိင္ငံ၏ တစ္ႏုိင္ငံလုံးပစ္ခတ္တုိက္ခိုက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္ (NCA) ႏွင့္ အလားသ႑န္ တူညီပါေၾကာင္း၊ စာခ်ဳပ္ပါအခ်က္မ်ားကုိအဖြဲ႕အစည္းအားလုံးက မွန္ကန္စြာလုိက္နာမွသာ ျမန္မာႏုိင္ငံ၏လက္နက္ကုိင္ပဋိပကၡမ်ားခ်ဳပ္ၿငိမ္းသြားမည္ဟု ယုံၾကည္ပါေၾကာင္း ေျပာၾကားသည္။

ထုိ႔ေနာက္ ျမန္္မာႏုိင္ငံ၏ျပည္တြင္းၿငိမ္းခ်မ္းေရးရရွိေအာင္ေဆာင္ရြက္ေနမႈအေျခအေနမ်ား၊ ျမန္မာႏုိင္ငံ၏ လႊတ္ေတာ္တြင္ ဥပေဒျပဳေရးက႑မ်ားကုိ အေထာက္အကူျဖစ္ေစရန္အတြက္ တပ္မေတာ္သားလႊတ္ေတာ္ ကုိယ္စားလွယ္မ်ား ႐ုရွားႏုိင္ငံလႊတ္ေတာ္သုိ႔ သြားေရာက္ေလ့လာ၍ အေတြ႕အႀကဳံမ်ားဖလွယ္ေရး ဆုိင္ရာကိစၥရပ္မ်ား၊ ဆီးရီးယားႏုိင္ငံၿငိမ္းခ်မ္းေရးရရွိေရးအတြက္ ႐ုရွားႏုိင္ငံမွေဆာင္ရြက္ေနမႈကိစၥရပ္မ်ား၊ ႏွစ္ႏုိင္ငံႏွင့္ တပ္မေတာ္ႏွစ္ရပ္အၾကား ခ်စ္ၾကည္ရင္းႏွီးမႈပုိမုိတုိးတက္ေရးဆုိင္ရာ ကိစၥရပ္မ်ားအား ရင္းႏွီးပြင့္လင္းစြာ အျမင္ခ်င္းဖလွယ္ေဆြးေႏြးခဲ့ၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ႐ုရွားဖက္ဒေရးရွင္းႏုိင္ငံ၊ ေအာက္လႊတ္ေတာ္၊ ႏုိင္ငံတကာေရးရာေကာ္မတီ၏ ဒုတိယဥကၠ႒ႏွင့္အဖြဲ႕၀င္မ်ားအား အမွတ္တရလက္ေဆာင္ပစၥည္းမ်ား ေပးအပ္ၿပီး စုေပါင္းဓာတ္ပုံ႐ုိက္ခဲ့ၾကပါသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်း နိုင်ငံ၊ အောက်လွှတ်တော်၊ နိုင်ငံတကာရေးရာကော်မတီ၏ ဒုတိယဥက္ကဋ္ဌ Mr. ALEXEI CHEPA အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ဇူလိုင် ၂၆

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ အောက်လွှတ်တော်၊ နိုင်ငံတကာရေးရာကော်မတီ၏ဒုတိယဥက္ကဋ္ဌ Mr. ALEXEI CHEPA အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်ဗိုလ်ချုပ်သန်းစိုးနှင့် တပ်မတော် အရာရှိကြီးများတက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ အောက်လွှတ်တော်၊ နိုင်ငံတကာရေးရာ ကော်မတီ၏ ဒုတိယဥက္ကဋ္ဌနှင့်အတူ အောက်လွှတ်တော်၊ ကာကွယ်ရေးဆိုင်ရာကော်မတီအဖွဲ့ဝင် Mr. ALEKSEI KHOKHLOV ၊ မြန်မာနိုင်ငံဆိုင်ရာရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ ဒုတိယသံအမတ်ကြီး နှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံစဉ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာနိုင်ငံနှင့်ရုရှားနိုင်ငံ နှစ်နိုင်ငံသည် ရှေးယခင် ကတည်းကချစ်ကြည်ရင်းနှီးသည့် မိတ်ဆွေဟောင်း၊ မိတ်ဆွေကောင်းနိုင်ငံများဖြစ်ပြီး နိုင်ငံခေါင်းဆောင်များ သည်လည်း ချစ်ကြည်ရင်းနှီးမှုရှိကြောင်း၊ ယခုကဲ့သို့ ရုရှားလွှတ်တော်မှကိုယ်စားလှယ်များနှင့် တပ်မတော် တွေ့ဆုံခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင်နိုင်ငံရေးအရတည်ငြိမ်မှု၊ လုံခြုံရေးအရ တည်ငြိမ်မှုရှိရန်လိုအပ်လျက်ရှိပါကြောင်း၊ ၁၉၈၈ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ တပ်မတော်အစိုးရ၏ ဦးဆောင်မှုဖြင့်ဆောင်ရွက်ခဲ့ပြီး ပြည်သူများမှလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းနိုင်ရန် အတွက် တပ်မတော်အစိုးရမှပြုပြင်ပြောင်းလဲမှုများဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ပြောင်းလဲချိန်တွင် အခက်အခဲမရှိစေရန်အတွက် တဖြည်းဖြည်းချင်း နိုင်ငံရေးပုံစံနှင့် စီးပွားရေးပုံစံများပြုပြင်ပြောင်းလဲခဲ့ပြီး၊ ၂၀၁၁ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေအသစ်ဖြင့် ရွေးချယ်တင်မြှောက်ခံအစိုးရသို့ စနစ်တကျ လွှဲပြောင်းပေးနိုင်ခဲ့ကြောင်း၊ ယခုအခါတွင် ဒုတိယမြောက်ရွေးချယ်ခံအစိုးရကာလသာရှိသေးပြီး အတွေ့အကြုံများစွာ နုနယ်သဖြင့် နိုင်ငံရေးအရပြည့်စုံမှုမရှိသေးကြောင်း၊ လွှတ်တော်များသည် ဥပဒေပြုရေးကို အဓိကဆောင်ရွက်ရကြောင်း၊ မိမိတို့နိုင်ငံ၏ပထမအစိုးရလွှတ်တော်သက်တမ်းတွင် လွှတ်တော်ကိုယ်စားလှယ်များကိုရွေးချယ်ရာ၌ နိုင်ငံရေးအတွေ့အကြုံရှိသည့်သူများ၊ ပါတီများမှ ရွေးချယ်ခံလွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းပါဝင်ခဲ့ကြောင်း၊ ယခုဒုတိယအကြိမ် လွှတ်တော်သက်တမ်းတွင်လည်း ရွေးချယ်ခံနိုင်ငံရေးပါတီ ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်း၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းပင်ဖြစ်ကြောင်း၊ မိမိတို့တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များသည် တပ်မတော် အတွင်းနှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ဖူးသူ၊ အတွေ့အကြုံရှိသူများဖြစ်ပြီး ရိုးရိုးဘွဲ့မှစ၍ မဟာဘွဲ့၊ ပါရဂူဘွဲ့များရရှိ ထားသူများ၊ ဆရာဝန်များနှင့် အင်ဂျင်နီယာများပါဝင်ကာ ဥပဒေပြုရေးတွင်များစွာ အထောက်အကူပေးနိုင် သူများဖြစ်ကြောင်း၊ တပ်မတော်သည် အမျိုးသားရေးကို ဦးစားပေးဆောင်ရွက်နေခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် လုံခြုံရေးအရတည်ငြိမ်အေးချမ်းမှုနှင့်ပတ်သက်ပြီး မိမိတို့အနေဖြင့် လွတ်လပ်ရေးရရှိပြီးချိန်မှစ၍ နိုင်ငံတည်ငြိမ်အေးချမ်းအောင် ခေတ်အဆက်ဆက် ဆောင်ရွက်ခဲ့ရကြောင်း၊ ယခုအချိန်သည် ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းကိုလျှောက်လှမ်းနေခြင်းဖြစ်၍ ဥပဒေနှင့်အညီသာ သွားရမည်ဖြစ်သဖြင့် ပြည်တွင်း ငြိမ်းချမ်းရေးရရှိရန် အတွက် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) စာချုပ်အား လက်မှတ်ရေးထိုးနိုင်ရေးဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် အရေအတွက်များပြားသလို နိုင်ငံရေးနောက်ခံ အကြောင်းအရာများ မတူညီသဖြင့် အခက်အခဲများစွာရှိကြောင်း၊ လက်နက်ကိုင်ပဋိပက္ခများမရှိမှသာ တိုင်းပြည်ငြိမ်းချမ်းမည်၊ တိုင်းပြည်ငြိမ်းချမ်းမှသာ တိုးတက်မှုရှိမည်ဖြစ်ကြောင်း၊ မိမိတို့၏ကာကွယ်ရေး တည်ဆောက်မှုသည် နိုင်ငံတော်ကာကွယ်ရေးအတွက်သာ တည်ဆောက်နေခြင်းဖြစ်ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တိုက်ခိုက်ရန်အတွက် တည်ဆောက်နေခြင်း မဟုတ်ကြောင်း၊ ကာကွယ်ရေးဆိုသည်မှာ ချက်ချင်းဆောင်ရွက်၍မရကြောင်း၊ မိမိတို့နိုင်ငံသည် လွတ်လပ်ရေးရရှိပြီးချိန်မှစ၍ တိုင်းပြည်ပြိုကွဲစေရန် ပြည်တွင်း၊ ပြည်ပမှခြိမ်းခြောက်မှုများ ကြုံတွေ့ခဲ့ရကြောင်း၊ ထို့ကြောင့်တပ်မတော်အနေဖြင့် ဒို့တာဝန်အရေးသုံးပါးကို အဓိကထားပြီး ကာကွယ်ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းနေမှု ကိုလည်း ထိခိုက်မှုမရှိအောင်ငြိမ်းချမ်းရေး တည်ဆောက်နေမှုကိုလည်း မထိခိုက်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ ငြိမ်းချမ်းရေးဆောင်ရွက်ရာတွင် အဓိကအားဖြင့်ဒီမိုကရေစီနည်းလမ်းတကျ၊ ဥပဒေအရသာ ဆောင်ရွက်သွားရန်လိုကြောင်းပြောကြားသည်။

ထို့နောက် ဧည့်သည်တော်ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ အောက်လွှတ်တော်၊ နိုင်ငံတကာရေးရာကော်မတီ၏ ဒုတိယဥက္ကဋ္ဌက ပါလီမန်ဒီမိုကရေစီစနစ်သည် ကမ္ဘာ့နိုင်ငံ အသီးသီးတွင်ကျယ်ပြန့်စွာ သုံးစွဲလာပြီ ဖြစ်ကြောင်း၊ မည်သည့်နိုင်ငံတွင်မဆို သက်ဆိုင်ရာနိုင်ငံမှ ချမှတ်ပြဋ္ဌာန်းထားသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေသည်အရေးကြီးသောအခန်းကဏ္ဍမှပါဝင်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအားသက်ဝင်လှုပ်ရှားစေရန် အကောင်အထည်ဖော်ဆောင်ရွက်ရသည်မှာ သက်ဆိုင်ရာနိုင်ငံ၏အစိုးရပင်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ လွှတ်တော်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသည့် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များ၏ အခန်းကဏ္ဍနှင့်ပတ်သက်၍လည်း မိမိတို့အနေဖြင့်သိရှိနားလည်ပြီး မှန်ကန်သည့်ရွေးချယ်မှု တစ်ခုဖြစ်သည်ကိုတွေ့ရှိရပါကြောင်း၊ မိမိတို့ရုရှားနိုင်ငံတွင် “နိုင်ငံတစ်နိုင်ငံ၏မိတ်ဆွေအစစ်အမှန်သည် အဆိုပါနိုင်ငံ၏တပ်မတော်သာဖြစ်သည်” ဟူသောဆိုရိုးစကားရှိကြောင်း၊ နိုင်ငံ၏အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် အဓိကထားတာဝန်ထမ်းဆောင်ရသည်မှာ တပ်မတော်ပင်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများတွင်လည်း တပ်မတော်သည်အရေးကြီးသည့် အခန်းကဏ္ဍ တွင် ပါဝင်ဆောင်ရွက်နေသည်ကိုသိရှိနားလည်ပါကြောင်း၊ မိမိတို့ရုရှားနိုင်ငံ၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာအား အဓိကကာကွယ်စောင့်ရှောက်ပေးခဲ့သည့် အဖွဲ့အစည်းမှာ တပ်မတော် ပင်ဖြစ်ကြောင်း၊ မြန်မာ့တပ်မတော်အနေဖြင့် ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ထားကာ ဆောင်ရွက်နေခြင်းဖြစ်သည့်အတွက် မှန်ကန်သည့် လုပ်ရပ်ဟုဆိုနိုင်ပါကြောင်း၊ ငြိမ်းချမ်းရေးရရှိရန်အတွက် ဆောင်ရွက်ရာ၌ တပ်မတော်မှ ဆောင်ရွက်ချက်များသည် တရားမျှတစွာဖြင့်ငြိမ်းချမ်းရေးကိုသာ ဦးတည်ဆောင်ရွက် နေသည်ကိုတွေ့ရှိရကြောင်း၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် (NCA) အားချုပ်ဆိုနိုင်ခဲ့သည်ကို သတင်းမှတ်တမ်းများတွင်လေ့လာသိရှိခဲ့ရကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ခြင်းသည်ငြိမ်းချမ်းရေးရရှိရန်အတွက် မှန်ကန်သည့်ခြေလှမ်းတစ်ခု ဖြစ်ပါကြောင်း၊ မိမိတို့ရုရှားနိုင်ငံအနေဖြင့်လည်း ဆီးရီးယားနိုင်ငံငြိမ်းချမ်းရေးရရှိရန်အတွက် ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် မိမိတို့မှရေးဆွဲပေးသည့် ငြိမ်းချမ်းရေးစာချုပ်ပါ အချက်များသည် မြန်မာနိုင်ငံ၏ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) နှင့် အလားသဏ္ဍန် တူညီပါကြောင်း၊ စာချုပ်ပါအချက်များကိုအဖွဲ့အစည်းအားလုံးက မှန်ကန်စွာလိုက်နာမှသာ မြန်မာနိုင်ငံ၏လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းသွားမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံ၏ပြည်တွင်းငြိမ်းချမ်းရေးရရှိအောင်ဆောင်ရွက်နေမှုအခြေအနေများ၊ မြန်မာနိုင်ငံ၏ လွှတ်တော်တွင် ဥပဒေပြုရေးကဏ္ဍများကို အထောက်အကူဖြစ်စေရန်အတွက် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များ ရုရှားနိုင်ငံလွှတ်တော်သို့ သွားရောက်လေ့လာ၍ အတွေ့အကြုံများဖလှယ်ရေး ဆိုင်ရာကိစ္စရပ်များ၊ ဆီးရီးယားနိုင်ငံငြိမ်းချမ်းရေးရရှိရေးအတွက် ရုရှားနိုင်ငံမှဆောင်ရွက်နေမှုကိစ္စရပ်များ၊ နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုပိုမိုတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ အောက်လွှတ်တော်၊ နိုင်ငံတကာရေးရာကော်မတီ၏ ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြပါသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။