တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တောင်ကြီးမြို့ရှိ ရွှေဘုန်းပွင့်စေတီတော်နှင့် စူဠာမုနိစေတီတော်သို့သွားရောက်ဖူးမြော်ကြည်ညို

ေနျပည္ေတာ္၊ စက္တင္ဘာ – ၁၃

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္သည္ဇနီး ေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေရ)ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္းႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ)ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ ႏွင့္ဇနီး၊ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ အေရွ႕ပုိင္းတုိင္းစစ္ဌာနခ်ဳပ္တုိ္င္းမွဴး ဗုိလ္ခ်ဳပ္လင္းေအာင္ႏွင့္ တာ၀န္ရွိသူမ်ားလုိက္ပါၿပီး ယေန႔ညပုိင္းတြင္ ေတာင္ႀကီးၿမိဳ႕ရွိ႕ ေရႊဘုန္းပြင့္ေစတီေတာ္ ႏွင့္ စူဠာမုနိေစတီေတာ္သုိ႔သြားေရာက္ဖူးေျမာ္ၾကည္ညိဳသည္။

ဦးစြာတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဇနီးႏွင့္အဖြဲ႕၀င္မ်ားသည္ ေရႊဘုန္းပြင့္ေစတီေတာ္သုိ႔ေရာက္ရွိၾကရာ ေစတီေတာ္ႀကီး၏ေဂါပကအဖြဲ႕နာယက ဦးေအာင္ကုိ၀င္းႏွင့္ ေဂါပကအဖြဲ႕၀င္မ်ားကႀကိဳဆုိႏႈတ္ဆက္ၾကသည္။ ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတုိ႔သည္ ေစတီေတာ္ႀကီးရွိဗုဒၶ႐ုပ္ပြားေတာ္ျမတ္အား ဖူးေျမာ္ၾကည္ညိဳၿပီး ပန္း၊ ေရခ်မ္း၊ ဆီမီးမ်ားကပ္လွဴပူေဇာ္ၾကၿပီး ေစတီေတာ္ႀကီးအားလက္ယာရစ္လွည့္လည္ ဖူးေျမာ္ၾကည္ညိဳၾကသည္။

ယင္းေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ တပ္မေတာ္ (ၾကည္း၊ ေရ၊ေလ) မိသားစုမ်ားမွလွဴဒါန္းသည့္ အလွဴေငြမ်ားအားေဂါပကအဖြဲ႕ထံေပးအပ္လွဴဒါန္းၿပီး ေဂါပကအဖြဲ႕၀င္မ်ားႏွင့္မွတ္တမ္းတင္ဓာတ္ပုံ႐ိုိက္ကူး၍ ဧည့္သည္ေတာ္မွတ္တမ္းစာအုပ္တြင္ လက္မွတ္ေရးထုိးသည္။

ဆက္လက္ၿပီးတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဇနီးႏွင့္အဖြဲ႕၀င္မ်ားသည္ စူဠာမုနိေစတီေတာ္သုိ႕ ေရာက္ရွိ ၾကၿပီး ေစတီေတာ္ႀကီးရွိဗုဒၶ႐ုပ္ပြားေတာ္ျမတ္အားဖူးေျမာ္ၾကည္ညိဳ ၍ပန္း၊ ေရခ်မ္း၊ ဆီမီးမ်ားကပ္လွဴပူေဇာ္ၾကၿပီး လက္ယာရစ္လွည့္လည္ဖူးေျမာ္ၾကည္ညိဳၾကသည္။ ထုိ႔ေနာက္တပ္မေတာ္ (ၾကည္း၊ ေရ၊ေလ) မိသားစုမ်ားမွ လွဴဒါန္းသည့္အလွဴေငြမ်ားအား ေဂါပကအဖြဲ႕ထံေပးအပ္လွဴဒါန္းၿပီး ဧည့္သည္ေတာ္မွတ္တမ္းတြင္ လက္မွတ္ ေရးထုိးကာ ေဂါပကအဖြဲ႕၀င္မ်ားႏွင့္ မွတ္တမ္းတင္ဓာတ္ပုံ႐ိုိက္ကူးခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တောင်ကြီးမြို့ရှိ ရွှေဘုန်းပွင့်စေတီတော်နှင့် စူဠာမုနိစေတီတော်သို့သွားရောက်ဖူးမြော်ကြည်ညို

နေပြည်တော်၊ စက်တင်ဘာ – ၁၃

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည်ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်နှင့် တာဝန်ရှိသူများလိုက်ပါပြီး ယနေ့ညပိုင်းတွင် တောင်ကြီးမြို့ရှိ့ ရွှေဘုန်းပွင့်စေတီတော် နှင့် စူဠာမုနိစေတီတော်သို့သွားရောက်ဖူးမြော်ကြည်ညိုသည်။

ဦးစွာတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဇနီးနှင့်အဖွဲ့ဝင်များသည် ရွှေဘုန်းပွင့်စေတီတော်သို့ရောက်ရှိကြရာ စေတီတော်ကြီး၏ဂေါပကအဖွဲ့နာယက ဦးအောင်ကိုဝင်းနှင့် ဂေါပကအဖွဲ့ဝင်များကကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့သည် စေတီတော်ကြီးရှိဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညိုပြီး ပန်း၊ ရေချမ်း၊ ဆီမီးများကပ်လှူပူဇော်ကြပြီး စေတီတော်ကြီးအားလက်ယာရစ်လှည့်လည် ဖူးမြော်ကြည်ညိုကြသည်။

ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် တပ်မတော် (ကြည်း၊ ရေ၊လေ) မိသားစုများမှလှူဒါန်းသည့် အလှူငွေများအားဂေါပကအဖွဲ့ထံပေးအပ်လှူဒါန်းပြီး ဂေါပကအဖွဲ့ဝင်များနှင့်မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး၍ ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။

ဆက်လက်ပြီးတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဇနီးနှင့်အဖွဲ့ဝင်များသည် စူဠာမုနိစေတီတော်သို့ ရောက်ရှိ ကြပြီး စေတီတော်ကြီးရှိဗုဒ္ဓရုပ်ပွားတော်မြတ်အားဖူးမြော်ကြည်ညို ၍ပန်း၊ ရေချမ်း၊ ဆီမီးများကပ်လှူပူဇော်ကြပြီး လက်ယာရစ်လှည့်လည်ဖူးမြော်ကြည်ညိုကြသည်။ ထို့နောက်တပ်မတော် (ကြည်း၊ ရေ၊လေ) မိသားစုများမှ လှူဒါန်းသည့်အလှူငွေများအား ဂေါပကအဖွဲ့ထံပေးအပ်လှူဒါန်းပြီး ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ် ရေးထိုးကာ ဂေါပကအဖွဲ့ဝင်များနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။