တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘဝနတ်ထံပျံလွန်တော်မူခဲ့သည့် ကျေးဇူး တော်ရှင် မြိုင်ကြီးငူဆရာတော် ဘဒ္ဒန္တသုဇန၏ဥတုဇ ရုပ်ကလပ်အား သွားရောက်ဖူးမြော်ကြည်ညို

ေနျပည္ေတာ္၊ ေအာက္တုိဘာ ၂၀

 

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ဇနီး ေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗုိလ္ခ်ဳပ္ႀကီး ေအာင္စိုး၊ ဒုတိယ ဗုိလ္ခ်ဳပ္ႀကီး မ်ိဳးေဇာ္သိန္းႏွင့္ တပ္မေတာ္ အရာရွိႀကီးမ်ား၊ အေရွ႕ေတာင္တုိင္းစစ္ဌာနခ်ဳပ္တိုင္းမွဴး ဗုိလ္ခ်ဳပ္မ်ိဳးမုိးေအာင္၊ ကရင္ျပည္နယ္နယ္ျခားေစာင့္ တပ္မ်ားဆုိင္ရာ ဗဟုိကြပ္ကဲေရးႏွင့္အႀကံေပးအဖြဲ႕ဥကၠ႒ ဂုဏ္ထူးေဆာင္ဗုိလ္မွဴးႀကီး ေစာထြန္းလႈိင္ႏွင့္ နယ္ျခားေစာင့္တပ္မ်ားမွ တာ၀န္ရွိသူမ်ားလုိက္ပါၿပီး ယေန႔နံနက္ပုိင္းတြင္ နန္းဦးေဘးမဲ့ ေက်ာင္းသုိ႔သြားေရာက္ ၍ ဘ၀နတ္ထံပ်ံလြန္ေတာ္မူခဲ့သည့္ ေက်းဇူးေတာ္ရွင္ၿမိဳင္ႀကီးငူ ဆရာေတာ္ဘဒၵႏၲသုဇန၏ ဥတုဇ႐ုပ္ကလပ္အား သြားေရာက္ဖူးေျမာ္ၾကည္ညိဳသည္။

ဦးစြာတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီး၊ အဖြဲ႕၀င္မ်ားသည္ ႏွစ္ထပ္ေက်ာင္း ေဆာင္တြင္ထားရွိသည့္ ၿမိဳင္ႀကီးငူဆရာေတာ္ႀကီး၏ ဥတုဇ႐ုပ္ကလပ္ေတာ္အားဖူးေျမာ္ ၾကည္ညိဳၾကသည္။ ယင္းေနာက္ အႏၲိမအဂၢိ စ်ာပနေအာင္ျမင္စြာက်င္းပျပဳလုပ္ႏုိင္ေရး အတြက္လုိအပ္သည့္ ဆြမ္းဆန္ေတာ္၊ ဆီ၊ ဆား၊ စားေသာက္ဖြယ္ရာ ႏွင့္ လွဴဖြယ္ပစၥည္းမ်ား ဆက္ကပ္လွဴဒါန္းပြဲအား က်င္းပျပဳလုပ္ရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားသည္ ၿမိဳင္ႀကီးငူတုိက္အုပ္ဆရာေတာ္ ဘဒၵႏၲÓဏိကထံမွငါးပါးသီလခံယူ၍ ၾသ၀ါဒကထာအား နာယူၾကသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတုိ႕က ၿမိဳင္ႀကီးငူတုိက္အုပ္ ဆရာေတာ္ႀကီးထံ ဆြမ္းဆန္ ေတာ္၊ ဆီ၊ ဆား၊ စားေသာက္ဖြယ္ရာႏွင့္လွဴဖြယ္ပစၥည္း မ်ားအားဆက္ကပ္လွဴဒါန္းၾကၿပီး လွဴဒါန္းမႈအစုစုတုိ႔ အတြက္ ေရစက္သြန္းခ်အမွ် ေပးေ၀ၾကသည္။ ၎ေနာက္ ၿမိဳင္ႀကီးငူတုိက္အုပ္ဆရာေတာ္ႀကီးက တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ထံၿမိဳင္ႀကီးငူဆရာေတာ္ ဘဒၵႏၲသုဇန၏ပုံေတာ္အား ဓမၼလက္ေဆာင္အျဖစ္ေပးအပ္သည္။

ယင္းေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က သာသနာေရးဆုိင္ရာမ်ားအား ေလွ်ာက္ထားတင္ျပရာတြင္ ေက်းဇူးေတာ္ရွင္ၿမိဳင္ႀကီးငူဆရာေတာ္ႀကီးပ်ံလြန္ေတာ္မူျခင္းသည္ ေဒသအတြက္၊ ေဒသခံတုိင္းရင္းသားမ်ား အတြက္သာမက တုိင္းျပည္အတြက္ပါ ႀကီးမားသည့္ဆုံး႐ႈံးမႈတစ္ခုျဖစ္ပါေၾကာင္း၊ ဆရာေတာ္ဘုရားႀကီးသည္ ကရင္ျပည္နယ္ႏွင့္ ျမန္မာႏုိင္ငံတည္ၿငိမ္ေအးခ်မ္းေရးအတြက္ သာသနာေရးလမ္းေၾကာင္းမွေဆာင္ရြက္ေပး ခဲ့သကဲ့သုိ႔ ေဒသဖြံ႕ၿဖိဳးတုိးတက္ေရးမ်ားမွတစ္ဆင့္ ဗုဒၶဘာသာဖြံ႕ၿဖိဳးတုိးတက္ခုိင္မာေရး အတြက္ ေဆာင္ရြက္ ခဲ့ပါေၾကာင္း၊ ဆရာေတာ္ႀကီးေဆာင္ရြက္ခဲ့သည့္ ၿငိမ္းခ်မ္းေရးကုိ ထာ၀ရတည္တံ့ခုိင္ၿမဲေအာင္ အားလုံးက သႏၷိ႒ာန္ခ်မွတ္၍ ေဆာင္ရြက္ရမည္ျဖစ္ပါေၾကာင္း၊ ၿမိဳင္ႀကီးငူေဒသအတြင္းၿငိမ္းခ်မ္းေရးရရွိၿပီး ေနာက္ပုိင္း ဖြံ႕ၿဖိဳးတုိးတက္မႈမ်ား ျဖစ္ေပၚလာသည္ကုိေတြ႕ရွိရမည္ျဖစ္ၿပီး ႏုိင္ငံတစ္၀န္းၿငိမ္းခ်မ္းေရးရရွိရန္ႏွင့္ဖြံ႕ၿဖိဳးတုိးတက္ မႈမ်ားရရွိရန္အတြက္ ေဒသခံျပည္သူမ်ားအားလုံး၊ ျမန္မာႏုိင္ငံသားအားလုံးစည္းစည္းလုံးလုံး ညီညီၫြတ္ ၫြတ္ျဖင့္ ျမန္မာစိတ္ထားရွိ၍ တစ္ဦးႏွင့္တစ္ဦး အားေပးကူညီၿပီးတူညီသည့္ ရည္မွန္းခ်က္မ်ား ထားရွိေဆာင္ ရြက္ရမည္ျဖစ္ပါေၾကာင္း၊ မိမိတုိ႔ကုိးကြယ္ေနသည့္ဗုဒၶဘာသာ တုိးတက္ခုိင္မာေရးအတြက္ မွန္မွန္ ကန္ကန္ညီညီၫြတ္ၫြတ္ျဖင့္ေဆာင္ရြက္ရမည္ျဖစ္သကဲ့သုိ႔ အျခားဘာသာ၀င္မ်ားႏွင့္လည္း ညီညီၫြတ္ ၫြတ္ျဖင့္ေနထုိင္ၾကရမည္ျဖစ္ေၾကာင္း၊ ဘာသာတရားမ်ားသည္ ၿငိမ္းခ်မ္းမႈကုိအေထာက္အပ့ံ ေပးသည့္ အားမ်ားပင္ျဖစ္ေၾကာင္း၊ မိမိတုိ႔ေဒသခံတုိင္းရင္းသားမ်ားအေနျဖင့္ ဆရာေတာ္ႀကီးတည္ေဆာက္ေဖာက္လုပ္ ခဲ့သည့္ ၿငိမ္းခ်မ္းေရးလမ္းေၾကာင္းေပၚတြင္ တက္ညီလက္ညီျဖင့္ဆက္လက္ေဆာင္ရြက္ သြားၾကေစလုိေၾကာင္း ေလွ်ာက္ထားတင္ျပသည္။

ယင္းေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ၿမိဳင္ႀကီးငူ ဆရာေတာ္ႀကီး၏ ဥတုဇ႐ုပ္ ကလပ္ေတာ္အားဖူးေျမာ္ၾကည္ညိဳၾကၿပီး အႏၲိမအဂၢိစ်ာပန က်င္းပရန္ျပင္ဆင္ေဆာင္ရြက္ေနမႈမ်ားအား ၾကည့္႐ႈရာ တာ၀န္ရွိသူမ်ားကလုိက္လံ ရွင္းလင္းတင္ျပခဲ့ၾကသည္။

 

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘဝနတ်ထံပျံလွန်တော်မူခဲ့သည့် ကျေးဇူး တော်ရှင် မြိုင်ကြီးငူဆရာတော် ဘဒ္ဒန္တသုဇန၏ဥတုဇ ရုပ်ကလပ်အား သွားရောက်ဖူးမြော်ကြည်ညို

နေပြည်တော်၊ အောက်တိုဘာ ၂၀

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုး၊ ဒုတိယ ဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းနှင့် တပ်မတော် အရာရှိကြီးများ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမိုးအောင်၊ ကရင်ပြည်နယ်နယ်ခြားစောင့် တပ်များဆိုင်ရာ ဗဟိုကွပ်ကဲရေးနှင့်အကြံပေးအဖွဲ့ဥက္ကဋ္ဌ ဂုဏ်ထူးဆောင်ဗိုလ်မှူးကြီး စောထွန်းလှိုင်နှင့် နယ်ခြားစောင့်တပ်များမှ တာဝန်ရှိသူများလိုက်ပါပြီး ယနေ့နံနက်ပိုင်းတွင် နန်းဦးဘေးမဲ့ ကျောင်းသို့သွားရောက် ၍ ဘဝနတ်ထံပျံလွန်တော်မူခဲ့သည့် ကျေးဇူးတော်ရှင်မြိုင်ကြီးငူ ဆရာတော်ဘဒ္ဒန္တသုဇန၏ ဥတုဇရုပ်ကလပ်အား သွားရောက်ဖူးမြော်ကြည်ညိုသည်။

ဦးစွာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် နှစ်ထပ်ကျောင်း ဆောင်တွင်ထားရှိသည့် မြိုင်ကြီးငူဆရာတော်ကြီး၏ ဥတုဇရုပ်ကလပ်တော်အားဖူးမြော် ကြည်ညိုကြသည်။ ယင်းနောက် အန္တိမအဂ္ဂိ ဈာပနအောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး အတွက်လိုအပ်သည့် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ စားသောက်ဖွယ်ရာ နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲအား ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မြိုင်ကြီးငူတိုက်အုပ်ဆရာတော် ဘဒ္ဒန္တÓဏိကထံမှငါးပါးသီလခံယူ၍ သြဝါဒကထာအား နာယူကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့က မြိုင်ကြီးငူတိုက်အုပ် ဆရာတော်ကြီးထံ ဆွမ်းဆန် တော်၊ ဆီ၊ ဆား၊ စားသောက်ဖွယ်ရာနှင့်လှူဖွယ်ပစ္စည်း များအားဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုတို့ အတွက် ရေစက်သွန်းချအမျှ ပေးဝေကြသည်။ ၎င်းနောက် မြိုင်ကြီးငူတိုက်အုပ်ဆရာတော်ကြီးက တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံမြိုင်ကြီးငူဆရာတော် ဘဒ္ဒန္တသုဇန၏ပုံတော်အား ဓမ္မလက်ဆောင်အဖြစ်ပေးအပ်သည်။

ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သာသနာရေးဆိုင်ရာများအား လျှောက်ထားတင်ပြရာတွင် ကျေးဇူးတော်ရှင်မြိုင်ကြီးငူဆရာတော်ကြီးပျံလွန်တော်မူခြင်းသည် ဒေသအတွက်၊ ဒေသခံတိုင်းရင်းသားများ အတွက်သာမက တိုင်းပြည်အတွက်ပါ ကြီးမားသည့်ဆုံးရှုံးမှုတစ်ခုဖြစ်ပါကြောင်း၊ ဆရာတော်ဘုရားကြီးသည် ကရင်ပြည်နယ်နှင့် မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် သာသနာရေးလမ်းကြောင်းမှဆောင်ရွက်ပေး ခဲ့သကဲ့သို့ ဒေသဖွံ့ဖြိုးတိုးတက်ရေးများမှတစ်ဆင့် ဗုဒ္ဓဘာသာဖွံ့ဖြိုးတိုးတက်ခိုင်မာရေး အတွက် ဆောင်ရွက် ခဲ့ပါကြောင်း၊ ဆရာတော်ကြီးဆောင်ရွက်ခဲ့သည့် ငြိမ်းချမ်းရေးကို ထာဝရတည်တံ့ခိုင်မြဲအောင် အားလုံးက သန္နိဋ္ဌာန်ချမှတ်၍ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မြိုင်ကြီးငူဒေသအတွင်းငြိမ်းချမ်းရေးရရှိပြီး နောက်ပိုင်း ဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်ပေါ်လာသည်ကိုတွေ့ရှိရမည်ဖြစ်ပြီး နိုင်ငံတစ်ဝန်းငြိမ်းချမ်းရေးရရှိရန်နှင့်ဖွံ့ဖြိုးတိုးတက် မှုများရရှိရန်အတွက် ဒေသခံပြည်သူများအားလုံး၊ မြန်မာနိုင်ငံသားအားလုံးစည်းစည်းလုံးလုံး ညီညီညွတ် ညွတ်ဖြင့် မြန်မာစိတ်ထားရှိ၍ တစ်ဦးနှင့်တစ်ဦး အားပေးကူညီပြီးတူညီသည့် ရည်မှန်းချက်များ ထားရှိဆောင် ရွက်ရမည်ဖြစ်ပါကြောင်း၊ မိမိတို့ကိုးကွယ်နေသည့်ဗုဒ္ဓဘာသာ တိုးတက်ခိုင်မာရေးအတွက် မှန်မှန် ကန်ကန်ညီညီညွတ်ညွတ်ဖြင့်ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ အခြားဘာသာဝင်များနှင့်လည်း ညီညီညွတ် ညွတ်ဖြင့်နေထိုင်ကြရမည်ဖြစ်ကြောင်း၊ ဘာသာတရားများသည် ငြိမ်းချမ်းမှုကိုအထောက်အပံ့ ပေးသည့် အားများပင်ဖြစ်ကြောင်း၊ မိမိတို့ဒေသခံတိုင်းရင်းသားများအနေဖြင့် ဆရာတော်ကြီးတည်ဆောက်ဖောက်လုပ် ခဲ့သည့် ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်တွင် တက်ညီလက်ညီဖြင့်ဆက်လက်ဆောင်ရွက် သွားကြစေလိုကြောင်း လျှောက်ထားတင်ပြသည်။

ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် မြိုင်ကြီးငူ ဆရာတော်ကြီး၏ ဥတုဇရုပ် ကလပ်တော်အားဖူးမြော်ကြည်ညိုကြပြီး အန္တိမအဂ္ဂိဈာပန ကျင်းပရန်ပြင်ဆင်ဆောင်ရွက်နေမှုများအား ကြည့်ရှုရာ တာဝန်ရှိသူများကလိုက်လံ ရှင်းလင်းတင်ပြခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။