နေပြည်တော် ဇန်နဝါရီ ၆ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး H.E. Ms. Maria Theresa Parreno Lazaro ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့က ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံးဧည့်ခန်းမ၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။ အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်ယာယီ
သတင်းများ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံသို့ သီရိလင်္ကာနိုင်ငံ သမ္မတ မစ္စတာ အနူရာ ကုမာရ ဒစ်ဆာနာယာက ထံမှပေးပို့သည့်ဝမ်းမြောက်ကြောင်းသဝဏ်လွှာ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယတွင် သီရိလင်္ကာ နိုင်ငံအစိုးရနှင့် ပြည်သူများ၏ကိုယ်စားလည်းကောင်း၊ မိမိကိုယ်တိုင်အနေဖြင့်လည်းကောင်း ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတနှင့်ပြည်သူများအား ဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့် ဆုမွန်ကောင်း ပို့သအပ်ပါကြောင်း ဖော်ပြအပ်ပါသည်။ မြန်မာနိုင်ငံနှင့်သီရိလင်္ကာနိုင်ငံတို့အကြား ထေရဝါဒဗုဒ္ဓဘာသာနှင့် တူညီသည့်ယဉ်ကျေးမှုတန်ဖိုးထားခြင်းများအားအခြေခံသည့် ကာလရှည်ကြာစွာတည်တံ့လျက်ရှိသော ခင်မင်ရင်းနှီးမှုသည် လိုအပ်သည့်အချိန်များ၌ နှစ်နိုင်ငံအကြား စုစည်းညီညွတ်မှုစိတ်ထားဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ကြောင့် ပိုမိုခိုင်မာလာခဲ့ပါသည်။ နောင်လာမည့်နှစ်များတွင်လည်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံသို့ ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန် ထံမှပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယတွင် ထိုင်းတော်ဝင် အစိုးရနှင့် ထိုင်းပြည်သူများ၏ကိုယ်စား မိမိအနေဖြင့် အဆွေတော်နှင့် မြန်မာပြည်သူများထံသို့ ဂုဏ်ယူ ဝမ်းမြောက်ကြောင်းနှင့် ဆုတောင်းမေတ္တာပို့သအပ်ပါကြောင်း ဖော်ပြအပ်ပါသည်။ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် ယဉ်ကျေးမှုနှင့် ဘာသာရေးဓလေ့ထုံးတမ်းများ တူညီသည့် အိမ်နီးချင်းနိုင်ငံများအဖြစ် အပြန်အလှန် ယုံကြည်မှု၊ လေးစားမှုနှင့် ဘုံအကျိုးစီးပွားတို့သာမက ခိုင်မာအားကောင်းသည့်
(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲနှင့် ဂုဏ်ပြုဖျော်ဖြေပွဲအခမ်းအနားကျင်းပ
(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲနှင့် ဂုဏ်ပြုဖျော်ဖြေပွဲအခမ်းအနားကျင်းပ နေပြည်တော် ဇန်နဝါရီ ၄ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့က တည်ခင်းဧည့်ခံသည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲနှင့် ဂုဏ်ပြုဖျော်ဖြေပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး ဥပစာမြက်ခင်းပြင်၌ ကျင်းပသည်။ ဦးစွာ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့်
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင် တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားသို့ တက်ရောက်ဂုဏ်ပြု
နေပြည်တော် ဇန်နဝါရီ ၄ တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောကြားပြီး ဂုဏ်ထူးဆောင်တံဆိပ်များကို ချီးမြှင့်အပ်နှင်းပေးသည်။ အဆိုပါအခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူဇနီး ဒေါ်ကြူကြူလှ၊ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီမဟာသရေစည်သူစိုးဝင်း၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဇေယျကျော်ထင် သရေစည်သူ






