ယခုဘွဲ့နှင်းသဘင်ခန်းမအဆောက်အအုံဒီဇိုင်းများကိုမဲစနစ်ဖြင့် ကျောင်းသား၊ ကျောင်းသူများကိုယ်တိုင်ရွေးချယ်စေခဲ့ပြီး ရွေးချယ်မှုမဲအများဆုံးရရှိသည့်ဒီဇိုင်းဖြင့်တည်ဆောက်ခဲ့ခြင်းသည် ယခုဘွဲ့နှင်းသဘင်ခန်းမကြီး၏ ထူးခြားချက်ပင်ဖြစ် နေပြည်တော် ဖေဖော်ဝါရီ ၁၀ နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်ရှိ Naypyitaw State Academy (ဘွဲ့နှင်းသဘင်ခန်းမ)ဘက်စုံသုံးခန်းမဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးပြီး အမှာစကားပြောကြားသည်။ အဆိုပါအခမ်းအနားသို့ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊