တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၁၉ ခုနှစ် အင်းလေးရေပေါ်သင်္ကြန် ဖွင့်ပွဲ အခမ်းအနားသို့တက်ရောက် 

နေပြည်တော်၊ ဧပြီ – ၁၃ 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန်အတွင်း ယခုနှစ်တွင် ပထမဆုံးကျင်းပပြုလုပ် သည့် ၂၀၁၉ ခုနှစ် အင်းလေးရေပေါ်သင်္ကြန်မဏ္ဍပ်ဖွင့်ပွဲအခမ်း အနားအားယနေ့မွန်းလွဲပိုင်းတွင် အင်းလေးကန် အတွင်းရှိနန့်ပန်ကျေးရွာ၌ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားသည်။ 



ထို့နောက် အင်းလေးလှပျိုဖြူသင်္ကြန်ယိန်းအဖွဲ့က မြူမှောင်ဝေကင်းသီချင်းဖြင့် ကပြဖျော်ဖြေကြပြီး အင်းတိုင်း ရင်းသား၊ တိုင်းရင်းသူလေးများက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အခမ်းအနား တက်ရောက်လာကြ သည့် ဧည်သည်တော်များအား အတာရေများပက်ဖျန်းကြသည်။ 

ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အဖွင့်နှုတ်ခွန်းဆက်စကားပြောကြား ရာတွင် မြန်မာ့ရိုးရာ အတာသင်္ကြန်သည် မြန်မာတစ်မျိုးသားလုံးအတွက် အပြုသဘော ဆောင်သော၊ အတိတ်နမိတ်ကောင်း ဆောင် သောရိုးရာဓလေ့ပွဲတော်တစ်ခုဖြစ်ကြောင်း၊ မြန်မာတို့၏အချင်းချင်းရိုင်းပင်းကူညီချစ်ခင်ရင်းနှီးမှုနှင့် အတူတကွ ပေါင်းစည်းနေထိုင်မှု ပိုမိုပေါ်လွင်စေသည့် ပွဲတော်တစ်ခုဖြစ်ကြောင်း၊ ထို့အတူ တစ်ချို့အိမ်နီးချင်းနိုင်ငံများနှင့် အာရှနိုင်ငံများတွင် နိုင်ငံအလိုက်သင်္ကြန်ပွဲတော်များကိုဆင်နွဲလျက်ရှိကြောင်း၊ မိမိတို့ မြန်မာနိုင်ငံတွင် လွန်ခဲ့ သည့်နှစ်ပေါင်းများစွာကတည်းမှစ၍ ယခုအချိန်အထိ တိုင်းရင်းသား အားလုံး၏ ရိုးရာဓလေ့ပွဲတော် တစ်ခုအဖြစ်နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိကြောင်း၊ ယနေ့ အင်းလေးဒေသတွင် ပထမဆုံးကျင်းပပြုလုပ်သည့် ၂၀၁၉ ခုနှစ် အင်းလေးရေပေါ် သင်္ကြန်အခမ်းအနား နောင်တွင်ကျင်းပပြုလုပ်မည့် သင်္ကြန်အခမ်းအနားများ အတွက်နမူနာကောင်းတစ်ခုအဖြစ်ပြသရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားများ၏ ရိုးရာဓလေ့များကို မပျက်စီးစေ ဘဲ ခေတ်နှင့်လျော်ညီသည့် အင်းလေးရေပေါ်သင်္ကြန်အားနှစ်စဉ်ကျင်းပ ပြုလုပ်ခြင်းဖြင့် ပြည်တွင်း၊ ပြည်ပခရီး သွားများအား ပိုမိုဆွဲဆောင်နိုင်မည်ဖြစ်ကြောင်း၊ နှစ်ဟောင်းဖြစ်သည့် မြန်မာသက္ကရာဇ် ၁၃၈၀ ခုနှစ်မကြာခင် ကုန်ဆုံးတော့မည်ဖြစ်ပြီး လာမည့် ၁၃၈၁ ခုနှစ်တွင် ကောင်းမွန်မှုများရရှိစေရန်အတွက် ကုန်ဆုံးခဲ့သည့် နှစ်အတွင်းမှ အညစ်အကြေးများကို သန့်စင်ဆေးကြောခြင်းနှင့် တွေ့ကြုံခဲ့ရသည့်အတွေ့ အကြုံများကို သင်ခန်းစာယူပြီး အတိတ်ကောင်း၊ နိမိတ်ကောင်းများ အားလုံးဆောင်ကျဉ်း နိုင်ပါစေကြောင်းဖြင့် ဆုမွန်ကောင်း တောင်းစကားပြောကြားသည်။ 


အဆိုပါ ၂၀၁၉ခုနှစ် အင်းလေးရေပေါ်သင်္ကြန်အား ဒေသခံတိုင်းရင်းသားများ၊ ဘုရားဖူးပြည်သူများနှင့် ကမ္ဘာ့ လှည့်ခရီးသွားဧည့်သည်များအား ပျော်ရွှင်စွာရေကစားနိုင်ရန်နှင့် ထူးခြားစွာပိုမိုဆွဲဆောင်မှုရှိစေရေးအတွက် အင်းစာပေယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးရေးအဖွဲ့၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများပူးပေါင်း၍ ခေတ်ဆန်းယဉ်ယက္ကန်းရုံနှင့် ဒေသခံယက္ကန်းရုံများအပါအ၀င် MYTEL ကုမ္ပဏီတို့မှ ကူညီပံ့ပိုးဆောင်ရွက်မှုဖြင့်ယခုနှစ်တွင် ပထမဆုံးကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ယနေ့သင်္ကြန်အကြိုနေ့မှ သင်္ကြန် အတက်နေ့အထိစည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပ ပြုလုပ်သွားမည်ဖြစ်သည်။ 

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၁၉ ခုနှစ် အင်းလေးရေပေါ်သြင်္ကန် ဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်

နေပြည်တော်၊ ဧပြီ – ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန်အတွင်း ယခုနှစ်တွင် ပထမဆုံးကျင်းပပြုလုပ် သည့် ၂၀၁၉ ခုနှစ် အင်းလေးရေပေါ်သြင်္ကန်မဏ္ဍပ်ဖွင့်ပွဲအခမ်း အနားအားယနေ့မွန်းလွဲပိုင်းတွင် အင်းလေးကန် အတွင်းရှိနန့်ပန်ကျေးရွာ၌ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားသည်။

အဆိုပါအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး တင်အောင်စန်း နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် လင်းအောင်၊ ရှမ်းပြည် နယ်အစိုးရအဖွဲ့ဝင်များ၊ အင်းစာပေယဉ်ကျေးမှုနှင့်ဒေသဖွံ့ဖြိုးရေးအဖွဲ့မှတာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ဒေသခံပြည်သူများနှင့် ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ စည်ကားသိုက်မြိုက် စွာတက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များအားဒေသခံ အင်းတိုင်းရင်းသားများ လူငယ်များနှင့် တာဝန်ရှိသူများကခရီးဦးကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် ဖွင့်ပွဲအခမ်းအနားအားကျင်းပပြုလုပ်ရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာနပြည်ထောင်စုဝန်ကြီးဦးအုန်းမောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့စီမံကိန်း နှင့်ဘဏ္ဍာရေး ဝန်ကြီး ဦးစိုးညွန့်လွင်၊ အင်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင်၊ Miss Innlay Org ဥက္ကဋ္ဌ ဦးမြင့်သိန်းထွန်း၊ Mytel Managing Director ဦးခင်မောင်စိုးတို့က ဖဲကြိုးဖြတ်၍ဖွင့်လှစ်ကြသည်။

ထို့နောက် အင်းလေးလှပျိုဖြူသြင်္ကန်ယိန်းအဖွဲ့က မြူမှောင်ဝေကင်းသီချင်းဖြင့် ကပြဖျော်ဖြေကြပြီး အင်းတိုင်း ရင်းသား၊ တိုင်းရင်းသူလေးများက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အခမ်းအနား တက်ရောက်လာကြ သည့် ဧည်သည်တော်များအား အတာရေများပက်ဖျန်းကြသည်။

ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အဖွင့်နှုတ်ခွန်းဆက်စကားပြောကြား ရာတွင် မြန်မာ့ရိုးရာ အတာသြင်္ကန်သည် မြန်မာတစ်မျိုးသားလုံးအတွက် အပြုသဘော ဆောင်သော၊ အတိတ်နမိတ်ကောင်း ဆောင် သောရိုးရာဓလေ့ပွဲတော်တစ်ခုဖြစ်ကြောင်း၊ မြန်မာတို့၏အချင်းချင်းရိုင်းပင်းကူညီချစ်ခင်ရင်းနှီးမှုနှင့် အတူတကွ ပေါင်းစည်းနေထိုင်မှု ပိုမိုပေါ်လွင်စေသည့် ပွဲတော်တစ်ခုဖြစ်ကြောင်း၊ ထို့အတူ တစ်ချို့အိမ်နီးချင်းနိုင်ငံများနှင့် အာရှနိုင်ငံများတွင် နိုင်ငံအလိုက်သြင်္ကန်ပွဲတော်များကိုဆင်နွဲလျက်ရှိကြောင်း၊ မိမိတို့ မြန်မာနိုင်ငံတွင် လွန်ခဲ့ သည့်နှစ်ပေါင်းများစွာကတည်းမှစ၍ ယခုအချိန်အထိ တိုင်းရင်းသား အားလုံး၏ ရိုးရာဓလေ့ပွဲတော် တစ်ခုအဖြစ်နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိကြောင်း၊ ယနေ့ အင်းလေးဒေသတွင် ပထမဆုံးကျင်းပပြုလုပ်သည့် ၂၀၁၉ ခုနှစ် အင်းလေးရေပေါ် သြင်္ကန်အခမ်းအနား နောင်တွင်ကျင်းပပြုလုပ်မည့် သြင်္ကန်အခမ်းအနားများ အတွက်နမူနာကောင်းတစ်ခုအဖြစ်ပြသရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားများ၏ ရိုးရာဓလေ့များကို မပျက်စီးစေ ဘဲ ခေတ်နှင့်လျော်ညီသည့် အင်းလေးရေပေါ်သြင်္ကန်အားနှစ်စဉ်ကျင်းပ ပြုလုပ်ခြင်းဖြင့် ပြည်တွင်း၊ ပြည်ပခရီး သွားများအား ပိုမိုဆွဲဆောင်နိုင်မည်ဖြစ်ကြောင်း၊ နှစ်ဟောင်းဖြစ်သည့် မြန်မာသက္ကရာဇ် ၁၃၈၀ ခုနှစ်မကြာခင် ကုန်ဆုံးတော့မည်ဖြစ်ပြီး လာမည့် ၁၃၈၁ ခုနှစ်တွင် ကောင်းမွန်မှုများရရှိစေရန်အတွက် ကုန်ဆုံးခဲ့သည့် နှစ်အတွင်းမှ အညစ်အကြေးများကို သန့်စင်ဆေးကြောခြင်းနှင့် တွေ့ကြုံခဲ့ရသည့်အတွေ့ အကြုံများကို သင်ခန်းစာယူပြီး အတိတ်ကောင်း၊ နိမိတ်ကောင်းများ အားလုံးဆောင်ကျဉ်း နိုင်ပါစေကြောင်းဖြင့် ဆုမွန်ကောင်း တောင်းစကားပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့သည် အခမ်းအနားတက်ရောက်လာကြသည့် ပြည် ထောင်စုဝန်ကြီးနှင့်ဇနီး၊ တပ်မတော်မတော်အရာရှိကြီး များနှင့်ဇနီးများ၊ တက်ရောက်လာကြသည့် ဧည့်သည် တော်များအား အတာရေများပက်ဖျန်းပေးကြသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများသည် တိုင်းရင်းသားယိမ်းအဖွဲ့များ နှင့် တေးသံရှင်များ၏ သီဆိုကပြဖျော်ဖြေမှုများအားကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါ ၂၀၁၉ခုနှစ် အင်းလေးရေပေါ်သြင်္ကန်အား ဒေသခံတိုင်းရင်းသားများ၊ ဘုရားဖူးပြည်သူများနှင့် ကမ္ဘာ့ လှည့်ခရီးသွားဧည့်သည်များအား ပျော်ရွှင်စွာရေကစားနိုင်ရန်နှင့် ထူးခြားစွာပိုမိုဆွဲဆောင်မှုရှိစေရေးအတွက် အင်းစာပေယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးရေးအဖွဲ့၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများပူးပေါင်း၍ ခေတ်ဆန်းယဉ်ယက္ကန်းရုံနှင့် ဒေသခံယက္ကန်းရုံများအပါအဝင် MYTEL ကုမ္ပဏီတို့မှ ကူညီပံ့ပိုးဆောင်ရွက်မှုဖြင့်ယခုနှစ်တွင် ပထမဆုံးကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ယနေ့သြင်္ကန်အကြိုနေ့မှ သြင်္ကန် အတက်နေ့အထိစည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပ ပြုလုပ်သွားမည်ဖြစ်သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။