မြန်မာ့ဂီတသုခုမအနုပညာကို ထိန်းသိမ်းစောင့်ရှောက်သောအားဖြင့် နိုင်ငံကျော် မြန်မာသံစဉ်ဂီတ အနုပညာရှင်များ၏ ဖျော်ဖြေပွဲပြုလုပ်

နေပြည်တော်၊  အောက်တိုဘာ – ၂၆

မြန်မာစာ၊ မြန်မာစကား၊ မြန်မာ့ရိုးရာအနုပညာယဉ်ကျေးမှု အဆို၊ အကများကို ထိန်းသိမ်း စောင့်ရှောက်ကြရန်မှာ နိုင်ငံသားတိုင်း၏တာဝန်ဖြစ်ပြီး တိုးတက်နေသည့်ခေတ်နှင့်အညီ ရင်ဘောင်တန်းနိုင်ရေး ကြိုးစားကြရာတွင် မြန်မာ့ ရိုးရာယဉ်ကျေးမှု အမျိုးသားရေး စရိုက် လက္ခဏာများကို အရိုးပေါ်အရွက်မဖုံးကြရန် အရေးကြီးလှပါသည်။ မြန်မာ့ဂီတသုခုမအနုပညာကို ထိန်းသိမ်းစောင့်ရှောက်သောအားဖြင့် နိုင်ငံကျော်မြန်မာသံစဉ်ဂီတ အနုပညာရှင်များ၏ ဖျော်ဖြေပွဲကို ယနေ့ ညပိုင်းတွင် နေပြည်တော်၊ ဇေယျာသီရိဗိမာန်ရှိ သဘင်ဆောင်၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်အားပေးချီးမြှင့်သည်။

ဖျော်ဖြေပွဲသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသော  ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ နှင့်ဇနီး၊ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း နှင့်ဇနီး၊ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင် နှင့်ဇနီး၊  ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်မှ သင်တန်းသား အရာရှိကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဖိတ်ကြားထားသော နိုင်ငံကျော်မြန်မာသံစဉ်ဂီတ အနုပညာရှင်များ တက်ရောက်ကြသည်။

ဖျော်ဖြေပွဲတွင် နိုင်ငံကျော်မြန်မာသံစဉ်တေးသံရှင်များဖြစ်သည့် ဦးသန်းမြတ်စိုး၊ ဦးတင်ဦးလေး၊ ဦးခင်မောင်ကြီး၊ ကေတုဝင်းထွဋ်၊ ဦးရန်ပိုင်စိုး၊ ဖိုးသောကြာ၊ မောင်ထွန်းမင်း၊ ဒေါ်တင်တင်မြ၊ ခင်ညွန့်ရီ၊ တက္ကသိုလ်လဲ့လဲ့၊ ဒေါ်ထား၊ ဒေါ်မြင့်မြင့်ခင်၊ ဒေါ်ချိုပြုံး၊ ဒေါ်ရီရီသန့်၊ အေဝမ်းတင်တင်လှ၊ စိမ်းလဲ့လဲ့၊ အိုပြည့်ရှင်၊ နှင်းရည်သန့်၊ အေးအေးအောင်တို့က ဂီတမှူး မောင်ထွန်းမင်း ဦးဆောင်သော တေးဂီတအဖွဲ့၊ မြဝတီတေးဂီတအဖွဲ့တို့နှင့်တွဲဖက်၍ မြန်မာသံစဉ်တေးသီချင်းများကို သီဆိုဖျော်ဖြေ ခဲ့ကြသည်။

ဖျော်ဖြေပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီး ဒေါ်ကြူကြူလှနှင့် အဖွဲ့ဝင်များသည် နိုင်ငံကျော်မြန်မာသံစဉ်ဂီတ အနုပညာရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြပြီး အမှတ်တရစုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြသည်။

(Zawgyi Version)

ျမန္မာ့ဂီတသုခုမအႏုပညာကို ထိန္းသိမ္းေစာင့္ေရွာက္ေသာအားျဖင့္ ႏိုင္ငံေက်ာ္ ျမန္မာသံစဥ္ဂီတ အႏုပညာရွင္မ်ား၏ ေဖ်ာ္ေျဖပြဲျပဳလုပ္

ေနျပည္ေတာ္၊ ေအာက္တိုဘာ – ၂၆

ျမန္မာစာ၊ ျမန္မာစကား၊ ျမန္မာ့႐ိုးရာအႏုပညာယဥ္ေက်းမႈ အဆို၊ အကမ်ားကို ထိန္းသိမ္း ေစာင့္ေရွာက္ၾကရန္မွာ ႏိုင္ငံသားတိုင္း၏တာဝန္ျဖစ္ၿပီး တိုးတက္ေနသည့္ေခတ္ႏွင့္အညီ ရင္ေဘာင္တန္းႏိုင္ေရး ႀကိဳးစားၾကရာတြင္ ျမန္မာ့ ႐ိုးရာယဥ္ေက်းမႈ အမ်ိဳးသားေရး စ႐ိုက္ လကၡဏာမ်ားကို အ႐ိုးေပၚအ႐ြက္မဖုံးၾကရန္ အေရးႀကီးလွပါသည္။ ျမန္မာ့ဂီတသုခုမအႏုပညာကို ထိန္းသိမ္းေစာင့္ေရွာက္ေသာအားျဖင့္ ႏိုင္ငံေက်ာ္ျမန္မာသံစဥ္ဂီတ အႏုပညာရွင္မ်ား၏ ေဖ်ာ္ေျဖပြဲကို ယေန႔ ညပိုင္းတြင္ ေနျပည္ေတာ္၊ ေဇယ်ာသီရိဗိမာန္ရွိ သဘင္ေဆာင္၌ က်င္းပျပဳလုပ္ရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ႏွင့္ဇနီး ေဒၚၾကဴၾကဴလွတို႔ တက္ေရာက္အားေပးခ်ီးျမႇင့္သည္။

ေဖ်ာ္ေျဖပြဲသို႔ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္ (ၾကည္း) ဒုတိယ ဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းႏွင့္ဇနီး၊ ျပည္ေထာင္စုဝန္ႀကီးမ်ား ျဖစ္ၾကေသာ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေက်ာ္ေဆြ ႏွင့္ဇနီး၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိန္ဝင္း ႏွင့္ဇနီး၊ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ရဲေအာင္ ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ ဇနီးမ်ား၊ ေနျပည္ေတာ္တိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉးႏွင့္ဇနီး၊ ႏိုင္ငံေတာ္ ကာကြယ္ေရးတကၠသိုလ္မွ သင္တန္းသား အရာရွိႀကီးမ်ား၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ အရာရွိ၊ စစ္သည္၊ မိသားစုဝင္မ်ားႏွင့္ ဖိတ္ၾကားထားေသာ ႏိုင္ငံေက်ာ္ျမန္မာသံစဥ္ဂီတ အႏုပညာရွင္မ်ား တက္ေရာက္ၾကသည္။

ေဖ်ာ္ေျဖပြဲတြင္ ႏိုင္ငံေက်ာ္ျမန္မာသံစဥ္ေတးသံရွင္မ်ားျဖစ္သည့္ ဦးသန္းျမတ္စိုး၊ ဦးတင္ဦးေလး၊ ဦးခင္ေမာင္ႀကီး၊ ေကတုဝင္းထြဋ္၊ ဦးရန္ပိုင္စိုး၊ ဖိုးေသာၾကာ၊ ေမာင္ထြန္းမင္း၊ ေဒၚတင္တင္ျမ၊ ခင္ၫြန႔္ရီ၊ တကၠသိုလ္လဲ့လဲ့၊ ေဒၚထား၊ ေဒၚျမင့္ျမင့္ခင္၊ ေဒၚခ်ိဳၿပဳံး၊ ေဒၚရီရီသန႔္၊ ေအဝမ္းတင္တင္လွ၊ စိမ္းလဲ့လဲ့၊ အိုျပည့္ရွင္၊ ႏွင္းရည္သန႔္၊ ေအးေအးေအာင္တို႔က ဂီတမႉး ေမာင္ထြန္းမင္း ဦးေဆာင္ေသာ ေတးဂီတအဖြဲ႕၊ ျမဝတီေတးဂီတအဖြဲ႕တို႔ႏွင့္တြဲဖက္၍ ျမန္မာသံစဥ္ေတးသီခ်င္းမ်ားကို သီဆိုေဖ်ာ္ေျဖ ခဲ့ၾကသည္။

ေဖ်ာ္ေျဖပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္၊ ဇနီး ေဒၚၾကဴၾကဴလွႏွင့္ အဖြဲ႕ဝင္မ်ားသည္ ႏိုင္ငံေက်ာ္ျမန္မာသံစဥ္ဂီတ အႏုပညာရွင္မ်ားအား ရင္းရင္းႏွီးႏွီး ႏႈတ္ဆက္ခဲ့ၾကၿပီး အမွတ္တရစုေပါင္းဓာတ္ပုံ ႐ိုက္ခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။