တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟုမ္မလင်းမြို့နှင့် ဝန်းသိုမြို့တို့ရှိ မြို့မိမြို့ဖများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၊ (COVID-19) ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး အထောက်အကူပြုပစ္စည်းများပေးအပ်

နေပြည်တော်၊ အောက်တိုဘာ – ၂၅

နိုင်ငံ့အရေးကိစ္စများကို ဆောင်ရွက်ရာတွင် တပ်မတော်နှင့် ပြည်သူတစ်သားတည်း ရှိကြရမည်ဖြစ်ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွဲ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းနှင့်

နိုင်ငံတစ်ခုတည်ဆောက်ရာတွင် အသိပညာရှင်၊ အတတ်ပညာရှင်များလိုအပ်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နှင့် ဝန်းသိုမြို့တို့ရှိ မြို့မိမြို့ဖများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား သက်ဆိုင်ရာတပ်နယ်ခန်းမများ၌ သီးခြားစီတွေ့ဆုံ၍ (COVID-19) ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးအထောက်အကူ ပြု ပစ္စည်းများပေးအပ်စဉ် ထည့်သွင်းပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီး များနှင့်ဇနီးများ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မျိုးမိုးအောင်နှင့်ဇနီး၊ ဟုမ္မလင်းမြို့နှင့် ဝန်းသိုမြို့တို့ရှိ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများ၊ ဋ္ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် နယ်မြေခံတပ်မတော်သားများ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ဟုမ္မလင်းမြို့နှင့် ဝန်းသိုမြို့ရှိ တပ်နယ်ခန်းမများသို့ရောက်ရှိကြရာ နယ်မြေခံတပ်မတော်သားများ မြို့မိ မြို့ဖများနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က (COVID-19) ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး အထောက်အကူပြုပစ္စည်းများပေးအပ်ရခြင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားရာတွင် ယခုကဲ့သို့ ဟုမ္မလင်းနှင့် ဝန်းသို မြို့တို့ရှိ ဒေသခံများနှင့် ထပ်မံတွေ့ဆုံခွင့် ရရှိသည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ ၁၉၉၆ ခုနှစ်တွင် ဟုမ္မလင်းဒေသ၌ တာဝန်ထမ်းဆောင်ခဲ့စဉ် တပ်မတော်အစိုးရလက်ထက် ဖြစ်သဖြင့် မြို့မိမြို့ဖ၊ ပြည်သူလူထုနှင့် ပူးပေါင်း၍ လုံခြုံရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရကြောင်း၊ ဖောင်းပြင်၊ ခန္တီးဒေသများအထိ ဆက်သွယ်ရေးလမ်းကြောင်းများ ဖောက်လုပ်ပေးခဲ့ရာတွင် ပါဝင်ခဲ့ရပြီး ယခုပြန်လည်ရောက်ရှိချိန်တွင် ယခင်နှင့် နှိုင်းယှဉ် ပါက ဆက်သွယ်ရေးလမ်းကြောင်းများ ပိုမိုကောင်းမွန်လျက်ရှိသည်ကို တွေ့ရှိရသဖြင့် များစွာဝမ်းမြောက်မိပါကြောင်း၊ ဟုမ္မလင်းလေဆိပ်သည် မိမိတာဝန်ထမ်းဆောင်စဉ်က စတင်စီမံဆောင်ရွက်ခဲ့ပြီး ယခုအချိန်၌သွားလာဆက်သွယ်မှုများကို ပိုမို မြန်ဆန်စွာ ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း၊ ဟုမ္မလင်းဒေသသည် ရေခံမြေခံကောင်းများရှိပြီး ရိုးသား သည့် စိတ်နေသဘောထားရှိသူများဖြစ်ကြောင်း၊ တိုင်းပြည်အနေဖြင့် လက်ရှိ လျှောက်လှမ်းနေသည့် ဒီမိုကရေစီလမ်းကြောင်းနှင့် ပတ်သက်၍ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားရာတွင်-

“အခု ကျွန်တော်တို့ နိုင်ငံရေးက ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို သွားနေတဲ့ အချိန်မှာ ဒီမိုကရေစီရဲ့သဘောသဘာ၀ကတော့ အမြင်ချင်းတော့ အကုန်လုံးတူမှာတော့ မဟုတ်ဘူး။ သို့သော် တိုင်းပြည်အတွက် လုပ်မယ်ဆိုတဲ့စိတ်ဓာတ်ကတော့ အမြင်ချင်းတူ လိမ့်မယ်။ အဲ့ဒီတော့ ဒီနိုင်ငံရေးအပေါ်မှာ ကျွန်တော်တို့က တည်တည်ငြိမ်ငြိမ်နဲ့ဖြစ် အောင် ကြိုးစားအားထုတ်ပြီးတော့ ဆောင်ရွက်ပေးစေလိုပါတယ်။”

ထို့နောက် ပညာရေးနှင့် ပတ်သက်၍ ဟုမ္မလင်းဒေသသည် တက္ကသိုလ်ဝင်တန်း အောင်မြင်ချက် ရာခိုင်နှုန်းနည်းပါးလျက်ရှိသည်ကို တွေ့ရှိရသဖြင့် ပညာရေးနှင့် ပတ် သက်၍ လိုအပ်ချက်များကို ပြန်လည်သုံးသပ်ဆန်းစစ်ကြစေလိုကြောင်း၊ ဟုမ္မလင်းဒေသ အနေဖြင့် ချင်းတွင်းမြစ်ကို အသုံးပြု၍ အထက်အောက် သွားလာနိုင်ပြီး ဘာသာစကား အခက်အခဲမရှိနိုင်သောကြောင့် အောင်ချက်ရာခိုင်နှုန်းနည်းပါးမှုကို ပြန်လည်ဆန်းစစ် ၍ ပညာတတ်များ များပြားအောင်ဆောင်ရွက်ကြစေလိုကြောင်း။

တိုင်းပြည်တစ်ခုဖွံ့ဖြိုးတိုးတက်ရေးအတွက် အတွေးအခေါ်မြင့်မားသည့် ပညာတတ် များလိုအပ်မည်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အတန်းစဉ် ကူးပြောင်းမှုတွင် အောင်မြင်မှုများပြီး တက္ကသိုလ်ဝင်တန်းတွင် ကျဆုံးသူများပြားနေသည် ကိုတွေ့ရှိရကြောင်း၊ မူလတန်း၊ အလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ်ဝင်တန်းတို့ ကို အသက်အရွယ်၊ ပတ်ဝန်းကျင်၊ အတွေးအခေါ်၊ သင်ကြားရသည့် ဘာသာရပ်များ တူညီစွာဖြင့် ဖြတ်သန်းလာခဲ့ရခြင်းဖြစ်ကြောင်း၊ တက္ကသိုလ်ပညာမှုတွင် စာသင်ချိန်ထက် လေ့လာချိန်များပြားသည်ကို တွေ့ရှိရကာ အတတ်ပညာနှင့် အတွေးအခေါ်များ မြင့်မား လာစေရန် မြှင့်တင်ပေးခြင်းပင်ဖြစ်ကြောင်း၊ ထို့ကြောင့် တက္ကသိုလ် ပညာသင်ကြားမှုကို အားပေးကြစေလိုကြောင်း၊ ပညာတတ်မှသာလျင် ဒေသဖွံ့ဖြိုးရေးကို ပိုမိုဆောင်ရွက် နိုင်မည်ဖြစ်သည့်အတွက် မွေးမြူရေး၊ စိုက်ပျိုးရေးကောလိပ်၊ ဒီကရီနှင့် ဒီပလိုမာ သင်တန်းကျောင်းများ ဖွင့်လှစ်သင်ကြားပေးနိုင်ရမည် ဖြစ်ကြောင်း၊ အဆိုပါ တက္ကသိုလ်၊ ကောလိပ်များသည် တက္ကသိုလ်ဝင်တန်းအောင်မြင်မှသာလျင် တက်ရောက်နိုင် မည်ဖြစ် သောကြောင့် အနာဂတ်အရေးအတွက် ပညာရေးကို အားပေးကြစေလိုပြီး ကျောင်းသား၊ မိဘ၊ ဆရာ၊ အုပ်ချုပ်သူအဖွဲ့အစည်း စသည့် ပညာရေး စတုဂံဖြင့် တိုးတက်အောင် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း။

မိမိတို့နိုင်ငံတွင် (COVID-19) ရောဂါဖြစ်ပွားမှုအနေဖြင့် ယနေ့နံနက်အထိ ဓာတ်ခွဲအတည်ပြုလူနာ ၄၃၀၀၀ကျော် ၊ သေဆုံးသူ ၁၀၀၀ ကျော် ရှိပြီဖြစ်သည်ကို တွေ့ရှိရပြီး ဟုမ္မလင်းဒေသတွင် ရောဂါပိုးတွေ့ရှိသူ ၂ ဦးသာရှိသည်ကို တွေ့ရှိရကြောင်း၊ ကမ္ဘာ့နိုင်ငံ ဒေသ ၂၂၉ ခုတွင် ရောဂါပိုးကူးစက်ခံထားရကြောင်း၊ မိမိတို့မြို့နယ်တွင် ဖြစ်ပေါ်မှု နည်းပါးသဖြင့် ပေါ့ဆနေ၍မရဘဲ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့် အညီ နေထိုင်သွားလာကြရမည် ဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံများတွင် စည်းကမ်းနှင့် အညီ ထိန်းသိမ်းသွားလာနေထိုင်လျက် ရှိသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ယခင်က တစ်ရက်လျင် ရာဂဏန်း ခန့်သာ ကူးစက်ခံရသော်လည်း လက်ရှိတွင် တစ်ရက်လျင် ထောင်ဂဏန်းခန့် ကူးစက်မှု မြင့်မားလာသည်ကိုတွေ့ရှိရကြောင်း၊ ရောဂါဖြစ်ပွားပါက မိမိသာမက မိမိပတ်ဝန်းကျင် ၊ မိသားစုတို့တွင် သောကများကြရမည်ဖြစ်သောကြောင့် ရောဂါကူးစက်ခံရမှုမရှိစေရေး ကိုယ်ခံအားကောင်းစေရန်၊ ကျန်းမာစေရန်နှင့် ကိုယ်လက်လှုပ်ရှားအားကစားများကို လည်း ဆောင်ရွက်ကြရန်လိုကြောင်း။

ရောဂါကူးစက်ဖြစ်ပွားမှုကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးတွင် လူမှုစီးပွားကျဆင်းလျက် ရှိပြီး ကုန်ထုတ်လုပ်မှုနှင့် ဝယ်လိုအားကျဆင်းလျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ စားသောက်ကုန်နှင့် သုံးကုန်ပစ္စည်းများသာလျင် ထုတ်လုပ်မှု ကျဆင်းမှုမရှိသည်ကိုတွေ့ ရှိရသည့်အတွက် စားသောက်ကုန်နှင့် သုံးကုန်ထုတ်လုပ်သည့်လုပ်ငန်းများကို စည်းကမ်း စနစ်တကျနှင့် ဆောင်ရွက်၍ စီးပွားရေးတိုးတက်အောင်ဆောင်ရွက်ကြစေလိုကြောင်းနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံလိုအပ်ချက်များနှင့် ပတ်သက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားရာတွင်-

“တိုင်းပြည်တစ်ခုတိုးတက်ဖို့ဆိုတာ လျှပ်စစ်ဓာတ်မရှိရင် ဘာမှ လုပ်လို့မရဘူး။ ဘယ်လောက်စက်မှုနိုင်ငံသွားမယ်၊ နည်းပညာခေတ် ဘယ်လောက်ပဲသွားမယ်ဖြစ်စေ လျှပ်စစ်မရှိရင် ဘာမှ လုပ်လို့မရဘူး။ အဲ့ဒါသေချာတယ်။ နှစ်အချက် လမ်းပန်းဆက်သွယ် မှု မကောင်းရင် ဘာမှ လုပ်လို့မရဘူး။ ခင်ဗျားတို့ ဟုမ္မလင်းပဲကြည့် ။ ခင်ဗျားတို့ ဟိုး အရင်တုန်းက ချင်းတွင်းမြစ်ကြီးအတိုင်းတက်လာ ကျွန်တော်တို့ ပြောင်းလာတုန်းက ၄ ညအိပ် ၅ ရက်ကြာတယ်။ အခုမှသာ ရှော်တယ်တွေ ဘာတွေနဲ့ တော်တော်လေး အခြေ အနေကောင်းလာတာ။ လေယာဉ်ကွင်းလည်းရှိတော့ တော်တော် အဆင်ပြေသွားတယ်။ လမ်းပန်းဆက်သွယ်မှုမကောင်းရင် ဘာမှ လုပ်လို့မရဘူး။ နောက် Tele Communication ဆက်သွယ်ရေးစနစ် မကောင်းရင် ဘာမှ လုပ်လို့မရဘူး။ ဒါကြောင့် ကျွန်တော် ဒီမှာ မရရအောင် ဖုန်းရအောင် ကျွန်တော် လုပ်ပေးတယ်။ ဘဏ်ရအောင်ဖွင့်ပေးတယ်။ နောက်တစ်ခါ ပညာတတ် မရှိရင် ဘာမှ လုပ်လို့မရဘူး။ အဲ့တိုင်းပြည် ဘယ်လိုနည်းနဲ့မှ မကောင်းနိုင်ဘူး။ နောက် အဲ့တိုင်းပြည် ကျန်းမာရေးမကောင်းရင်လည်း ဘယ်လိုမှ မကောင်းနိုင်ဘူး။ ဒီမှာ ကျန်းမာရေးချို့တဲ့တယ် ဆိုလို့ရှိရင်လည်း ပညာရေး၊ ကျန်းမာရေး မကောင်းလို့ရှိရင်လည်း အဲ့ဒီတိုင်းပြည်က ဘယ်လိုမှ တိုးတက်စရာ အကြောင်းမရှိဘူး။ တရှောင်ရှောင်နဲ့ ဖြစ်နေမှာ။ အဲ့ဒါကြောင့် ကျွန်တော်တို့က ဒီ ငါးချက် လျှပ်စစ်ရယ်၊ သွားလာရေးရယ်၊ ဆက်သွယ်ရေးရယ်၊ ပညာ ရေးရယ်၊ ကျန်းမာရေးရယ် ဒီငါးချက်က ဒေသတစ်ခုအတွက် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် မဖြစ်မနေလိုအပ်တယ်။ ဒါကြောင့် ကျွန်တော် စောစောက ပညာရေးကို ကျွန်တော် စပြောခဲ့တယ်။ ပညာရေးကောင်းဖို့ လိုတယ်။ ဒုတိယကျွန်တော် ကျန်းမာရေးကို ပြောပြတယ်။ ပဏာမ ပြောတဲ့ချိန်မှာလည်း လမ်းတွေ ဘယ်လို တိုးတက်မှုရှိဖို့ ကျွန်တော် ပြောခဲ့တယ်။ ဒါတွေက ဘာတွေလည်းဆိုရင် ဒေသတစ်ခု နိုင်ငံတစ်ခု တိုးတက်ဖို့ အခြေခံအကြောင်းအရာတွေပဲဖြစ်တယ်။”

ထို့နောက် တပ်မတော်အနေဖြင့် သဘာ၀ဘေးနှင့် ပတ်သက်လာပါက အမိန့် စောင့်ဆိုင်းရန်မလိုဘဲ အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်ပေးရန် ညွှန်ကြားထားရှိ ပြီး လုပ်ဆောင်နိုင်သည်မှန်သမျှကို တပ်နှင့်ပြည်သူတစ်သားတည်းဖြစ်အောင် လုပ်ဆောင် နိုင်ပါက ပိုမိုအကျိုးရှိမည်ဖြစ်ကြောင်း၊ ဒေသအကျိုးဖြစ်ထွန်းရေးနှင့် ပတ်သက်ပါက နိုင်ငံ့ တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအချင်းချင်း စည်းလုံးစွာဖြင့် ပူးပေါင်းဆောင်ရွက် ရမည်ဖြစ်သကဲ့သို့ မြို့မိမြို့ဖများ ဒေသခံများနှင့်လည်း စည်းလုံးညီညွတ်စွာဖြင့် ဆောင် ရွက်ကြရမည်ဖြစ်ကြောင်းနှင့် တပ်မတော်အနေဖြင့် တိုင်းပြည်အတွက် အားထားရသည့် တပ်မတော်ဖြစ်စေရေး ခံယူဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က ပြောကြားရာတွင် –

“တပ်မတော်ဟာ တိုင်းပြည်အတွက်ပဲဖြစ်ရမယ်။ ပြည်သူကအားကိုးရတဲ့ တပ်မတော်။ တိုင်းပြည်က အားထားရတဲ့ တပ်မတော်။ ကျွန်တော်ဒီလိုခံယူပြီး လုပ်ခဲ့ တာ။ ကျွန်တော့်စိတ်ဓာတ်လည်း ခင်ဗျားတို့သိတာပဲ။ ကျွန်တော်က ကောင်းအောင်လုပ် ဖို့ စိတ်ပဲရှိတယ်။ သူများလိုက်ပြီးတော့ အနိုင်ကျင့်တာလည်း မကြိုက်ဘူး။ စည်းမျဉ်း စည်းကမ်းအတိုင်းသွားတာ။ စည်းမျဉ်းစည်းကမ်းမကိုက်ညီရင် တော်ရုံတန်ရုံ ကျွန်တော် လုပ်ကိုမလုပ်ဘူး။ အမိန့်တစ်ခုထုတ်ရင်တောင်မှ ထုတ်တဲ့အမိန့်ဟာ တစ်အချက် မူဝါဒနဲ့ ကိုက်ညီလား။ ဥပမာအားဖြင့် ကျွန်တော်တို့ ပါတီစုံဒီမိုကရေစီစနစ်မှာ တပ်မတော်ရဲ့ လုပ်ငန်းတာဝန်တွေရှိတယ်။ ဒါတွေနဲ့ ကိုက်ညီရဲ့လား။ ကိုယ်တိုင် လုပ်နိုင်သလား။ ကိုယ် တိုင် လုပ်ဖူးသလား။ ဒီလိုဆိုကျွန်တော်က အမိန့်ထုတ်တယ်၊ မဟုတ်ရင် ကျွန်တော်က အမိန့်မထုတ်ဘူး။ ကျွန်တော် အဲ့ဒီလောက်အထိစဉ်းစားတယ်။ ကျွန်တော် အမိန့်တစ်ခု မထုတ်ခင်မှာ ကျွန်တော့်ဗိုလ်ချုပ်ကြီးတွေနဲ့ တိုင်ပင်တယ်။ တချို့ဆို ကျွန်တော် ခေါ်ပြောတယ်။ ဒီစည်းကမ်းတစ်ခုထုတ်မယ်။ ဘယ်လိုသဘောရလဲ ပြော။ သူတို့လည်း သူတို့အတွေ့အကြုံ သူတို့ရှိမှာပဲ။ ကျွန်တော့်အတွေ့အကြုံနဲ့ သူတို့အတွေ့အကြုံနဲ့ အားလုံးတူမှာတော့ မဟုတ်ဘူး။ သူတို့ အတွေ့အကြုံတွေအရလည်း သူတို့ ပြောကြ တယ်။ လက်ခံရမယ့်ကိစ္စဆိုရင်လည်း လက်ခံရတာပေါ့။ တစ်ချို့ကြတော့လည်း နားလည်အောင် ရှင်းပြကြတယ်။ ကျွန်တော်တို့မှာ So What ဆိုတာရှိတယ်။ ဒီတော့ ဘာဖြစ်မလဲ။ အဲ့ဒီတော့ အဖြေတစ်ခု ပြန်ထွက်တယ်။ အဲ့ဒီအဖြေပါ တစ်ခါ So What ဆိုပြီး ထပ်မေးသေးတယ်။ ဒါဆို ဘာဖြစ်မယ်။ သုံး လေး ခွန်းလောက် မေးလိုက်လို့မှ Solution အရအဖြေရပြီဆို ဒီတိုင်းလုပ်မယ်ဆို ပြီး အဖြေကထွက်တယ်။ ကျွန်တော်တို့က အဲ့ဒီလို စဉ်းစားတယ်။ အဲ့ဒီတော့ ခင်ဗျားတို့လည်း ကောင်းရာကောင်းကျိုးနဲ့ ပတ်သက်လာရင် တော်တော်လေး သေချာလေး စဉ်းစဉ်းစားစား လုပ်စေချင်တယ်။”

ထို့နောက် မကြာမီတွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတွင် လည်း ဒေသ အတွက်၊ နိုင်ငံ့အတွက်အကျိုးပြုမည့်သူများကိုရွေးချယ်၍ ဆန္ဒမဲပေး ကြစေလိုကြောင်း၊ ပါတီမူဝါဒကို ကြည့်သကဲ့သို့ ရွေးကောက်ခံမည့် ကိုယ်စားလှယ်များကို လည်းကြည့်ရမည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲသည် ပါတီစုံဒီမိုကရေစီစနစ်၏ အသက်ပင် ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ ရွေးကောက်ပွဲ ပုံစံနှင့် စနစ်အရ လွှတ်တော်ကိုယ်စားလှယ် များသည် အနည်းဆုံး တာဝန် ၃ ခုထမ်း ဆောင်ရကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ သည် ပြည်သူများကိုယ်စား နိုင်ငံတော်၏ အကြီးအကဲဖြစ်သည့် သမ္မတကို ရွေးကောက် တင်မြှောက်ပေးရကြောင်း၊ နောက်တစ်ချက်အနေဖြင့် လွှတ်တော်အတွင်း၌ ဥပဒေပြုရေးတာဝန်ကို ဆောင်ရွက်ရကြောင်း၊ ထို့ ပြင် သက်ဆိုင်ရာဒေသ အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် ညှိနှိုင်းပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက် ပေးရကြောင်း၊ ထို့ကြောင့် ဥပဒေအကြောင်းနားလည်သူ၊ သမာသမတ်ကျပြီး ကိုယ်ကျင့် တရားကောင်းသူ၊ အတွေ့အကြုံပြည့်၀ပြီး ပညာတတ်သူ၊ ဒေသအတွက်၊ နိုင်ငံ့အတွက် အကျိုးရှိအောင်ဆောင်ရွက်နိုင်သည့် ကိုယ်စားလှယ်ကောင်းများကိုရွေးခြယ်ကြရန် လိုကြောင်း၊ လူတိုင်းမဲပေးကြရန်လိုအပ်ပြီး မဲမပေးပါက အခြားသူများဆန္ဒပြုသည့် ကိုယ်စားလှယ်များကိုသာလက်ခံကြရမည်ဖြစ်သည့်အတွက် မိမိ သဘောဆန္ဒနှင့် ကိုက်ညီသူများကို မဲပေးကြစေလိုကြောင်း၊ မိမိတို့နိုင်ငံတွင် နိုင်ငံရေး မူဝါဒအရ ဖွဲ့စည်းထားသည့်ပါတီနှင့် ဒေသနှင့်လူမျိုးရေးအရဖွဲ့စည်းထားသည့်ပါတီများ ရှိပြီး ပါတီမျိုးစုံ၊ ကိုယ်စားလှယ်မျိုးစုံ ရှိနေသည့်အတွက် ဒေသအကျိုး၊ တိုင်းပြည်အကျိုး ဆောင်ရွက်နိုင်မည့်သူများကို ရေရှည်မျှော်တွေး၍ စဉ်းစားကာ ဆန္ဒမဲပေးကြစေလိုကြောင်း ဖြင့် ပြောကြားသည်။

ထို့နောက် ဟုမ္မလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးထင်ကျော်၊ ကောလင်း ခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်၊ ဝန်းသိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးနေမျိုးထွန်း နှင့် ဒေသခံပြည်သူများက ဒေသတွင်းကြုံတွေ့နေရသည့် မြစ်ရေကြီးမှု၊ သောက်သုံးရေ အခက်အခဲဖြစ်ပေါ်မှု၊ ပညာရေး၊ အုပ်ချုပ်ရေးဆိုင်ရာလိုအပ်ချက် အခက်အခဲများနှင့် ဒေသဖွံ့ဖြိုးရေးအတွက် တပ်မတော်နှင့် ပြည်သူတစ်သားတည်းဆောင်ရွက်လျက်ရှိပြီး အချင်းချင်းကူညီရိုင်းပင်း ဆောင်ရွက်လျက်ရှိသည့်အခြေအနေများကို ဆွေးနွေး ပြောကြား ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဟုမ္မလင်းမြို့ရှိ မြို့မိမြို့ဖများ ဒေသခံပြည်သူများ၊ ပြည်သူ့ဆေးရုံကြီးအတွက် (COVID-19) ရောဂါကာကွယ် ထိန်းချုပ်ကုသရေး အထောက်အကူပြုပစ္စည်းများဖြစ်သည့် Surgical Mask ၄၀၀၀၀ ခု၊ Face Shield ၂၈၀ ခု၊ Personal Protective Equipment(PPE) ဝတ်စုံ ၁၀၀ စုံ၊ Hand Gel ၃၀၀ ဘူး၊ N 95 Mask ၅၀၀ ခု၊ Examination Glove ၂၀၀၀ ခုနှင့် စားသောက်ဖွယ်ရာများ၊ တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် လူသုံးကုန်ပစ္စည်းများကို ပေးအပ်ရာ ဟုမ္မလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးထင်ကျော်၊ ဟုမ္မလင်းမြို့နယ်၊ ပြည်သူ့ဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာ ဝင်းနိုင်ထွန်းနှင့် မြို့မိမြို့ဖ ဦးစန်းရွှေတို့က လည်းကောင်း၊ ဝန်းသို မြို့ရှိ မြို့မိမြို့ဖများ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်း များအတွက် (COVID-19) ရောဂါကာကွယ် ထိန်းချုပ်ကုသရေး အထောက်အကူပြု ပစ္စည်းများဖြစ်သည့် Surgical Mask ၁၅၀၀၀ ခု၊ Face Shield ၁၃၀ ခု၊ Personal Protective Equipment(PPE) ဝတ်စုံ ၅၀ စုံ၊ Hand Gel ၃၀ ဘူး၊ N 95 Mask ၁၀၀ ခု၊ Examination Glove ၁၅၀၀ ခုနှင့် စားသောက်ဖွယ်ရာများ၊ တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် လူသုံးကုန်ပစ္စည်းများကို ပေးအပ်ရာ ကောလင်းခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်နှင့် ဝန်းသိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးနေမျိုးထွန်း တို့က လည်းကောင်း အသီးသီးလက်ခံရယူကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက် လာကြသည့် မြို့မိမြို့ဖများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့သည်။

 

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ဟုမၼလင္းၿမိဳ႕ႏွင့္ ဝန္းသိုၿမိဳ႕တို႔ရွိ ၿမိဳ႕မိၿမိဳ႕ဖမ်ားႏွင့္ ဌာနဆိုင္ရာဝန္ထမ္းမ်ားအား ရင္းရင္းႏွီးႏွီးေတြ႕ဆုံ၊ (COVID-19) ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ကုသေရး အေထာက္အကူျပဳပစၥည္းမ်ားေပးအပ္

ေနျပည္ေတာ္၊ ေအာက္တိုဘာ – ၂၅

ႏိုင္ငံ့အေရးကိစၥမ်ားကို ေဆာင္႐ြက္ရာတြင္ တပ္မေတာ္ႏွင့္ ျပည္သူတစ္သားတည္း ရွိၾကရမည္ျဖစ္ၿပီး ေဒသဖြံ႕ၿဖိဳးတိုးတက္ေရး၊ ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ လက္တြဲ ေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္းႏွင့္

ႏိုင္ငံတစ္ခုတည္ေဆာက္ရာတြင္ အသိပညာရွင္၊ အတတ္ပညာရွင္မ်ားလိုအပ္ေၾကာင္းျဖင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ယေန႔တြင္ စစ္ကိုင္းတိုင္းေဒသႀကီး၊ ဟုမၼလင္းၿမိဳ႕ႏွင့္ ဝန္းသိုၿမိဳ႕တို႔ရွိ ၿမိဳ႕မိၿမိဳ႕ဖမ်ားႏွင့္ ဌာနဆိုင္ရာဝန္ထမ္းမ်ားအား သက္ဆိုင္ရာတပ္နယ္ခန္းမမ်ား၌ သီးျခားစီေတြ႕ဆုံ၍ (COVID-19) ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ကုသေရးအေထာက္အကူ ျပဳ ပစၥည္းမ်ားေပးအပ္စဥ္ ထည့္သြင္းေျပာၾကားသည္။

အဆိုပါ ေတြ႕ဆုံပြဲသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္၏ ဇနီးေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီး မ်ားႏွင့္ဇနီးမ်ား၊ အေနာက္ေျမာက္တိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉး ဗိုလ္ခ်ဳပ္ မ်ိဳးမိုးေအာင္ႏွင့္ဇနီး၊ ဟုမၼလင္းၿမိဳ႕ႏွင့္ ဝန္းသိုၿမိဳ႕တို႔ရွိ ၿမိဳ႕မိၿမိဳ႕ဖမ်ား၊ ေဒသခံျပည္သူမ်ား၊ ႒ာနဆိုင္ရာ ဝန္ထမ္းမ်ားႏွင့္ နယ္ေျမခံတပ္မေတာ္သားမ်ား တက္ေရာက္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕ဝင္မ်ားသည္ ဟုမၼလင္းၿမိဳ႕ႏွင့္ ဝန္းသိုၿမိဳ႕ရွိ တပ္နယ္ခန္းမမ်ားသို႔ေရာက္ရွိၾကရာ နယ္ေျမခံတပ္မေတာ္သားမ်ား ၿမိဳ႕မိ ၿမိဳ႕ဖမ်ားႏွင့္ တာဝန္ရွိသူမ်ားက ႀကိဳဆိုႏႈတ္ဆက္ၾကသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က (COVID-19) ေရာဂါ ကာကြယ္ ထိန္းခ်ဳပ္ကုသေရး အေထာက္အကူျပဳပစၥည္းမ်ားေပးအပ္ရျခင္းႏွင့္ ေဒသဖြံ႕ၿဖိဳးေရးဆိုင္ရာ ကိစၥရပ္မ်ားႏွင့္ ပတ္သက္၍ ေဆြးေႏြးေျပာၾကားရာတြင္ ယခုကဲ့သို႔ ဟုမၼလင္းႏွင့္ ဝန္းသို ၿမိဳ႕တို႔ရွိ ေဒသခံမ်ားႏွင့္ ထပ္မံေတြ႕ဆုံခြင့္ ရရွိသည့္အတြက္ ဝမ္းေျမာက္ပါေၾကာင္း၊ ၁၉၉၆ ခုႏွစ္တြင္ ဟုမၼလင္းေဒသ၌ တာဝန္ထမ္းေဆာင္ခဲ့စဥ္ တပ္မေတာ္အစိုးရလက္ထက္ ျဖစ္သျဖင့္ ၿမိဳ႕မိၿမိဳ႕ဖ၊ ျပည္သူလူထုႏွင့္ ပူးေပါင္း၍ လုံၿခဳံေရးႏွင့္ ဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ခဲ့ရေၾကာင္း၊ ေဖာင္းျပင္၊ ခႏၲီးေဒသမ်ားအထိ ဆက္သြယ္ေရးလမ္းေၾကာင္းမ်ား ေဖာက္လုပ္ေပးခဲ့ရာတြင္ ပါဝင္ခဲ့ရၿပီး ယခုျပန္လည္ေရာက္ရွိခ်ိန္တြင္ ယခင္ႏွင့္ ႏႈိင္းယွဥ္ ပါက ဆက္သြယ္ေရးလမ္းေၾကာင္းမ်ား ပိုမိုေကာင္းမြန္လ်က္ရွိသည္ကို ေတြ႕ရွိရသျဖင့္ မ်ားစြာဝမ္းေျမာက္မိပါေၾကာင္း၊ ဟုမၼလင္းေလဆိပ္သည္ မိမိတာဝန္ထမ္းေဆာင္စဥ္က စတင္စီမံေဆာင္႐ြက္ခဲ့ၿပီး ယခုအခ်ိန္၌သြားလာဆက္သြယ္မႈမ်ားကို ပိုမို ျမန္ဆန္စြာ ေဆာင္႐ြက္ႏိုင္ၿပီျဖစ္ေၾကာင္း၊ ဟုမၼလင္းေဒသသည္ ေရခံေျမခံေကာင္းမ်ားရွိၿပီး ႐ိုးသား သည့္ စိတ္ေနသေဘာထားရွိသူမ်ားျဖစ္ေၾကာင္း၊ တိုင္းျပည္အေနျဖင့္ လက္ရွိ ေလွ်ာက္လွမ္းေနသည့္ ဒီမိုကေရစီလမ္းေၾကာင္းႏွင့္ ပတ္သက္၍ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္က ေျပာၾကားရာတြင္-

“အခု ကြၽန္ေတာ္တို႔ ႏိုင္ငံေရးက ပါတီစုံဒီမိုကေရစီလမ္းေၾကာင္းကို သြားေနတဲ့ အခ်ိန္မွာ ဒီမိုကေရစီရဲ႕သေဘာသဘာ၀ကေတာ့ အျမင္ခ်င္းေတာ့ အကုန္လုံးတူမွာေတာ့ မဟုတ္ဘူး။ သို႔ေသာ္ တိုင္းျပည္အတြက္ လုပ္မယ္ဆိုတဲ့စိတ္ဓာတ္ကေတာ့ အျမင္ခ်င္းတူ လိမ့္မယ္။ အဲ့ဒီေတာ့ ဒီႏိုင္ငံေရးအေပၚမွာ ကြၽန္ေတာ္တို႔က တည္တည္ၿငိမ္ၿငိမ္နဲ႔ျဖစ္ ေအာင္ ႀကိဳးစားအားထုတ္ၿပီးေတာ့ ေဆာင္႐ြက္ေပးေစလိုပါတယ္။”

ထို႔ေနာက္ ပညာေရးႏွင့္ ပတ္သက္၍ ဟုမၼလင္းေဒသသည္ တကၠသိုလ္ဝင္တန္း ေအာင္ျမင္ခ်က္ ရာခိုင္ႏႈန္းနည္းပါးလ်က္ရွိသည္ကို ေတြ႕ရွိရသျဖင့္ ပညာေရးႏွင့္ ပတ္ သက္၍ လိုအပ္ခ်က္မ်ားကို ျပန္လည္သုံးသပ္ဆန္းစစ္ၾကေစလိုေၾကာင္း၊ ဟုမၼလင္းေဒသ အေနျဖင့္ ခ်င္းတြင္းျမစ္ကို အသုံးျပဳ၍ အထက္ေအာက္ သြားလာႏိုင္ၿပီး ဘာသာစကား အခက္အခဲမရွိႏိုင္ေသာေၾကာင့္ ေအာင္ခ်က္ရာခိုင္ႏႈန္းနည္းပါးမႈကို ျပန္လည္ဆန္းစစ္ ၍ ပညာတတ္မ်ား မ်ားျပားေအာင္ေဆာင္႐ြက္ၾကေစလိုေၾကာင္း။

တိုင္းျပည္တစ္ခုဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ အေတြးအေခၚျမင့္မားသည့္ ပညာတတ္ မ်ားလိုအပ္မည္ျဖစ္ေၾကာင္း၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအေနျဖင့္ အတန္းစဥ္ ကူးေျပာင္းမႈတြင္ ေအာင္ျမင္မႈမ်ားၿပီး တကၠသိုလ္ဝင္တန္းတြင္ က်ဆုံးသူမ်ားျပားေနသည္ ကိုေတြ႕ရွိရေၾကာင္း၊ မူလတန္း၊ အလယ္တန္း၊ အထက္တန္းႏွင့္ တကၠသိုလ္ဝင္တန္းတို႔ ကို အသက္အ႐ြယ္၊ ပတ္ဝန္းက်င္၊ အေတြးအေခၚ၊ သင္ၾကားရသည့္ ဘာသာရပ္မ်ား တူညီစြာျဖင့္ ျဖတ္သန္းလာခဲ့ရျခင္းျဖစ္ေၾကာင္း၊ တကၠသိုလ္ပညာမႈတြင္ စာသင္ခ်ိန္ထက္ ေလ့လာခ်ိန္မ်ားျပားသည္ကို ေတြ႕ရွိရကာ အတတ္ပညာႏွင့္ အေတြးအေခၚမ်ား ျမင့္မား လာေစရန္ ျမႇင့္တင္ေပးျခင္းပင္ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ တကၠသိုလ္ ပညာသင္ၾကားမႈကို အားေပးၾကေစလိုေၾကာင္း၊ ပညာတတ္မွသာလ်င္ ေဒသဖြံ႕ၿဖိဳးေရးကို ပိုမိုေဆာင္႐ြက္ ႏိုင္မည္ျဖစ္သည့္အတြက္ ေမြးျမဴေရး၊ စိုက္ပ်ိဳးေရးေကာလိပ္၊ ဒီကရီႏွင့္ ဒီပလိုမာ သင္တန္းေက်ာင္းမ်ား ဖြင့္လွစ္သင္ၾကားေပးႏိုင္ရမည္ ျဖစ္ေၾကာင္း၊ အဆိုပါ တကၠသိုလ္၊ ေကာလိပ္မ်ားသည္ တကၠသိုလ္ဝင္တန္းေအာင္ျမင္မွသာလ်င္ တက္ေရာက္ႏိုင္ မည္ျဖစ္ ေသာေၾကာင့္ အနာဂတ္အေရးအတြက္ ပညာေရးကို အားေပးၾကေစလိုၿပီး ေက်ာင္းသား၊ မိဘ၊ ဆရာ၊ အုပ္ခ်ဳပ္သူအဖြဲ႕အစည္း စသည့္ ပညာေရး စတုဂံျဖင့္ တိုးတက္ေအာင္ ပူးေပါင္းေဆာင္႐ြက္ၾကေစလိုေၾကာင္း။

မိမိတို႔ႏိုင္ငံတြင္ (COVID-19) ေရာဂါျဖစ္ပြားမႈအေနျဖင့္ ယေန႔နံနက္အထိ ဓာတ္ခြဲအတည္ျပဳလူနာ ၄၃၀၀၀ေက်ာ္ ၊ ေသဆုံးသူ ၁၀၀၀ ေက်ာ္ ရွိၿပီျဖစ္သည္ကို ေတြ႕ရွိရၿပီး ဟုမၼလင္းေဒသတြင္ ေရာဂါပိုးေတြ႕ရွိသူ ၂ ဦးသာရွိသည္ကို ေတြ႕ရွိရေၾကာင္း၊ ကမာၻ႔ႏိုင္ငံ ေဒသ ၂၂၉ ခုတြင္ ေရာဂါပိုးကူးစက္ခံထားရေၾကာင္း၊ မိမိတို႔ၿမိဳ႕နယ္တြင္ ျဖစ္ေပၚမႈ နည္းပါးသျဖင့္ ေပါ့ဆေန၍မရဘဲ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနမွ ထုတ္ျပန္ ထားသည့္ သတ္မွတ္စည္းမ်ဥ္းစည္းကမ္းမ်ားႏွင့္ အညီ ေနထိုင္သြားလာၾကရမည္ ျဖစ္ေၾကာင္း၊ ကမာၻ႔ႏိုင္ငံမ်ားတြင္ စည္းကမ္းႏွင့္ အညီ ထိန္းသိမ္းသြားလာေနထိုင္လ်က္ ရွိသည္ကို ေတြ႕ရွိရမည္ျဖစ္ေၾကာင္း၊ မိမိတို႔ႏိုင္ငံတြင္ ယခင္က တစ္ရက္လ်င္ ရာဂဏန္း ခန႔္သာ ကူးစက္ခံရေသာ္လည္း လက္ရွိတြင္ တစ္ရက္လ်င္ ေထာင္ဂဏန္းခန႔္ ကူးစက္မႈ ျမင့္မားလာသည္ကိုေတြ႕ရွိရေၾကာင္း၊ ေရာဂါျဖစ္ပြားပါက မိမိသာမက မိမိပတ္ဝန္းက်င္ ၊ မိသားစုတို႔တြင္ ေသာကမ်ားၾကရမည္ျဖစ္ေသာေၾကာင့္ ေရာဂါကူးစက္ခံရမႈမရွိေစေရး ကိုယ္ခံအားေကာင္းေစရန္၊ က်န္းမာေစရန္ႏွင့္ ကိုယ္လက္လႈပ္ရွားအားကစားမ်ားကို လည္း ေဆာင္႐ြက္ၾကရန္လိုေၾကာင္း။

ေရာဂါကူးစက္ျဖစ္ပြားမႈေၾကာင့္ ကမာၻ႔ႏိုင္ငံအသီးသီးတြင္ လူမႈစီးပြားက်ဆင္းလ်က္ ရွိၿပီး ကုန္ထုတ္လုပ္မႈႏွင့္ ဝယ္လိုအားက်ဆင္းလ်က္ရွိသည္ကို ေတြ႕ရွိရေၾကာင္း၊ စားေသာက္ကုန္ႏွင့္ သုံးကုန္ပစၥည္းမ်ားသာလ်င္ ထုတ္လုပ္မႈ က်ဆင္းမႈမရွိသည္ကိုေတြ႕ ရွိရသည့္အတြက္ စားေသာက္ကုန္ႏွင့္ သုံးကုန္ထုတ္လုပ္သည့္လုပ္ငန္းမ်ားကို စည္းကမ္း စနစ္တက်ႏွင့္ ေဆာင္႐ြက္၍ စီးပြားေရးတိုးတက္ေအာင္ေဆာင္႐ြက္ၾကေစလိုေၾကာင္းႏွင့္ တိုင္းျပည္ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ အေျခခံလိုအပ္ခ်က္မ်ားႏွင့္ ပတ္သက္၍ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေျပာၾကားရာတြင္-

“တိုင္းျပည္တစ္ခုတိုးတက္ဖို႔ဆိုတာ လွ်ပ္စစ္ဓာတ္မရွိရင္ ဘာမွ လုပ္လို႔မရဘူး။ ဘယ္ေလာက္စက္မႈႏိုင္ငံသြားမယ္၊ နည္းပညာေခတ္ ဘယ္ေလာက္ပဲသြားမယ္ျဖစ္ေစ လွ်ပ္စစ္မရွိရင္ ဘာမွ လုပ္လို႔မရဘူး။ အဲ့ဒါေသခ်ာတယ္။ ႏွစ္အခ်က္ လမ္းပန္းဆက္သြယ္ မႈ မေကာင္းရင္ ဘာမွ လုပ္လို႔မရဘူး။ ခင္ဗ်ားတို႔ ဟုမၼလင္းပဲၾကည့္ ။ ခင္ဗ်ားတို႔ ဟိုး အရင္တုန္းက ခ်င္းတြင္းျမစ္ႀကီးအတိုင္းတက္လာ ကြၽန္ေတာ္တို႔ ေျပာင္းလာတုန္းက ၄ ညအိပ္ ၅ ရက္ၾကာတယ္။ အခုမွသာ ေရွာ္တယ္ေတြ ဘာေတြနဲ႔ ေတာ္ေတာ္ေလး အေျခ အေနေကာင္းလာတာ။ ေလယာဥ္ကြင္းလည္းရွိေတာ့ ေတာ္ေတာ္ အဆင္ေျပသြားတယ္။ လမ္းပန္းဆက္သြယ္မႈမေကာင္းရင္ ဘာမွ လုပ္လို႔မရဘူး။ ေနာက္ Tele Communication ဆက္သြယ္ေရးစနစ္ မေကာင္းရင္ ဘာမွ လုပ္လို႔မရဘူး။ ဒါေၾကာင့္ ကြၽန္ေတာ္ ဒီမွာ မရရေအာင္ ဖုန္းရေအာင္ ကြၽန္ေတာ္ လုပ္ေပးတယ္။ ဘဏ္ရေအာင္ဖြင့္ေပးတယ္။ ေနာက္တစ္ခါ ပညာတတ္ မရွိရင္ ဘာမွ လုပ္လို႔မရဘူး။ အဲ့တိုင္းျပည္ ဘယ္လိုနည္းနဲ႔မွ မေကာင္းႏိုင္ဘူး။ ေနာက္ အဲ့တိုင္းျပည္ က်န္းမာေရးမေကာင္းရင္လည္း ဘယ္လိုမွ မေကာင္းႏိုင္ဘူး။ ဒီမွာ က်န္းမာေရးခ်ိဳ႕တဲ့တယ္ ဆိုလို႔ရွိရင္လည္း ပညာေရး၊ က်န္းမာေရး မေကာင္းလို႔ရွိရင္လည္း အဲ့ဒီတိုင္းျပည္က ဘယ္လိုမွ တိုးတက္စရာ အေၾကာင္းမရွိဘူး။ တေရွာင္ေရွာင္နဲ႔ ျဖစ္ေနမွာ။ အဲ့ဒါေၾကာင့္ ကြၽန္ေတာ္တို႔က ဒီ ငါးခ်က္ လွ်ပ္စစ္ရယ္၊ သြားလာေရးရယ္၊ ဆက္သြယ္ေရးရယ္၊ ပညာ ေရးရယ္၊ က်န္းမာေရးရယ္ ဒီငါးခ်က္က ေဒသတစ္ခုအတြက္ ဖြံ႕ၿဖိဳးတိုးတက္ဖို႔အတြက္ မျဖစ္မေနလိုအပ္တယ္။ ဒါေၾကာင့္ ကြၽန္ေတာ္ ေစာေစာက ပညာေရးကို ကြၽန္ေတာ္ စေျပာခဲ့တယ္။ ပညာေရးေကာင္းဖို႔ လိုတယ္။ ဒုတိယကြၽန္ေတာ္ က်န္းမာေရးကို ေျပာျပတယ္။ ပဏာမ ေျပာတဲ့ခ်ိန္မွာလည္း လမ္းေတြ ဘယ္လို တိုးတက္မႈရွိဖို႔ ကြၽန္ေတာ္ ေျပာခဲ့တယ္။ ဒါေတြက ဘာေတြလည္းဆိုရင္ ေဒသတစ္ခု ႏိုင္ငံတစ္ခု တိုးတက္ဖို႔ အေျခခံအေၾကာင္းအရာေတြပဲျဖစ္တယ္။”

ထို႔ေနာက္ တပ္မေတာ္အေနျဖင့္ သဘာ၀ေဘးႏွင့္ ပတ္သက္လာပါက အမိန႔္ ေစာင့္ဆိုင္းရန္မလိုဘဲ အခ်ိန္ႏွင့္တစ္ေျပးညီ ကူညီေဆာင္႐ြက္ေပးရန္ ၫႊန္ၾကားထားရွိ ၿပီး လုပ္ေဆာင္ႏိုင္သည္မွန္သမွ်ကို တပ္ႏွင့္ျပည္သူတစ္သားတည္းျဖစ္ေအာင္ လုပ္ေဆာင္ ႏိုင္ပါက ပိုမိုအက်ိဳးရွိမည္ျဖစ္ေၾကာင္း၊ ေဒသအက်ိဳးျဖစ္ထြန္းေရးႏွင့္ ပတ္သက္ပါက ႏိုင္ငံ့ တာဝန္ထမ္းေဆာင္ေနသည့္ ဝန္ထမ္းမ်ားအခ်င္းခ်င္း စည္းလုံးစြာျဖင့္ ပူးေပါင္းေဆာင္႐ြက္ ရမည္ျဖစ္သကဲ့သို႔ ၿမိဳ႕မိၿမိဳ႕ဖမ်ား ေဒသခံမ်ားႏွင့္လည္း စည္းလုံးညီၫြတ္စြာျဖင့္ ေဆာင္ ႐ြက္ၾကရမည္ျဖစ္ေၾကာင္းႏွင့္ တပ္မေတာ္အေနျဖင့္ တိုင္းျပည္အတြက္ အားထားရသည့္ တပ္မေတာ္ျဖစ္ေစေရး ခံယူေဆာင္႐ြက္ေနမႈမ်ားႏွင့္ ပတ္သက္၍ တပ္မေတာ္ကာကြယ္ ေရးဦးစီးခ်ဳပ္က ေျပာၾကားရာတြင္ –

“တပ္မေတာ္ဟာ တိုင္းျပည္အတြက္ပဲျဖစ္ရမယ္။ ျပည္သူကအားကိုးရတဲ့ တပ္မေတာ္။ တိုင္းျပည္က အားထားရတဲ့ တပ္မေတာ္။ ကြၽန္ေတာ္ဒီလိုခံယူၿပီး လုပ္ခဲ့ တာ။ ကြၽန္ေတာ့္စိတ္ဓာတ္လည္း ခင္ဗ်ားတို႔သိတာပဲ။ ကြၽန္ေတာ္က ေကာင္းေအာင္လုပ္ ဖို႔ စိတ္ပဲရွိတယ္။ သူမ်ားလိုက္ၿပီးေတာ့ အႏိုင္က်င့္တာလည္း မႀကိဳက္ဘူး။ စည္းမ်ဥ္း စည္းကမ္းအတိုင္းသြားတာ။ စည္းမ်ဥ္းစည္းကမ္းမကိုက္ညီရင္ ေတာ္႐ုံတန္႐ုံ ကြၽန္ေတာ္ လုပ္ကိုမလုပ္ဘူး။ အမိန႔္တစ္ခုထုတ္ရင္ေတာင္မွ ထုတ္တဲ့အမိန႔္ဟာ တစ္အခ်က္ မူဝါဒနဲ႔ ကိုက္ညီလား။ ဥပမာအားျဖင့္ ကြၽန္ေတာ္တို႔ ပါတီစုံဒီမိုကေရစီစနစ္မွာ တပ္မေတာ္ရဲ႕ လုပ္ငန္းတာဝန္ေတြရွိတယ္။ ဒါေတြနဲ႔ ကိုက္ညီရဲ႕လား။ ကိုယ္တိုင္ လုပ္ႏိုင္သလား။ ကိုယ္ တိုင္ လုပ္ဖူးသလား။ ဒီလိုဆိုကြၽန္ေတာ္က အမိန႔္ထုတ္တယ္၊ မဟုတ္ရင္ ကြၽန္ေတာ္က အမိန႔္မထုတ္ဘူး။ ကြၽန္ေတာ္ အဲ့ဒီေလာက္အထိစဥ္းစားတယ္။ ကြၽန္ေတာ္ အမိန႔္တစ္ခု မထုတ္ခင္မွာ ကြၽန္ေတာ့္ဗိုလ္ခ်ဳပ္ႀကီးေတြနဲ႔ တိုင္ပင္တယ္။ တခ်ိဳ႕ဆို ကြၽန္ေတာ္ ေခၚေျပာတယ္။ ဒီစည္းကမ္းတစ္ခုထုတ္မယ္။ ဘယ္လိုသေဘာရလဲ ေျပာ။ သူတို႔လည္း သူတို႔အေတြ႕အႀကဳံ သူတို႔ရွိမွာပဲ။ ကြၽန္ေတာ့္အေတြ႕အႀကဳံနဲ႔ သူတို႔အေတြ႕အႀကဳံနဲ႔ အားလုံးတူမွာေတာ့ မဟုတ္ဘူး။ သူတို႔ အေတြ႕အႀကဳံေတြအရလည္း သူတို႔ ေျပာၾက တယ္။ လက္ခံရမယ့္ကိစၥဆိုရင္လည္း လက္ခံရတာေပါ့။ တစ္ခ်ိဳ႕ၾကေတာ့လည္း နားလည္ေအာင္ ရွင္းျပၾကတယ္။ ကြၽန္ေတာ္တို႔မွာ So What ဆိုတာရွိတယ္။ ဒီေတာ့ ဘာျဖစ္မလဲ။ အဲ့ဒီေတာ့ အေျဖတစ္ခု ျပန္ထြက္တယ္။ အဲ့ဒီအေျဖပါ တစ္ခါ So What ဆိုၿပီး ထပ္ေမးေသးတယ္။ ဒါဆို ဘာျဖစ္မယ္။ သုံး ေလး ခြန္းေလာက္ ေမးလိုက္လို႔မွ Solution အရအေျဖရၿပီဆို ဒီတိုင္းလုပ္မယ္ဆို ၿပီး အေျဖကထြက္တယ္။ ကြၽန္ေတာ္တို႔က အဲ့ဒီလို စဥ္းစားတယ္။ အဲ့ဒီေတာ့ ခင္ဗ်ားတို႔လည္း ေကာင္းရာေကာင္းက်ိဳးနဲ႔ ပတ္သက္လာရင္ ေတာ္ေတာ္ေလး ေသခ်ာေလး စဥ္းစဥ္းစားစား လုပ္ေစခ်င္တယ္။”

ထို႔ေနာက္ မၾကာမီတြင္ က်င္းပျပဳလုပ္မည့္ ပါတီစုံဒီမိုကေရစီ ေ႐ြးေကာက္ပြဲတြင္ လည္း ေဒသ အတြက္၊ ႏိုင္ငံ့အတြက္အက်ိဳးျပဳမည့္သူမ်ားကိုေ႐ြးခ်ယ္၍ ဆႏၵမဲေပး ၾကေစလိုေၾကာင္း၊ ပါတီမူဝါဒကို ၾကည့္သကဲ့သို႔ ေ႐ြးေကာက္ခံမည့္ ကိုယ္စားလွယ္မ်ားကို လည္းၾကည့္ရမည္ ျဖစ္ေၾကာင္း၊ ေ႐ြးေကာက္ပြဲသည္ ပါတီစုံဒီမိုကေရစီစနစ္၏ အသက္ပင္ ျဖစ္ေၾကာင္း၊ မိမိတို႔ႏိုင္ငံ၏ ေ႐ြးေကာက္ပြဲ ပုံစံႏွင့္ စနစ္အရ လႊတ္ေတာ္ကိုယ္စားလွယ္ မ်ားသည္ အနည္းဆုံး တာဝန္ ၃ ခုထမ္း ေဆာင္ရေၾကာင္း၊ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား သည္ ျပည္သူမ်ားကိုယ္စား ႏိုင္ငံေတာ္၏ အႀကီးအကဲျဖစ္သည့္ သမၼတကို ေ႐ြးေကာက္ တင္ေျမႇာက္ေပးရေၾကာင္း၊ ေနာက္တစ္ခ်က္အေနျဖင့္ လႊတ္ေတာ္အတြင္း၌ ဥပေဒျပဳေရးတာဝန္ကို ေဆာင္႐ြက္ရေၾကာင္း၊ ထို႔ ျပင္ သက္ဆိုင္ရာေဒသ အုပ္ခ်ဳပ္ေရး အဖြဲ႕အစည္းမ်ားႏွင့္ ညႇိႏႈိင္းၿပီး ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးလုပ္ငန္းမ်ားကို ေဆာင္႐ြက္ ေပးရေၾကာင္း၊ ထို႔ေၾကာင့္ ဥပေဒအေၾကာင္းနားလည္သူ၊ သမာသမတ္က်ၿပီး ကိုယ္က်င့္ တရားေကာင္းသူ၊ အေတြ႕အႀကဳံျပည့္၀ၿပီး ပညာတတ္သူ၊ ေဒသအတြက္၊ ႏိုင္ငံ့အတြက္ အက်ိဳးရွိေအာင္ေဆာင္႐ြက္ႏိုင္သည့္ ကိုယ္စားလွယ္ေကာင္းမ်ားကိုေ႐ြးျခယ္ၾကရန္ လိုေၾကာင္း၊ လူတိုင္းမဲေပးၾကရန္လိုအပ္ၿပီး မဲမေပးပါက အျခားသူမ်ားဆႏၵျပဳသည့္ ကိုယ္စားလွယ္မ်ားကိုသာလက္ခံၾကရမည္ျဖစ္သည့္အတြက္ မိမိ သေဘာဆႏၵႏွင့္ ကိုက္ညီသူမ်ားကို မဲေပးၾကေစလိုေၾကာင္း၊ မိမိတို႔ႏိုင္ငံတြင္ ႏိုင္ငံေရး မူဝါဒအရ ဖြဲ႕စည္းထားသည့္ပါတီႏွင့္ ေဒသႏွင့္လူမ်ိဳးေရးအရဖြဲ႕စည္းထားသည့္ပါတီမ်ား ရွိၿပီး ပါတီမ်ိဳးစုံ၊ ကိုယ္စားလွယ္မ်ိဳးစုံ ရွိေနသည့္အတြက္ ေဒသအက်ိဳး၊ တိုင္းျပည္အက်ိဳး ေဆာင္႐ြက္ႏိုင္မည့္သူမ်ားကို ေရရွည္ေမွ်ာ္ေတြး၍ စဥ္းစားကာ ဆႏၵမဲေပးၾကေစလိုေၾကာင္း ျဖင့္ ေျပာၾကားသည္။

ထို႔ေနာက္ ဟုမၼလင္းၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးမႉး ဦးထင္ေက်ာ္၊ ေကာလင္း ခ႐ိုင္အုပ္ခ်ဳပ္ေရးမႉး ဦးသိန္းေဇာ္၊ ဝန္းသိုၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးမႉး ဦးေနမ်ိဳးထြန္း ႏွင့္ ေဒသခံျပည္သူမ်ားက ေဒသတြင္းႀကဳံေတြ႕ေနရသည့္ ျမစ္ေရႀကီးမႈ၊ ေသာက္သုံးေရ အခက္အခဲျဖစ္ေပၚမႈ၊ ပညာေရး၊ အုပ္ခ်ဳပ္ေရးဆိုင္ရာလိုအပ္ခ်က္ အခက္အခဲမ်ားႏွင့္ ေဒသဖြံ႕ၿဖိဳးေရးအတြက္ တပ္မေတာ္ႏွင့္ ျပည္သူတစ္သားတည္းေဆာင္႐ြက္လ်က္ရွိၿပီး အခ်င္းခ်င္းကူညီ႐ိုင္းပင္း ေဆာင္႐ြက္လ်က္ရွိသည့္အေျခအေနမ်ားကို ေဆြးေႏြး ေျပာၾကား ရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က လိုအပ္သည္မ်ား ညႇိႏႈိင္းေဆာင္႐ြက္ေပးသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ဟုမၼလင္းၿမိဳ႕ရွိ ၿမိဳ႕မိၿမိဳ႕ဖမ်ား ေဒသခံျပည္သူမ်ား၊ ျပည္သူ႔ေဆး႐ုံႀကီးအတြက္ (COVID-19) ေရာဂါကာကြယ္ ထိန္းခ်ဳပ္ကုသေရး အေထာက္အကူျပဳပစၥည္းမ်ားျဖစ္သည့္ Surgical Mask ၄၀၀၀၀ ခု၊ Face Shield ၂၈၀ ခု၊ Personal Protective Equipment(PPE) ဝတ္စုံ ၁၀၀ စုံ၊ Hand Gel ၃၀၀ ဘူး၊ N 95 Mask ၅၀၀ ခု၊ Examination Glove ၂၀၀၀ ခုႏွင့္ စားေသာက္ဖြယ္ရာမ်ား၊ တပ္မေတာ္စက္႐ုံမ်ားမွ ထုတ္လုပ္သည့္ လူသုံးကုန္ပစၥည္းမ်ားကို ေပးအပ္ရာ ဟုမၼလင္းၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးမႉး ဦးထင္ေက်ာ္၊ ဟုမၼလင္းၿမိဳ႕နယ္၊ ျပည္သူ႔ေဆး႐ုံ ေဆး႐ုံအုပ္ႀကီး ေဒါက္တာ ဝင္းႏိုင္ထြန္းႏွင့္ ၿမိဳ႕မိၿမိဳ႕ဖ ဦးစန္းေ႐ႊတို႔က လည္းေကာင္း၊ ဝန္းသို ၿမိဳ႕ရွိ ၿမိဳ႕မိၿမိဳ႕ဖမ်ား ေဒသခံျပည္သူမ်ားႏွင့္ ဌာနဆိုင္ရာ ဝန္ထမ္း မ်ားအတြက္ (COVID-19) ေရာဂါကာကြယ္ ထိန္းခ်ဳပ္ကုသေရး အေထာက္အကူျပဳ ပစၥည္းမ်ားျဖစ္သည့္ Surgical Mask ၁၅၀၀၀ ခု၊ Face Shield ၁၃၀ ခု၊ Personal Protective Equipment(PPE) ဝတ္စုံ ၅၀ စုံ၊ Hand Gel ၃၀ ဘူး၊ N 95 Mask ၁၀၀ ခု၊ Examination Glove ၁၅၀၀ ခုႏွင့္ စားေသာက္ဖြယ္ရာမ်ား၊ တပ္မေတာ္စက္႐ုံမ်ားမွ ထုတ္လုပ္သည့္ လူသုံးကုန္ပစၥည္းမ်ားကို ေပးအပ္ရာ ေကာလင္းခ႐ိုင္အုပ္ခ်ဳပ္ေရးမႉး ဦးသိန္းေဇာ္ႏွင့္ ဝန္းသိုၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးမႉး ဦးေနမ်ိဳးထြန္း တို႔က လည္းေကာင္း အသီးသီးလက္ခံရယူၾကသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ တက္ေရာက္ လာၾကသည့္ ၿမိဳ႕မိၿမိဳ႕ဖမ်ားႏွင့္ ဌာနဆိုင္ရာဝန္ထမ္းမ်ားအား ရင္းရင္းႏွီးႏွီး လိုက္လံ ႏႈတ္ဆက္ခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။