တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကလေးတပ်နယ်နှင့် ကျီကုန်းတပ်နယ်တို့မှ အရာရှိ၊ စစ်သည် မိသားစုများအား ရင်းရင်းနှီးနှီး တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော်၊ အောက်တိုဘာ – ၂၇

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ ကလေးတပ်နယ်နှင့် ကျီကုန်းတပ်နယ်တို့မှ အရာရှိ၊ စစ်သည်၊ မိသားစုများအားသွားရောက် တွေ့ဆုံအမှာစကားပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲများသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီး များနှင့်ဇနီးများ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မျိုးမိုးအောင်နှင့်ဇနီး၊ ကလေးတပ်နယ်နှင့် ကျီကုန်းတပ်နယ်တို့မှ အရာရှိ၊ စစ်သည်၊ မိသားစုများတက်ရောက်ကြသည်။

တွေ့ဆုံပွဲများ၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် တပ်မတော်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်ရာတွင် နယ်မြေခံတပ်ရင်းတပ်ဖွဲ့များအနေဖြင့်လည်း နယ်မြေလုံခြုံရေး၊ နယ်မြေ အေးချမ်းသာယာရေးတို့ကို သတ်မှတ်နယ်မြေအလိုက်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင်လည်း ပြည်သူလူထုနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်သွားနိုင်ရမည်ဖြစ်ကြောင်း၊ နယ်မြေလုံခြုံရေး၊ နယ်မြေထိန်းသိမ်းရေးတာဝန်များထမ်းဆောင်ရာတွင် အမြဲတမ်းတိုက်ပွဲဝင်အသင့်ရှိနေရမည်ဖြစ်ပြီး စစ်ရေးစွမ်းရည် ထက်မြက်စေရေးအတွက် လေ့ကျင့်ရေးဆောင်ရွက်မှုများကို အပြည့်အဝ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ စစ်မြေပြင်တွင် တိုက်ပွဲဝင်ချိန်၌ ကြံ့ခိုင်မှုမပြည့်၀ပါက တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်နိုင်မည်မဟုတ်သဖြင့် တစ်ဦးချင်းလေ့ကျင့်မှု၊ အစုအဖွဲ့လိုက်လေ့ကျင့်မှုများကို မှန်မှန်ကန်ကန် လေ့ကျင့်ကြရမည်ဖြစ်ကြောင်း၊ မိမိတို့ ဆောင်ရွက်ရမည့် ပုံမှန်လေ့ကျင့်ရေး ဆောင်ရွက်မှုများကို မှန်မှန်ကန်ကန် လုပ်ဆောင်ခြင်းအားဖြင့် တပ်မတော်၏ တိုက်စွမ်းရည်၊ တိုက်စွမ်းအားကို မြှင့်တင်နေခြင်းပင်ဖြစ်ကြောင်း၊ ကျန်းမာအောင်နေထိုင်ရမည်၊ ကြံ့ခိုင်အောင်လေ့ကျင့်ရမည်ဖြစ်ပြီး တပ်မတော်သားပီသစွာနေထိုင်ကျင့်ကြံရမည်ဖြစ်ကြောင်း၊ လုပ်သင့်လုပ်ထိုက်သည့် ကြံ့ခိုင်မှုများကို နေ့စဉ်လုပ်ဆောင်နေကြရမည် ဖြစ်ကြောင်း၊ တပ်မတော်သို့ စတင်ဝင်ရောက် တာဝန်ထမ်းဆောင်ချိန်ကတည်းကပင် တူညီသည့် အခြေခံစစ်ပညာများကို ဦးစွာသင်ကြားပေးခဲ့ပြီး မိမိရောက်ရှိသည့် တပ်ဖွဲ့နှင့် စပ်လျဉ်းသည့် သင်တန်းများကိုပြန်လည်တက်ရောက်ကြရကြောင်း၊ ထို့ကြောင့် တပ်မတော်၌ မည်သည့်တပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်သည်ဖြစ်စေ ခြေလျင်တပ်ဖွဲ့ဝင် များကဲ့သို့ စစ်ရေးအသိ၊ စစ်ရေးသတိ၊ အတွေးအမြင်များ ရှိနေရမည်ဖြစ်ကြောင်း၊ မိမိတာဝန်နှင့် မိမိအလုပ်ကို ကျွမ်းကျင်အောင် မှန်မှန်ကန်ကန်နှင့် အမြဲတမ်း လေ့ကျင့်နေကြရမည်ဖြစ်ကြောင်း၊ ရန်သူ၊ သဘာ၀ဘေးနှင့် ကပ်ရောဂါတို့သည် မည်သည့်အချိန်တွင် ဝင်ရောက်လာနိုင်၊ ဖြစ်ပေါ်လာနိုင်သည်ကို မှန်းဆ၍ မရနိုင်သည့်အတွက် အမြဲတမ်း ပြင်ဆင်နေကြရမည်ဖြစ်ကြောင်း။

လက်ရှိဖြစ်ပွားနေသည့် (COVID-19) ရောဂါအခြေအနေနှင့် ပတ်သက်၍ ယနေ့ နံနက်အထိ မိမိတို့နိုင်ငံတွင် ရောဂါပိုးဓာတ်ခွဲအတည်ပြုလူနာဦးရေ ၄၆၀၀၀ ကျော်၊ သေဆုံးသူဦးရေ တစ်ထောင်ကျော်ရှိပြီဖြစ်ပြီး ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပွားသူဦးရေ ၄၃ သန်းကျော်၊ သေဆုံးသူဦးရေ တစ်သန်းကျော်ရှိပြီဖြစ်ကြောင်း၊ ရောဂါကာကွယ်ရေးနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် သတ်မှတ်ချက်၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ သွားလာနေထိုင်ကြရန်လိုကြောင်း၊ ရောဂါဖြစ်ပွား မှုကြောင့် ကမ္ဘာနှင့်အဝန်းတွင် လူမှုစီးပွားများ ထိခိုက်လျက်ရှိကြောင်း၊ တပ်မတော်အတွင်း ၌ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ၂၀၁၂ ခုနှစ်ကတည်းကပင် ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခဲ့သဖြင့် စားရေးတွင် ဖူလုံမှုရှိပြီး ပိုလျှံသည်များကိုလည်း အခက်အခဲရှိသည့် ဒေသခံများနှင့် ဌာနဆိုင်ရာဝန်ထမ်းများသို့ ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဝေ ရောင်းချပေးနိုင်ခဲ့ကြောင်း၊ ထို့ကြောင့် တပ်ပိုင်စိုက်ပျိုးမွေးမြူရေးနှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

ထို့ပြင် ရောဂါကူးစက်ဖြစ်ပွားမှုများကြောင့် ကျောင်းများပိတ်ထားရသော်လည်း မိမိတို့၏ ကလေးငယ်များအား ယခင်သင်ကြားခဲ့သည့် စာပေများကို ဖတ်မှတ် လေ့လာ နေစေရမည်ဖြစ်ကြောင်း၊ မိမိတို့ကိုယ်တိုင်လည်း စာပေဖတ်မှတ်ကြရမည်ဖြစ်ပြီး သိရှိလာသည့် အသိပညာ၊ ဗဟုသုတများကို ပြန်လည်မျှဝေကြရန်လိုကြောင်း၊ အမျိုးသားဖြစ် စေ၊ အမျိုးသမီးဖြစ်စေ လူတစ်ဦး၏ စာဖတ်အားသည် ဘ၀တိုးတက်ရေးအတွက် အထောက်အပံ့ကို များစွာပေးနိုင်မည်ဖြစ်ကြောင်း၊ လက်ရှိတွင် (COVID-19) ရောဂါ ဖြစ်ပွားမှုကြောင့် စာပေထုတ်ဝေမှုဆိုင်ရာလုပ်ငန်းအများအပြား ရပ်ဆိုင်းလျက်ရှိသော်လည်း တပ်မတော်မှ ထုတ်ဝေလျက်ရှိသည့် သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းနှင့် သုတ၊ ရသ စာအုပ်စာပေများကို ဖတ်ရှုလေ့လာနိုင်ရန် ဆက်လက်ထုတ်ဝေလျက်ရှိကြောင်း၊ မိမိတို့၏ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ အသိပညာနောက်ကျ မကျန်ခဲ့ရအောင် ဆောင်ရွက်ပေးထားခြင်းပင်ဖြစ်ကြောင်း။

မကြာမီတွင် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကျင်းပပြုလုပ်တော့မည်ဖြစ်ပြီး မိမိတို့ ရွေးချယ်လိုက်သည့် ကိုယ်စားလှယ်များသည် မိမိတို့၏ကိုယ်စား နိုင်ငံတော်၏ အကြီးအကဲဖြစ်သည့် သမ္မတကို ရွေးကောက်တင်မြှောက်ရန်၊ လွှတ်တော်အတွင်း၌ ဥပဒေပြုရေး တာဝန်ဆောင်ရွက်ရန်နှင့် သက်ဆိုင်ရာဒေသအုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ညှိနှိုင်းပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးရန် စသည်တို့ကို ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိရွေးချယ်သူသည် အထက်ပါတာဝန်များ ထမ်းဆောင်နိုင်ရမည်ဖြစ်ပြီး ဥပဒေအကြောင်းနားလည်သူ၊ သမာသမတ်ကျပြီး ကိုယ်ကျင့်တရား ကောင်းသူ၊ အတွေ့အကြုံပြည့်၀ပြီးပညာတတ်သူ၊ ဒေသနှင့် နိုင်ငံအတွက် အကျိုးရှိအောင်ဆောင်ရွက်နိုင်သူ စသည့်အချက်များနှင့် ပြည့်စုံသူများကို မိမိအသဲကြားက မဲတစ်ပြားဖြင့် စဉ်းစားချင့်ချိန်ဆန္ဒပြုနိုင်ပါက ပိုမိုသင့်လျော်မည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

တွေ့ဆုံပွဲများအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်နယ်အသီးသီးရှိ အရာရှိစစ်သည်မိသားစုများအတွက် Surgical Mask များ၊ စားသောက်ဖွယ်ရာများ၊ စာအုပ်စာစောင်များနှင့် အားကစားပစ္စည်းများကို လည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှက မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းအတွက် ချီးမြှင့်ငွေများကိုလည်းကောင်း အသီးသီး ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် တပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေးစကားပြောကြားခဲ့ကြသည်။ ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျီကုန်းတပ်နယ်အတွင်းရှိ တပ်ရင်းတပ်ဖွဲ့များအား မော်တော်ယာဉ်များဖြင့် လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။

ယနေ့နံနက်ပိုင်းတွင်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ဟုမ္မလင်းမြို့၊ စစ်မှုထမ်းဟောင်းအိမ်ရာသို့သွားရောက်၍ အခြားအဆင့်နေအိမ် ၂ ခန်းတွဲ ၁ ထပ် ၇ လုံး ဆောက်လုပ်ထားရှိသည့်အခြေအနေများနှင့် ထပ်မံဆောက်လုပ်ရန် ဆောင် ရွက်နေသည့် အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးကာ အိမ်ရာတွင် နေထိုင်လျက်ရှိကြသည့် စစ်မှုထမ်းဟောင်းများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဇနီးဒေါ်ကြူကြူလှ နှင့်အဖွဲ့ဝင်များသည် ဟုမ္မလင်းမြို့ သာသနဇောတိကမြို့မကျောင်းသို့ သွားရောက်၍ မြို့မကျောင်း ဦးစီးပဓာန နာယက ဘဒ္ဒန္တ ဣန္ဒဝံသ နှင့် ဆရာတော်၊ သံဃာတော်များအား ဖူးမြော်ကြည်ညိုကာ တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများက လှူဒါန်းသည့် ဆွမ်းဆန်တော် ၆၀ အိတ်၊ ဆီ ၉၀ ပိဿာ ၊ ဆား ၃၀ ပိဿာ၊ ပဲ ၂၀၀ ပိဿာ၊ တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် သုံးကုန်ပစ္စည်းများ၊ ဝတ္ထုငွေများနှင့် စားသောက်ဖွယ်ရာများ ကိုဆက်ကပ် လှူဒါန်းကြပြီး ဆရာတော်၏ ကျန်းမာရေးအခြေအနေများနှင့် သာသနာရေးဆိုင်ရာများ ကို တင်ပြလျှောက်ထားသည်။ ယင်းနောက် ကျောင်းပရိဝုဏ်အတွင်း၌ တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများနှင့် စေတနာရှင်အလှူရှင်များစုပေါင်းလှူဒါန်းမှုဖြင့် ဓမ္မရာမ ၄ ထပ် ကျောင်းဆောင်တော်ကြီး တည်ဆောက်ပူဇော်ရန် ဆောင်ရွက်နေသည့် အခြေအနေများအား ကြည့်ရှုကာ လိုအပ်သည်များကို အကြံပြုတင်ပြလျှောက်ထားခဲ့ပြီး ဒေသခံ များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ကေလးတပ္နယ္ႏွင့္ က်ီကုန္းတပ္နယ္တို႔မွ အရာရွိ၊ စစ္သည္ မိသားစုမ်ားအား ရင္းရင္းႏွီးႏွီး ေတြ႕ဆုံအမွာစကားေျပာၾကား

ေနျပည္ေတာ္၊ ေအာက္တိုဘာ – ၂၇

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ယေန႔တြင္ အေနာက္ေျမာက္တိုင္းစစ္ဌာနခ်ဳပ္၊ ကေလးတပ္နယ္ႏွင့္ က်ီကုန္းတပ္နယ္တို႔မွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအားသြားေရာက္ ေတြ႕ဆုံအမွာစကားေျပာၾကားသည္။

အဆိုပါ ေတြ႕ဆုံပြဲမ်ားသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္၏ ဇနီးေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီး မ်ားႏွင့္ဇနီးမ်ား၊ အေနာက္ေျမာက္တိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉး ဗိုလ္ခ်ဳပ္ မ်ိဳးမိုးေအာင္ႏွင့္ဇနီး၊ ကေလးတပ္နယ္ႏွင့္ က်ီကုန္းတပ္နယ္တို႔မွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားတက္ေရာက္ၾက သည္။

ေတြ႕ဆုံပြဲမ်ား၌ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အမွာစကားေျပာၾကားရာတြင္ တပ္မေတာ္အေနျဖင့္ ႏိုင္ငံေတာ္ကာကြယ္ေရးႏွင့္ လုံၿခဳံေရးတာဝန္မ်ားကို ထမ္းေဆာင္ရာတြင္ နယ္ေျမခံတပ္ရင္းတပ္ဖြဲ႕မ်ားအေနျဖင့္လည္း နယ္ေျမလုံၿခဳံေရး၊ နယ္ေျမ ေအးခ်မ္းသာယာေရးတို႔ကို သတ္မွတ္နယ္ေျမအလိုက္ေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း၊ ထိုသို႔ ေဆာင္႐ြက္ရာတြင္လည္း ျပည္သူလူထုႏွင့္ ပူးေပါင္းပါဝင္ေဆာင္႐ြက္သြားႏိုင္ရမည္ျဖစ္ေၾကာင္း၊ နယ္ေျမလုံၿခဳံေရး၊ နယ္ေျမထိန္းသိမ္းေရးတာဝန္မ်ားထမ္းေဆာင္ရာတြင္ အၿမဲတမ္းတိုက္ပြဲဝင္အသင့္ရွိေနရမည္ျဖစ္ၿပီး စစ္ေရးစြမ္းရည္ ထက္ျမက္ေစေရးအတြက္ ေလ့က်င့္ေရးေဆာင္႐ြက္မႈမ်ားကို အျပည့္အဝ ေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း၊ စစ္ေျမျပင္တြင္ တိုက္ပြဲဝင္ခ်ိန္၌ ႀကံ့ခိုင္မႈမျပည့္၀ပါက တာဝန္ကိုေက်ပြန္စြာ ထမ္းေဆာင္ႏိုင္မည္မဟုတ္သျဖင့္ တစ္ဦးခ်င္းေလ့က်င့္မႈ၊ အစုအဖြဲ႕လိုက္ေလ့က်င့္မႈမ်ားကို မွန္မွန္ကန္ကန္ ေလ့က်င့္ၾကရမည္ျဖစ္ေၾကာင္း၊ မိမိတို႔ ေဆာင္႐ြက္ရမည့္ ပုံမွန္ေလ့က်င့္ေရး ေဆာင္႐ြက္မႈမ်ားကို မွန္မွန္ကန္ကန္ လုပ္ေဆာင္ျခင္းအားျဖင့္ တပ္မေတာ္၏ တိုက္စြမ္းရည္၊ တိုက္စြမ္းအားကို ျမႇင့္တင္ေနျခင္းပင္ျဖစ္ေၾကာင္း၊ က်န္းမာေအာင္ေနထိုင္ရမည္၊ ႀကံ့ခိုင္ေအာင္ေလ့က်င့္ရမည္ျဖစ္ၿပီး တပ္မေတာ္သားပီသစြာေနထိုင္က်င့္ႀကံရမည္ျဖစ္ေၾကာင္း၊ လုပ္သင့္လုပ္ထိုက္သည့္ ႀကံ့ခိုင္မႈမ်ားကို ေန႔စဥ္လုပ္ေဆာင္ေနၾကရမည္ ျဖစ္ေၾကာင္း၊ တပ္မေတာ္သို႔ စတင္ဝင္ေရာက္ တာဝန္ထမ္းေဆာင္ခ်ိန္ကတည္းကပင္ တူညီသည့္ အေျခခံစစ္ပညာမ်ားကို ဦးစြာသင္ၾကားေပးခဲ့ၿပီး မိမိေရာက္ရွိသည့္ တပ္ဖြဲ႕ႏွင့္ စပ္လ်ဥ္းသည့္ သင္တန္းမ်ားကိုျပန္လည္တက္ေရာက္ၾကရေၾကာင္း၊ ထို႔ေၾကာင့္ တပ္မေတာ္၌ မည္သည့္တပ္ဖြဲ႕တြင္ တာဝန္ထမ္းေဆာင္သည္ျဖစ္ေစ ေျခလ်င္တပ္ဖြဲ႕ဝင္ မ်ားကဲ့သို႔ စစ္ေရးအသိ၊ စစ္ေရးသတိ၊ အေတြးအျမင္မ်ား ရွိေနရမည္ျဖစ္ေၾကာင္း၊ မိမိတာဝန္ႏွင့္ မိမိအလုပ္ကို ကြၽမ္းက်င္ေအာင္ မွန္မွန္ကန္ကန္ႏွင့္ အၿမဲတမ္း ေလ့က်င့္ေနၾကရမည္ျဖစ္ေၾကာင္း၊ ရန္သူ၊ သဘာ၀ေဘးႏွင့္ ကပ္ေရာဂါတို႔သည္ မည္သည့္အခ်ိန္တြင္ ဝင္ေရာက္လာႏိုင္၊ ျဖစ္ေပၚလာႏိုင္သည္ကို မွန္းဆ၍ မရႏိုင္သည့္အတြက္ အၿမဲတမ္း ျပင္ဆင္ေနၾကရမည္ျဖစ္ေၾကာင္း။

လက္ရွိျဖစ္ပြားေနသည့္ (COVID-19) ေရာဂါအေျခအေနႏွင့္ ပတ္သက္၍ ယေန႔ နံနက္အထိ မိမိတို႔ႏိုင္ငံတြင္ ေရာဂါပိုးဓာတ္ခြဲအတည္ျပဳလူနာဦးေရ ၄၆၀၀၀ ေက်ာ္၊ ေသဆုံးသူဦးေရ တစ္ေထာင္ေက်ာ္ရွိၿပီျဖစ္ၿပီး ကမာၻ႔ႏိုင္ငံမ်ားတြင္ ျဖစ္ပြားသူဦးေရ ၄၃ သန္းေက်ာ္၊ ေသဆုံးသူဦးေရ တစ္သန္းေက်ာ္ရွိၿပီျဖစ္ေၾကာင္း၊ ေရာဂါကာကြယ္ေရးႏွင့္ ပတ္သက္၍ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနမွ ထုတ္ျပန္ထားသည့္ သတ္မွတ္ခ်က္၊ စည္းမ်ဥ္းစည္းကမ္းမ်ားႏွင့္အညီ သြားလာေနထိုင္ၾကရန္လိုေၾကာင္း၊ ေရာဂါျဖစ္ပြား မႈေၾကာင့္ ကမာၻႏွင့္အဝန္းတြင္ လူမႈစီးပြားမ်ား ထိခိုက္လ်က္ရွိေၾကာင္း၊ တပ္မေတာ္အတြင္း ၌ စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ားကို ၂၀၁၂ ခုႏွစ္ကတည္းကပင္ ထိထိေရာက္ေရာက္ ေဆာင္႐ြက္ႏိုင္ခဲ့သျဖင့္ စားေရးတြင္ ဖူလုံမႈရွိၿပီး ပိုလွ်ံသည္မ်ားကိုလည္း အခက္အခဲရွိသည့္ ေဒသခံမ်ားႏွင့္ ဌာနဆိုင္ရာဝန္ထမ္းမ်ားသို႔ ေဈးႏႈန္းသက္သာစြာျဖင့္ ျဖန႔္ေဝ ေရာင္းခ်ေပးႏိုင္ခဲ့ေၾကာင္း၊ ထို႔ေၾကာင့္ တပ္ပိုင္စိုက္ပ်ိဳးေမြးျမဴေရးႏွင့္ တစ္ပိုင္တစ္ႏိုင္ စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ားကို ဆက္လက္ေဆာင္႐ြက္သြားၾကရမည္ျဖစ္ေၾကာင္း။

ထို႔ျပင္ ေရာဂါကူးစက္ျဖစ္ပြားမႈမ်ားေၾကာင့္ ေက်ာင္းမ်ားပိတ္ထားရေသာ္လည္း မိမိတို႔၏ ကေလးငယ္မ်ားအား ယခင္သင္ၾကားခဲ့သည့္ စာေပမ်ားကို ဖတ္မွတ္ ေလ့လာ ေနေစရမည္ျဖစ္ေၾကာင္း၊ မိမိတို႔ကိုယ္တိုင္လည္း စာေပဖတ္မွတ္ၾကရမည္ျဖစ္ၿပီး သိရွိလာသည့္ အသိပညာ၊ ဗဟုသုတမ်ားကို ျပန္လည္မွ်ေဝၾကရန္လိုေၾကာင္း၊ အမ်ိဳးသားျဖစ္ ေစ၊ အမ်ိဳးသမီးျဖစ္ေစ လူတစ္ဦး၏ စာဖတ္အားသည္ ဘ၀တိုးတက္ေရးအတြက္ အေထာက္အပံ့ကို မ်ားစြာေပးႏိုင္မည္ျဖစ္ေၾကာင္း၊ လက္ရွိတြင္ (COVID-19) ေရာဂါ ျဖစ္ပြားမႈေၾကာင့္ စာေပထုတ္ေဝမႈဆိုင္ရာလုပ္ငန္းအမ်ားအျပား ရပ္ဆိုင္းလ်က္ရွိေသာ္လည္း တပ္မေတာ္မွ ထုတ္ေဝလ်က္ရွိသည့္ သတင္းစာ၊ ဂ်ာနယ္၊ မဂၢဇင္းႏွင့္ သုတ၊ ရသ စာအုပ္စာေပမ်ားကို ဖတ္ရႈေလ့လာႏိုင္ရန္ ဆက္လက္ထုတ္ေဝလ်က္ရွိေၾကာင္း၊ မိမိတို႔၏ အရာရွိ၊ စစ္သည္၊ မိသားစုဝင္မ်ား အသိပညာေနာက္က် မက်န္ခဲ့ရေအာင္ ေဆာင္႐ြက္ေပးထားျခင္းပင္ျဖစ္ေၾကာင္း။

မၾကာမီတြင္ ပါတီစုံဒီမိုကေရစီေ႐ြးေကာက္ပြဲက်င္းပျပဳလုပ္ေတာ့မည္ျဖစ္ၿပီး မိမိတို႔ ေ႐ြးခ်ယ္လိုက္သည့္ ကိုယ္စားလွယ္မ်ားသည္ မိမိတို႔၏ကိုယ္စား ႏိုင္ငံေတာ္၏ အႀကီးအကဲျဖစ္သည့္ သမၼတကို ေ႐ြးေကာက္တင္ေျမႇာက္ရန္၊ လႊတ္ေတာ္အတြင္း၌ ဥပေဒျပဳေရး တာဝန္ေဆာင္႐ြက္ရန္ႏွင့္ သက္ဆိုင္ရာေဒသအုပ္ခ်ဳပ္ေရးအဖြဲ႕အစည္းမ်ားႏွင့္ ညႇိႏႈိင္းၿပီး ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးလုပ္ငန္းမ်ားကို ေဆာင္႐ြက္ေပးရန္ စသည္တို႔ကို ေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ မိမိေ႐ြးခ်ယ္သူသည္ အထက္ပါတာဝန္မ်ား ထမ္းေဆာင္ႏိုင္ရမည္ျဖစ္ၿပီး ဥပေဒအေၾကာင္းနားလည္သူ၊ သမာသမတ္က်ၿပီး ကိုယ္က်င့္တရား ေကာင္းသူ၊ အေတြ႕အႀကဳံျပည့္၀ၿပီးပညာတတ္သူ၊ ေဒသႏွင့္ ႏိုင္ငံအတြက္ အက်ိဳးရွိေအာင္ေဆာင္႐ြက္ႏိုင္သူ စသည့္အခ်က္မ်ားႏွင့္ ျပည့္စုံသူမ်ားကို မိမိအသဲၾကားက မဲတစ္ျပားျဖင့္ စဥ္းစားခ်င့္ခ်ိန္ဆႏၵျပဳႏိုင္ပါက ပိုမိုသင့္ေလ်ာ္မည္ျဖစ္ေၾကာင္းျဖင့္ ေျပာၾကားသည္။

ေတြ႕ဆုံပြဲမ်ားအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က တပ္နယ္အသီးသီးရွိ အရာရွိစစ္သည္မိသားစုမ်ားအတြက္ Surgical Mask မ်ား၊ စားေသာက္ဖြယ္ရာမ်ား၊ စာအုပ္စာေစာင္မ်ားႏွင့္ အားကစားပစၥည္းမ်ားကို လည္းေကာင္း၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ ဇနီး ေဒၚၾကဴၾကဴလွက မိခင္ႏွင့္ ကေလးေစာင့္ေရွာက္ေရး အသင္းအတြက္ ခ်ီးျမႇင့္ေငြမ်ားကိုလည္းေကာင္း အသီးသီး ေပးအပ္ရာ တာဝန္ရွိသူမ်ားက လက္ခံရယူၾကသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဇနီး၊ အဖြဲ႕ဝင္မ်ားသည္ တပ္နယ္မ်ားမွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအား ရင္းရင္းႏွီးႏွီးလိုက္လံႏႈတ္ဆက္ အားေပးစကားေျပာၾကားခဲ့ၾကသည္။ ဆက္လက္ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ က်ီကုန္းတပ္နယ္အတြင္းရွိ တပ္ရင္းတပ္ဖြဲ႕မ်ားအား ေမာ္ေတာ္ယာဥ္မ်ားျဖင့္ လိုက္လံၾကည့္ရႈ စစ္ေဆးခဲ့သည္။

ယေန႔နံနက္ပိုင္းတြင္လည္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕ဝင္မ်ားသည္ ဟုမၼလင္းၿမိဳ႕၊ စစ္မႈထမ္းေဟာင္းအိမ္ရာသို႔သြားေရာက္၍ အျခားအဆင့္ေနအိမ္ ၂ ခန္းတြဲ ၁ ထပ္ ၇ လုံး ေဆာက္လုပ္ထားရွိသည့္အေျခအေနမ်ားႏွင့္ ထပ္မံေဆာက္လုပ္ရန္ ေဆာင္ ႐ြက္ေနသည့္ အေျခအေနမ်ားအား လိုက္လံၾကည့္ရႈစစ္ေဆးကာ အိမ္ရာတြင္ ေနထိုင္လ်က္ရွိၾကသည့္ စစ္မႈထမ္းေဟာင္းမ်ားအား ရင္းရင္းႏွီးႏွီးႏႈတ္ဆက္ခဲ့သည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၊ ဇနီးေဒၚၾကဴၾကဴလွ ႏွင့္အဖြဲ႕ဝင္မ်ားသည္ ဟုမၼလင္းၿမိဳ႕ သာသနေဇာတိကၿမိဳ႕မေက်ာင္းသို႔ သြားေရာက္၍ ၿမိဳ႕မေက်ာင္း ဦးစီးပဓာန နာယက ဘဒၵႏၲ ဣႏၵဝံသ ႏွင့္ ဆရာေတာ္၊ သံဃာေတာ္မ်ားအား ဖူးေျမာ္ၾကည္ညိဳကာ တပ္မေတာ္(ၾကည္း၊ေရ၊ေလ) မိသားစုမ်ားက လႉဒါန္းသည့္ ဆြမ္းဆန္ေတာ္ ၆၀ အိတ္၊ ဆီ ၉၀ ပိႆာ ၊ ဆား ၃၀ ပိႆာ၊ ပဲ ၂၀၀ ပိႆာ၊ တပ္မေတာ္စက္႐ုံမ်ားမွ ထုတ္လုပ္သည့္ သုံးကုန္ပစၥည္းမ်ား၊ ဝတၳဳေငြမ်ားႏွင့္ စားေသာက္ဖြယ္ရာမ်ား ကိုဆက္ကပ္ လႉဒါန္းၾကၿပီး ဆရာေတာ္၏ က်န္းမာေရးအေျခအေနမ်ားႏွင့္ သာသနာေရးဆိုင္ရာမ်ား ကို တင္ျပေလွ်ာက္ထားသည္။ ယင္းေနာက္ ေက်ာင္းပရိဝုဏ္အတြင္း၌ တပ္မေတာ္ (ၾကည္း၊ေရ၊ေလ) မိသားစုမ်ားႏွင့္ ေစတနာရွင္အလႉရွင္မ်ားစုေပါင္းလႉဒါန္းမႈျဖင့္ ဓမၼရာမ ၄ ထပ္ ေက်ာင္းေဆာင္ေတာ္ႀကီး တည္ေဆာက္ပူေဇာ္ရန္ ေဆာင္႐ြက္ေနသည့္ အေျခအေနမ်ားအား ၾကည့္ရႈကာ လိုအပ္သည္မ်ားကို အႀကံျပဳတင္ျပေလွ်ာက္ထားခဲ့ၿပီး ေဒသခံ မ်ားအား ရင္းရင္းႏွီးႏွီးႏႈတ္ဆက္ခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။