နေပြည်တော် မေ ၈
ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ၁၉၄၁-၁၉၄၅ မဟာ မျိုးချစ်စစ်ပွဲကြီးအောင်ပွဲနှစ်(၈၀)ပြည့်အထိမ်းအမှတ်စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ရန်အတွက် မော်စကိုမြို့သို့ရောက်ရှိနေသည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ဒေသစံတော်ချိန် ညပိုင်းတွင် ကရင်မလင် နန်းတော်၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်မှ တည်ခင်း ဧည့်ခံသည့် ညစာစားပွဲသို့ အခြားနိုင်ငံ့အကြီးအကဲများနှင့်အတူ ပါဝင်တက်ရောက်သည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်နှင့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီး အောင်ပွဲ နှစ်(၈၀) ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက် ရန် ရောက်ရှိနေသည့် အခြားနိုင်ငံ့အကြီးအကဲများအား ကရင်မလင်နန်းတော်၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာပူတင်က ကြိုဆိုနှုတ် ဆက်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခြားနိုင်ငံ့အကြီးအကဲများသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတနှင့် အတူ Andereevsky ခန်းမ၌ ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီး အောင်ပွဲ နှစ်(၈၀) ပြည့်အထိမ်းအမှတ်ဂုဏ်ပြုကပွဲကို အတူတကွ ကြည့်ရှုကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်နှင့် အခြားနိုင်ငံ့ အကြီးအကဲများသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတနှင့် အတူ Aldxandrovsky ခန်းမ၌ ညစာအတူတကွသုံးဆောင်ကြသည်။
ညစာသုံးဆောင်အပြီးတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာ ပူတင် သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်နှင့် ညစာစားပွဲသို့ တက်ရောက်လာကြသည့် နိုင်ငံ့အကြီးအကဲများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။