နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ RT TV Channel နှင့် Krasnaya Zvezda သတင်းစာတို့၏တွေ့ဆုံမေးမြန်းမှုများအား လက်ခံဖြေကြား

နေပြည်တော်    မေ   ၈

ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင်ရောက်ရှိ နေသည့်   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ဒေသစံတော်ချိန်   နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ RT TV Channel နှင့် Krasnaya Zvezda သတင်းစာတို့၏ တွေ့ဆုံမေးမြန်းမှုများအား မော်စကိုမြို့၊ Ararat Park ဟိုတယ်ခန်းမ၌ သီးခြားစီလက်ခံတွေ့ဆုံ၍ သိရှိလိုသည့်မေးမြန်းမှုများကို ဖြေကြားသည်။

ထိုသို့တွေ့ဆုံမေးမြန်းရာတွင် RT TV Channel မှ အယ်ဒီတာချုပ်နှင့် Krasnaya Zvezda သတင်းစာမှ အထူးသတင်းထောက်တို့၏ မြန်မာနိုင်ငံတွင် မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့မှုနှင့် နိုင်ငံတကာမှ ကယ်ဆယ်ရေးနှင့် အကူအညီပေးရေးဆိုင်ရာများကို ကူညီဆောင်ရွက်ပေးခဲ့မှု၊ လူသားချင်းစာနာ ထောက်ထားမှုဆက်ဆံရေးအပြင်  ရုရှား ဖက်ဒရေးရှင်းနိုင်ငံနှင့်    မြန်မာနိုင်ငံ တို့အကြား အခြားနယ်ပယ်ပေါင်းစုံ၌ ပူးပေါင်း ဆောင်ရွက်လျက်ရှိမှု၊  ရုရှား ဖက်ဒရေးရှင်းနိုင်ငံတွင်ကျင်းပပြုလုပ်မည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ် စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနား ဆိုင်ရာ သမိုင်းကြောင်းအပေါ်  ထင်မြင်ချက်များ၊    မြန်မာ့တပ်မတော်ကိုယ်စားပြု စစ်ရေးပြတပ်ဖွဲ့တစ်ဖွဲ့အနေဖြင့်  ပထမဆုံးအကြိမ်အဖြစ်   ယခုစစ်ရေးပြ အခမ်းအနားတွင် ပါဝင်ချီတက်မည့်အပေါ်      သဘောထားအမြင်၊ အာဆီယံ ဒေသ အတွင်း မြန်မာနိုင်ငံ၏အခန်းကဏ္ဍ စသည်တို့နှင့်   အခြားသိရှိလိုသည် များအားမေးမြန်းရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီး ချုပ်က ပြည့်ပြည့်စုံစုံရှင်းလင်းပြောကြားခဲ့ကြောင်းနှင့်   မေးမြန်းဖြေကြားမှုအပြည့်အစုံအား   ဆက်လက်ဖော်ပြသွားမည်ဖြစ်သည်။

တွေ့ဆုံမေးမြန်းမှုအပြီးတွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ်အား သတင်းဌာနများမှ အမှတ်တရလက်ဆောင် ပစ္စည်းများ၊   Krasnaya Zvezda သတင်းစာ၏  နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် တံဆိပ်နှင့်    စာအုပ်တို့ကို ဂါရဝပြုပေးအပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီး ချုပ်က    အမှတ်တရလက်ဆောင် ပစ္စည်း ပြန်လည်ပေးအပ်ခဲ့ပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။