နေပြည်တော် မေ ၁၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်း အဝေးခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီး ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေ သကြီး နှင့်ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများတက်ရောက်ကြသည်။
နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုဆိုင်ရာများဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့် အမှာစကားပြောကြားရာ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရအဖွဲ့အနေဖြင့် ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက် ပွဲတွင် မဲမသမာမှုများဖြစ်ပွား ခဲ့ခြင်းကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း၊ တာဝန်စတင်ထမ်း ဆောင်ချိန်မှ စတင်၍ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ တာဝန်ပေးအပ်ရာတွင် လည်း တပ်မတော်သားများကို သာခန့်အပ်ခြင်းမဟုတ်ဘဲ စစ်ဘက်နှင့် နယ်ဘက်မျှတ အောင်တာဝန်ပေးခန့်အပ်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့် တာဝန်ထမ်းဆောင်ချိန် ကာလအတွင်း လုပ်ငန်းများ အောင်မြင်အောင်ကြိုးပမ်းဆောင် ရွက်ခဲ့ကြောင်း။
မိမိတို့နိုင်ငံ၏ သမိုင်းတစ်လျှောက်ကြည့်ပါက တိုင်းဒေသကြီးနှင့် ပြည်နယ်များ အလိုက် ပညာရေးအရ၊ စီးပွားရေးအရအားနည်းမှုများရှိကြောင်း၊ အဆိုပါအားနည်းမှု များကြောင့် ခေတ်အဆက်ဆက်တွင် နိုင်ငံရေးအရလှုံ့ဆော်မှုမျိုးစုံကိုခံစားခဲ့ရပြီး တိုင်းပြည်တည်ငြိမ် မှုမရှိခဲ့ခြင်းကို သမိုင်းမှတ်တမ်းများတွင် သမိုင်းသင်ခန်းစာအဖြစ် တွေ့ရှိနိုင်ကြောင်း၊ မိမိတို့အနေဖြင့်ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်၌ လျှောက်လှမ်း ရာတွင် ပြည်ထောင်စုမပြိုကွဲရေးအတွက်တွက်ဆ၍ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ကိုရေးဆွဲပြီး ဆောင်ရွက်ခဲ့သည်ကိုတွေ့ရှိရကြောင်း၊ အဆိုပါဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်)တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ပေးထားသည့်အခွင့် အရေးများ၌ ဖက်ဒရယ်အခွင့်အရေးများပေးထားသည်ကို တွေ့ရကြောင်း။
၂၀၁၀ ပြည့်နှစ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကိုကျင်းပခဲ့ ပြီး အာဏာရပါတီကို နိုင်ငံတော်တာဝန်များကို လွှဲပြောင်းပေးခဲ့ကြောင်း၊ ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်၌ လျှောက်လှမ်းချိန်၌ အာဏာရပါတီအတွင်း သဘောထားကွဲလွဲ မှုများရှိခဲ့သည်ကိုတွေ့ရှိရကြောင်း၊ ဒီမိုကရေစီပထမအစိုးရ သက်တမ်းကာလတွင် ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ညှိနှိုင်း ဆွေးနွေး ခြင်းများဆောင်ရွက်ပြီး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်(NCA) ကိုလက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း၊ ထိုအချိန်၌ အတိုက်အခံပါတီ ဖြစ်သည့် NLD ပါတီအနေဖြင့် NCA ကို လက်မှတ်ရေးထိုးခြင်းမပြုရန် လှုံ့ဆော် ကန့်ကွက်မှုများရှိခဲ့ကြောင်း။
၂၀၁၅ ခုနှစ် ဒီမိုကရေစီဒုတိယအစိုးရ သက်တမ်းတွင် တပ်မတော်အနေဖြင့် အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း၊ အဆိုပါအစိုးရသက်တမ်းကာလ အတွင်း နိုင်ငံတော်အတွက် အရေးကြီးသည့် ကာလများ၌ ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီအစည်းအဝေးအားလုံးဝပြုလုပ်ခြင်းမရှိခဲ့ကြောင်း၊ အလားတူ ဥပဒေနှင့်မညီ သည့် ပြဋ္ဌာန်းချက်များအား အတည်ပြုခဲ့ပြီး ဥပဒေနှင့်မညီညွတ်သည့် ကိစ္စရပ်များစွာ လုပ်ဆောင်ခဲ့သည်ကိုတွေ့ရကြောင်း။
ဒီမိုကရေစီ ပထမအစိုးရသက်တမ်းကာလတွင် နိုင်ငံတော်၏ကုန်သွယ်ရေး လိုငွေမှာ ၁၂ ဘီလျံကျော်ခန့်နှင့် ဒီမိုကရေစီဒုတိယအစိုးရသက်တမ်းကာလတွင် ၁၂ ဘီလျံကျော်ခန့် စုစုပေါင်း ၂၅ ဘီလျံကျော်ခန့် လိုငွေပြခဲ့ကြောင်း၊ အဆိုပါငွေများအား ပြည်ပအကူ အညီများ၊ချေးငွေများ၊ ကုန်သွယ်မှုမှအပဝင်ငွေများဖြင့် ဖြေရှင်းဆောင်ရွက် ခဲ့ကြောင်း၊ ဒီမိုကရေစီပထမအစိုးရသက်တမ်းကာလတွင် ကျောင်းနေရာခိုင်နှုန်းများ မြင့်တက်လာ ခဲ့သည်ကို အချက်အလက်များအရ သိရှိရကြောင်း၊ ကိုဗစ် – ၁၉ ဖြစ်ပွား ပြီးချိန်၌ ကျောင်းနေရာခိုင်နှုန်းများကျဆင်းခဲ့ကြောင်း၊ ထိုကဲ့သို့ ပညာရေးအားနည်း ချက်များကို ဂရုပြုရန်လိုကြောင်း။
၁၉၈၉ ခုနှစ်တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအစိုးရအဖွဲ့အနေ ဖြင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးအတွက် အထူးဒေသများဖွဲ့စည်း၍ ဆောင်ရွက်ခဲ့ ကြောင်း၊ ဒီမိုကရေစီပထမအစိုးရသက်တမ်းကာလတွင်လည်း NCA လက်မှတ်ရေးထိုး နိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း၊ ငြိမ်ချမ်းရေးနှင့်ပတ်သက်၍ သမိုင်းတစ်လျှောက်တွင် အခက်အခဲများရှိခဲ့ကြောင်း၊ ဒီမိုကရေစီဒုတိယအစိုးရ သက်တမ်းကာလတွင် ငြိမ်းချမ်း ရေးညီလာခံအား(၂၁)ရာစု ပင်လုံအဖြစ်အမည်ပြောင်းလဲနိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း၊ သမိုင်းကြောင်းအရ အခက်အခဲများရှိလာနိုင်သဖြင့် အသိပေးမှုများဆောင်ရွက်ခဲ့ရ ကြောင်း။
တပ်မတော်အနေဖြင့် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်း ကို ဖော်ဆောင်ပေးခဲ့ကြောင်း၊ ၁၉၈၈ ခုနှစ်ကတည်းက ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်၌ လျှောက်လှမ်းရန် တပ်မတော်က ကြေညာခဲ့ပြီး ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ဖြတ်သန်းခဲ့ရသည့် သမိုင်းကြောင်းများအရ ဗိုလ်မှူးကြီး ဟောင်း တင်မောင် ရေးသားသည့် “တိုင်းပြည်က နုနု၊ မုန်တိုင်းက ထန်ထန်” ဆိုသည့် အတိုင်း ၎င်းအချိန်က “ဒီမိုကရေစီက နုနု၊ မုန်တိုင်းက ထန်ထန်” ဖြစ်ပေါ်နေသည့် ကာလဖြစ်ကြောင်း။
မိမိတို့အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံတော်ကို တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်သဖြင့် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီ စနစ်ကိုမဖြစ်မနေလျှောက်လှမ်းရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့မူလရည်ရွယ်ချက် တွင်ပါသည့် အတိုင်း ရွေးကောက်ပွဲကျင်းပပြုလုပ်ရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲပြု လုပ်ရာတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ဆောင်ရွက်နိုင်မည်ဆိုပါက အကောင်းဆုံး ဖြစ်ကြောင်း၊ သို့သော် ၂၀၁၀ ပြည့်နှစ်၊ ၂၀၁၅ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမို ကရေစီအထွေထွေရွေး ကောက်ပွဲများတွင်လည်း ရာနှုန်းပြည့် ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိသကဲ့သို့ ဖဆပလခေတ်တွင်လည်း အခက်အခဲများကြားမှ ဆောင်ရွက်ခဲ့ရခြင်းဖြစ် ကြောင်း၊ရွေးကောက်ပွဲကျင်းပရာတွင် တရားမျှတသည့်ရွေးကောက်ပွဲ၊ အောင်မြင်သည့် ရွေးကောက်ပွဲဖြစ်ရန်လိုကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပုဒ်မ ၈၅ ၊ ပုဒ်မ ၁၂၈ ၊ ပုဒ်မ ၁၅၅ တို့တွင် လွှတ်တော်ခေါ်ရာ၌ အထမြောက်သည့် အပိုင်းများကိုထည့်သွင်း ရေးသားထားကြောင်း၊ ဥပဒေများအား ချိန်ထိုးကြည့်ရာတွင် ရွေးကောက်ပွဲကို အထမြောက်အောင်ဆောင် ရွက်နိုင်သည်ကိုတွေ့ရကြောင်း၊ ရွေးကောက်ပွဲကျင်းပ၍ ရွေးကောက်ခံအစိုးရဖြင့် နိုင်ငံ့အရေးဆောင်ရွက်ခြင်းသည် နိုင်ငံအတွက်အကောင်းဆုံး ပင်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကျင်းပရန်အတွက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အဆုံးအဖြတ်ဖြင့် ဆောင်ရွက်နိုင်သည်ကို ဖွဲ့စည်းပုံအခြေခံ ဥပဒေ တွင်ပြဋ္ဌာန်းထားကြောင်း။
မိမိတို့အနေဖြင့် နိုင်ငံရေးအရ တာဝန်ယူဆောင်ရွက်ရာတွင် ဥပဒေပြုရေး အာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာ များကိုခွဲဝေဆောင်ရွက်လျက်ရှိ ကြောင်း၊ အုပ်ချုပ်ရေးနှင့်ပတ်သက်၍ ရပ်ကွက်ကျေးရွာအဆင့်မှစ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်အထိ ပေးအပ်ထားခြင်းဖြစ်ကြောင်း၊အစိုးရအဖွဲ့အနေဖြင့် ပြည်ထောင် စုအဆင့်ဖွဲ့စည်းပုံ အခြေခံဥပဒေမှချမှတ်ထားသည့် မူဝါဒများနှင့်အညီဆောင်ရွက် နေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများအလိုက် အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် အရည် အချင်းပြည့်ဝနေရန်လိုကြောင်း၊ အုပ်ချုပ်ရေးတာဝန်ယူထားသူများနှင့် နိုင်ငံ့ဝန်ထမ်း များအနေဖြင့် ပါတီနိုင်ငံရေးကင်းရှင်းနေရန်လိုကြောင်း၊ ထို့ကြောင့် အုပ်ချုပ်သူများ အနေဖြင့် အရည်အချင်း ပြည့်ဝရန်လိုအပ်သကဲ့သို့အုပ်ချုပ်မှုအတတ်ပညာ၊ ဥပဒေနှင့် ဒေသဖွံ့ဖြိုးရေးအမြင်များ ရှိရန်လိုကြောင်း။
ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးမဖြစ်မနေဖော်ဆောင်ပေးရမည်
ထိုသို့ဆောင်ရွက်နိုင်ရေးအတွက် ပညာတတ် လူသားအရင်းအမြစ်ကောင်းများ ကို မဖြစ်မနေ ဖော်ဆောင် ပေးရမည်ဖြစ်ပြီး စီးပွားရေးအားကောင်းအောင် ဆောင်ရွက် ရန်လည်း လိုအပ်မည် ဖြစ်ကြောင်း၊ ပညာတတ်များရှိမှသာလျင် နိုင်ငံ့အနာဂတ်အတွက် စိတ်ချရမည်ကို အမြဲတမ်းခံယူထားရန်လိုအပ်မည်ဟု ပြောလိုကြောင်း၊ မိမိတို့နိုင်ငံတွင် ပညာရေးနှင့် ပတ်သက်၍ လွတ်လပ်ရေးမရမီကတည်းကပင် အားနည်းချက်များရှိခဲ့ ကြောင်း၊ နိုင်ငံ၏ သမိုင်းကြောင်းအထောက်အထားများကို လေ့လာကြည့်မည်ဆိုပါက သိရှိနိုင်မည်ဖြစ် ပါကြောင်း၊ ရှေးဘုရင်များလက်ထက်ကဥရောပနိုင်ငံများသို့ ပညာတော် သင်များစေ လွှတ်ခဲ့သည့် သမိုင်းမှတ်တမ်းများလည်းရှိခဲ့ကြောင်း၊ မိမိတို့အနေဖြင့် ရှေးဘုရင်များ ခေတ်က နိုင်ငံတော်၌ကျင့်သုံးခဲ့သည့်ပညာရေးစနစ်များနှင့် ခေတ် အဆက်ဆက်၌ ကျင့်သုံးခဲ့သည့် ပညာရေးစနစ်များကို ပြန်လည်လေ့လာသုံးသပ်ရန် လိုအပ်မည်ဖြစ် ကြောင်း၊ ပညာရေး အားနည်းမှုများနှင့်ပတ်သက်ပါက ပြုပြင်ပြောင်းလဲ မှုများစွာ ဆောင်ရွက်၍ မြှင့်တင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်တာဝန်များကို ထမ်းဆောင်နေချိန် အတွင်း ပညာရေးနှင့်ပတ်သက်၍ များစွာမြှင့်တင်ဆောင်ရွက်ပေးခဲ့ကြောင်း၊ ပညာရေး ညီလာခံ များလုပ်ဆောင်ရာ၌ အကြောင်းအရာဖော်ထုတ်ချက်များအပြင် ပညာရေးနှင့် ပတ်သက် ၍ မည်ကဲ့သို့မြှင့်တင်ဆောင်ရွက်မည်ကို လက်တွေ့ကျကျ ဆုံးဖြတ်ဆောင် ရွက်ရန်လို ကြောင်း၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲဝင်ရောက်ဖြေဆိုခဲ့ပြီး အောင်မြင်မှုမရှိ ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း နိုင်ငံတော်အတွက် မည်ကဲ့သို့ အသုံးချ နိုင်မည်ကို စဉ်းစားဆောင်ရွက်ရန်လိုကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် တာဝန်ရှိ သူများ၊ ပညာရှင်များနှင့်တိုင်ပင်၍ သက်ဆိုင်ရာပညာရပ်များအလိုက် လုပ်ငန်းခွင် ဝင်ရောက်နိုင် သည့် Polytechnic နည်းပညာများကိုသင်ကြားနိုင်ရေး စီစဉ်ဆောင်ရွက် ခဲ့ခြင်းဖြစ် ကြောင်း၊ ကွန်ပြူတာနှင့်နည်းပညာကို ပေါင်းစပ်ထားသည့် Polytechnic University များကိုဖွင့်လှစ်ဆောင်ရွက်ခဲ့ရာတွင် အောင်မြင်မှုရှိခဲ့ပြီး အကျိုးရလာဒ်များ ကို တွေ့မြင်ခဲ့ရကြောင်း၊ မိမိတို့အနေဖြင့် ပညာရေးနှင့်ပတ်သက်ပါကရေရှည်အနာဂတ် အကျိုးကိုကြည့်၍ စီမံဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း၊ အများစုအနေဖြင့် အလယ်တန်းအဆင့်တွင်ပင် ပညာရေးဆုံးခန်းတိုင်မှုများလည်းရှိနေကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုပညာသင်အထက်တန်းကျောင်းများကို ဖွင့်လှစ်နိုင် ရေးဆောင်ရွက်ခဲ့ပြီးအောင်မြင်မှုများ အထိုက်အလျောက်ရရှိခဲ့ကြောင်း၊ မိမိတို့နိုင်ငံ အနေဖြင့် စိုက်ပျိုးမွေးမြူရေးနယ်ပယ်နှင့် စက်မှုနယ်ပယ်တို့တွင် ကျွမ်းကျင်သူများ မွေးထုတ်ပေးနိုင်ရန်လို အပ်မည်ဖြစ်ကြောင်း။
မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးဖြစ်ပေါ်ခဲ့ချိန်တွင် တက္ကသိုလ်ဝင် စာမေးပွဲအဖြေလွှာအချို့ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသည့်အတွက်စာမေးပွဲ ပြန်လည်ဖြေ ဆိုရန် စီစဉ်ဆောင်ရွက်ခဲ့ရကြောင်း၊ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးခဲ့ရခြင်း ဖြစ်သည့်အတွက် ပြန်လည်ဖြေဆိုမှု မဆောင်ရွက်စေဘဲ ဖြေလျော့မှုဖြင့် စာမေးပွဲ အအောင်ပေးရန် ပြောဆိုမှုများရှိကြောင်း၊ သို့သော် သိက္ခာရှိသည့်အောင်မြင် မှုမျိုးနှင့် နိုင်ငံတကာစံချိန်စံနှုန်များအရ စာမေးပွဲပြန်လည်ဖြေဆိုရန် မိမိတို့အနေဖြင့် ဆုံးဖြတ်ခဲ့ ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်မှလည်း စာမေးပွဲပြန်လည်ဖြေ ဆိုရမည့်ဒေသ များ၌ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမ များအတွက် အဆင်ပြေ ချောမွေ့မှုရှိ စေရေး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း။
ကျောင်းများပြန်လည်ဖွင့်လှစ်ရေးနှင့်ပတ်သက်၍ မေလ ၂၂ ရက်နေ့ဆိုပါက ကျောင်း အပ်နှံ ရေး ရက်သတ္တပတ်စတင်ပြီဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက် ဝန်ကြီးချုပ်များ၊ တာဝန်ရှိသူများအနေဖြင့် မိမိတို့ဒေသအလိုက် ကျောင်းများ အားလုံးဖွင့်လှစ်နိုင်ရေး ကြိုးစားဆောင်ရွက်သွားရန်လိုအပ်မည်ဖြစ်ပြီး အကြမ်းဖက် သမားများအနေဖြင့် ပညာရေးနှင့်ပတ်သက်၍ နှောင့်ယှက်မှုများမဖြစ်ပေါ်စေရေး နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း၊ ပညာရေးကဏ္ဍကို နှောင့်ယှက် ဖျက်ဆီးနေမည်ဆိုပါက ထိုသို့ဆောင်ရွက်နေသည့်နေရာဒေသများသည် အခြားဒေသ များ၏နောက်တွင် ကျန်နေခဲ့မည်ဖြစ်ကြောင်း၊ အကြမ်းဖက်သမားများအနေဖြင့်လည်း ၎င်းကဲ့သို့ ပညာရေးကဏ္ဍကို နှောင့်ယှက်ဖျက်ဆီးနေခြင်းသည် မိမိတို့အနာဂတ်ကို မိမိတို့ဖျက်ဆီးနေသည်ကို အသိရှိရန်လိုကြောင်း။
ကျန်းမာရေးကဏ္ဍအားပေးမြှင့်တင်
ကျန်းမာရေးကဏ္ဍနှင့်ပတ်သက်၍လည်း မိမိတို့အနေဖြင့် အားနည်းချက်များ ရှိနေဆဲဖြစ်ကြောင်း၊ နေ့စဉ်လူမှုဘဝလှုပ်ရှားမှုများ၌ ကျန်းမာရေးနှင့်ညီညွတ်မျှတ သည့် နေထိုင်သွားလာလှုပ်ရှားမှုများမရှိသည်ကို တွေ့မြင်ရပြီး ကျန်းမာရေးအသိ အမြင်များ အားနည်းမှုများရှိနေဆဲဖြစ်ကြောင်း၊ အချို့သောဒေသများ၌ အကြမ်းဖက်မှု များနှင့် ပဋိပက္ခများကြောင့် ကျန်းမာရေးအရအားနည်းချက်များရှိနေဆဲဖြစ်ကြောင်း၊ ကျန်းမာရေးနှင့်ပတ်သက်ပါက ကျန်းမာရေးဝန်ထမ်းများအပြင် ကျန်းမာရေးနှင့် နှီးနွယ်သည့်သူများ၊ ပြည်သူများအားလုံး အတူတကွ ဆောင်ရွက်ရန်လိုအပ်မည်ဖြစ် ကြောင်း၊ မိမိအနေဖြင့် “ကျန်းမာမှ အလုပ်လုပ် နိုင်မည်၊ ကျန်းမာမှ ပညာသင်ကြား နိုင်မည်”၊ “လူ့အသက်ထက်အရေးကြီးသည်မှာ ဘာမျှမရှိ”၊ “ဆေးရုံတိုင်း ဆရာဝန် ရှိရမည်” စသည့်မူဝါဒများချမှတ်၍ ကျန်းမာရေးနှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာ ရေးဝန်ထမ်းများ ဖြည့်ဆည်းပေးခြင်း၊ အထောက်အကူပြုပစ္စည်းများဖြည့်ဆည်း ပေးခြင်းတို့ဖြင့် အားပေးမြှင့်တင်ပေးလျက်ရှိကြောင်း၊ မိမိတို့ စတင်တာဝန်ယူခဲ့စဉ် နိုင်ငံ့ဝန်ထမ်းအချို့အနေဖြင့် လုပ်ငန်းခွင်စွန့်ခွာမှုများရှိခဲ့ပြီး ကျန်းမာရေးဝန်ထမ်း အများစုလည်း ပါဝင်ခဲ့ကြောင်း၊ ကိုဗစ် – ၁၉ ဖြစ်ပွားနေစဉ်ကာလနှင့် နိုင်ငံရေး ပဋိပက္ခ များဖြစ်ပေါ်နေစဉ်ကာလဖြစ်သဖြင့် ယင်းအကြပ်အတည်းကို မိမိတို့အနေဖြင့် ရှိသည့်အင်အားများကိုစုစည်း၍ ကြိုးပမ်းဆောင်ရွက်ကာ ကျော်လွှားခဲ့ရကြောင်း၊ တပ်မတော်သား ဆရာဝန်၊ ဆေးမှူးများကိုလည်း နိုင်ငံအနှံ့သို့စေလွှတ်၍ ဆေးဝါး ကုသမှုများဆောင်ရွက် ပေးခဲ့ရကြောင်း၊ အရေးကြီးသည်မှာ ပြည်သူများ၏ ကျန်းမာ ရေးကိစ္စများ အဆင်ပြေစေရန်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ကျန်းမာရေးနှင့်ပတ်သက် ၍ များစွာဖြည့်ဆည်းဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ဆေးရုံအဆောက်အဦ များ၊ မြေနေရာများနှင့်ပတ်သက်၍လည်း လိုအပ်သည်များဖြည့်ဆည်းပေးနိုင်ရေး စီမံဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ပညာရေး၊ ကျန်းမာရေး တို့နှင့်ပတ်သက်ပါက လိုအပ်သည်များကို ဖြည့်ဆည်း မြှင့်တင်ပေးသွားရန် မဖြစ်မနေ လိုအပ်မည်ဖြစ်သဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်မှ တာဝန်ရှိသူများအနေဖြင့်လည်း ဝိုင်းဝန်းဆောင်ရွက်သွား ကြရန်လိုအပ်မည် ဖြစ်ကြောင်း။
သဘာဝဘေးအန္တရာယ်ကာကွယ်ရေးကြိုတင်ပြင်ဆင်ထားရှိရန်လို
သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ မိမိတို့နိုင်ငံအနေဖြင့် သဘာဝဘေးဒဏ် ကို များစွာကြုံတွေ့ခဲ့ရကြောင်း၊ ကပ်ရောဂါကြုံတွေ့ရမှု၊ ရာသီဥတုဖောက်ပြန်မှု၊ ပဋိပက္ခများကြုံတွေ့ရမှု၊ ငလျင်ဘေးဒဏ်ကြုံတွေ့ရမှု စသည်တို့ဖြင့် နိုင်ငံတော်အနေ ဖြင့် ဆုံးရှုံးခဲ့ရမှုများစွာဖြစ်ပေါ်ခဲ့ရသကဲ့သို့ ပြည်သူများအနေဖြင့်လည်း တစ်ဦးချင်း ထိခိုက်နစ်နာဆုံးရှုံးခဲ့ရမှုများရှိကြောင်း၊၂၀၂၃ ခုနှစ်တွင်ရခိုင်ပြည်နယ်၌ မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုအနေဖြင့် ငွေကျပ် ၅၃၄ ဒသမ ၁၄၆ ဘီလီယံဖိုး ဆုံးရှုံးခဲ့ရပြီး နိုင်ငံတော်အစိုးရဘက်ဂျက်မှ ငွေကျပ် ၇၃ ဒသမ ၇၉၇ ဘီလီယံကျော်ဖိုး ပြန်လည်ပြုပြင်ထောက်ပံ့ပေးခဲ့ကြောင်း၊ ပြည်သူတို့၏ ကုန်ကျမှုများ မပါရှိသေးဘဲ နိုင်ငံတော်မှ ကုန်ကျမှုသီးသန့်ပင်ဖြစ်ကြောင်း၊ ထို့အတူ ၂၀၂၄ ခုနှစ်တွင် ရာဂီမုန်တိုင်းကြောင့်ဖြစ်ပေါ်ခဲ့သည့် မိုးသည်းထန် စွာရွာသွန်းခဲ့မှုကြောင့် ငွေကျပ် ၄၆၆ ဒသမ ၂၃၁ ဘီလီယံကျော်ဆုံးရှုံးခဲ့ရပြီး ပြန်လည်တည်ဆောက် ရေးလုပ်ငန်းများဆောင် ရွက်ရန်အတွက် ငွေကျပ် ၅၄ ဒသမ ၈၀၇ ဘီလီယံထောက်ပံ့ပေးခဲ့ရ ကြောင်း၊ မတ်လ ၂၈ ရက်တွင်ဖြစ်ပေါ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးခဲ့ရ မှုအနေဖြင့် ငွေကျပ် ၃၆၂၉ ဒသမ ၂၈၈ ဘီလီယံရှိခဲ့ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်နေဆဲဖြစ်ကြောင်း၊ ယင်းဖြစ်ရပ်များ ကြုံတွေ့ခဲ့ရခြင်းမရှိပါက မိမိတို့အနေ ဖြင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ယခုထက်ပိုမိုဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ သဘာဝဘေးဒဏ်များအပြင် အကြမ်းဖက်သမားများ၏ အဖျက်အမှောင့်လုပ်ရပ်များ ကြောင့် ထိခိုက်သေဆုံးခဲ့ရမှုများ၊ နိုင်ငံပိုင်လမ်းတံတားအဆောက်အဦများ၊ ပြည်သူတို့ ၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးခဲ့ရမှုများ များစွာရှိခဲ့ကြောင်း၊ ယင်းတို့ သည် တိုင်းပြည်အတွက် အရှုံးများပင်ဖြစ်ကြောင်း၊ ထို့ကြောင့် သဘာဝဘေးကြောင့် ထိခိုက်ပျက်စီးမှုများ အနည်းဆုံးဖြစ်စေရေးကြိုတင်ပြင်ဆင်မှုကောင်းစွာဖြင့် ကာကွယ် နိုင်ရန်လိုကြောင်း၊ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားမှုများကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု များသည်လည်း ကြီးမားသည်ဖြစ်သည့်အတွက် ငြိမ်းချမ်းမှုရရှိအောင် ဆောင်ရွက်သွား ကြရန်လိုအပ်မည်ဖြစ်ကြောင်း။
စီးပွားရေးနှင့်ပတ်သက်၍ နိုင်ငံတစ်ခုတိုးတက်ရန်အတွက် စီးပွားရေးအရအား ကောင်းရန် လိုအပ်မည်ဖြစ်ကြောင်း၊ စီးပွားရေးအားကောင်းအောင်ဆောင်ရွက်ရန် အတွက် အစိုးရတစ်ရပ်အနေဖြင့် တာဝန်ရှိကြောင်း၊ နိုင်ငံ၏ GDP သည် အိမ်နီးချင်း နိုင်ငံများထက် လျော့နည်းလျက်ရှိသဖြင့် မိမိတို့အနေဖြင့် ယခုထက်ပိုမိုကြိုးပမ်း ဆောင်ရွက်သွားရဦးမည်ဖြစ်ကြောင်း၊ အစိုးရအနေဖြင့်မူဝါဒကိုသာ ချမှတ်ပေးမည် ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အောင်မြင်အောင် အကောင်အထည် ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အလုပ်လုပ်နိုင်အောင်ဖန်တီးပေးရန်နှင့် တိုက်တွန်း ပေးရန်မှာ အစိုးရတွင်တာဝန်ရှိပြီး မိမိတို့အနေဖြင့် ချေးငွေများထုတ်ပေးခြင်း၊ လိုအပ် သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သို့သော်လည်း တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက်လုပ်ငန်းများ ထိုက်သင့် သလောက်အောင်မြင်မှုမရှိခဲ့ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများတွင် ပန်းတိုင်ရည်မှန်း ချက်ပြည့်မီမှုမရှိသေးသည်ကို တွေ့ရကြောင်း၊ ဆီထွက်သီးနှံနှင့် ပတ်သက်၍လည်း အထွက်နှုန်းအားနည်းနေဆဲဖြစ်ပြီး ပြည်ပမှတင်သွင်းနေရဆဲပင်ဖြစ်ကြောင်း၊ စိုက်ပျိုး သီးနှံများ ပန်းတိုင်ရည်မှန်းချက်မပြည့်မီခြင်းကြောင့် နိုင်ငံ့ဝင်ငွေ အမေရိကန်ဒေါ်လာ ၈ ဘီလီယံကျော်ခန့်လျော့နည်းခဲ့သည်ကို တွက်ချက်မှုများအရတွေ့ရှိရကြောင်း၊ သီးထပ် စွမ်းအားများ ရာနှုန်းပြည့်ပြည့်မီအောင် ဆောင်ရွက်နိုင်မည်ဆိုပါကလည်း အမေရိကန် ဒေါ်လာ ၁၄ ဘီလီယံခန့် ဝင်ငွေပိုမိုရရှိလာမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ရေခံ မြေခံကောင်းများနှင့် လုပ်အားအရင်းအမြစ်များရှိပြီးဖြစ်သော်လည်း အမှန်တကယ် အလုပ်လုပ်ခြင်းမရှိသဖြင့်ဝင်ငွေ နည်းရခြင်းဖြစ်ကြောင်း၊ ငွေကြေးဈေးနှုန်းများ မတည် မငြိမ်ဖြစ်ရခြင်းနှင့် ပတ်သက်၍လည်း အချက်တစ်ချက်အနေဖြင့် စဉ်းစားရန်လိုအပ် မည်ဖြစ်ကြောင်း၊ နိုင်ငံ၏ဝင်ငွေတိုးတက်အောင် ကုန်ထုတ်လုပ်မှုကိုတိုးမြှင့် ဆောင် ရွက်နိုင်မည်ဆိုပါက ငွေကြေးဈေးနှုန်းများ တက်လာမည်မဟုတ်သကဲ့သို့ ကုန်ဈေး နှုန်းများလည်းတိုးမြှင့်လာမည်မဟုတ်သဖြင့် မိမိတို့အနေဖြင့် အလုပ်ကိုအမှန်တကယ် လုပ်ကြရန်နှင့် နိုင်ငံ့စီးပွားရေးကိုမြှင့်တင်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ကုန်ဈေးနှုန်းကြီး မြင့်ရခြင်းနှင့် ပတ်သက်၍အဖြေရှာရန်လိုပြီး ထုတ်လုပ်မှုကုန်ကျစရိတ်မြင့်မားခြင်း၊ ဝယ်လိုအားနှင့်ရောင်းလိုအား မမျှတခြင်းတို့ကိုဖြေရှင်းနိုင် ရေးဆောင်ရွက်သွားရန် လိုကြောင်း၊ ထို့ကြောင့် ထုတ်လုပ်မှုတိုးမြှင့်အောင် မိမိတို့အနေဖြင့် ကြိုးပမ်းဆောင် ရွက်သွားရန်လိုအပ်မည်ဖြစ်ကြောင်း။
လျှပ်စစ်စွမ်းအား လုံလောက်စွာရရှိရေးနှင့် လမ်းပန်းဆက်သွယ်မှုတိုးတက် ကောင်းမွန်စေရေး
လျှပ်စစ်စွမ်းအင်ကဏ္ဍနှင့်ပတ်သက်၍ မိမိတို့အနေဖြင့်လိုအပ်ချက်ရှိခဲ့ပြီး အချိန် တိုအတွင်းလျှပ်စစ်ရရှိနိုင်ရန် ဆိုလာစွမ်းအင်ဖြင့် ဖြေရှင်းဆောင်ရွက်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်ခဲ့ကြောင်း၊ အကြမ်းဖက်သမားများအနေဖြင့် လျှပ်စစ်ဓာတ်အားများ ထုတ် လုပ်၍ မရနိုင်စေရေး စက်ရုံ၊ အလုပ်ရုံများ၊ ဓာတ်အားပေးတိုင်များအား ဖျက်ဆီးခြင်း၊ နှောင့်ယှက်ခြင်း၊ ခြိမ်းခြောက်ခြင်းများကိုဆောင်ရွက်လျက်ရှိသော်လည်း လျှပ်စစ်စွမ်း အားဝန်ကြီးဌာနမှဝန်ထမ်းများအနေဖြင့် ကြိုးပမ်းဆောင်ရွက်၍ လျှပ်စစ်စွမ်းအားပေး နိုင်ရေးအစွမ်းကုန်ဆောင်ရွက်လျက်ရှိသဖြင့် မိမိအနေဖြင့် အသိအမှတ်ပြု ကျေးဇူးတင် ရှိကြောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနအနေဖြင့်လည်း အကြမ်းဖက် သမားများ၏ လမ်းတံတားဖောက်ခွဲဖျက်ဆီးမှုများကို ရက်ပိုင်းအတွင်း နာရီပိုင်း အတွင်း ပြန်လည်ကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရ ကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့်လည်း ထိခိုက်ပျက်စီးခဲ့ရသည့် လမ်း၊ တံတားများကို အမြန်ဆုံးကောင်းမွန်အောင် ဆောင်ရွက်ပေးလျက်ရှိသည်ကို တွေ့ရှိရ ကြောင်း၊ ပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှုမရှိပါက စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုရရှိအောင် ဆောင်ရွက်ရန်အခက်အခဲများစွာရှိမည်ဖြစ်ပြီး ပြည်သူတို့၏ လူမှုစီးပွားဘဝများ ထိခိုက်စေနိုင်မည်ဖြစ်သဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ကြိုးပမ်း ဆောင်ရွက်မှုများကို အသိအမှတ်ပြုကြောင်း၊ မိမိတို့အစိုးရအနေဖြင့် ပြည်သူ လူထုကယုံကြည်မှုရှိပြီး အားကိုးရသည့်အစိုးရတစ်ရပ်ဖြစ်အောင် ကြိုးပမ်းဆောင်ရွက် သွားရန် လိုကြောင်း၊ သမိုင်းကြောင်းကောင်းကိုရေးထိုးနိုင်ရန်လိုကြောင်းဖြင့် ဆွေးနွေး ပြောကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် များက ဒေသအလိုက် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဒေသဆိုင်ရာအချက် အလက်အကျဉ်းချုပ်၊ ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်လျက်ရှိမှု အခြေ အနေများ၊ အုပ်ချုပ်ရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍဆိုင်ရာများတွင် လုပ်ငန်းဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ အထွေထွေတင်ပြချက်များနှင့် စပ်လျဉ်း ၍ အသီးသီးဆွေးနွေးတင်ပြခဲ့ပြီး ညှိနှိုင်းအစည်းအဝေးပထမနေ့ကို ညနေပိုင်းတွင် ရပ်နားခဲ့သည်။