တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်နိုင်ငံသံ အမတ်ကြီး H.E. Mr. Christian Lechervy အားလက်ခံတွေ့ဆုံ

ေနျပည္ေတာ္၊ ဒီဇင္ဘာ ၁၈

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ သည္ ျမန္မာႏုိင္ငံဆုိင္ရာျပင္သစ္ႏုိင္ငံ သံအမတ္ႀကီး H.E. Mr. Christian Lechervy အား ယေန႔နံနက္ပုိင္းတြင္ ရန္ကုန္ၿမိဳ႕၊ ကုန္းျမင့္သာရွိ ေဇယ်ာ သီရိဗိမာန္၌ လက္ခံေတြ႕ဆံုသည္။

အဆုိပါေတြ႕ဆံုပြဲသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး(ၾကည္း)မွ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး စုိးထြဋ္ႏွင့္တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ ၾကၿပီး ျမန္မာႏုိင္ငံဆုိင္ရာ ျပင္သစ္ႏုိင္ငံသံအမတ္ႀကီးႏွင့္အတူ ျပင္သစ္ႏုိင္ငံေအာက္လႊတ္ေတာ္ အမတ္မ်ား၊ ျမန္မာႏုိင္ငံဆုိင္ရာ ျပင္သစ္ ႏုိင္ငံစစ္သံမွဴး Lt. Col. Nadia PIERCYႏွင့္ တာ၀န္ရွိသူမ်ား တက္ေရာက္ၾကသည္။

ထိုသို႔ေတြ႕ဆံုရာတြင္ အာဆီယံအဖြဲ႕ႏွင့္ ျပင္သစ္ႏုိင္ငံ ပူးေပါင္းေဆာင္ရြက္ႏုိင္မည့္ အေျခအေနမ်ား၊ အာဆီယံ အဖြဲ႕ႏွင့္ BIMSTEC အဖြဲ႕တြင္ ျမန္မာႏုိင္ငံမွအဖြဲ႕၀င္ႏုိင္ငံအျဖစ္ ပါ၀င္ေဆာင္ရြက္ေနမႈအေျခအေနမ်ား၊ ျမန္မာႏုိင္ငံတြင္ျပည္သူမ်ားမွ ေရြးခ်ယ္သည့္ ပါတီစုံဒီမုိကေရစီ လမ္းေၾကာင္းေပၚ၌ ေလွ်ာက္လွမ္းရာတြင္ ခုိင္မာမႈရွိေစရန္အတြက္ တပ္မေတာ္မွေဆာင္ရြက္ေနမႈႏွင့္ ျပည္တြင္းၿငိမ္းခ်မ္းေရးရရွိရန္ ႀကိဳးပမ္းေဆာင္ရြက္ ေနမႈ အေျခအေနမ်ား၊ ကာကြယ္ေရးဆုိင္ရာကိစၥရပ္အေျခအေနမ်ား၊ ျမန္မာႏုိင္ငံႏွင့္ ျပင္သစ္ႏုိင္ငံ စစ္ဘက္ဆုိင္ရာဆက္ဆံေရး၊ ကာကြယ္ေရးဆုိင္ရာပူးေပါင္းေဆာင္ရြက္ေရး၊ အၾကမ္းဖက္မႈ တုိက္ဖ်က္ေရး အတြက္ သတင္းဖလွယ္ေရးတုိ႔တြင္ ပူးေပါင္းေဆာင္ရြက္ ႏုိင္မည့္အေျခအေနမ်ား၊ ျမန္မာႏုိင္ငံတြင္ရင္းႏွီး ျမႇဳပ္ႏွံမႈျပဳလုပ္ႏုိင္သည့္ အလားအလာႏွင့္ အခြင့္အလမ္းေကာင္းမ်ားရွိေနသည့္ အေျခအေနမ်ား၊ ျမန္မာႏုိင္ငံ တြင္လာေရာက္ ေနထုိင္၍ လုပ္ငန္းမ်ားေဆာင္ရြက္လ်က္ရွိသည့္ ျပင္သစ္ႏုိင္ငံသားမ်ားအား ဥပေဒႏွင့္အညီ ကာကြယ္ေစာင့္ေရွာက္ေပးလ်က္ရွိသည့္အေျခအေနမ်ား၊ သဘာ၀ပတ္၀န္းက်င္ႏွင့္ ဇီ၀ပတ္၀န္းက်င္ထိန္းသိမ္း ေရး၊ ရာသီဥတုေျပာင္းလဲမႈဆုိင္ရာအေျခအေနမ်ား၊ ျမန္မာႏုိင္ငံတြင္ က်န္းမာေရးႏွင့္ပညာေရး ဖြံ႕ၿဖိဳးတုိးတက္မႈ ဆုိင္ရာအေျခအေနမ်ားအား က်ယ္က်ယ္ျပန္႔ျပန္႔ ရင္းရင္းႏွီးႏွီးေဆြးေႏြးခဲ့ၾကသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ျမန္မာႏုိင္ငံဆုိင္ရာျပင္သစ္ ႏုိင္ငံသံအမတ္ႀကီးတုိ႔သည္ အမွတ္တရလက္ေဆာင္ပစၥည္းအျပန္အလွန္ေပးအပ္ၿပီး တက္ေရာက္လာၾကသူမ်ားႏွင့္အတူ စုေပါင္းဓာတ္ပုံ႐ုိက္ခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်နိုင်ငံသံ အမတ်ကြီး H.E. Mr. Christian Lechervy အားလက်ခံတွေ့ဆုံ

နေပြည်တော်၊ ဒီဇင်ဘာ ၁၈

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် မြန်မာနိုင်ငံဆိုင်ရာပြင်သစ်နိုင်ငံ သံအမတ်ကြီး H.E. Mr. Christian Lechervy အား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ကုန်းမြင့်သာရှိ ဇေယျာ သီရိဗိမာန်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့်တပ်မတော်အရာရှိကြီးများ တက်ရောက် ကြပြီး မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်နိုင်ငံသံအမတ်ကြီးနှင့်အတူ ပြင်သစ်နိုင်ငံအောက်လွှတ်တော် အမတ်များ၊ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ် နိုင်ငံစစ်သံမှူး Lt. Col. Nadia PIERCYနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် အာဆီယံအဖွဲ့နှင့် ပြင်သစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ အာဆီယံ အဖွဲ့နှင့် BIMSTEC အဖွဲ့တွင် မြန်မာနိုင်ငံမှအဖွဲ့ဝင်နိုင်ငံအဖြစ် ပါ၀င်ဆောင်ရွက်နေမှုအခြေအနေများ၊ မြန်မာနိုင်ငံတွင်ပြည်သူများမှ ရွေးချယ်သည့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်၌ လျှောက်လှမ်းရာတွင် ခိုင်မာမှုရှိစေရန်အတွက် တပ်မတော်မှဆောင်ရွက်နေမှုနှင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းဆောင်ရွက် နေမှု အခြေအနေများ၊ ကာကွယ်ရေးဆိုင်ရာကိစ္စရပ်အခြေအနေများ၊ မြန်မာနိုင်ငံနှင့် ပြင်သစ်နိုင်ငံ စစ်ဘက်ဆိုင်ရာဆက်ဆံရေး၊ ကာကွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး အတွက် သတင်းဖလှယ်ရေးတို့တွင် ပူးပေါင်းဆောင်ရွက် နိုင်မည့်အခြေအနေများ၊ မြန်မာနိုင်ငံတွင်ရင်းနှီး မြှုပ်နှံမှုပြုလုပ်နိုင်သည့် အလားအလာနှင့် အခွင့်အလမ်းကောင်းများရှိနေသည့် အခြေအနေများ၊ မြန်မာနိုင်ငံ တွင်လာရောက် နေထိုင်၍ လုပ်ငန်းများဆောင်ရွက်လျက်ရှိသည့် ပြင်သစ်နိုင်ငံသားများအား ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ပေးလျက်ရှိသည့်အခြေအနေများ၊ သဘာဝပတ်ဝန်းကျင်နှင့် ဇီဝပတ်ဝန်းကျင်ထိန်းသိမ်း ရေး၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာအခြေအနေများ၊ မြန်မာနိုင်ငံတွင် ကျန်းမာရေးနှင့်ပညာရေး ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာအခြေအနေများအား ကျယ်ကျယ်ပြန့်ပြန့် ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာပြင်သစ် နိုင်ငံသံအမတ်ကြီးတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းအပြန်အလှန်ပေးအပ်ပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။