နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ ကျိုင်းတုံမြို့ သက်တော်ရှည် ကျိုင်းယင်းဆရာတော်ကြီးအား သွားရောက်ဖူးမြော် ကြည်ညို၊ လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်း

နေပြည်တော် မေ  ၂၃

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သည် ယနေ့ညနေပိုင်းတွင်ဇနီးဒေါ်ကြူကြူလှ၊ခရီးစဉ်တွင်လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ် ဝန်ကြီး ချုပ်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်တာဝန်ရှိသူများလိုက်ပါ၍ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ကျိုင်းတုံမြို့သက်တော်ရှည် ကျိုင်းယင်းကျောင်းတိုက်ဦးစီးပဓာနနာယကဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ခေမာစာရအား သွားရောက်ဖူးမြော်ကြည်ညိုသည်။

ဦးစွာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့သည်  ဆရာတော်ကြီး အား ဖူးမြော်ကြည်ညိုပြီး သာသနာရေးဆိုင်ရာများနှင့် ဆရာတော်ကြီး၏ ကျန်းမာရေးအခြေအနေများ ကို မေးမြန်းလျှောက်ထားသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့က နဝကမ္မအလှူငွေများ၊ စုပေါင်းအလှူတော်ငွေများ၊ လှူဖွယ်ဝတ္ထုပစ္စည်းများကို  ဆက်ကပ်လှူဒါန်းရာဆရာတော်ကြီးက သက်တော်(၁၀၀)ပြည့်အထိမ်းအမှတ် ဓမ္မလက်ဆောင်များ ပြန်လည်ပေးအပ်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ကျိုင်းတုံမြို့၊ နောင်တုံ ကန် ထိန်းသိမ်းထားရှိမှုအခြေအနေများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ ကန်ပေါင်ပတ်လည် တစ်လျှောက်အားကစားဆောင်ရွက်နေမှုများအား မော်တော်ယာဉ်များဖြင့်လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။