ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ နဝမအကြိမ် မဟာဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနားကျင်းပ

နေပြည်တော်၊ အောက်တိုဘာ – ၂၈

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများ၏ နဝမအကြိမ် မဟာဘုံကထိန် အလှူတော် မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ အနော်ရထာခန်းမ၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်၍ ကထိန်လျာ သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါစရိယဆရာတော်ကြီးများ ဖြစ်ကြသော မန္တလေးမြို့၊ မဟာဝိဇိတာရုံကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဝိစာရိန္ဒာဘိဝံသနှင့် ပျဉ်းမနားမြို့၊ မဟာဝိသုတာရာမ ဈေးကုန်းကျောင်းတိုက် ပဓာနနာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တကဝိသာရ အမှူးပြုသော သံဃာတော် ၇၂ ပါး ကြွရောက်ချီးမြှင့်တော်မူကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဇနီးနှင့်ဧည့်ပရိသတ်များသည် ဘုန်းတော်ကြီးကျောင်း အသီးသီးသို့ လှူဒါန်းရန်ခင်းကျင်းထားသော ကထိန်လျာသင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် ပဒေသာပင်များအား လှည့်လည်ကြည့်ရှုကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့က အနော်ရထာခန်းမအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဆီမီး၊ သောက်တော်ရေချမ်း၊ သစ်သီးနှင့် မြသပိတ်ဆွမ်းတို့ကို ကပ်လှူပူဇော်ကြပြီးနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့က သံဃာတော်များ သီးသန့်နားနေဆောင်၌ မဟာဝိဇိတာရုံကျောင်းတိုက် ဆရာတော်ကြီးထံ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် မဟာဘုံကထိန်အလှူတော်မင်္ဂလာအခမ်းအနားကို ကျင်းပရာ အစီအစဉ်အရ ကြွရောက် ချီးမြှင့်တော်မူကြသော ဆရာတော်သံဃာတော်များနှင့် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဦးဆောင်သော ဧည့်ပရိသတ်များက အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်သည်။ ယင်းနောက် ကန်ဦးကျောင်းတိုက် ဆရာတော်ထံမှ ကိုးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော် အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသည့် မေတ္တသုတ်ပရိတ်တရားတော်များကို နာယူ ကြသည်။

ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်တို့က မဟာဝိဇိတာရုံကျောင်းတိုက် ဆရာတော်ကြီး ထံ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်၍ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ညှိနှိုင်း ကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့် ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်(လေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ)မှ အရာရှိကြီးများက သံဃာတော် အရှင်သူမြတ်တို့ထံ ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် ရေဆင်းကန်ဦးကျောင်းတိုက်မှ ဂဏဝါစက စာချဆရာတော်များဖြစ်ကြသည့် အရှင်ဝါယမနှင့် အရှင်ဇဝနတို့က ကထိန် အမေးအဖြေများ ဆောင်ရွက်တော်မူကြသည်။

ယင်းနောက် ပျဉ်းမနားမြို့၊ မဟာဝိသုတာရာမဈေးကုန်းကျောင်းတိုက်ဆရာတော် ကြီးထံမှ ကထိန် အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြကာ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြသည်။

ယနေ့ကျင်းပပြုလုပ်သော ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ နဝမအကြိမ် မိသားစုမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားတွင် ရုံး/ဌာန အသီးသီးမှ ပဒေသာပင် စုစုပေါင်း ၈၄ ပင်၊ တန်ဖိုးငွေကျပ်သိန်း ၉၇၀ ကျော်ပါဝင် လှူဒါန်းခဲ့ကြကာ အောက်တိုဘာ ၂၇ ရက် နံနက်ပိုင်းတွင် ပဒေသာပင်များအား အရာရှိ၊ စစ်သည်၊ မိသားစုအိမ်ထောင်သည်လိုင်းများအတွင်း စည်ကားသိုက်မြိုက်စွာ လှည့်လည်ခဲ့ကြပြီး ယနေ့တွင် ပဒေသာပင်များအား သက်ဆိုင်ရာ ဘုန်းတော်ကြီးကျောင်း အသီးသီးသို့ ရုံး/ဌာနများအလိုက် မော်တော်ယာဉ်များဖြင့် ပို့ဆောင် လှူဒါန်းခဲ့ကြသည်။

(Zawgyi Version)

ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး (ၾကည္း၊ ေရ၊ ေလ) မိသားစုမ်ား၏ နဝမအႀကိမ္ မဟာဘံုကထိန္ အလွဴေတာ္မဂၤလာ အခမ္းအနားက်င္းပ

ေနျပည္ေတာ္၊ ေအာက္တိုဘာ – ၂၈

ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး(ၾကည္း၊ ေရ၊ ေလ)မိသားစုမ်ား၏ နဝမအႀကိမ္ မဟာဘံုကထိန္ အလွဴေတာ္ မဂၤလာအခမ္းအနားကို ယေန႕နံနက္ပိုင္းတြင္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး (ၾကည္း)၊ အေနာ္ရထာခန္းမ၌ က်င္းပျပဳလုပ္ရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ႏွင့္ဇနီး ေဒၚၾကဴၾကဴလွတို႕ တက္ေရာက္၍ ကထိန္လ်ာ သကၤန္းႏွင့္ လွဴဖြယ္ပစၥည္းမ်ား ဆက္ကပ္လွဴဒါန္း သည္။

အဆိုပါ အခမ္းအနားသို႕ ႏိုင္ငံေတာ္ဩဝါဒါစရိယဆရာေတာ္ႀကီးမ်ား ျဖစ္ၾကေသာ မႏၱေလးၿမိဳ႕၊ မဟာဝိဇိတာ႐ံုေက်ာင္းတိုက္ဆရာေတာ္ အဘိဓဇမဟာရ႒ဂု႐ု ဘဒၵႏၱဝိစာရိႏၵာဘိဝံသႏွင့္ ပ်ဥ္းမနားၿမိဳ႕၊ မဟာဝိသုတာရာမ ေဈးကုန္းေက်ာင္းတိုက္ ပဓာနနာယက ဆရာေတာ္ အဘိဓဇမဟာရ႒ဂု႐ု ဘဒၵႏၱကဝိသာရ အမွဴးျပဳေသာ သံဃာေတာ္ ၇၂ ပါး ၾကြေရာက္ခ်ီးျမႇင့္ေတာ္မူၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၊ ဇနီးႏွင့္ဧည့္ပရိသတ္မ်ားသည္ ဘုန္းေတာ္ႀကီးေက်ာင္း အသီးသီးသို႕ လွဴဒါန္းရန္ခင္းက်င္းထားေသာ ကထိန္လ်ာသကၤန္း၊ လွဴဖြယ္ပစၥည္းမ်ားႏွင့္ ပေဒသာပင္မ်ားအား လွည့္လည္ၾကည့္႐ႈၾကသည္။

ထို႕ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဇနီးတို႕က အေနာ္ရထာခန္းမအတြင္းရွိ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္အား ဆီမီး၊ ေသာက္ေတာ္ေရခ်မ္း၊ သစ္သီးႏွင့္ ျမသပိတ္ဆြမ္းတို႔ကို ကပ္လွဴပူေဇာ္ၾကၿပီးေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဇနီးတို႔က သံဃာေတာ္မ်ား သီးသန္႔နားေနေဆာင္၌ မဟာဝိဇိတာ႐ံုေက်ာင္းတိုက္ ဆရာေတာ္ႀကီးထံ ကထိန္လ်ာသကၤန္းႏွင့္ လွဴဖြယ္ပစၥည္းမ်ား ဆက္ကပ္လွဴဒါန္းၾကသည္။

ထို႔ေနာက္ မဟာဘံုကထိန္အလွဴေတာ္မဂၤလာအခမ္းအနားကို က်င္းပရာ အစီအစဥ္အရ ၾကြေရာက္ ခ်ီးျမႇင့္ေတာ္မူၾကေသာ ဆရာေတာ္သံဃာေတာ္မ်ားႏွင့္ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီး စိုးဝင္းႏွင့္ဇနီး ဦးေဆာင္ေသာ ဧည့္ပရိသတ္မ်ားက အခမ္းအနားကို နေမာတႆ သံုးႀကိမ္ရြတ္ဆို ဘုရားကန္ေတာ့ဖြင့္လွစ္သည္။ ယင္းေနာက္ ကန္ဦးေက်ာင္းတိုက္ ဆရာေတာ္ထံမွ ကိုးပါးသီလခံယူေဆာက္တည္ၾကၿပီး သံဃာေတာ္ အရွင္သူျမတ္တို႕ ရြတ္ပြားသရဇၩာယ္ ခ်ီးျမႇင့္ေတာ္မူသည့္ ေမတၱသုတ္ပရိတ္တရားေတာ္မ်ားကို နာယူ ၾကသည္။

ထို႕ေနာက္ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယ ဗိုလ္ခ်ဳပ္မွဴးႀကီး စိုးဝင္းႏွင့္ဇနီး ေဒၚသန္းသန္းႏြယ္တို႕က မဟာဝိဇိတာ႐ံုေက်ာင္းတိုက္ ဆရာေတာ္ႀကီး ထံ ကထိန္လ်ာသကၤန္းႏွင့္ လွဴဖြယ္ပစၥည္းမ်ား ဆက္ကပ္လွဴဒါန္းၾကသည္။

ဆက္လက္၍ ျပည္ထဲေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးႏွင့္ ဇနီး၊ ကာကြယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးႏွင့္ဇနီး နယ္စပ္ေရးရာဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးႏွင့္ဇနီး၊ ၫႇိႏိႈင္း ကြပ္ကဲေရးမွဴး(ၾကည္း၊ ေရ၊ ေလ)ႏွင့္ ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)ႏွင့္ ဇနီး၊ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေလ)ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး (ၾကည္း၊ ေရ၊ ေလ)မွ အရာရွိႀကီးမ်ားက သံဃာေတာ္ အရွင္သူျမတ္တို႕ထံ ကထိန္သကၤန္းႏွင့္ လွဴဖြယ္ဝတၳဳပစၥည္းမ်ား ဆက္ကပ္လွဴဒါန္းၾကသည္။ ထို႕ေနာက္ ေရဆင္းကန္ဦးေက်ာင္းတိုက္မွ ဂဏဝါစက စာခ်ဆရာေတာ္မ်ားျဖစ္ၾကသည့္ အရွင္ဝါယမႏွင့္ အရွင္ဇဝနတို႕က ကထိန္ အေမးအေျဖမ်ား ေဆာင္ရြက္ေတာ္မူၾကသည္။

ယင္းေနာက္ ပ်ဥ္းမနားၿမိဳ႕၊ မဟာဝိသုတာရာမေဈးကုန္းေက်ာင္းတိုက္ဆရာေတာ္ ႀကီးထံမွ ကထိန္ အႏုေမာဒနာတရားနာယူၾကၿပီး လွဴဒါန္းမႈအစုစုအတြက္ ေရစက္သြန္းခ် အမွ်ေပးေဝၾကကာ ဆရာေတာ္၊ သံဃာေတာ္ အရွင္သူျမတ္မ်ားအား ေန႔ဆြမ္းဆက္ကပ္ လွဴဒါန္းခဲ့ၾကသည္။

ယေန႕က်င္းပျပဳလုပ္ေသာ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး (ၾကည္း၊ ေရ၊ ေလ) မိသားစုမ်ား၏ နဝမအႀကိမ္ မိသားစုမဟာဘံုကထိန္ အလွဴေတာ္မဂၤလာအခမ္းအနားတြင္ ႐ံုး/ဌာန အသီးသီးမွ ပေဒသာပင္ စုစုေပါင္း ၈၄ ပင္၊ တန္ဖိုးေငြက်ပ္သိန္း ၉၇၀ ေက်ာ္ပါဝင္ လွဴဒါန္းခဲ့ၾကကာ ေအာက္တိုဘာ ၂၇ ရက္ နံနက္ပိုင္းတြင္ ပေဒသာပင္မ်ားအား အရာရွိ၊ စစ္သည္၊ မိသားစုအိမ္ေထာင္သည္လိုင္းမ်ားအတြင္း စည္ကားသိုက္ၿမိဳက္စြာ လွည့္လည္ခဲ့ၾကၿပီး ယေန႕တြင္ ပေဒသာပင္မ်ားအား သက္ဆိုင္ရာ ဘုန္းေတာ္ႀကီးေက်ာင္း အသီးသီးသို႕ ႐ံုး/ဌာနမ်ားအလိုက္ ေမာ္ေတာ္ယာဥ္မ်ားျဖင့္ ပို႕ေဆာင္ လွဴဒါန္းခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။