နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် စစ်ကိုင်းမြို့နှင့် မန္တလေးမြို့တို့အတွင်း ပြန်လည် ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နေမှုများအားသွားရောက်ကြည့်ရှုစစ်ဆေး၊ လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်

နေပြည်တော် ဇွန်  ၁၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက် အတွင်း ရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊  ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင် များ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် တို့လိုက်ပါ၍ ယနေ့တွင် စစ်ကိုင်းမြို့နှင့် မန္တလေးမြို့တို့အတွင်း   ငလျင်ဘေး ဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများအပေါ် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ    ဆောင်ရွက်ပေးနေမှုများအား  သွားရောက်ကြည့်ရှုစစ်ဆေးပြီး     လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

စစ်ကိုင်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းဦးစွာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် စစ်ကိုင်းမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိကြရာ ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများက   ကြိုဆိုနှုတ်ဆက်ကြသည်။ ထိုသို့ကြိုဆိုနှုတ်ဆက်စဉ်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံ တော် ဝန်ကြီးချုပ်က နိုင်ငံတော်အနေဖြင့် ပညာရည်မြင့်မားရေးအတွက်  KG + 9  အထိ အခမဲ့ပညာရေးစနစ်ဖြင့် သင်ကြားပေးလျက် ရှိကြောင်း၊ ပညာ တတ်များဖြစ်မှသာလျှင် အကောင်းအဆိုး၊ အကြောင်းအကျိုးကို ဝေဖန်ပိုင်း ခြားနိုင်သည့် လူသားအရင်းအမြစ် ကောင်းများလည်း     ရရှိနိုင်မည်ဖြစ်ပြီး ဒေသနှင့် နိုင်ငံ၏အကျိုးကိုလည်း   ပိုမိုဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊  ထို့ကြောင့် ပညာရေးဝန်ထမ်းများအနေဖြင့်  မိမိတို့တာဝန်ယူထားရသည့် သင်ကြားရေးလုပ်ငန်း တာဝန်များကို   ကျေပွန်စွာထမ်းဆောင်သွားကြရန်နှင့်  စာပေပညာ၊ လူမှုဆက်ဆံရေးအသိပညာများရရှိစေရေး  သင်ကြားပေးသွား ရမည်ဖြစ်ကြောင်း၊ “အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက” ဟူသည့် အတိုင်း ကလေးငယ်များအနေဖြင့် ငယ်စဉ်ကလေးဘဝကတည်းကပင်    စည်းကမ်းစနစ်တကျဖြင့်နေထိုင်သွားလာပြောဆိုတတ်စေရေးသင်ကြားပေးသွားရမည်ဖြစ်ကြောင်း၊ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင် ကြားနိုင်ရေးအတွက်လည်း  စည်းရုံးဆောင်ရွက်သွားကြရန်   လိုကြောင်းဖြင့် မှာကြားပြီး  လိုအပ်ချက်များကို   မေးမြန်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည်  ပြန်လည်ပြုပြင်တည်ဆောက်ရန်လိုအပ်သည့် စာသင် ဆောင်မျာနှင့်  ယာယီစာသင်ဆောင် ဆောက်လုပ်နေမှုတို့အား  လှည့်လည် ကြည့်ရှု၍   တာဝန်ရှိသူများ၏      တင်ပြချက်များအပေါ် စာသင်ဆောင်များ ပြန်လည်ပြုပြင်တည်ဆောက်ရာတွင်ရေရှည်ခိုင်ခံ့ကောင်းမွန်ရေးအတွက်စနစ်တကျဆောင်ရွက်သွားရန်နှင့်အခြားလိုအပ်သည်များကို  မှာကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်သည် စာသင်ဆောင်များတွင်   ကျောင်းသား၊ ကျောင်းသူများ ပညာသင် ယူနေမှုအခြေအနေ များကို လိုက်လံကြည့်ရှုအားပေးခဲ့သည်။

ရာဇမဏိစူဠာကောင်းမှုတော် စေတီတော်မြတ်ကြီးထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရာဇမဏိစူဠာကောင်းမှု တော်စေတီတော်မြတ်ကြီးသို့ ရောက်ရှိကြရာ ဂေါပကအဖွဲ့ဥက္ကဋ္ဌ  ဦးသန်းထွန်းအောင်နှင့် အဖွဲ့ဝင်များက ကြိုဆိုနှုတ် ဆက်ကြသည်။ ယင်းနောက်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် စေတီတော်မြတ်ကြီးရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညို ကာ ပန်း၊ ရေချမ်း၊ ဆီမီးနှင့် သစ်သီးဆွမ်းတို့ကို ကပ်လှူပူဇော်သည်။    ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည်   မန္တလေး ငလျင်ကြီး လှုပ်ခတ် ခဲ့မှုကြောင့်  ကောင်းမှုတော် စေတီတော်မြတ်ကြီး အတွင်းပိုင်း၊ အပြင်ပိုင်းနှင့် စောင်းတန်းများ၊  သာသနိကအဆောက်အဦများ၌  ထိခိုက်ပျက်စီး မှုများ ဖြစ်ပေါ်ခဲ့မှု၊   အပျက်အစီးများဖယ်ရှားရှင်းလင်းခြင်းလုပ်ငန်း ဆောင်ရွက် ထားရှိမှု၊ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှုတို့ကိုလိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ် သည်များ   လမ်းညွှန်မှာကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်နှင့် အဖွဲ့ဝင်များသည်  စေတီတော်မြတ်ကြီး မြောက်ဘက်မျက်နှာစာရှိ  မေတ္တာကန်၌ ငါးစာကျွေးခြင်း၊  ငါးလွှတ်ခြင်းတို့ဆောင်ရွက်၍ ကုသိုလ်ယူကြသည်။

ထို့နောက်   စေတီတော်မြတ်ကြီးရှိ အောင်မြေဗောဓိဓမ္မာရုံအတွင်း၌ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား ကာကွယ် ရေးဦးစီးချုပ်ရုံး(ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံနှင့် ဂေါပကအဖွဲ့ ဝင်များ က    ရာဇမဏိစူဠာ ကောင်းမှုတော်စေတီတော်မြတ်ကြီးသမိုင်း ကြောင်း  မှတ်တမ်းဓာတ်ပုံများ၊ မန္တလေးငလျင်မလှုပ်ခတ်မီ မှတ်တမ်းဓာတ်ပုံ များနှင့် ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးခဲ့ရမှု  မှတ်တမ်းဓာတ်ပုံများ ဖြင့် ရှင်းလင်းတင်ပြကြရာ   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ်က ထိခိုက်ပျက်စီးခဲ့ရမှုများကို   မူလလက်ရာအတိုင်း ပြန်လည်ပြင်ဆင်ဆောင်ရွက်သွားရန်၊                မေတ္တာကန်ပတ်လည်၌အရိပ်ရ အပင်များကို အတန်းလိုက်၊ အကန့်လိုက် စိုက်ပျိုးသွားရန်၊ ဘုရားစေတီများရှိ  စောင်းတန်းများတွင်      ဘုရားဖူးလာရောက်သူများ စိတ်အေးချမ်းသာစွာဖြင့်  နားနေနိုင်ရေးဆောင်ရွက်ပေးသွားရန်လိုကြောင်းနှင့်အခြားလိုအပ်သည်များကို      လမ်းညွှန်မှာကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်နှင့် ဇနီးတို့က စေတီတော်မြတ်ကြီးအတွက် ဘက်စုံစုပေါင်းအလှူတော်ငွေ များကိုပေးအပ် လှူဒါန်းရာ ဂေါပကအဖွဲ့ဝင်များက လက်ခံရယူကြသည်။

ငလျင်ဘေးဒဏ်ကြောင့် ပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့ရသည့် ဘုရား၊ စေတီပုထိုးများပြုပြင်ရေးလုပ်ငန်းများတွင်အသုံးပြုရန်အတွက်တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက ဘိလပ်မြေတန်ချိန် ၁၅၀၀ လှူဒါန်းထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် သီတဂူဝိပဿနာကျောင်းတိုက်သို့ရောက်ရှိပြီး နိုင်ငံတော်ဩဝါဒါ စရိယ သောဠသမ ရွှေကျင်သာသနာပိုင် ဆရာတော်၊ သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များ၏အဓိပတိ   အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇ    အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရအား ဖူးမြော်ကြည်ညိုကာ ငလျင် ဘေးဒဏ်ကြောင့် ပြိုကျပျက်စီးမှုများ    ဖြစ်ပေါ်ခဲ့ရသည့် မြတ်စွာဘုရား ရှင်၏ ဓာတ်တော်မွေတော်များကိန်းဝပ်ရာ ဘုရား၊ စေတီပုထိုးများ ပြုပြင်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက်  တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက လှူဒါန်းသည့် ဘိလပ်မြေတန်ချိန် ၁၅၀၀ နှင့် လှူဖွယ်ပစ္စည်း များကို ဆက်ကပ်လှူဒါန်းသည်။  ယင်းနောက် လှူဒါန်းမှုအစုစုတို့အား ငလျင် သဘာဝဘေးကြောင့် အသက်ခန္ဓာဆုံးရှုံးခဲ့ရသည့် ရဟန်းသံဃာများ၊  သာသနာနွယ်ဝင်သီလရှင်များနှင့် ပြည်သူအပေါင်းတို့ရရှိစေရန် အမျှပေးဝေကြသည်။

ဆွမ်းဦးပုညရှင်စေတီတော်

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည်   ငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးမှု များဖြစ် ပေါ်ခဲ့သည့် ဆွမ်းဦး ပုညရှင်စေတီတော်သို့    ရောက်ရှိကြပြီး ထိခိုက်ပျက်စီးမှု များအား ရှင်းလင်းဆောင်ရွက်ထားရှိမှုများကို     လိုက်လံကြည့်ရှု စစ်ဆေးသည်။

ယင်းနောက် ဓမ္မာရုံ၌ ဂေါပကအဖွဲ့မှတာဝန်ရှိသူတစ်ဦးက ဆွမ်းဦးပုညရှင် စေတီ တော်မြတ်ကြီး သမိုင်းကြောင်းမှတ်တမ်း ဓာတ်ပုံများ၊ မန္တလေးငလျင် မလှုပ်ခတ်မီ မှတ်တမ်းဓာတ်ပုံများနှင့် ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက် ပျက်စီးခဲ့ရမှုမှတ်တမ်းဓာတ်ပုံများ၊ စေတီတော်ကြီးအား ကျွမ်းကျင် ပညာ ရှင်များက တိုင်းတာစစ်ဆေးခြင်းများ ပြုလုပ်ခဲ့မှု အခြေအနေများ၊ စေတီတော်မြတ်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် သံကူကွန်ကရိ ထုပ်များဖြင့်   အားဖြည့်တည်ထားမည့်နမူနာပုံစံများ၊  စေတီတော်မြတ်ကြီးနှင့် သာသနိကအဆောက်အဦများနေရာချထားမည့်   နမူနာပုံစံများအား ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က စေတီတော်မြတ်ကြီးအား ရှေးမူမပျက်  မူလပုံစံ အတိုင်း   ပြန်လည်ပြင်ဆင်ထိန်းသိမ်းဆောင်ရွက်သွားရန်၊     စေတီတော်မြတ် ကြီး၏  ယခင်မှတ်တမ်းဓာတ်ပုံများကို  ပြန်လည်စုဆောင်း၍ သမိုင်းမှတ်တမ်း ဓာတ်ပုံများ စနစ်တကျပြုစုထားရှိသွားရန်နှင့် စေတီတော်ကြီးနှင့် သာသနိက အဆောက်အဦများ ပြန်လည်တည်ဆောက်ရာတွင်  ခိုင်ခံ့မှုရှိစေရေး စနစ် တကျတွက်ချက်တည်ဆောက်သွားရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည်  ဓမ္မာရုံတော်အတွင်းရှိ    ဗုဒ္ဓရုပ်ပွား တော်မြတ်အား   ဖူးမြော်ကြည်ညိုသည်။

စစ်ကိုင်းတံတား(အင်းဝ)ခုံးအမှတ်(၄)နှင့(၅)ဖယ်ရှားရှင်းလင်း

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဧရာဝတီတံတား(ရတနာပုံ)သို့ရောက်ရှိကြရာ တာဝန်ရှိသူ တစ်ဦးက စစ်ကိုင်းတံတား(အင်းဝ) ခုံးအမှတ်(၄)နှင့်  (၅) အပျက်အစီးများကို  ဖယ်ရှားရှင်းလင်း၍ရေလမ်းကြောင်းဖွင့်လှစ်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့်ဧရာဝတီတံတား(ရတနာပုံ)တွင် Lateral Bracing , Bearing နှင့် Pier တိုင်များ ပျက်စီးသည့်အခြေအနေများ ရှင်းလင်းတင်ပြမှုအပေါ်    လိုအပ်သည်များ   လမ်းညွှန်မှာကြားသည်။

မဟာမြတ်မုနိဘုရားကြီး

၎င်းနောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်နှင့် အဖွဲ့ဝင်များသည် မဟာမြတ်မုနိဘုရားကြီးသို့ရောက်ရှိကြပြီး ပန်း၊ ရေချမ်းကပ်လှူပူဇော် ကာ ဖူးမြော်ကြည်ညိုသည်။ ထို့နောက် ငလျင်ဘေး ဒဏ်ဖြစ်ပေါ်ချိန်တွင် ပြင်းထန်သော လှုပ်ခတ်မှုများကြောင့် မြေခခဲ့ရသည့် စိန်ဖူးတော်၊      ငှက်မြတ်နားတော်တို့၌ စေတနာရှင် အများပြည်သူများ လှူဒါန်း ထားရှိသည့် ရတနာရွှေငွေကျောက်သံပတ္တမြားနှင့် စိန်ဖူးတော်များ၊ ငလျင် လှုပ်ခတ်စဉ် ကွာကျခဲ့ရသည့် ရှေးဟောင်းလက်ရာ နံရံဆေးရေးပန်းချီများ ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို     လိုအပ်သည်များ လမ်းညွှန်မှာ ကြားသည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်နှင့် အဖွဲ့ဝင်များသည် မဟာမြတ်မုနိဘုရားကြီးနှင့် သာသနိက အဆောက် အဦများ ငလျင်ဒဏ်ကြောင့်   ထိခိုက်ပျက်စီးခဲ့ရမှုများနှင့်ပြန်လည်ပြုပြင် တည်ဆောက်လျက်ရှိသည့်အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာ ကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်အား ပြတိုက်တော်ကြီးအတွင်း၌   မန္တလေးမြို့တော်ဝန်နှင့် မဟာမြတ် မုနိဘုရားကြီး ဂေါပကအဖွဲ့ဥက္ကဋ္ဌတို့က ငလျင်ဖြစ်ပေါ်ခဲ့စဉ်ထိခိုက်ပျက် စီးခဲ့ရမှု အခြေအနေများနှင့်ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ထိခိုက်ပျက်စီးခဲ့ ရမှုများအား မူလလက်ရာမပျက်စနစ်တကျဖြင့် ပြန်လည်ပြုပြင်ခြင်း၊ ထိန်းသိမ်းခြင်းများကို ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ အင်ဂျင် နီယာရှု ထောင့်မှကြည့်၍ ပြုပြင်မှုများကို ရေရှည်တည်တံ့ခိုင်မြဲ အောင်ဆောင်ရွက် သွားရန်နှင့် ပြုပြင်မှုများကို စနစ်တကျမှတ်တမ်းထားရှိရန်လိုကြောင်းနှင့်   အခြားလိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

မဟာအတုလဝေယန်(အတုမရှိ)ကျောင်းတော်ကြီးနှင့်စူဠာမုနိရုပ်ရှင်တော်မြတ်

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်နှင့်အဖွဲ့ဝင်များသည်မဟာအတုလဝေယန်(အတုမရှိ)ကျောင်းတော်ကြီးသို့ ရောက်ရှိကြရာ ဂေါပကအဖွဲ့ဥက္ကဋ္ဌ  ဦးမြဝင်းနှင့် တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ကြသည်။ ယင်းနောက်  ကျောင်းတော်ကြီးအတွင်းရှိ  စူဠာမုနိ ရုပ်ရှင်တော်မြတ်နှင့် ဗုဒ္ဓရုပ်ပွားတော်မြတ်များကို   ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်း ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ် သည်  စူဠာမုနိရုပ်ရှင်တော်မြတ်အား ပိုမိုကြည်ညို  သပ္ပာယ်ဖွယ်ဖြစ်စေရေး အတွက်  ရွှေသင်္ကန်းတော်နှင့်  ရွှေပလ္လင်တော်ကပ်လှူပူဇော်ထားရှိမှုအား ကြည့်ရှုပြီး    လိုအပ်သည်များကို    မှာကြားသည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်နှင့် ဇနီးတို့က ဘက်စုံစုပေါင်းအလှူတော်ငွေများကို ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့ဝင်များ က လက်ခံရယူကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်သည်မဟာအတုလဝေယန်(အတုမရှိ)ကျောင်းတော်ကြီးဧည့်သည်တော်မှတ်တမ်းစာအုပ် တွင် လက်မှတ်ရေးထိုးပြီး ကျောင်းတော်ကြီးနှင့် ရုပ်ပွားတော်မြတ်များကို   ပိုမိုကြည်ညိုသပ္ပာယ်ဖွယ်ဖြစ်စေရေး ထိန်းသိမ်းဆောင်ရွက်ထားရှိမှုများကို    လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကာ လိုအပ်သည် များကို လမ်းညွှန်မှာကြားခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။