တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် စင်ကာပူလေကြောင်းပြပွဲ (Singapore Airshow 2018) တက်ရောက်ကြည့်ရှု၊ စင်ကာပူတပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်တွေ့ဆုံဆွေးနွေး

ေနျပည္ေတာ္၊ ေဖေဖၚ၀ါရီ – ၇

စင္ကာပူႏုိင္ငံသုိ႔ေရာက္ရွိေနသည့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား၊ စင္ကာပူ ႏုိင္ငံဆုိင္ရာ ျမန္မာႏုိင္ငံသံအမတ္ႀကီး ဦးေဌးေအာင္၊ ျမန္မာစစ္သံ(ၾကည္း၊ေရ၊ေလ) ဗုိလ္မွဴးႀကီး ဆန္းၫြန္႔ဦးႏွင့္ တာ၀န္ရွိသူမ်ားလုိက္ပါၿပီး ယေန႔နံနက္ပုိင္းတြင္ Changi Exhibition Centre ၌ က်င္းပျပဳလုပ္လ်က္ရွိသည့္ စင္ကာပူေလေၾကာင္းျပပြဲ (Singapore Airshow 2018)သုိ႔တက္ေရာက္ၾကည့္႐ႈေလ့လာသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဦးေဆာင္သည့္ ျမန္မာ့တပ္မေတာ္ ကုိယ္စားလွယ္အဖြဲ႕သည္ Changi Exhibition Centre အတြင္းျပသထားသည့္ ျပခန္းမ်ားအားလွည့္လည္ၾကည့္႐ႈေလ့လာၾကရာ တာ၀န္ရွိသူမ်ား ကလုိက္လံရွင္းလင္းျပသၾကသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ စင္ကာပူတပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ Lt. Gen. Perry Lim ႏွင့္ Ministry of Defence Chalet ၊ Changi Exhibition Center ၌ေတြ႕ဆုံေဆြးေႏြးသည္။

ထုိသုိ႔ေတြ႕ဆုံရာတြင္ အၾကမ္းဖက္မႈတုိက္ဖ်က္ေရး၊ မလကၠာေရလက္ၾကား ပင္လယ္ျပင္လုံၿခဳံေရးႏွင့္ ႏွစ္ႏုိင္ငံတပ္မေတာ္ႏွစ္ရပ္အၾကား စစ္သေဘၤာမ်ားအျပန္အလွန္လည္ပတ္ေရး၊ စစ္ဘက္ေဆးပညာပူးေပါင္း ေဆာင္ရြက္ေရး ကိစၥမ်ားအားရင္းႏွီးပြင့္လင္းစြာအျမင္ခ်င္းဖလွယ္ေဆြးေႏြးခဲ့ၾကသည္။

ယင္းေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ခင္းက်င္းျပသထားသည့္ တုိက္ခုိက္ေရး ေလယာဥ္မ်ား၊ ရဟတ္ယာဥ္မ်ားႏွင့္သယ္ယူပုိ႔ေဆာင္ေရး ေလယာဥ္မ်ားအားလုိက္လံၾကည့္႐ႈေလ့လာၾကသည္။ ထုိ႔ေနာက္ ေလယာဥ္ပ်ံသန္းမႈျပသျခင္းအား ၾကည့္႐ႈခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် စင်ကာပူလေကြောင်းပြပွဲ (Singapore Airshow 2018) တက်ရောက်ကြည့်ရှု၊ စင်ကာပူတပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ ဖေဖေါ်ဝါရီ  ၇

စင်ကာပူနိုင်ငံသို့ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် တပ်မတော်အရာရှိကြီးများ၊ စင်ကာပူ နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးဌေးအောင်၊ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ) ဗိုလ်မှူးကြီး ဆန်းညွန့်ဦးနှင့် တာဝန်ရှိသူများလိုက်ပါပြီး ယနေ့နံနက်ပိုင်းတွင် Changi Exhibition Centre ၌ ကျင်းပပြုလုပ် လျက်ရှိသည့် စင်ကာပူလေကြောင်းပြပွဲ (Singapore Airshow 2018)သို့တက်ရောက်ကြည့်ရှုလေ့လာသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် Changi Exhibition Centre အတွင်းပြသထားသည့် ပြခန်းများအားလှည့်လည်ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများ ကလိုက်လံရှင်းလင်းပြသကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် စင်ကာပူတပ်မတော် ကာကွယ်ရေးဦးစီးချုပ် Lt. Gen. Perry Lim နှင့် Ministry of Defence Chalet ၊ Changi Exhibition Center ၌တွေ့ဆုံဆွေးနွေးသည်။

ထိုသို့တွေ့ဆုံရာတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ မလက္ကာရေလက်ကြား ပင်လယ်ပြင်လုံခြုံရေးနှင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား စစ်သင်္ဘောများအပြန်အလှန်လည်ပတ်ရေး၊ စစ်ဘက်ဆေးပညာပူးပေါင်း ဆောင်ရွက်ရေး ကိစ္စများအားရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ခင်းကျင်းပြသထားသည့် တိုက်ခိုက်ရေး လေယာဉ်များ၊ ရဟတ်ယာဉ်များနှင့်သယ်ယူပို့ဆောင်ရေး လေယာဉ်များအားလိုက်လံကြည့်ရှုလေ့လာကြသည်။ ထို့နောက် လေယာဉ်ပျံသန်းမှုပြသခြင်းအား ကြည့်ရှုခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။