နေပြည်တော် ဇွန် ၂၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ခရီး စဉ်တွင် လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန် တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ မြန်မာစီးပွားရေးကော်ပိုရေးရှင်း၊ ရွှေပြည်စိုက်ပျိုး မွေးမြူရေးဇုန် အကောင်အထည် ဖော်ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ စိုက်ပျိုးမွေးမြူရေးဇုန်ရှင်းလင်းဆောင်၌ ရွှေပြည်စိုက်ပျိုးမွေးမြူရေးဇုန် တာဝန် ခံက စိုက်ပျိုးမွေးမြူရေးဇုန်အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ဥစားကြက် မွေးမြူ ရေးဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်တိုးချဲ့မွေးမြူနိုင်ရေး ဆောင်ရွက်လျက်ရှိမှု၊ အသားတိုးဝက်မွေးမြူထားရှိမှုနှင့် ဝက်သားပေါက်ထုတ်လုပ်ရေးဆောင်ရွက်လျက်ရှိမှု၊ အစေ့ထုတ်ပြောင်းစပ်မျိုး စိုက်ပျိုးထုတ်လုပ်ဆောင်ရွက်လျက်ရှိမှု၊ တိရစ္ဆာန်အစာစပ် စက်ရုံတည်ဆောက်နေမှုနှင့် အထွက်တိုးပြောင်းမျိုးစေ့ စိုက်ပျိုးထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိမှုတို့ကို ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က စိုက်ပျိုးမွေးမြူရေးဇုန်မှ ထွက်ရှိသည့် အသား၊ ငါး၊ ဥအမျိုးမျိုးနှင့် ဟင်းသီး ဟင်းရွက်များကို ဈေးကွက်အတွင်းသို့ လတ်ဆက်စွာဖြင့် ရောင်းချပေးနိုင်ရေး စနစ်တကျ စီမံဆောင်ရွက်သွားရန်လိုကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ စိုက်ပျိုးမွေးမြူရေးဇုန်များ အကောင်အထည်ဖော်ဆောင်ရွက်နေရခြင်းမှာ တိုင်းဒေ သကြီးအတွင်းရှိလူဦးရေ ၇ သန်းကျော်အတွက် နေ့စဉ် အသား၊ ငါး၊ ဥအမျိုးမျိုးနှင့် ဟင်းသီးဟင်းရွက် စားသုံးမှု လိုအပ်ချက်ကို ပြည့်မီစေရန်ဖြစ်ကြောင်း၊ လူဦးရေ ၇ သန်းကျော်၏ နေ့စဉ်အသားစားသုံး မှုလိုအပ်ချက်ကို စနစ်တကျဖြင့် တွက်ချက် ထားရှိရန်လိုပြီး ဇုန်အလိုက်လိုလားချက်ပြည့်မီအောင် စိုက်ပျိုးမွေးမြူထုတ်လုပ် ပေးနိုင်ရန်လိုကြောင်း၊ ဒေသတွင်း၌ အခြေခံစားကုန်များကို ဖူလုံပေါများစွာဖြင့် စိုက်ပျိုး မွေးမြူထုတ်လုပ်ပေးနိုင်မည်ဆိုပါက ကုန်ဈေးနှုန်းကြီးမြင့် မှုများကိုလည်း လျော့ကျ သွားစေမည်ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း နေ့စဉ် စားသုံးမှုအတွက် အသား၊ ငါးနှင့် ဥများလိုအပ်ကြောင်း၊ ထုတ်လုပ်မှုနှင့် စားသုံးမှု မျှတမှသာ သင့်တင့် သည့်ဈေးနှုန်းများဖြစ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် အသား၊ ငါးနှင့် ဥများကို ထုတ်လုပ် မှုနှင့် စားသုံးမှုမျှတအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ အလားတူအသီးအနှံ များကိုလည်း မိမိတို့တိုင်းဒေသကြီးအတွင်း ပေါများနေအောင် စိုက်ပျိုးရမည်ဖြစ် ကြောင်း၊ မီးဖိုချောင်သုံးသီးနှံများကိုလည်း လုံလောက်စွာစိုက်ပျိုးထုတ် လုပ်သွားရန်လို ကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီးအတွင်း နေထိုင်သည့် ပြည်သူများ ဈေးနှုန်းသင့် တင့်စွာဖြင့် ဝယ်ယူစားသုံးနိုင်ရေး မွေးမြူရေးလုပ်ငန်းများနှင့် စိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်သွားကြစေလိုကြောင်း၊ စိုက်ပျိုး မွေးမြူ ရေးလုပ်ငန်းများမှထွက်ရှိသည့် အသား၊ ငါး၊ ဥနှင့် ဟင်းသီးဟင်းရွက်များကို စားသုံးသူများလက်ဝယ်သို့အမြန်ဆုံးရောက်ရှိစေရေး ဈေးကွက်အတွင်းသို့ အလျင် အမြန် ဖြန့်ဖြူးရောင်းချပေးရန်လိုကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ပြည်သူများ ပေါပေါသီသီစားသုံးနိုင်ရေး ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ကိုဆောင်ရွက်ရာတွင် အဓိကအားဖြင့် အထွက်နှုန်းများ တိုးတက်ကောင်း မွန်အောင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းဖြင့် မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်သည် ရွှေပြည်စိုက်ပျိုးမွေးမြူရေးဇုန် အကွက်ချပုံစံငယ်အားကြည့်ရှု၍ လုပ်ငန်းဖွံ့ဖြိုးတိုး တက်ရေးအတွက် ဆောင်ရွက်သွားရန်လိုအပ်သည်များကို ဆွေးနွေးမှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရွှေပြည်စိုက်ပျိုးမွေးမြူရေးဇုန်အတွင်းလှည့်လည်၍ အအေးပေးစနစ် ဖြင့် အသားတိုးဝက်များ မွေးမြူထားရှိမှု၊ ဥစားကြက်များကို Fully automatic စနစ်ဖြင့် မွေးမြူထားရှိမှုတို့အား ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။