နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်မြို့ရှိ Minsk Tractor Works ထွန်စက် စက်ရုံနှင့်  Slutsk Cheese Factory နို့မှုန့်စက်ရုံတို့သို့ သွားရောက်လေ့လာ

မြန်မာနိုင်ငံ၏ စက်မှုလယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးရေးလုပ်ငန်းသုံးစက်ကိရိယာများ၊   ယာဉ် ယန္တရားများထုတ်လုပ်ရေးတွင် နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေ များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေး

နေပြည်တော် ဇွန်  ၂၇

ဘယ်လာရုစ်သမ္မတနိုင်ငံသို့ရောက်ရှိနေသည့်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ  အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ သည် ယနေ့နံနက်ပိုင်းတွင် မင့်စ်မြို့ရှိ Minsk Tractor Works ထွန်စက် စက်ရုံနှင့် Slutsk Cheese Factory နို့မှုန့်စက်ရုံတို့သို့သွားရောက် လေ့လာကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် Minsk Tractor Works ထွန်စက် စက်ရုံသို့ရောက်ရှိကြရာ   ဘယ်လာရုစ် သမ္မတနိုင်ငံ၊ စက်မှုဝန်ကြီးဌာနဝန်ကြီး Mr. Efimov A.V. နှင့် စက်ရုံညွှန်ကြားရေးမှူး ချုပ် Mr. Avramenko S.A. တို့က ကြိုဆို နှုတ်ဆက် ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ဘယ်လာရုစ်သမ္မတနိုင်ငံ မှထုတ်လုပ်သည့် စိုက်ပျိုးရေးလုပ်ငန်းသုံး လယ်ယာမြေပြုပြင်ထွန်ယက်ရာတွင် အသုံးပြုသည့်ယာဉ်များ၊ စိုက်ပျိုးရာတွင် အသုံးပြုသည့်ယာဉ်များ၊ ပြုစုပျိုးထောင်ခြင်းနှင့် သွင်းအား စုများထည့်သွင်းရာတွင် အသုံးပြုသည့်ယာဉ်များ၊ မမျှော်မှန်းနိုင်သည့် သဘာဝဘေးကျရောက်မှုနှင့် မီးငြှိမ်း သတ်မှုတို့တွင် အသုံးပြုသည့်ယာဉ်များ၊ စိုက်ပျိုးရေးထွက်ကုန်များအား ဈေးကွက် အတွင်းသို့ ပို့ဆောင်ဖြန့်ချိရာတွင် အသုံးပြုသည့်ယာဉ်များနှင့်ယန္တရားများကို စိတ်ပါ ဝင်စားစွာ   လိုက်လံကြည့်ရှု လေ့လာခဲ့ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သိရှိလိုသည်များ   ပြန်လည်မေးမြန်းဆွေးနွေးသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် Minsk Tractor Works ထွန်စက်စက်ရုံအတွင်း ထွန်စက်များတပ်ဆင် ထုတ်လုပ်နေမှုအဆင့်ဆင့်ကို လှည့်လည် ကြည့်ရှုလေ့လာခဲ့ကြပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် သိရှိလိုသည်များ ပြန်လည်မေး မြန်းဆွေးနွေးသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ၊ဘယ်လာရုစ်သမ္မတနိုင်ငံ၊စက်မှုဝန်ကြီးဌာနဝန်ကြီးနှင့် အဖွဲ့ဝင်များသည်စက်ရုံအစည်းအဝေးခန်းမ အတွင်းတွေ့ဆုံ၍ ဘယ်လာရုစ်သမ္မတနိုင်ငံ၊ စက်မှုဝန်ကြီး ဌာနအောက်ရှိ အကြီးစားစက်မှုပစ္စည်းထုတ် စက်ရုံ၊ အလုပ်ရုံများမှ စိုက်ပျိုးရေးလုပ်ငန်းသုံးစက်ကိရိယာများ၊ ယာဉ်ယန္တရားများထုတ်လုပ် လျက်ရှိမှု နှင့် ပြည်တွင်း၊ ပြည်ပသို့ တင်ပို့ရောင်းချရလျက်ရှိမှုအခြေအနေများ၊မြန်မာနိုင်ငံ၏ စက်မှုလယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊စိုက်ပျိုးရေးလုပ်ငန်းသုံးစက်ကိရိယာများ၊ယာဉ်ယန္တရားများထုတ်လုပ်ရေးတွင်နည်းပညာပိုင်းဆိုင်ရာပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးမှုအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်သည် Minsk Tractor Works ထွန်စက်စက်ရုံ ဧည့်သည်တော်မှတ်တမ်း စာအုပ်တွင် လက်မှတ်ရေးထိုးသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် စက်ရုံပြခန်းအတွင်း လှည့်လည်ကြည့်ရှုခဲ့ပြီး ဘယ်လာရုစ်သမ္မတနိုင်ငံ၊ စက်မှုဝန်ကြီးဌာနဝန်ကြီး၊ စက်ရုံညွှန်ကြားရေးမှူး ချုပ်တို့နှင့်အတူ အမှတ်တရလက်ဆောင် ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့သည်။

အဆိုပါ Minsk Tractor Works ထွန်စက် စက်ရုံကို ၁၉၄၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး စိုက်ပျိုးရေး လုပ်ငန်းသုံးထွန်စက်များထုတ်လုပ်သည့် စက်ရုံတစ်ခုဖြစ်ကြောင်း၊ ဝန်ထမ်းပေါင်း ၁၅၃၇၇ ဦးခန့်ရှိသည့် စက်ရုံတစ်ခုဖြစ်ကာ ဘယ်လာရုစ်သမ္မတနိုင်ငံရှိ စိုက်ပျိုးရေးလုပ်ငန်းသုံးထွန်စက်များ ထုတ်လုပ်သည့် စက်ရုံများအနက် အဓိက အရေးပါသောစက်ရုံတစ်ခုဖြစ်ပြီး စက်ရုံမှ ထုတ်လုပ်သည့်ထွန်စက်များကို အနောက် ဥရောပနိုင်ငံများအပါအဝင် အာဆီယံနိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်းသိရှိရသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် Slutsk Cheese Factory နို့မှုန့်စက်ရုံသို့ရောက်ရှိကြရာ ထုတ်လုပ်မှုဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Vitaly Gennadyevich Zlobin၊ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူးချုပ် Mrs. Ekaterina Sergeyevna Lapteva နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စက်ရုံအတွင်းလှည့်လည်ကြည့်ရှုလေ့လာခဲ့ပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် သိရှိလို သည်များ ပြန်လည်မေးမြန်းဆွေးနွေးသည်။

ထို့နောက်စက်ရုံအစည်းအဝေးခန်းမတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်နှင့်အဖွဲ့ဝင်များအား ထုတ်လုပ်မှုဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူးချုပ်က စက်ရုံဆိုင်ရာအချက် အလက်များနှင့်လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီးစက်ရုံဆိုင်ရာ Video Clip ကိုပြသရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က စက်ရုံထုတ်နို့နှင့် နို့ထွက် ပစ္စည်းများ၏ ဈေးကွက်ရရှိမှုအခြေအနေများ၊ အရည်အသွေးထိန်းသိမ်းခြင်းဆိုင်ရာ များနှင့် ပတ်သက်၍    သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ထုတ်လုပ်မှုဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူးချုပ်တို့သည် အမှတ်တရလက်ဆောင် ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြ သည်။

အဆိုပါ Slutsk ချိစ်နှင့် နို့ချက်စက်ရုံသည် နှစ်ပေါင်း ၄၀ ကျော်ကြာ ရပ်တည်နိုင်ခဲ့ပြီး Minsk မြို့သာမက ဘယ်လာရုစ်သမ္မတနိုင်ငံ၏အကြီးမားဆုံးသော  နို့ချက်စက်ရုံတစ်ခု ဖြစ်ကြောင်း၊ ပင်မကုမ္ပဏီကြီး ၁ ခု၊ ရုံးခွဲ ၅ ခု၊ ထုတ်လုပ်မှုစက်ရုံ ၅ ရုံနှင့် စိုက်ပျိုးရေး မွေးမြူရေးခြံ ၃ ခုတို့ဖြင့် လည်ပတ်ဆောင် ရွက်လျက်ရှိကြောင်း၊  အဆိုပါစက်ရုံမှ တစ်ရက်လျှင် နွားနို့တန်ချိန် ၂၅၀ တန်၊ နို့မှုန့် ၁၅၀ တန်၊ နို့ထွက်ပစ္စည်း   တန်ချိန် ၃၀၀၀၊ ထောပတ် ၁၀၀ တန်နှင့်ချိစ် ၁၀၀ တန် တို့ထွက်ရှိပြီး နိုင်ငံပေါင်း ၂၄ နိုင်ငံသို့ တင်ပို့ရောင်းချလျက်ရှိသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။