နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ရာဇဌာနီ လမ်းမကြီးပေါ်ရှိ လမ်းပျက်စီးနေရာများအား Regulating Course Mix Design ဖြင့် ပြန်လည် အဆင့်မြှင့်တင်ပြုပြင်နေမှု ကြည့်ရှုစစ်ဆေး

နေပြည်တော်    ဇူလိုင်   ၄

မန္တလေးငလျင်ကြီးကြောင့်ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် နေပြည်တော်၊ ရာဇဌာနီလမ်းမကြီးပေါ်ရှိ   လမ်းပျက်စီးနေရာများအား နည်းပညာအသစ်ဖြစ်သည့် Regulating Course Mix Design ဖြင့် ပြန်လည်အဆင့်မြှင့်တင် ပြုပြင်နေမှု အခြေအနေများကို  ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည်  ကောင်စီဒုတိယဥက္ကဋ္ဌ    ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊  ကောင်စီအတွင်းရေးမှူး   ဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊  ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများ လိုက်ပါ ၍ ယနေ့နံနက်ပိုင်းတွင်  သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား   ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ဇော်နိုင်ဦး နှင့် တာဝန် ရှိသူများက ရာဇဌာနီလမ်းမကြီးပေါ်ရှိ ပန်းခင်းလမ်းမီးပွိုင့် လမ်းဆုံမှ ကုမုဒြာကြာပန်းအဝိုင်းအထိ   ကွန်ကရစ်လမ်း ပျက်စီးမှုအား စက်ယန္တရားများ အသုံးပြု၍    ကျောက်ကတ္တရာခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေ အနေများကို  ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က  ယခုလမ်းပိုင်းပြင်ဆင်ခြင်း လုပ်ငန်းအား နည်းပညာအသစ်ဖြစ်သည့် Regulating Course Mix Design ဖြင့် ဆောင်ရွက်ခြင်းဖြစ်သည့် အတွက်   လမ်းရေရှည်တည်တံ့ ကောင်းမွန်ရေး၊ သတ်မှတ်အချိုးအစားများ ပြည့်မီမှုရှိစေရေး စနစ်တကျ ဆောင်ရွက်သွားရန်၊ လမ်းကြိတ်ခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် လမ်းသားညီညာမှု ရှိစေရေးနှင့် သိပ်သည်းမှုရှိစေရေး လမ်းကြိတ်စက်များအား   သတ်မှတ်မောင်းနှင်ရမည့်နှုန်းထား အတိုင်း မောင်းနှင်ဆောင်ရွက်စေရန်၊ လမ်းမျက်နှာပြင်ညီညာမှုရှိစေရေး၊  လမ်းပေါ်၌ရေတင်မှုမရှိစေရေးနှင့်  ရေဆင်း မှန်ကန်မှုရှိစေရေး သတ်မှတ်နည်းစနစ်များအတိုင်း စနစ်တကျ ဆောင်ရွက်သွားရန်၊ လမ်းလယ်ကျွန်းရှိ လမ်းကွေ့နေရာများ၌လည်း ညီညာမှုရှိစေရေး၊ လမ်းခင်းခြင်းလုပ်ငန်းများ အမြန်ဆုံးပြီးစီးစေရေး အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို   လမ်းညွှန်မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် လမ်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ် ဆေးပြီး လိုအပ်သည်များ   လမ်းညွှန်မှာကြားခဲ့သည်။

အဆိုပါရာဇဌာနီလမ်းမကြီးပေါ်ရှိ ပန်းခင်းလမ်းမီးပွိုင့်လမ်းဆုံမှ   ကုမုဒြာကြာပန်း အဝိုင်းအထိ လမ်းပိုင်းနေရာသည် မန္တလေးငလျင်ကြီး  လှုပ်ခတ်မှုကြောင့် ဆိုးရွားစွာပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်အနေဖြင့် ငလျင်လှုပ်ခတ်ပြီး  မကြာမီအချိန်ပိုင်းအတွင်း ထိခိုက်ပျက်စီးမှုများအား သွားရောက် စစ်ဆေးခဲ့သည့် နေရာလည်းဖြစ်ကြောင်း၊ ထိုသို့သွားရောက် စစ်ဆေးမှုများ  ဆောင်ရွက်ခဲ့ပြီး   အင်ဂျင်နီယာများနှင့် ဆွေးနွေးတိုင်ပင်မှုများအရ လမ်းပိုင်းပြုပြင်မှုများ ဆောင်ရွက်ရာတွင်  နည်းပညာအသစ်ဖြစ်သည့် Regulating Course Mix Design ဖြင့်   ဆောင်ရွက်သွားရန် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က လမ်းညွှန်မှာကြားခဲ့ကြောင်း၊ ထိုသို့လမ်းညွှန်မှာကြားချက်အရ လမ်းပြုပြင်ခြင်း လုပ်ငန်းများကို Regulating Course Mix Design ဖြင့်ဆောင်ရွက်နိုင်ရန် မူလနိုင်လွန်ကတ္တရာ Mix Design မှ ကတ္တရာပါဝင်မှုနှုန်းနှင့်  ဘိလပ်မြေပါဝင်မှုတို့ကို လျှော့ချ၍ Design စမ်းသပ်ပြုလုပ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ Design ပြုလုပ်ထားသည့် အချိုးအတိုင်း ဆောက်လုပ်ရေးဝန်ကြီးဌာန နိုင်လွန်ကတ္တရာ Lab ခန်းတွင် နမူနာ Mould ၂ တုံးပြုလုပ်၍ Marshall Testing Machine စက်ဖြင့် Stability နှင့် Flow အား စမ်းသပ်ခဲ့ရာ သတ်မှတ် စံနှုန်းများအတွင်း ရရှိစမ်းသပ်မှုအောင်မြင်ခဲ့ကြောင်း၊ ထိုကဲ့သို့ အဆင့်ဆင့် စမ်းသပ်ခဲ့ပြီး နောက် ယခုလမ်းပိုင်းအား Regulating Course Mix Design ဖြင့် ပြင်ဆင်ဆောင်ရွက် နေခြင်းဖြစ်ပြီး Regulating Course Mix Design ဖြင့် လမ်းလွှာခင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်မည်ဆိုပါက ၂ လက်မထု၊ ၁၂ ပေ အကျယ်၊ ၅၂၈၀ ပေ(၁မိုင်) လျင် ဘိလပ်မြေ ၁၈ ဒသမ ၄၄ တန်(၃၆၈) အိတ်နှင့် ကတ္တရာ ၆ ဒသမ ၁၅ တန် (၃၃ ပေပါ) သက်သာမည်ဖြစ်သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။