နေပြည်တော် ဩဂုတ် ၂
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီး များလိုက်ပါ၍ ယနေ့ နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်ထားရှိမှုအခြေအနေများအား သွားရောက်စစ်ဆေးပြီး တပ်နယ်မိသားစုများအား တွေ့ဆုံအမှာစကားပြောကြားသည်။
ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ်နှင့် အဖွဲ့ဝင်များသည် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ရောက်ရှိကြရာ တိုင်းစစ်ဌာနချုပ် အစည်း အဝေးခန်းမ၌ တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်က တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း နယ်မြေ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ တည်ငြိမ် အေးချမ်းရေးအတွက် ပြည်သူ့လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းထားရှိမှုအခြေအနေ များ၊ အရာရှိ၊ စစ်သည် များ၊ မိသားစုများ၏ သက်သာချောင်ချိရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ အတွင်း နယ်မြေ လုံခြုံရေးနှင့်တည်ငြိမ်အေးချမ်းရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်သွားရန်၊ သစ်တော သယံဇာတ များ တရားမဝင်ထုတ်ယူမှုမရှိစေရေး စနစ် တကျကြီးကြပ်ဆောင်ရွက်သွားရန်၊ မိသားစု ဝင်များ၏ သက်သာချောင်ချိရေးအတွက် တပ်ပိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လည်း စနစ်တကျဆောင် ရွက်သွားရန်၊ လုပ်ငန်းများဆောင်ရွက်ရာ တွင် ထိထိရောက်ရောက်နှင့် အကျိုးရှိအောင် ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည် များကို လမ်းညွှန်မှာကြားသည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် အေးချမ်းဖြိုး ခန်းမ၌ တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစု များအား တွေ့ဆုံအမှာ စကားပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ နိုင်ငံ တော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ် ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ နှင့်ဇနီးများ၊ တပ်နယ်မှအရာရှိ၊ စစ်သည်၊မိသားစုများ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံအမှာစကားပြောကြားရာ တွင် တပ်/ဌာနချုပ်များအနေဖြင့် အချိန်အခါအလိုက် လုပ်သင့် လုပ်ထိုက်သည့် လုပ်ငန်း များကို စဉ်ဆက်မပြတ်ဆောင်ရွက်နေရန် လိုကြောင်း၊ တပ်မတော် သားများသည် မိမိ တို့သဘောဆန္ဒအလျောက် တပ်မတော်သို့ ဝင်ရောက်တာဝန်ထမ်းဆောင်ကြခြင်းဖြစ် ကြောင်း၊ တပ်မတော်သားများဖြစ်သည်နှင့်အညီ တပ်မတော်မှပေးအပ်သည့် တာဝန် များကို စဉ်ဆက်မပြတ်ထမ်းဆောင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံ၏လွတ်လပ်ရေးရရှိပြီး ချိန်၌ နိုင်ငံရေးအရ၊ တိုင်းရင်းသားရေး အရ သဘောထားကွဲလွဲမှုများဖြစ်ပေါ်ပြီး ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ် ခဲ့မှုကြောင့် နိုင်ငံ၏အချုပ်အခြာအာဏာ ထိခိုက်လာမှုအပေါ် တပ်မတော်မှ ကျားကုတ် ကျားခဲ ကြိုးပမ်းကာကွယ်ဆောင်ရွက်ခဲ့ ကြောင်း၊ တပ်မတော်အနေဖြင့် ခေတ် အဆက်ဆက်၊ အစိုးရ အဆက်ဆက်တွင် နိုင်ငံတော်၏ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးကို အလေးထားဆောင်ရွက်ခဲ့ ကြောင်း။မိမိတို့နိုင်ငံသည် လွတ်လပ်ရေးရရှိခါစကပါလီမန်စနစ်ကို ကျင့်သုံးခဲ့ပြီးနောက် ဆိုရှယ် လစ်စနစ်ဗဟိုဦးစီးစနစ်ကို ကျင့်သုံး ဆောင်ရွက်ခဲ့ကြောင်း၊ ထိုအချိန်တွင် နိုင်ငံ ရေးအရ သဘောထားကွဲလွဲမှုများဖြစ်ပေါ် ပြီး စီးပွားရေးလုပ်ငန်းများတွင်လည်း ပုဂ္ဂလိကပိုင်းဆိုင်ရာများတွင် ကန့်သတ်မှု များပြုလုပ်ခဲ့ခြင်းကြောင့် သဘောထား ကွဲလွဲမှုများဖြစ်ပေါ်ခဲ့ကြောင်း၊ အလားတူ အုပ်ချုပ်ရေးပိုင်းဆိုင်ရာများတွင်လည်း ညီညွတ်မှုများပျက်ပြားလာခဲ့ကြောင်း၊ ပြည်ပ နိုင်ငံများက အားပေးကူညီလုပ်ဆောင်ခဲ့ သည့် မှောင်ခိုစီးပွားရေးများကြောင့်လည်း ပြည်တွင်းစီးပွားရေးကို ထိခိုက်ကျဆင်းစေ ခဲ့ပြီး တိုင်းပြည်၏သယံဇာတများကိုလည်း ပြည်ပသို့ တရားမဝင်နည်းလမ်းများဖြင့် ထုတ်ယူသုံးစွဲမှုများ များပြားကြောင်း၊ အလားတူ ရာသီဥတုဖောက်ပြန်မှုများ ကြောင့်လည်း စားရေရိက္ခာများရှားပါးမှု ပြဿနာများဖြစ်ပေါ်ခဲ့ကြောင်း၊ ထိုအချိန် မှစတင်၍ နိုင်ငံအတွင်း အခက်အခဲအကျပ် အတည်းများဖြစ်ပေါ်လာခဲ့ပြီး ၁၉၈၈ ခုနှစ် တွင် တပ်မတော်မှ နိုင်ငံတော်တာဝန်များ ကို ထမ်းဆောင်ခဲ့ရကြောင်း။
ထို့နောက် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ရေး တပ်မတော်မှ ကြိုးပမ်း ဆောင်ရွက်ခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ကိုရေးဆွဲ၍ ပြည်သူ့ဆန္ဒခံယူ ပြီး ၂၀၁၀ ပြည့်နှစ်တွင် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းကို စတင်လျှောက်လှမ်းစေခဲ့ ကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော် ကို ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်၌ ခိုင်ခိုင်မာမာ လျှောက်လှမ်းနိုင်ရေးဆက်လက်ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း။စီးပွားရေးနှင့်ပတ်သက်၍ ပြည်သူလူထု နှင့်တိုင်းပြည်ကိုအကျိုးပြုသည့် ဈေးကွက် စီးပွားရေးစနစ်ဖြစ်ရန်လိုကြောင်း၊ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်တည်းအတွက်မဟုတ် ဘဲ အများပြည်သူအတွက်အကျိုးရှိမည့် စီးပွားရေး လုပ်ငန်းများကို မိမိတို့အနေဖြင့် ပိုမိုအားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံရေးအရ သဘော ထား ကွဲလွဲမှု၊ တိုင်းရင်းသားရေးအရ သဘော ထားကွဲလွဲမှုများနည်းပါးစေရေး ဆောင်ရွက်ပေးရ မည်ဖြစ်ကြောင်း၊ အားလုံးတစ်ပြေးညီ ဆောင်ရွက်ခြင်းဖြင့် ဒီမိုကရေစီ၏အနှစ် သာရကို ဖော်ဆောင် ပေးနိုင်မည်ဖြစ်ကြောင်း၊ လက်နက်ကိုင်ဆောင်ရွက်လျက်ရှိသည့် အဖွဲ့များအားလုံး ငြိမ်းချမ်းရေး လမ်းကြောင်း ပေါ်သို့ ရောက်ရှိစေရေး ၂၀၁၀ ပြည့်နှစ် ပထမ ဒီမိုကရေစီအစိုးရသက်တမ်းတွင် ကြိုးပမ်း ဆောင်ရွက်ခဲ့ပြီး တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ်ရေး ထိုးနိုင်ခဲ့ကြောင်း၊ သို့သော် အချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် ပြင်ပမှ သွေးထိုးပေးမှု များကြောင့် ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်သို့ ရောက်ရှိ လာခဲ့ခြင်းမရှိကြောင်း၊ လက်နက်ကိုင်ပဋိပက္ခများကြောင့် ပညာရေး၊ ကျန်းမာရေးနှင့် စီးပွား ရေးကဏ္ဍများတွင် အားနည်းချက်များဖြစ်ပေါ်ခဲ့ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိ ကြောင်း။
၁၉၈၈ ခုနှစ်နောက်ပိုင်း တပ်မတော်မှ နိုင်ငံ့တာဝန်ယူခဲ့သည့်အချိန်တွင် ပညာရေး ကဏ္ဍကို မြှင့်တင် ဆောင်ရွက်မှုများရှိခဲ့သော် လည်း အကြောင်းအမျိုးမျိုးကြောင့် ပညာရေးပိုင်းဆိုင်ရာ အားနည်း ချက်များရှိခြင်း၊ နိုင်ငံအတွင်း ပညာတတ်များပေါများကြွယ်ဝ ပါက နိုင်ငံဖွံ့ဖြိုးတိုးတက်မည်ကို မလိုလား သူများ၏ သွေးထိုးလှုံ့ဆော်ခြင်းများကြောင့် နိုင်ငံတော်၌ ပညာရေးအားနည်းမှုများ ဆက်လက်ဖြစ် ပေါ်ခဲ့ကြောင်း၊ ပညာရည် မြင့်မားရေးနှင့်ပတ်သက်၍ အတန်းပညာရှိမှသာ အတတ်ပညာများ ပိုမိုတတ်မြောက် လာမည်ဖြစ်ပြီး မိမိတို့ဘဝတိုးတက်ရေးကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့်မိမိတို့၏သားသမီးများ ပညာတတ်လူငယ် များဖြစ်စေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် သွားကြရန်လိုကြောင်း၊ အလားတူ ကျောင်း သား၊ ကျောင်းသူများ သက်ဆိုင်ရာအတန်း အလိုက် တန်းစဉ်ကူးပြောင်းမှုများ လျော့ နည်းမှုမရှိစေရေးအတွက်လည်း ဆောင် ရွက်ပေးကြရန်လိုကြောင်း၊ နိုင်ငံအတွင်း ပညာတတ်များပေါကြွယ်ဝမှသာ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို ယခုထက်ပိုမို တိုးတက်အောင် ဆောင်ရွက်သွားနိုင်မည် ဖြစ်ပြီး တွေးခေါ်မြော်မြင်မှုမြင့်မားသည့် ပညာတတ် လူငယ်များ ပိုမိုများပြားလာပါက နိုင်ငံ၏ တည်ငြိမ်အေးချမ်းရေးကိုလည်း အထောက်အကူ ပြုနိုင်မည်ဖြစ်ကြောင်း။
ဒီမိုကရေစီ ဒုတိယအစိုးရ NLD အစိုးရ သက်တမ်းကာလတွင် တပ်မတော်ကို မုန်းတီးစေသည့် ရေးသားပြောဆိုမှုများ လှုံ့ဆော်မှုများကို တိုက်ရိုက်(သို့မဟုတ်) သွယ်ဝိုက်၍ လုပ်ဆောင်ခဲ့ကြောင်း၊ အလားတူ စီးပွားရေး၊ အုပ်ချုပ်ရေးနှင့် ကဏ္ဍ အသီးသီးတွင် လုပ်ငန်းတာဝန်ဆောင်ရွက် မှုများ အောင်မြင်အောင်ဆောင်ရွက်နိုင်မှုမရှိ ခြင်းကြောင့် နိုင်ငံတော်မှာ အဘက်ဘက် က ဆုတ်ယုတ်ခဲ့ ရကြောင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက် ပွဲတွင် မဲမသမာမှုများ လုပ်ဆောင်ပြီး ၎င်းတို့ ပါတီအာဏာရရှိရေး ဆောင်ရွက်ခဲ့ကြ ကြောင်း၊ အဆိုပါမဲမသမာမှုအား ဥပဒေနှင့် အညီ ဖြေရှင်းဆောင်ရွက်ပေးရန်အတွက် မိမိတို့အနေဖြင့် အကြိမ်ကြိမ်အသိပေး အကြောင်းကြားခဲ့သော်လည်း ဖြေရှင်းဆောင် ရွက်ပေးမှုမရှိသည့်အတွက် တပ်မတော် အနေဖြင့် နိုင်ငံတော်တာဝန်များကို တာဝန် ထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း။
မိမိတို့အနေဖြင့် နိုင်ငံရေး၊ တိုင်းရင်းသား ရေး၊ စီးပွားရေးတို့တွင် တစ်ပြေးညီ တည်ငြိမ် တိုးတက်မှုရှိ စေရေး ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ အလားတူ အိမ်နီးချင်းနိုင်ငံများ ဆက်ဆံရေး၊ နိုင်ငံတကာ ဆက်ဆံရေးများ ကိုလည်း တည်ငြိမ်ကောင်းမွန်အောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ တပ်မ တော် သားများအားလုံးအနေဖြင့် မိမိတို့နိုင်ငံ၏သမိုင်းကြောင်းများကို သိရှိအောင်လေ့လာပြီး မှန်မှန် ကန်ကန်ဖြင့် သုံးသပ်ဆောင်ရွက်၍ နိုင်ငံကောင်းအောင် ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း၊ တပ်မတော်သားများအနေဖြင့် နိုင်ငံတော် ကာကွယ်ရေးတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင် သည့် တပ်များဖြစ်အောင် ပီပီပြင်ပြင်ဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း။
သက်သာချောင်ချိရေးနှင့်ပတ်သက်၍ တပ်ပိုင်စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်း များကို မှန်မှန်ကန် ကန်ဖြင့် ဆက်လက် ဆောင်ရွက်ပြီး အရာရှိ၊ စစ်သည်၊ မိသားစု များ၏သက်သာချောင်ချိရေးကို ဖြည့်ဆည်း ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ တပ်ပိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိ သည့် အသား၊ ငါးများနှင့် ဥများကို ပြင်ပသို့ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချ နိုင်ခြင်းကြောင့် ဈေးကွက်တည်ငြိမ်မှုကို တတ်နိုင်သမျှ အထောက်အကူပြုနိုင်မည်ဖြစ် ကြောင်း၊ မိမိတို့အနေဖြင့် လွတ်လပ်ပြီးတရား မျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို ကျင်းပပြုလုပ်ပေး သွားမည် ဖြစ်ကြောင်း၊ တပ်မတော်သားများအားလုံး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ထောင့် တစ်နေရာမှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ပေးသွားကြရန်လိုကြောင်းဖြင့် ပြောကြား သည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ အတွက် စားသောက်ဖွယ်ရာပစ္စည်းများကို ပေးအပ်ရာ တိုင်းမှူးကလည်းကောင်း၊ နိုင်ငံ တော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ဇနီးက တပ်နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း အတွက် ချီးမြှင့် ငွေများကိုပေးအပ်ရာ တိုင်းမှူး၏ဇနီးက လည်းကောင်း အသီးသီးလက်ခံရယူကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြသည်။
ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် တပ်နယ်ရှိ နယ်မြေခံတပ်မတော်ဆေးရုံတွင် တက်ရောက်ကုသလျက်ရှိသည့် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သော အရာရှိ၊ စစ်သည် များအား ထိခိုက်ဒဏ်ရာ ရရှိခဲ့မှုအခြေအနေများ၊ ရောဂါကုသ ပျောက်ကင်းမှုအခြေအနေများကို တစ်ဦးချင်း လိုက်လံတွေ့ဆုံ၍ ရင်းနှီးနွေးထွေးစွာ မေးမြန်းပြီး အားပေးစကားပြောကြားကာ အရာရှိ၊ စစ်သည်များ၏ တင်ပြချက်များ အပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် ဆေးရုံလိုအပ်ချက်များအား မေးမြန်း၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
အလားတူ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ဇနီး သည်လည်း ဆေးရုံတက်ရောက်ကုသလျက်ရှိသည့် အရာရှိ၊ စစ်သည်များ၏ မိသားစုဝင် များအားသွားရောက်ကြည့်ရှု၍ တစ်ဦးချင်း ၏ ကျန်းမာရေးအခြေအနေများကို ရင်းရင်း နှီးနှီး မေးမြန်း အားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာပစ္စည်းများ ပေးအပ်ခဲ့သည်။