နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နေပြည်တော်-ရန်ကုန် လူစီးအမြန်ရထားဖြင့် ပြည်သူများနှင့်အတူ လိုက်ပါစီးနင်း၊  ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ကေတုမတီမြို့ဟောင်း ဖော်ထုတ်ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်နေမှုအခြေအနေများ ကြည့်ရှုစစ်ဆေး

နေပြည်တော်   ဩဂုတ်   ၂

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ     ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့တွင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ တွဲဖက်အမှုဆောင်ချုပ်  ဗိုလ်ချုပ်ကြီးရဲဝင်းဦး နှင့် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ လိုက်ပါ၍ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ကေတုမတီ မြို့ဟောင်း       ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်နေရာများ ပြုပြင်ထိန်းသိမ်းရေးဆောင်ရွက် နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ရန်ကုန်-မန္တလေးလမ်းဟောင်းအတိုင်း နေပြည်တော်မှ တောင်ငူမြို့သို့ ထွက်ခွာခဲ့ကြပြီး     လမ်းဘေးဝဲယာ တစ်လျှောက် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် လူနေမှုအခြေအနေများကို ကြည့်ရှု စစ်ဆေးသည်။

တောင်ငူမြို့၊ ကေတုမတီမြို့ဟောင်း၊ ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်များ ဖော်ထုတ်ထိန်း သိမ်းလျက်ရှိမှုထို့နောက်    နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များသည် တောင်ငူမြို့သို့ရောက်ရှိကြပြီး                တောင်ငူမြို့၊ ကေတုမတီ မြို့ဟောင်း၊ အရှေ့ဘက် ကျုံးနေရာရှိ ယိုးဒယားပေါက်နေရာ၊ အနောက်ဘက်မြို့ရိုးနေရာရှိ မြို့ရိုးတူးဖော်ထိန်းသိမ်းထားရှိမှုနှင့် ရေကျုံးနေရာနှင့် မြို့ရိုးအပြင်ပတ်လမ်းတစ်လျှောက် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ တာဝန်ရှိ သူများ၏ တင်ပြချက်များအပေါ် မင်းကြီးညို (အေဒီ ၁၄၈၅ – ၁၅၃၁) တည်ထောင် ခဲ့သည့် တောင်ငူမြို့၊ ကေတုမတီမြို့ဟောင်း ရှေးဟောင်းမြို့ရိုးနှင့် ကျုံးတူးဖော် သုတေသနပြုလုပ်ငန်းများကို အောင်မြင်အောင် အကောင်အထည်ဖော် ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မြို့ဟောင်း အဝင် တံတားနေရာများနှင့် တံတားပုံစံများကိုလည်း ပြန်လည် ဆန်းစစ်ဖော်ထုတ်လေ့လာသွားရန်လိုပြီး တည်ဆောက်၍ရနိုင် သည့်နေရာများတွင် တည်ဆောက်သွားရန်လိုကြောင်း၊ ပြောင်းရွှေ့ရန်လိုအပ်သည့် ဝန်ကြီးဌာနအဆောက်အဦများကို ပြောင်းရွှေ့သွားရန်လိုကြောင်း၊ သတ်မှတ်ထားသည့် ယဉ်ကျေးမှု အမွေအနှစ်နေရာများကို ဥပဒေနှင့်အညီ စနစ်တကျထိန်းသိမ်းဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို မှာကြားသည်။

တောင်ငူမြို့ရှောင် ရထားလမ်းဖောက်လုပ်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုထို့နောက်    နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည်     တောင်ငူဘူတာသို့ရောက်ရှိကြရာ ဘူတာရုံရှင်းလင်းဆောင်၌ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြ ထွန်းဦး က တောင်ငူမြို့ရှောင် ရထားလမ်းဖောက်လုပ်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ များနှင့် ပတ်သက်၍ ရထားလမ်းအူကြောင်းနှင့် ရထားလမ်းဆိုင်ရာအချက်အလက်များ၊ တောင်ငူဘူတာရုံ အသစ်တည်ဆောက်ရန် လျာထားဆောင်ရွက်ထားရှိမှု၊ ရထားလမ်းနှင့်   ဘူတာအဝင်ကားလမ်းနယ်နိ မိတ်သတ်မှတ်မှု၊    ဖို့မြေလုပ်ငန်းဆောင်ရွက် သွားမည့်အစီအမံများနှင့် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ရထား လမ်းနှင့်ဘူတာရုံအသစ် တည်ဆောက်ရာတွင်    အစကောင်းမှ အနှောင်းသေချာဟူသည့်အတိုင်း ရေရှည်တည်တံ့ကောင်းမွန်စေရေး သတ်မှတ်စံချိန် စံညွှန်းများအတိုင်း    လုပ်ငန်းစဉ်အဆင့်အလိုက်     အရည်အသွေးပြည့်မီအောင် တည်ဆောက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို မှာကြား သည်။

နေပြည်တော်-ရန်ကုန်  အမှတ်(၈)အစုန် DEMU လူစီးအမြန်ရထားခရီးစဉ်အတိုင်း ခရီးသွားပြည်သူ များနှင့် အတူလိုက်ပါစီးနင်းယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် ဇနီး ဒေါ်ကြူကြူလှ၊ ခရီးစဉ်တွင်လိုက်ပါလာကြသည့် အဖွဲ့ဝင်များသည် နေပြည်တော် မှထွက်ခွာလာသည့် နေပြည်တော်-ရန်ကုန်  အမှတ်(၈)အစုန် DEMU လူစီးအမြန်ရထားပေါ်တွင်  စီးနင်းလိုက်ပါလာသည့် ခရီးသွားပြည်သူများနှင့်အတူ   တောင်ငူဘူတာမှ ရန်ကုန်ဘူတာကြီးအထိ ရထားလမ်းပိုင်း တစ်လျှောက်လိုက်ပါ စီးနင်းသည်။

ထိုသို့လိုက်ပါစီးနင်းစဉ် ရထားလမ်းပိုင်းကြံ့ခိုင်ရေးဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ရထားတွဲ ဆိုင်းများအတွင်း ခရီးသွားများလိုက်ပါ စီးနင်းလျက်ရှိမှုအခြေအနေများ၊ ရထားဖြင့်သွားလာ လျက်ရှိ သည့် ခရီးသွားပြည်သူများ ရထားစီးနင်းရာတွင် စိတ်လက်ချမ်းသာစွာဖြင့်    စီးနင်းလိုက် ပါနိုင်ရေး မြန်မာ့မီးရထားမှဝန်ဆောင်မှု လုပ်ငန်းများဆောင်ရွက် ပေးထားမှုအခြေအနေများနှင့် ထပ်မံဖြည့်ဆည်း ဆောင်ရွက် ပေးရန်လိုအပ်မည့် အခြေအနေများ၊ ရထားလမ်းဘေးဝဲယာရှိ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့်    မြို့ပြနှင့်ကျေးလက်ဒေသမျာ   ဖွံ့ဖြိုးတိုးတက် ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများ ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ က ရထားလမ်းများ ကြံ့ခိုင်မှုရှိစေရေးနှင့် စနစ်တကျဖြစ်စေရေး စဉ်ဆက်မပြတ် ဆောင်ရွက်သွား ရန်လိုကြောင်း၊ ရထားလမ်းဘေး ဝဲ/ယာ တစ်လျှောက် သန့်ရှင်းသာယာလှပပြီး ရေစီးရေလာကောင်းမွန် စေရေးဆောင်ရွက်သွားရန်လိုကြောင်း၊ ရထားလမ်းဘေးရှိ လယ်ယာမြေများကို စနစ်ကျနသည့် လယ်ယာမြေများ အဖြစ်ဖော်ထုတ်ဆောင်ရွက်သွားရန်လို ကြောင်း၊ ဘူတာယာဒ်ဝင်းနှင့် ဘူတာရုံများ စနစ်တကျ ဖြစ်စေရေးနှင့် သန့်ရှင်းသာယာမှုများရှိစေရေးဆောင်ရွက်သွားရန် လိုကြောင်း၊ ရထား လမ်းနယ်များအတွင်း စိမ်းလန်းစိုပြေသာယာပြီးမျက်စိ ပသာဒ ဖြစ်စေသည့် သစ်တောငယ်များကို စိုက်ပျိုးသွားရန်လိုကြောင်း၊  မီးရထားဖြင့် သွားလာလျက်ရှိသည့်   မီးရထားစီးပြည်သူများ စိတ်လက် ချမ်းသာစွာဖြင့် စီးနင်းလိုက်ပါနိုင်ရေးနှင့် ပြည်တွင်းပြည်ပ ခရီးသွားများအား ဆွဲဆောင်မှုရှိစေရေး၊ Public Transportation ဖြစ်သည့် ရထားပို့ဆောင်ရေးအပေါ် ပြည်သူများအားထားမှု ပိုမိုမြင့် တက်လာစေရေး ဆောင်ရွက်သွားကြရန်လိုကြောင်းဖြင့် မှာကြားသည်။

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ သည် ရထားခရီးစဉ်တွင်အတူ လိုက်ပါစီးနင်း လိုက်ပါလာသည့် ခရီးသွားပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ နှင့် ဇနီးနှင့် ခရီးစဉ်တွင် လိုက်ပါလာကြသည့် အဖွဲ့ဝင်များသည် ရန်ကုန်ဘူတာ ကြီးသို့ ရောက်ရှိကြပြီး မီးရထားဝန်ထမ်းများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။

အဆိုပါ DEMU လူစီးအမြန်ရထားတွဲအသစ်များကို ရန်ကုန်-နေပြည်တော် ရထားလမ်းပိုင်းတွင် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှစ၍ ရန်ကုန်-နေပြည်တော်၊ နေပြည်တော်-ရန်ကုန် ရထားများ စတင်ပြေး ဆွဲခဲ့ပြီး ပြေးဆွဲချိန် ၅ နာရီခွဲခန့် ကြာမြင့် ကြောင်း၊ ထိုသို့ DEMU လူစီးအမြန်ရထားတွဲ အသစ်များ ပြေးဆွဲနိုင်ခဲ့သဖြင့် ရထားလမ်း ပိုင်းတစ်လျှောက် ခရီးသွားပြည်သူများအနေဖြင့် မိမိတို့သွားလိုရာခရီးသို့ အချိန်တို အတွင်း စိတ်အေးချမ်းသာစွာ၊ ဈေးနှုန်းသက်သာစွာဖြင့် စီးနင်းသွားလာလျက်ရှိသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။