ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ တီယန်ကျင်းမြို့မှ အထူးအမြန်ရထားဖြင့်စီးနင်းလိုက်ပါပြီး ပေကျင်းမြို့သို့ရောက်ရှိ

နေပြည်တော်  စက်တင်ဘာ   ၂

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အလုပ်သဘောခရီးရောက်ရှိနေသည့်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခရီးစဉ်တွင်လိုက်ပါလာသည့်အဖွဲ့ဝင်များနှင့်အတူ ယနေ့ဒေသစံတော်ချိန် နံနက် ၁၀ နာရီခွဲတွင်  တီယန်ကျင်းဘူတာမှ ပေကျင်းမြို့သို့ အထူးအမြန် ရထားဖြင့်ထွက်ခွာကြသည်။

ထိုသို့ထွက်ခွာစဉ် တီယန်ကျင်းဘူတာရုံ၌ တီယန်ကျင်းမြို့ မြူနီစီပယ်အစိုးရမှ ဒုတိယဝန်ကြီးအဆင့် ရှိသူတစ်ဦးနှင့် တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ကြသည်။  ထိုသို့ပို့ဆောင်နှုတ်ဆက်စဉ် တရုတ် နိုင်ငံမှ ပြည်သူများက ဘူတာရုံလျှောက်လမ်း၌ နိုင်ငံအလံများဝှေ့ယမ်း၍ နှုတ်ဆက်ကြသည်။

ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်သည့်မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည်  အထူးအမြန် ရထားဖြင့်  စီးနင်းလိုက်ပါကြပြီး  လမ်းတစ်လျှောက် မြို့ပြဖွံ့ဖြိုးတိုးတက်မှုများကို လေ့လာကြည့်ရှုကြသည်။

ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်  ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ပေကျင်းမြို့၊  Southern Station ဘူတာသို့ ရောက်ရှိကြရာ ပေကျင်းမြူနီစီပယ်အစိုးရမှ ဒုတိယဝန်ကြီးအဆင့်ရှိသူတစ်ဦးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး တရုတ်နိုင်ငံပြည်သူများက ဘူတာရုံလျှောက် လမ်းတစ်လျှောက် အလံများဝှေ့ယမ်း၍ ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် မော်တော်ယာဉ် များဖြင့်   ဆက်လက်ထွက်ခွာခဲ့ကြပြီး ကျောက်ယွိထိုင်နိုင်ငံတော်ဧည့်ဂေဟာသို့ ရောက်ရှိခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။