ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် စီချွမ်ပြည်နယ်ပါတီအတွင်းရေးမှူးနှင့်တွေ့ဆုံ ဆွေးနွေး

စီချွမ်ပြည်နယ်နှင့် မြန်မာနိုင်ငံတို့အကြား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုနည်းပညာများ ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ ရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ်ဆွေးနွေး

နေပြည်တော်   စက်တင်ဘာ    ၅

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ စီချွမ်ပြည်နယ်၊ ချန်ဒူးမြို့တွင်အလုပ်သဘောခရီးရောက်ရှိနေသည့်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ဒေသစံတော်ချိန် ညနေ ၆ နာရီအချိန်တွင် စီချွမ်ပြည်နယ်ပါတီအတွင်းရေးမှူး Mr. Wang Xiaohui နှင့်  Jin Jiang Hotel ၌ တွေ့ဆုံဆွေးနွေးသည်။

အဆိုပါတွေ့ဆုံပွဲသို့ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အတွင်းရေးမှူး၊  တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံဆိုင်ရာ  မြန်မာနိုင်ငံသံအမတ်ကြီးတို့တက်ရောက်ကြပြီး စီချွမ်ပြည်နယ်ပါတီအတွင်းရေးမှူးနှင့် အတူ စီချွမ်ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ  တရုတ်နိုင်ငံသံအမတ်ကြီး  H.E. Ms. Ma Jia  နှင့်  တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ကောင်းမွန်တိုးတက်လျက်ရှိမှုနှင့်  စီချွမ်ပြည်နယ်နှင့် မြန်မာနိုင်ငံတို့အကြား ကုန်သွယ်ရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုများတိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ မန္တလေးငလျင်ကြီး ကြောင့်ထိခိုက်ပျက်စီး မှုများ ဖြစ်ပေါ်ခဲ့ချိန်တွင် စီချွမ်ပြည်နယ်မှအကူအညီပေးရေး အဖွဲ့များ  စေလွှတ်ခဲ့မှုအခြေအနေများ၊ စီချွမ်ပြည်နယ်နှင့် မြန်မာနိုင်ငံတို့အကြား စိုက်ပျိုးရေး၊    မွေးမြူရေးနှင့် စက်မှုနည်းပညာများ ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍  ရင်းနှီးပွင့်လင်းစွာ   အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြ သည်။

တွေ့ဆုံပွဲအပြီးတွင်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား စီချွမ်ပြည်နယ်ပါတီအတွင်းရေးမှူးကဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။