နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်(မှော်ဘီ)သို့ သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော်   စက်တင်ဘာ   ၂၀

နိုင်ငံတော်လုံခြုံရေးနှင့်   အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများလိုက်ပါ၍ မှော်ဘီတပ်နယ်ရှိ   တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်သို့  သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များအားတပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်(မှော်ဘီ)မှတာဝန်ရှိသူများနှင့်ဝန်ထမ်းများက   လှိုက်လှဲနွေးထွေးစွာကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် အစည်းအဝေးခန်းမတွင် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး                ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့်    တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်(မှော်ဘီ) တပ်မှူးတို့က တပ်သမိုင်းအကျဉ်း၊ နိုင်ငံတော် လုံခြုံရေးနှင့်   အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် လာရောက်စစ်ဆေးစဉ် လမ်းညွှန်မှာကြားချက်များအား အကောင် အထည်ဖော်ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့်အထွေထွေလိုအပ်ချက်များကို ရှင်းလင်းတင်ပြကြ သည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်လုံခြုံရေးနှင့်   အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သတင်းများ၊ ထူးခြားဖြစ်စဉ် သတင်းများနှင့်  အများပြည်သူ သိသင့်သိထိုက်သည့် ပြည်တွင်း၊ ပြည်ပသတင်းများကို   မှန်မှန်ကန်ကန်နှင့်   အချိန်နှင့်တစ်ပြေးညီ စဉ်ဆက်မပြတ်ထုတ်လွှင့်နေရန်လိုကြောင်း၊ ဖျော်ဖြေမှုများဆောင်ရွက်ရာတွင် အသံနှင့်အရုပ် နှစ်ခုလုံးပါဝင်သည်ဖြစ်သဖြင့်   အသံကောင်းမွန်ရုံသာမက တင်ဆက်သည့်အစီအစဉ်နှင့်ကိုက်ညီသည့် ဝတ်စားဆင်ယင်မှုဖြစ်စေရန်လည်း အရေးကြီးကြောင်း၊  သတင်းများထုတ်လွှင့်ခြင်းနှင့်     အစီအစဉ်များ ထုတ်လွှင့်ရာတွင် သွက်လက်ဖျတ်လတ်၍ နှစ်လိုဖွယ်ဖြစ်စေရေးတည်းဖြတ်ခြင်းများကို စနစ်တကျဖြင့် ဆောင်ရွက်ရန်လိုကြောင်း၊ ထုတ်လွှင့်ခြင်းလုပ်ငန်းများကို   ဆောင်ရွက်ရာတွင် တည်းဖြတ်သူ၊ ကြီးကြပ်သူများအနေဖြင့် စနစ်တကျဆောင်ရွက်ရန်လိုကြောင်း၊ အစီအစဉ်များထုတ်လွှင့်ရာတွင်လည်း ပြည်သူများကောင်းရာကောင်းကျိုးကို အကျိုးပြုစေနိုင်မည့်၊ အသိပညာဗဟုသုတရရှိစေနိုင်မည့် ပြည်သူ့အကျိုးပြုအစီအစဉ်ကောင်းများဖြစ်ရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

ထို့နောက်   နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည်တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်(မှော်ဘီ)စက်ရုံအတွင်းလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြ ချက်များအပေါ်  လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်(မှော်ဘီ)  ဧည့်သည်တော်မှတ်တမ်း စာအုပ်တွင် လက်မှတ်ရေးထိုးသည်။

၎င်းနောက်   နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည်  တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်   (မှော်ဘီ) ဝန်ထမ်းစားရိပ် သာအဆောက်အဦသစ် ဆောက်လုပ်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး   လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်(မှော်ဘီ)မှ  အရာရှိ၊   စစ်သည်များ၊ ဝန်ထမ်းများအတွက်  ချီးမြှင့်ငွေများကို ပေးအပ်ရာ တပ်မှူးက လက်ခံရယူသည်။

နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေး တပ်(မှော်ဘီ)အတွင်း မော်တော်ယာဉ်များဖြင့်   လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။