ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊  စစ်သံရုံးမိသားစုများ၊ ပညာတော်သင် သင်တန်းသားများအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော်  စက်တင်ဘာ  ၂၆

ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ အလုပ် သဘောခရီးရောက်ရှိနေသည့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်    ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌ  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ညနေပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ သံရုံး၊ စစ်သံရုံးမိသားစုများ၊ ပညာတော်သင် သင်တန်းသားများအား ‌ရုရှားဖက်ဒရေးရှင်း နိုင်ငံဆိုင်ရာ မြန်မာသံရုံး၌ တွေ့ဆုံအမှာ စကားပြောကြားသည်။

တွေ့ဆုံပွဲသို့‌ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင် အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံခြား‌ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် ခရီးစဉ်တွင်လိုက်ပါ လာသည့် အဖွဲ့ဝင်များ၊ ရုရှားဖက်ဒရေး ရှင်းနိုင်ငံဆိုင်ရာ  မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့်ဇနီး၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ်ကျော်စိုးဦး နှင့်ဇနီး၊ သံရုံး၊ စစ်သံရုံးမိသားစုဝင်များ၊ ပညာတော်သင် သင်တန်းသားများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

ဦးစွာ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် သံရုံး၊ စစ်သံရုံး မိသားစုများက တစ်ဦးချင်းမိတ်ဆက်ကြသည်။

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌက အမှာစကားပြော ကြားရာတွင်ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဆိုင်ရာ သံရုံး၊ စစ်သံရုံးမိသားစုများ၊ ပညာ တော်သင် သင်တန်းသားများအား  တွေ့ဆုံ ရသည့်အတွက် ဝမ်းမြောက်မိပါကြောင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ် သည့် “ကမ္ဘာ့အဏုမြူသီတင်းပတ်ဖိုရမ် (World Atomic Week Forum)” သို့ တက် ရောက်ဆွေးနွေးရန် ဖိတ်ကြားချက်အရ လာရောက်ခဲ့ခြင်းဖြစ်ပြီး ယမန်နေ့က တက် ရောက်ခဲ့ကြောင်း၊ မကြာသေးမီကလည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင်ကျင်းပ ပြုလုပ်သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက် မှုအဖွဲ့ ထိပ်သီးအစည်းအဝေး (Shanghai Cooperation Organisation – SCO SUMMIT 2025 Plus)နှင့်တရုတ်ပြည်သူများ၏ ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ် ဆန့်ကျင်ရေးစစ်ပွဲအောင်နိုင်ခြင်းနှစ်(၈၀) ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနား သို့တက်ရောက်ခဲ့ကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့် နိုင်ငံတကာတွင်ကျင်းပသည့် အခြားသောထိပ်သီးအစည်းအဝေးများသို့ လည်း တက်ရောက်ဆွေးနွေးလျက်ရှိသည် ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ နိုင်ငံတကာအခမ်းအနားများသို့တက်ရောက်ခွင့်ရခြင်းသည် မိမိတို့နိုင်ငံအတွက်ကောင်းမွန်သည့် အကျိုးရလဒ်များကိုရရှိ စေကြောင်း၊  သံရုံး၊  စစ်သံရုံးမိသားစုများ အနေဖြင့် နိုင်ငံတော်၏ နိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲမှုအခြေအနေများနှင့် ပကတိ အခြေအနေမှန်များကို သိရှိနားလည်ရမည်ဖြစ်ကြောင်း။

မိမိတို့အနေဖြင့် ၂၀၂၀ ပြည့်နှစ် ရွေး ကောက်ပွဲတွင်ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှု များကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း၊ သို့ဖြစ်၍ လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမို ကရေစီရွေးကောက်ပွဲတစ်ရပ်ကို မဖြစ်မနေ ကျင်းပပေးသွားရမည်ဖြစ်ပြီး  မကြာမီ ကာလအတွင်း ရွေးကောက်ပွဲကျင်းပပြုလုပ် နိုင်ရေးကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အနေ ဖြင့် ကြုံတွေ့ခဲ့ရသည့် ရွေးကောက်ပွဲများ တွင် မဲမသမာမှုဖြစ်စဉ်ဖြစ်ရပ်များကို သင်ခန်းစာယူရမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ လာမည့်ရွေးကောက်ပွဲတွင် မဲမသမာမှုများ မဖြစ်စေရေး ဆောင်ရွက်သွားရမည်ဖြစ် ကြောင်း၊  ရွေးကောက်ပွဲတွင်  မဲစာရင်းမှားယွင်းမှုမရှိစေရေးအတွက်  မြန်မာအီလက်ထရောနစ်မဲပေးစနစ်(MEVM)ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အဆိုပါ မြန်မာအီလက် ထရောနစ်မဲပေးစက် (MEVM)များသည် ယုံကြည်စိတ်ချရပြီး မဲမသမာမှုပြုလုပ်၍မရကြောင်း၊ ယခု ကျင်းပမည့်ရွေးကောက်ပွဲသည် လွတ်လပ် ၍ တရားမျှတသည့်ရွေးကောက်ပွဲ၊ သိက္ခာ ရှိသည့်ရွေးကောက်ပွဲနှင့်  သိက္ခာရှိသည့် လွှတ်တော်ဖြစ်စေရေး ဆောင်ရွက်သွားရန် မှာ မိမိတို့၏ရည်မှန်းချက်ပင်ဖြစ်ကြောင်း၊ ဆန္ဒမဲပေးရာတွင်လည်း မိမိတို့ရွေးချယ်မည့် ရွေးကောက်ခံကိုယ်စားလှယ်များသည် နိုင်ငံ ၏အကျိုးကို အမှန်တကယ်ဆောင်ရွက် နိုင်သူ၊ ဒီမိုကရေစီစနစ်ကို အမှန်တကယ် ဖော်ဆောင်ပေးနိုင်သူ၊ ဒို့တာဝန်အရေး သုံးပါးကို အမှန်တကယ်ထိန်းသိမ်းကာကွယ် စောင့်ရှောက်နိုင်သူဖြစ်ရန်နှင့် နိုင်ငံကောင်း အောင် ဆောင်ရွက်နိုင်မည့်သူများ‌ဖြစ်ရန် လိုကြောင်း၊ သံရုံး၊ စစ်သံရုံးမိသားစုများ၊ သင်တန်းသားများအနေဖြင့်လည်း မိမိတို့ ရွေးချယ်မည့်ကိုယ်စားလှယ်များကို မှန်မှန် ကန်ကန်ရွေးချယ်သွားရန်လိုကြောင်း။

သံရုံး၊ စစ်သံရုံးမိသားစုများ၊ ပညာ တော်သင် သင်တန်းသားများအနေဖြင့် အလှမ်းကွာဝေးပြီး မိမိတို့နှင့်အခြေခံမတူ သည့် ရေခြား၊ မြေခြားအရပ်ဒေသများတွင်  နိုင်ငံတော်၏တာဝန်များကို အခက်အခဲ များကြားမှ လာရောက်ထမ်းဆောင်ကြခြင်း၊ ပညာသင်ယူခြင်းများကို ဆောင်ရွက်နေကြရခြင်းဖြစ်ကြောင်း၊ မိမိအနေဖြင့်လည်း သံရုံး၊ စစ်သံရုံးမိသားစုများ၊ ပညာတော်သင်သင်တန်းသားများ၏အခက်အခဲများကိုနားလည်သဘောပေါက်ပြီး လိုအပ်သည်များကို အခါအခွင့်ကြုံသည့်အခါတိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့ကျရာတာဝန်များကို ထမ်းဆောင် နေကြရာ၌ မိမိကိုယ်ကိုသစ္စာရှိရန်၊ မိမိ အလုပ်အပေါ်သစ္စာရှိရန်၊ နိုင်ငံတော်အပေါ် သစ္စာရှိရန်လိုကြောင်း။

မိမိတို့အစိုးရအနေဖြင့် စတင်တာဝန်ယူ စဉ်မှစ၍ ယခုအချိန်အထိ ကပ်ရောဂါ ကြုံတွေ့ရမှုများ၊ သဘာဝဘေးအန္တရာယ် ကြုံတွေ့ရမှုများ၊ နိုင်ငံရေးအရဖြစ်ပေါ်လာသည့်အခက်အခဲအကျပ်အတည်းနှင့် ပိတ်ဆို့မှုများကို နိုင်ငံတော်နှင့်နိုင်ငံသား များအတွက် စစ်မှန်သည့်စေတနာနှင့် သစ္စာ တရားကိုလက်ကိုင်ထား၍ ကြံ့ကြံ့ခံ ဖြတ်

ကျော်ခဲ့ခြင်းဖြစ်ကြောင်း၊ သံရုံး၊ စစ်သံရုံး  မိသားစုများ၊ ပညာတော်သင် သင်တန်းသား များအနေဖြင့်လည်း မိမိကိုယ်ကိုနှင့် မိမိ အလုပ်ကိုသစ္စာရှိရန်၊ နိုင်ငံတော်နှင့်နိုင်ငံသား များအပေါ်သစ္စာရှိရန်  မှာကြားလိုကြောင်း။

ငွေကုန်ကြေးကျခံ၍ အနာဂတ်နိုင်ငံ တော်အတွက် လူသားအရင်းအမြစ်များရရှိ နိုင်ရန် ပညာတော်သင်စေလွှတ်ခဲ့ခြင်းဖြစ် သည့်အတွက် နိုင်ငံတော်၏ကျေးဇူးကိုမမေ့ ရန်နှင့် နိုင်ငံတော်၏ကောင်းရာကောင်းကျိုး များကို ပြန်လည်ထမ်းဆောင်သွားကြရန် လိုကြောင်း၊ မိမိတို့ကျရာတာဝန်များကို ကျေပွန်စွာထမ်းဆောင်၍ အနာဂတ်နိုင်ငံ တော်အကျိုးကို တတ်စွမ်းသည့်ဘက်မှ ဖော်ဆောင်သွားကြရန်လိုကြောင်း၊ နိုင်ငံ တော်အနေဖြင့် ပြည်ပနိုင်ငံများသို့ ပညာ တော်သင် သင်တန်းသားများစေလွှတ်ပေး လျက်ရှိပြီး အနာဂတ်နိုင်ငံတော်ကိုတည် ဆောက်ရာတွင်  လူသားအရင်းအမြစ် ကောင်းများရရှိစေရေးအတွက် ရည်ရွယ် ဆောင်ရွက်နေခြင်းပင်ဖြစ်ကြောင်း၊ ပြည်ပ နိုင်ငံတွင် ပညာတော်သင်များအဖြစ် စိစစ် ရွေးချယ်စေလွှတ်ခံကြရသူများဖြစ်သဖြင့် မိမိကိုယ်ကိုတန်ဖိုးထားကြရန်၊ မိမိကိုယ်တိုင် နှင့် နိုင်ငံတော်အတွက် ပိုမိုကြိုးပမ်းဆောင် ရွက်ကြရန်လိုကြောင်း။

ထို့ပြင်  မိမိတို့မြန်မာနိုင်ငံသားများ အချင်းချင်း   စည်းလုံးညီညွတ်စွာနေထိုင် ကြရန်နှင့် ကျန်းမာရေးနှင့်ညီညွတ်မျှတစွာနေထိုင်ကြရန်၊ ဂရုစိုက်ကြရန်မှာကြားလို  ကြောင်း၊ မိမိတို့တစ်ဦးချင်းစီအလိုက် အသိ၊ သတိဖြင့် ထိန်းထိန်းသိမ်းသိမ်း နေထိုင် သွားလာစားသောက်ပြီး လုပ်သင့်လုပ်ထိုက် သည်များကို မှန်မှန်ကန်ကန်ဆောင်ရွက်  ကြခြင်းဖြင့် နိုင်ငံတော်၏ဂုဏ်ကိုမြှင့်တင် သွားကြရန်လိုကြောင်းဖြင့် မှာကြားပြီး လိုအပ်ချက်များကို  မေးမြန်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ  ရေးကော်မရှင်ဥက္ကဋ္ဌက သံရုံး၊ စစ်သံရုံး မိသားစုများ၊ ပညာတော်သင် သင်တန်းသား အရာရှိများအတွက် စားသောက်ဖွယ်ရာ များနှင့် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ရာ သံအမတ်ကြီး၊ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ)နှင့် ပညာတော်သင် သင်တန်းသားများ က လက်ခံရယူကြသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌသည် သံရုံး၊ စစ်သံရုံး မိသားစုများ၊ ပညာတော်သင် သင်တန်းသား များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။ 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။