ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကာဇက်စတန်သမ္မတနိုင်ငံသမ္မတ H.E.Mr. Kassym-Jomart Tokayev နှင့် တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်  ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ မွန်းလွဲပိုင်းတွင် ကာဇက်စတန်သမ္မတနိုင်ငံ သမ္မတ  H.E.Mr. Kassym-Jomart Tokayev နှင့် ကာဇက်စတန်သမ္မတနိုင်ငံ၊ သမ္မတနန်းတော်၌ တွေ့ဆုံသည်။

ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာဇက်စတန်သမ္မတနိုင်ငံ၊ သမ္မတနန်းတော်သို့ ရောက်ရှိရာ ဂုဏ်ပြုတပ်ဖွဲ့က ဂါရဝပြုကြိုဆိုပြီး ကာဇက်စတန်သမ္မတ
နိုင်ငံ၊ သမ္မတကလှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်သည်။

ထို့နောက် သမ္မတနန်းတော် ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးကြရာ အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊   ကော်မရှင်အဖွဲ့ဝင်  နိုင်ငံခြား‌ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဉာဏ်ထွန်း၊ ဦးကိုကိုလွင်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ
သံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့် တာဝန်ရှိသူတို့ တက်ရောက်ကြပြီး ကာဇက်စတန် သမ္မတနိုင်ငံသမ္မတနှင့်အတူ ကာဇက်စတန် သမ္မတနိုင်ငံနိုင်ငံခြား ရေးဝန်ကြီး Mr. KOSHERBAYEV Yermek Bedelbayevich နှင့် အစိုးရအဖွဲ့ အကြီး အကဲများတက်ရောက်ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် ကာဇက်စတန်သမ္မတနိုင်ငံ သမ္မတက ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်သည့်အဖွဲ့ဝင်များအား ကာဇက်စတန်နိုင်ငံမှ လှိုက်လှဲနွေး ထွေးစွာကြိုဆိုပါကြောင်း၊ အဆွေတော်သည် ကာဇက်စတန်နိုင်ငံသို့ ပထမဦးဆုံး လာရောက်သည့် မြန်မာနိုင်ငံမှခေါင်းဆောင်တစ်ဦးလည်းဖြစ်ပါကြောင်း၊ မိမိအနေဖြင့် မြန်မာနိုင်ငံသမိုင်းကြောင်းဆိုင်ရာ၊ ယဉ်ကျေးမှုနှင့် ပထဝီဝင်အနေအထားအရ အချက် အခြာကျသည့်နေရာတွင်တည်ရှိနေသည်ကို လေ့လာသိရှိရပါကြောင်း၊ မြန်မာနိုင်ငံနှင့် စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကို ဆောင်ရွက်သွားရန် မိမိတို့အနေဖြင့် အသင့်ရှိပါကြောင်း၊ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ၏ တောင်ဘက်တွင်ရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး မိမိတို့ကာဇက်စတန် နိုင်ငံအနေဖြင့်လည်း ရုရှားနိုင်ငံဘက်မှ ကြည့်မည်ဆိုပါက logistic ပိုင်းဆိုင်ရာ လုပ်ငန်းများကို အကောင်းဆုံးဖြတ်သန်း ဆောင်ရွက်နိုင်သည့်နိုင်ငံတစ်ခုဖြစ်ကြောင်း၊ မိမိတို့ နှစ်နိုင်ငံစီးပွားရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်သွားမည်ဆိုပါက ရုရှားနိုင်ငံသာမက အရှေ့တောင်အာရှနိုင်ငံများနှင့်လည်း ပူးပေါင်းဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်းဖြင့် ဦးစွာပြောကြားသည်။

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌက မိမိဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား ယခုကဲ့သို့ လှိုက်လှဲ နွေးထွေးစွာကြိုဆိုပြီး ဧည့်ဝတ်ကျေပွန်မှုများအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ကာဇက်စတန်နိုင်ငံသို့ ရောက်ရှိစဉ် အဆွေတော်တို့နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုများနှင့် သာယာလှပမှုများကို မျက်ဝါးထင်ထင်တွေ့မြင်ရသည့်အတွက်လည်း ဝမ်းမြောက်မိပါ ကြောင်း၊ မိမိအနေဖြင့် နှစ်နိုင်ငံအကြားဆက်ဆံရေးနှင့်ပူးပေါင်းဆောင်ရွက်မှုများတိုး မြှင့်နိုင်ရန်၊ အမြင်ချင်းဖလှယ်နိုင်ရန်လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့တွေ့ဆုံ ဆွေးနွေးမှုများမှတစ်ဆင့် နှစ်နိုင်ငံဆက်ဆံရေးကိုတိုးမြှင့်ပြီး ပူးပေါင်းဆောင်ရွက်မှုများ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် တွန်းအားတစ်ခုဖြစ်စေလိမ့်မည် ဟု ယုံကြည်မိပါကြောင်း၊ မိမိတို့နှစ်နိုင်ငံသည် ပထဝီအနေအထားအရ အလှမ်းဝေး ကွာသော်လည်း ချစ်ကြည်ရင်းနှီးသည့်နိုင်ငံများဖြစ်သည့်အတွက် နှစ်နိုင်ငံအကြား အကျိုးဖြစ်ထွန်းစေမည့် ကဏ္ဍပေါင်းစုံတွင် နီးကပ်စွာပူးပေါင်းဆောင်ရွက်မှုများကို တိုး မြှင့်ဆောင်ရွက်သွားလိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေး ကော်မရှင်ဥက္ကဋ္ဌနှင့် ကာဇက်စတန်နိုင်ငံသမ္မတ တို့သည် ကုန်သွယ်ရေးနှင့် ကူး သန်းရောင်းဝယ်ရေးကဏ္ဍ၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍ၊ ကုန်ပစ္စည်းများသယ်ယူပို့ ဆောင်ရေးကဏ္ဍ၊ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် သတ္တုတူးဖော်ရေးကဏ္ဍ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုကဏ္ဍ တို့အပါအဝင် ကဏ္ဍပေါင်းစုံ၌ ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များအား ခင်မင်ရင်းနှီးစွာဖြင့် အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့် ကာဇက်စတန်နိုင်ငံသမ္မတ တို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြသည်။

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ သည် ကာဇက်စတန်နိုင်ငံသမ္မတမှ တည်ခင်းဧည့်ခံသည့် အလုပ်သဘောနေ့လယ်စာ စားပွဲသို့ တက်ရောက်၍ နေ့လယ်စာအတူတကွသုံးဆောင်ကြသည်။

နေ့လယ်စာသုံးဆောင်နေစဉ်အတွင်း နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့် ကာဇက်စတန်နိုင်ငံသမ္မတ တို့သည် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး ဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။