နေပြည်တော် စက်တင်ဘာ ၂၈
ကာဇက်စတန်နိုင်ငံသမ္မတ H.E.Mr. Kassym-Jomart Tokayev ၏ ဖိတ်ကြားချက်အရကာဇက် စတန်နိုင်ငံ၊ အက်စတာနာမြို့သို့ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခရီးစဉ်တွင်လိုက်ပါလာသည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဝင်များလိုက်ပါ၍ယနေ့မွန်းလွဲပိုင်းတွင်အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးနန်းတော်နှင့်အမျိုးသားပြတိုက်တို့သို့ သွားရောက် ကြည့်ရှုလေ့လာသည်။
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးနန်းတော်ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည်အမျိုးသားပြန်လည်သင့်မြတ် ရေးနှင့် ငြိမ်းချမ်းရေးနန်းတော်သို့ ရောက်ရှိကြရာ နန်းတော်မှ General Director Mr.Yakupov Daniyar Abaevich နှင့်တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။


ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ က မြန်မာနိုင်ငံသည်လည်း တိုင်းရင်းသားလူမျိုးများအတူတကွစုပေါင်းနေထိုင်လျက် ရှိသည့် ပြည်ထောင်စုနိုင်ငံဖြစ်ပြီး ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးအတွက် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများအားပြန်လည်ဆွေးနွေးပြောကြားပြီး ကာဇက်စတန်နိုင်ငံဆိုင်ရာများ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးနန်းတော်ဆိုင်ရာ များနှင့်ပတ်သက်၍ သိရှိလိုသည်များ မေးမြန်းဆွေးနွေးသည်။
ထို့နောက်နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးနန်းတော်အတွင်းရှိ ကဇာတ်ရုံခန်းမကြီးနှင့်နန်းတော်အတွင်းလှည့်လည်ကြည့်ရှုလေ့လာကြပြီး တာဝန်ရှိသူများ၏ ရှင်းလင်းပြောကြားမှု များအပေါ် သိရှိလိုသည်များပြန်လည်မေးမြန်းဆွေးနွေးသည်။
အဆိုပါ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးနန်းတော်သည် ပိရမစ်ပုံစံဒီဇိုင်းရေးဆွဲတည် ဆောက်ထားသည့် ခေတ်မီအဆောက်အအုံတစ်ခုဖြစ်ကာစုစုပေါင်း ဧရိယာစတုရန်းပေ ၃၀၀၀၀၀ (စတုရန်းမီတာ ၂၈၀၀၀)ကျယ်ဝန်းပြီး ၆၂ မီတာ(၂၀၃ ပေ)မြင့်သော ခမ်းနားထည်ဝါသည့် အဆောက် အအုံတစ်ခုဖြစ်ကြောင်း၊ ဘာသာရေးအခမ်းအနားများအပြင် ဖျော်ဖြေပွဲများ၊ ရုပ်ရှင်ပွဲတော်များနှင့် အမျိုးသားရေး ညီလာခံအခမ်းအနားများကျင်းပရာ အဆောက်အအုံတစ်ခုလည်းဖြစ်ပြီး ကာဇက်စတန် နိုင်ငံအတွက် အရေးပါသောနေရာတစ်ခုဖြစ်ကြောင်းသိရှိရသည်။
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးနန်းတော်အတွင်း လှည့်လည်ကြည့်ရှုအပြီးတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌက အမှတ်တရလက်ဆောင်ပစ္စည်းပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် အမျိုးသားပြတိုက်သို့ရောက်ရှိကြရာ ပြတိုက်မှ အထွေထွေရေးရာဒုတိယ ညွှန်ကြား ရေးမှူး Mr. Sairan Temirgalievich နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် အမျိုးသားပြတိုက်အတွင်း လှည့်လည်၍ကာဇက်စတန်လူမျိုးနှင့် နိုင်ငံတို့၏သမိုင်း ကြောင်း နောက်ခံအကြောင်းအရာများ၊ အဆင့်ဆင့်ဖြစ်ပေါ်ပြောင်းလဲတိုးတက်မှုများ၊ ရိုးရာဓလေ့ ထုံးတမ်းစဉ်လာဆိုင်ရာများ၊ ဖွံ့ဖြိုးတိုးတက်မှုများကို လှည့်လည်ကြည့်ရှုလေ့လာကြပြီး တာဝန်ရှိသူများ ၏ ရှင်းလင်းပြောကြားမှုများအပေါ် သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးသည်။
အဆိုပါ ကာဇက်စတန်နိုင်ငံအမျိုးသားပြတိုက်သည် အာရှအလယ်ပိုင်းတွင် အကြီးမားဆုံးနှင့် အဆန်း သစ်ဆုံးပြတိုက်တစ်ခုဖြစ်ကာ ၂၀၁၄ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြတိုက်တွင် ခန်းမ ၁၁ ခုပါဝင်ပြီး အဆိုပါခန်းမများတွင် ယခင်ခေတ်မှ ယခုအချိန်ထိဖြစ်ပေါ်ခဲ့သောကာဇက်စတန်နိုင်ငံ၏ သမိုင်းကြောင်းနှင့်ယဉ်ကျေးမှုများစွာကိုပုံဖော်ပြသထားကြောင်း၊ အမျိုးသားပြတိုက်အားအပတ်စဉ် တနင်္လာနေ့တိုင်းပိတ်၍အင်္ဂါနေ့မှတနင်္ဂနွေနေ့အထိ ၁၀၀၀ နာရီမှ ၁၈၀၀ နာရီအထိ ဖွင့်လှစ်ထား ရှိကြောင်း၊ လာရောက်လေ့လာကြသူများအနေဖြင့် ကာဇက်စတန်နိုင်ငံ၏ယဉ်ကျေးမှုနှင့် သမိုင်း ကြောင်းများကိုသိရှိနိုင်ရန်အတွက် ကာဇက်စတန်ဘာသာစကား၊ ရုရှားဘာသာစကားနှင့်အင်္ဂလိပ် ဘာသာစကားများဖြင့် ရေးသားဖော်ပြထားသည်ကိုတွေ့ရှိရသည်။
ပြတိုက်အတွင်းပြကွက်တစ်ခုချင်းစီအလိုက်လေ့လာကြည့်ရှုမှုအပြီးတွင် အက်စတာနာမြို့ဆိုင်ရာ ပြခန်း၌ မြို့ပြစီမံ အုပ်ချုပ်ရေးအဖွဲ့မှ Mr. Smogulov Nurasylကယခင်ကမြို့တော်ဖြစ်သည့် အာမာတီ မြို့မှ ယခုအက်စတာနာမြို့နေရာသို့ မြို့ပြ အခြေခံအကွက်ချပုံစနစ်တကျရေးဆွဲ၍ ၂၀၀၀ ခုနှစ် ဇွန်လ ၆ ရက်နေ့ကစပြီး တည် ဆောက်ခဲ့မှု၊ စတင်ဆောင်ရွက်ခဲ့စဉ်က လူဦးရေ ၈ သိန်းခန့်အထိနေထိုင်နိုင်ရေး အခြေခံ အဆောက်အဦများ၊လမ်းပန်းဆက်သွယ်မှုများနှင့် အခြားလိုအပ်ချက်များကိုထည့်သွင်း တွက်ချက် ဆောင်ရွက်ခဲ့သော်လည်း နောက်ပိုင်းတွင် တိုးတက်လာသောလူဦးရေနှင့်အညီ ထပ်မံတိုးချဲ့ ဆောင်ရွက်လျက်ရှိမှု၊ ခေတ်မီနည်းစနစ်များဖြင့် မြို့ပြအား ဆက်လက်ထိန်း သိမ်းဆောင်ရွက် လျက်ရှိမှု တို့နှင့်ပတ်သက်၍ရှင်းလင်းတင်ပြရာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်း သာယာ ရေးကော်မရှင်ဥက္ကဋ္ဌက သိရှိလိုသည်များပြန်လည်မေးမြန်းဆွေးနွေးသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ပြတိုက်မှ အထွေထွေရေးရာ ဒုတိယညွှန်ကြားရေးမှူး Mr. Sairan Temirgalievich၊ မြို့ပြစီမံအုပ်ချုပ် ရေးအဖွဲ့မှ Mr. Smogulov Nurasyl တို့သည် အမှတ်တရလက်ဆောင်ပစ္စည်း အပြန်အလှန်ပေးအပ်ခဲ့ကြသည်။