မြန်မာနိုင်ငံကပိုင်ဆိုင်သည့် ဒီမြေ၊ ဒီရေ၊ ဒီလေကို တူညီစွာသုံးစွဲနေထိုင်ကြသည့် မည်သည့်လူမျိုး၊ မည်သည့်ဘာသာဝင်ပင်ဖြစ်ပါစေ ပြည်ထောင်စုစိတ်ဓာတ်မွေးမြူပြီး နေထိုင်ကြရန်လို၊ အဆိုပါ စိတ်ဓာတ်ကိုအခြေခံပြီး အပြန်အလှန်ချစ်ကြည်ရင်းနှီးမှုများကတစ်ဆင့် မြန်မာနိုင်ငံ၏ အကျိုးကိုဝိုင်းဝန်းသယ်ပိုး 

နေပြည်တော် အောက်တိုဘာ  ၁၇

မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးအသင်း(MIFA)နှင့် မြန်မာနိုင်ငံတွင်မှီတင်းနေထိုင်ကြသော ဟိန္ဒူမျိုးနွယ်စု များစုပေါင်းကျင်းပသည့် ဒီပါဝလီအထိမ်းအမှတ်အခမ်းအနားကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်းရှိ  အမျိုးသားဇာတ်ရုံ၌  ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။

အဆိုပါအခမ်းအနားသို့    နိုင်ငံတော်ယာယီသမ္မတ   နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်  ဥက္ကဋ္ဌ နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကော်မရှင် အတွင်းရေးမှူး   တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့်ဇနီး၊    ကော်မရှင် အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာ သံရုံးများမှသံအမတ်ကြီးများနှင့်   သံရုံးအကြီးအကဲများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊  အသင်းအဖွဲ့များမှတာဝန်ရှိသူများ၊ ဟိန္ဒူမျိုးနွယ်စုများ၊ ဟိန္ဒူရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့် ဖိတ်ကြား ထားသည့် ဧည့်သည်တော်ကြီးများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် ဇနီးတို့အား  တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။     ယင်းနောက် ဟိန္ဒူရိုးရာ ဒီပါဝလီအထိမ်း အမှတ်အခမ်းအနား မင်္ဂလာမုခ်ဦးကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံးမှ    သံရုံးယာယီတာဝန်ခံနှင့် တာဝန်ရှိသူများ၊ ဟိန္ဒူမျိုးနွယ်စုဝင်များကဖဲကြိုးဖြတ်ဖွင့် လှစ်ပေးကြပြီး ဟိန္ဒူရိုးရာကဘူးများမှုတ်ခြင်း၊     မိုးပျံပူဖောင်းများလွှတ်တင်ခြင်းများကို ဆောင်ရွက်ကြသည်။

ထို့နောက်   နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်’အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီးတို့အား   ဟိန္ဒူရိုးရာ ဆီမီးနံ့သာဖြင့် ကြိုဆိုကြပြီး ဟိန္ဒူရိုးရာ တစ်ခုဖြစ်သည့် မွန်မြတ်ပြီးမင်္ဂလာ ရှိသော ဟိန္ဒူရိုးရာ Pur Kumbham (ပုရ်ဏကုမ္ဘမ်) ဖြင့်ဆုတောင်း  ကြိုဆိုဂါရဝပြုကြသည်။ ယင်းနောက်   နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက    ဒီပါဝလီအထိမ်း အမှတ်အခမ်းအနားကိုစက်ခလုတ်နှိပ်ဖွင့်လှစ် ပေးပြီး တက်ရောက်လာကြသူများနှင့် အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။

ထို့နောက် အခမ်းအနားအစီအစဉ်ဒုတိယပိုင်းကို ပြဇာတ်ခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်ယာယီ သမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့်ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံး      သံရုံးယာယီတာဝန်ခံနှင့်ဇနီး၊ တာဝန်ရှိသူများက ဒီပါဝလီအထိမ်းအမှတ် ဆီမီး ထွန်းညှိပေးကြသည်။ ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေး ကော်မရှင် ဥက္ကဋ္ဌနှင့်ဇနီးတို့အား  မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံး သံရုံးယာယီ တာဝန်ခံနှင့် ဇနီးတို့က မင်္ဂလာဂုဏ်ပြုပဝါနှင့် ပန်းကုံးကို ဂါရဝပြုဆင်မြန်းပေးပြီး  နိုင်ငံတော်လုံခြုံ ရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဆိုင်ရာ  အိန္ဒိယနိုင်ငံ သံရုံး သံရုံးယာယီ တာဝန်ခံတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြကာ စုပေါင်းမှတ် တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။

ထို့နောက် မြန်မာ-အိန္ဒိယချစ်ကြည်ရေးအသင်းအတွင်းရေးမှူးနှင့်ဇနီးတို့က မြန်မနိုင်ငံဆိုင်ရာ အိန္ဒိယ နိုင်ငံသံရုံး   သံရုံးယာယီတာဝန်ခံနှင့်ဇနီးတို့အား    မင်္ဂလာဂုဏ်ပြုပဝါနှင့် ပန်းကုံးကို ဂါရဝပြုဆင်မြန်း ပေးသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌက ဟိန္ဒူရိုးရာ ဒီပါဝလီ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ချီးမြှင့်ခြင်းနှင့်ပတ်သက်၍ ပြောကြား ရာတွင် ဒီပါဝလီပွဲတော်သည် ဟိန္ဒူဘာသာဝင်များအထွတ်အမြတ်ထားသည့်   ရိုးရာမီးထွန်းပွဲ တော်ဖြစ်ကြောင်း၊ “ဒီပ” ဆိုသည့်မီးအလင်းရောင်နှင့် “အာဝလိ”ဆိုသည့် စီတန်းခြင်းဆိုသည့် အဓိပ္ပာယ်တို့ကို  ပေါင်းစပ်ထားခြင်းဖြစ်သည့်အတွက် ဒီပါဝလီဆိုသည်မှာ  ဆီမီးအလင်းရောင်များဖြင့် စီတန်းထွန်းညှိပူဇော်ခြင်းဟု အဓိပ္ပာယ်ရသည်ဟု သိရှိရကြောင်း၊           ဒီပါဝလီပွဲတော်စတင် ဖြစ်ပေါ်ခဲ့သည့်   နောက်ခံသမိုင်းကြောင်းအနေဖြင့် ရာမမင်းမြတ်သည် ရာဝဏဟုခေါ် သည့်   ဒဿဂီရိမင်းကိုနှိမ်နင်းပြီး စစ်ပွဲမှန်သမျှ ဘယ်သောအခါမှအရှုံးမရှိသည့် အယုဒ္ဓယ နေပြည်တော်ကို ပြန်လည်ဝင်ရောက်လာသည့်အချိန်သည် သီတင်းကျွတ် လကွယ် မှောင်မိုက် နေသည့် ညအချိန်အခါဖြစ်သဖြင့် ဆီမီးများထွန်းညှိပြီး ရာမမင်းမြတ်ကို ဆီမီးအလင်းရောင်ဖြင့် ကြိုဆိုပူဇော်ကြရာမှ ဒီပါဝလီပွဲတော်စတင်ခဲ့ခြင်းဖြစ် သည်ဟု လေ့သလာသိရှိရကြောင်း။ ဆီမီးပူ ဇော်ခြင်းအားဖြင့် အမှောင်များပျောက်ကွယ်ပြီး အလင်းများရောက်လာ သကဲ့သို့ မကောင်းသည်များ ကွယ်ပျောက်ပြီး ကောင်းခြင်းတရားများရောက်ရှိလာစေရန်၊   မျှော်လင့်ချက်ရောင်ခြည်များ ပြန်လည်ပြည့်ဝ လာစေရန်ဆိုသည့် ယုံကြည်ချက်များဖြင့် အခုကဲ့သို့ ဆီမီးပူဇော်ကြခြင်းဖြစ်ကြောင်း၊  ဟိန္ဒူဘာသာဝင်များအတွက် ဒီပါဝလီနေ့သည်  အခါထူးရက်မြတ်ဖြစ်ခြင်းကြောင့် လုပ်ငန်း အသစ်စတင်ခြင်း၊ စာရင်းဟောင်းချုပ်ပြီး စာရင်းအသစ် စတင်ခြင်းများပြုလုပ်ပါက မျှော်မှန်းထားသည့် အတိုင်း  အောင်မြင်သည်ဆိုသည့် ယုံကြည်မှုများနှင့် ဆောင်ရွက်ကြသည်ကိုလည်းသိရှိရကြောင်း၊  ယခုကျင်းပသည့် ဒီပါဝလီမီးထွန်းပွဲတော်ကြောင့် မိမိတို့နိုင်ငံတွင်   ယခုအချိန်ကစပြီး ပိုမိုကောင်းမွန် တိုးတက်သည့် အခြေအနေကောင်းများရရှိ ခံစားနိုင်မည်ဆိုသည်ကို ယုံကြည်ကြောင်း။မိမိတို့ မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံနှင့် မတူကွဲပြားသည့် ဘာသာရေးဆိုင်ရာ    ယုံကြည်ကိုး ကွယ်မှုမျိုးစုံ စုပေါင်းတည်ရှိသည့်  နိုင်ငံဖြစ်ကြောင်း၊ နိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသူများ၏ ဘာသာရေးဆိုင်ရာ ယုံကြည်ကိုးကွယ်မှု နှင့်ပတ်သက်ပြီး  တူညီသည့်အခွင့်အရေများနှင့်  လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ခွင့်ပြုပေးထားပြီးဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ ကိုးကွယ်ယုံကြည်ရာ     ဘာသာတရားအလျောက်   ဘာသာရေးပွဲတော်များကိုလည်း အနှစ်သာရရှိရှိကျင်းပဆောင်ရွက်သွားကြရန် လွန်စွာအရေးကြီးကြောင်း။

မတူကွဲပြားသည့် သဘာသာဝင်များအကြား မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုသည့် ဗြဟ္မစိုရ်တရားလေးပါးကို လက်ကိုင်ထားပြီး သင့်မြတ်စွာစုစည်းနေထိုင်ရန် လိုအပ်ကြောင်း၊ “စုပေါင်း ညီညာ အောင်ကြောင်းဖြာ” ဆိုသည့်စကားအတိုင်း  ဘာသာပေါင်းစုံ စုစည်းညီညွတ်စွာ နေထိုင်နိုင်ရေး အတွက် အခြေခံမူများဖြစ်သည့်ဘာသာပေါင်းစုံက ဘာသာဝင်များအချင်းချင်း အပြန်အလှန်လေး စားပြီး အတူတကွအေးချမ်းစွာ နေထိုင်သွားကြရန်၊ ဘာသာရေး၊ လူမှုရေး ပဋိပက္ခများကြောင့် ဒုက္ခရောက်နေသူများကို ကူညီစောင့်ရှောက်ရန်၊ ဘာသာရေးနှင့် ဆက်နွှယ်သည့် နစ်နာမှုများရှိလာပါက ဥပဒေနှင့်အညီ ညှိနှိုင်းဆောင်ရွက်ပေးရန် စသော ကောင်းမွန်သည့်အခြေခံမူများကို ချမှတ်ဆောင်ရွက် လျက်ရှိကြောင်း။

မိမိတို့သည် အမိမြေပေါ်တွင် အတူတကွကြီးပြင်းလာကြ သူများဖြစ်သည့် အတွက် တစ်ဦး၏ ယုံကြည်ရာ ဘာသာတရားကို အခြားတစ်ဦးက  လေးစားကြရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံက ပိုင်ဆိုင် သည့် ဒီမြေ၊ ဒီရေ၊ ဒီလေကို တူညီစွာသုံးစွဲ နေထိုင်ကြသည့် မည်သည့်လူမျိုး၊ မည်သည့်ဘာသာဝင် ပင်ဖြစ်ပါစေ ပြည်ထောင်စုစိတ်ဓာတ်မွေးမြူပြီး နေထိုင်ကြရန်လိုကြောင်း၊ အဆိုပါစိတ်ဓာတ်ကို အခြေခံပြီး   အပြန်အလှန် ချစ်ကြည်ရင်းနှီးမှုများကတစ်ဆင့် မြန်မာနိုင်ငံ၏ အကျိုးကို ဝိုင်းဝန်းသယ်ပို းကြဖို့လိုကြောင်း။

မိမိတို့အနေဖြင့် နိုင်ငံတော်၏ အကျိုး၊ တိုင်းရင်းသားမိဘပြည်သူများ၏ အကျိုးအတွက် နိုင်ငံတော်ကို ပြည်သူလူထုလိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်လျှောက် လှမ်းနိုင်ရန်အတွက် လာမည့်ဒီဇင်ဘာလ ၂၈ ရက် နေ့မှစပြီး လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုက ရေစီအထွေထွေ ရွေးကောက်ပွဲကို  စတင်ကျင်းပပေးတော့မည်ဖြစ်ကြောင်း၊ ထို့နောက် ရွေးကောက်ပွဲရ လဒ်အရထွက်ပေါ်လာသည့် အစိုးရကို ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်လွှဲ အပ်နိုင်ရေးဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ အောင်မြင်စေ ရေးယခုကဲ့သို့  အဖွဲ့အစည်းအသီးသီးကလည်း နိုင်ငံ့အကျိုးမျှော်ကိုးပြီး ဆောင်ရွက် သွားကြရန်လို ကြောင်း။

ယခုကဲ့သို့ ဟိန္ဒူဘာသာဝင်တို့၏ မင်္ဂလာအပေါင်းနှင့်  ပြည့်စုံသည့်ဆီမီးထွန်းညှိ ပူဇော်ပွဲကို ဦးစီးကျင်းပပေးခဲ့သည့် မြန်မာ-အိန္ဒိယချစ်ကြည်ရေးအသင်း၊ မြန်မာနိုင်ငံ ဆိုင်ရာအိန္ဒိယသံရုံး၊   မြန်မာ-အိန္ဒိယ ကုန်သည်ကြီးများနှင့် ဟိန္ဒူမျိုးနွယ်စုအသင်းအဖွဲ့များအားလုံးကို ကျေးဇူးတင်ရှိသည်ကို ပြောကြားလိုကြောင်း၊   ယခု ဒီပါဝလီပွဲတော်မှစပြီး မိမိတို့ နိုင်ငံသားအားလုံး တစ်ဦးအပေါ်တစ်ဦး  ချစ်ခင်လေးစားမှု၊ နားလည်ခွင့်လွှတ်မှုများ   မျှဝေပေးပြီး အတိတ်ကမကောင်းသည့် အဟောင်းများ ကိုချန်ခဲ့ကာ အနာဂတ်နိုင်ငံတော်နှင့် ကမ္ဘာကြီးတွင် ငြိမ်းချမ်းသာယာမှုများ ဖြစ်ပေါ်လာအောင် ဝိုင်းဝန်းကြိုးစားဆောင်ရွက်နိုင်ကြပါစေကြောင်း ဆန္ဒပြုဆုမွန်တောင်းစကား ပြောကြားလိုက်ပါ ကြောင်းဖြင့်ပြောကြားသည်။

ယင်းနောက်   မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံး သံရုံးယာယီတာဝန်ခံက အမှတ်တရစကားနှင့် ဒီပါဝလီအထိမ်းအမှတ်ပွဲတော်ကျင်းပရေး ဦးစီးကော်မတီနှင့် မြန်မာ-အိန္ဒိယ ချစ်ကြည်ရေး အသင်းဥက္ကဋ္ဌ က ကျေးဇူးတင်စကားအသီးသီးပြောကြား ကြသည်။

ထို့နောက်   နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ နှင့် ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများအား မြန်မာ- အိန္ဒိယ ရိုးရာယဉ်ကျေးမှုအကအဖွဲ့၊ ဟိန္ဒူရိုးရာယဉ်ကျေးမှုအကအဖွဲ့နှင့် အမျိုးသား ယဉ်ကျေးမှုနှင့်    အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ယဉ်ကျေးမှုအဖွဲ့များက ဟိန္ဒူရိုးရာ ယဉ်ကျေးမှု အကပဒေသာများ၊ လူမျိုးစုများ၏ ရိုးရာအကများ၊   မြန်မာရိုးရာအကများဖြင့်  သီဆိုကပြဖျော်ဖြေကြသည်။ ဖျော်ဖြေမှုအပြီးတွင်   နိုင်ငံတော်ယာ ယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံး သံရုံးယာယီ တာဝန်ခံနှင့်ဇနီးတို့သည် ယဉ်ကျေးမှုအဖွဲ့ များအား  အမှတ်တရဂုဏ်ပြု ပန်းခြင်း ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီး၊ အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် ဟိန္ဒူမျိုးနွယ်စုများ၊     ဟိန္ဒူရိုးရာယဉ်ကျေးမှုအဖွဲ့များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။