တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Joint Peace Fund (ငြိမ်းချမ်းရေးရန်ပုံငွေအဖွဲ့)ဥက္ကဋ္ဌဖြစ်သူ မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံ သံ အမတ်ကြီးအား Virtual Meeting ဖြင့် လက်ခံတွေ့ဆုံဆွေးနွေး

နေပြည်တော်၊ ဒီဇင်ဘာ – ၁၄

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် Joint Peace Fund (ငြိမ်းချမ်းရေးရန်ပုံငွေအဖွဲ့)၏ ဥက္ကဋ္ဌဖြစ်သူ မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံသံအမတ်ကြီး H.E.Mr. Tim Enderlin ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား Virtual Meeting ဖြင့် လက်ခံတွေ့ဆုံဆွေးနွေးသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ငြိမ်းချမ်းရေးရန်ပုံငွေအဖွဲ့ဥက္ကဋ္ဌနှင့်အတူ ဒုတိယဥက္ကဋ္ဌ ဗြိတိန်နိုင်ငံ သံအမတ်ကြီး H.E.Mr. Daniel Patrick Bredon Chugg တို့ တက်ရောက်ကြသည်။

ထို့သို့တွေ့ဆုံဆွေးနွေးရာတွင် Joint Peace Fund (ငြိမ်းချမ်းရေးရန်ပုံငွေအဖွဲ့)မှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များနှင့် ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်း စဉ်များ၊ တပ်မတော်အနေဖြင့် JPF (ငြိမ်းချမ်းရေးရန်ပုံငွေအဖွဲ့)၏ လုပ်ငန်းစဉ်များတွင် လိုအပ်သည်များကို ဆောင်ရွက်ပေးလျက်ရှိသည့်အခြေအနေများနှင့် ငြိမ်းချမ်းရေး ရရှိရန်အတွက် တပ်မတော်က လိုလားသည့် အခြေအနေများ၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲခြင်းအားဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်ပြီး ထိုဒေသ၌ လိုအပ်သည်များကို ဆောင်ရွက်ပေးနိုင်မည်ဖြစ်သဖြင့် တပ်မတော်မှ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်မှစ၍ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၃၀ ရက်အထိ နှစ်နှစ်ကြာ အပစ်အခတ်ရပ်စဲပေးခဲ့သည့်အခြေအနေများနှင့် ထိုသို့ ရပ်စဲပေးထားသည့် ကာလအတွင်း NCA လက်မှတ်ရေးထိုးရခြင်းမရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများအနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများကို တိုးတက်အောင်မြင်အောင် ဆောင်ရွက်ကြရန်လိုအပ်သည့်အခြေအနေများ၊ ဒီမိုကရေစီဖြစ်စဉ်တွင် ရွေးကောက်ပွဲသည် အရေးကြီးသည့် မှတ်ကျောက်ဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ရွေးကောက်ပွဲ မပြုလုပ်နိုင်ခဲ့သည့် ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်းရှိ နယ်မြေအချို့တို့၌ ဥပဒေနှင့် အကြုံးဝင်သည့်အချိန်ကာလတစ်ခုအတွင်း ရွေးကောက်ပွဲ ပြန်လည်ပြုလုပ်နိုင်ရေးနှင့် ယင်းဒေသများရှိ ဒေသခံတိုင်းရင်းသားပြည်သူများ၏ နိုင်ငံရေးအခွင့်အရေး မဆုံးရှုံးစေရန် လိုအပ်သည့်အခြေအနေများ၊ ထာ၀ရငြိမ်းချမ်းရေးကို အကောင်အထည် ဖော်ရာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း တစ်ခုနှင့်တစ်ခု မတူညီသည့် သမိုင်းကြောင်းများ၊ မတူကွဲပြားသည့်အတွေးအမြင်များ၊ သဘောထားများကို ထည့်သွင်းစဉ်းစားရန် လိုအပ်သည့်အခြေအနေများ၊ တပ်မတော်အနေဖြင့် နေရပ်ရှောင်ပြည်သူများကို မိမိဒေသတွင်ပြန်လည်အခြေချနေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးအတွက် နယ်မြေလုံခြုံရေး၊ မိုင်းရှင်းလင်းရေးလုပ်ငန်းများနှင့် ယင်းတို့၏ကျေးရွာဝန်းကျင် သန့်ရှင်းရေးလုပ်ငန်းများကိုပါ ကူညီဆောင်ရွက်ပေးလျက်ရှိသည့်အခြေအနေများ၊ ကချင်ပြည်နယ်ရှိ တိုက်ပွဲရှောင်စခန်း (IDP) စခန်းများတွင်နေထိုင်လျက်ရှိသည့် ဒေသခံများအနေဖြင့် ၎င်းတို့၏ နေရပ်အသီးသီးသို့ ပြန်လည်အခြေချနေထိုင်လျက်ရှိပြီး တပ်မတော်မှ မိုင်းရှင်းလင်းရေးလုပ်ငန်းများနှင့် လိုအပ်သည့်လုံခြုံရေးကိစ္စရပ်များကို လက်တွေ့ကူညီ ဆောင်ရွက်ပေးနေမှုများနှင့် တိုးတက်မှုအခြေအနေများ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအောင်မြင်စေရေးအတွက် တစ်ဦးနှင့်တစ်ဦးယုံကြည်မှုရှိစွာဖြင့်င်ြိမ်းချမ်းရေးအပေါ်တွင်သစ္စာစောင့်သိရန်လိုအပ်မည်ဖြစ်ပြီး တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးကို အနှောင့်အယှက်ဖြစ်စေမည့် မည်သည့်ကိစ္စကိုမဆို ရှောင်ရှားလျက် ရှိသည့် အခြေအနေများ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် နိုင်ငံရေးလမ်းကြောင်းကို ဆက်လက်လျှောက်လှမ်းရမည့်အခြေအနေများနှင့် ရေရှည်တည်တံ့ခိုင်မြဲသည့် အပစ်အခတ်ရပ်စဲမှုနှင့် ထာ၀ရငြိမ်းချမ်းရေးကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့်အခြေအနေများအား ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့ကြသည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ Joint Peace Fund (ၿငိမ္းခ်မ္းေရးရန္ပုံေငြအဖြဲ႕)ဥကၠ႒ျဖစ္သူ ျမန္မာႏိုင္ငံဆိုင္ရာ ဆြစ္ဇာလန္ႏိုင္ငံ သံ အမတ္ႀကီးအား Virtual Meeting ျဖင့္ လက္ခံေတြ႕ဆုံေဆြးေႏြး

ေနျပည္ေတာ္၊ ဒီဇင္ဘာ – ၁၄

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ယေန႔မြန္းလြဲပိုင္းတြင္ Joint Peace Fund (ၿငိမ္းခ်မ္းေရးရန္ပုံေငြအဖြဲ႕)၏ ဥကၠ႒ျဖစ္သူ ျမန္မာႏိုင္ငံဆိုင္ရာ ဆြစ္ဇာလန္ႏိုင္ငံသံအမတ္ႀကီး H.E.Mr. Tim Enderlin ဦးေဆာင္ေသာကိုယ္စားလွယ္အဖြဲ႕အား Virtual Meeting ျဖင့္ လက္ခံေတြ႕ဆုံေဆြးေႏြးသည္။

အဆိုပါေတြ႕ဆုံပြဲသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေအာင္လင္းေဒြးႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး ၿငိမ္းခ်မ္းေရးရန္ပုံေငြအဖြဲ႕ဥကၠ႒ႏွင့္အတူ ဒုတိယဥကၠ႒ ၿဗိတိန္ႏိုင္ငံ သံအမတ္ႀကီး H.E.Mr. Daniel Patrick Bredon Chugg တို႔ တက္ေရာက္ၾကသည္။

ထို႔သို႔ေတြ႕ဆုံေဆြးေႏြးရာတြင္ Joint Peace Fund (ၿငိမ္းခ်မ္းေရးရန္ပုံေငြအဖြဲ႕)မွ ေဆာင္႐ြက္လ်က္ရွိသည့္ လုပ္ငန္းစဥ္မ်ားႏွင့္ ဆက္လက္ေဆာင္႐ြက္သြားမည့္လုပ္ငန္း စဥ္မ်ား၊ တပ္မေတာ္အေနျဖင့္ JPF (ၿငိမ္းခ်မ္းေရးရန္ပုံေငြအဖြဲ႕)၏ လုပ္ငန္းစဥ္မ်ားတြင္ လိုအပ္သည္မ်ားကို ေဆာင္႐ြက္ေပးလ်က္ရွိသည့္အေျခအေနမ်ားႏွင့္ ၿငိမ္းခ်မ္းေရး ရရွိရန္အတြက္ တပ္မေတာ္က လိုလားသည့္ အေျခအေနမ်ား၊ ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲျခင္းအားျဖင့္ ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးကို ေဆာင္႐ြက္ႏိုင္ၿပီး ထိုေဒသ၌ လိုအပ္သည္မ်ားကို ေဆာင္႐ြက္ေပးႏိုင္မည္ျဖစ္သျဖင့္ တပ္မေတာ္မွ ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလ ၂၁ ရက္မွစ၍ ၂၀၂၀ ျပည့္ႏွစ္ ဒီဇင္ဘာလ ၃၀ ရက္အထိ ႏွစ္ႏွစ္ၾကာ အပစ္အခတ္ရပ္စဲေပးခဲ့သည့္အေျခအေနမ်ားႏွင့္ ထိုသို႔ ရပ္စဲေပးထားသည့္ ကာလအတြင္း NCA လက္မွတ္ေရးထိုးရျခင္းမရွိေသးသည့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ အစည္းမ်ားအေနျဖင့္ ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈမ်ားကို တိုးတက္ေအာင္ျမင္ေအာင္ ေဆာင္႐ြက္ၾကရန္လိုအပ္သည့္အေျခအေနမ်ား၊ ဒီမိုကေရစီျဖစ္စဥ္တြင္ ေ႐ြးေကာက္ပြဲသည္ အေရးႀကီးသည့္ မွတ္ေက်ာက္ျဖစ္ၿပီး အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေ႐ြးေကာက္ပြဲ မျပဳလုပ္ႏိုင္ခဲ့သည့္ ရခိုင္ျပည္နယ္ႏွင့္ ရွမ္းျပည္နယ္အတြင္းရွိ နယ္ေျမအခ်ိဳ႕တို႔၌ ဥပေဒႏွင့္ အႀကဳံးဝင္သည့္အခ်ိန္ကာလတစ္ခုအတြင္း ေ႐ြးေကာက္ပြဲ ျပန္လည္ျပဳလုပ္ႏိုင္ေရးႏွင့္ ယင္းေဒသမ်ားရွိ ေဒသခံတိုင္းရင္းသားျပည္သူမ်ား၏ ႏိုင္ငံေရးအခြင့္အေရး မဆုံးရႈံးေစရန္ လိုအပ္သည့္အေျခအေနမ်ား၊ ထာ၀ရၿငိမ္းခ်မ္းေရးကို အေကာင္အထည္ ေဖာ္ရာတြင္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္း တစ္ခုႏွင့္တစ္ခု မတူညီသည့္ သမိုင္းေၾကာင္းမ်ား၊ မတူကြဲျပားသည့္အေတြးအျမင္မ်ား၊ သေဘာထားမ်ားကို ထည့္သြင္းစဥ္းစားရန္ လိုအပ္သည့္အေျခအေနမ်ား၊ တပ္မေတာ္အေနျဖင့္ ေနရပ္ေရွာင္ျပည္သူမ်ားကို မိမိေဒသတြင္ျပန္လည္အေျခခ်ေနထိုင္လုပ္ကိုင္စားေသာက္ႏိုင္ေရးအတြက္ နယ္ေျမလုံၿခဳံေရး၊ မိုင္းရွင္းလင္းေရးလုပ္ငန္းမ်ားႏွင့္ ယင္းတို႔၏ေက်း႐ြာဝန္းက်င္ သန႔္ရွင္းေရးလုပ္ငန္းမ်ားကိုပါ ကူညီေဆာင္႐ြက္ေပးလ်က္ရွိသည့္အေျခအေနမ်ား၊ ကခ်င္ျပည္နယ္ရွိ တိုက္ပြဲေရွာင္စခန္း (IDP) စခန္းမ်ားတြင္ေနထိုင္လ်က္ရွိသည့္ ေဒသခံမ်ားအေနျဖင့္ ၎တို႔၏ ေနရပ္အသီးသီးသို႔ ျပန္လည္အေျခခ်ေနထိုင္လ်က္ရွိၿပီး တပ္မေတာ္မွ မိုင္းရွင္းလင္းေရးလုပ္ငန္းမ်ားႏွင့္ လိုအပ္သည့္လုံၿခဳံေရးကိစၥရပ္မ်ားကို လက္ေတြ႕ကူညီ ေဆာင္႐ြက္ေပးေနမႈမ်ားႏွင့္ တိုးတက္မႈအေျခအေနမ်ား။ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားေအာင္ျမင္ေစေရးအတြက္ တစ္ဦးႏွင့္တစ္ဦးယုံၾကည္မႈရွိစြာျဖင့္င္ျိမ္းခ်မ္းေရးအေပၚတြင္သစၥာေစာင့္သိရန္လိုအပ္မည္ျဖစ္ၿပီး တပ္မေတာ္အေနျဖင့္ ၿငိမ္းခ်မ္းေရးကို အေႏွာင့္အယွက္ျဖစ္ေစမည့္ မည္သည့္ကိစၥကိုမဆို ေရွာင္ရွားလ်က္ ရွိသည့္ အေျခအေနမ်ား၊ ဒီမိုကေရစီႏွင့္ ဖက္ဒရယ္စနစ္ကိုအေျခခံသည့္ ႏိုင္ငံေရးလမ္းေၾကာင္းကို ဆက္လက္ေလွ်ာက္လွမ္းရမည့္အေျခအေနမ်ားႏွင့္ ေရရွည္တည္တံ့ခိုင္ၿမဲသည့္ အပစ္အခတ္ရပ္စဲမႈႏွင့္ ထာ၀ရၿငိမ္းခ်မ္းေရးကို ဆက္လက္အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ႏိုင္မည့္အေျခအေနမ်ားအား က်ယ္က်ယ္ျပန႔္ျပန႔္ေဆြးေႏြးခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။