တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံ အမတ်ကြီး H.E. Mr. Hong Liang အားလက်ခံတွေ့ဆုံ

ေနျပည္ေတာ္၊ ေမ ၁၃

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ တာ၀န္ၿပီးဆုံး၍ ျပန္လည္ထြက္ခြာ မည့္ ျမန္မာႏုိင္ငံဆုိင္ရာတ႐ုတ္ႏုိင္ငံသံအမတ္ႀကီး H.E. Mr. Hong Liang အား ယေန႔ နံနက္ပုိင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာဧည့္ခန္းမေဆာင္၌ လက္ခံေတြ႕ဆုံသည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယ ဗုိလ္ခ်ဳပ္ႀကီး မုိးျမင့္ထြန္းႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး ျမန္မာႏုိင္ငံဆုိင္ရာတ႐ုတ္ႏုိင္ငံ သံအမတ္ႀကီးႏွင့္အတူ သံ႐ုံးမွတာ၀န္ ရွိသူမ်ားတက္ေရာက္ၾကသည္။

ထုိသုိ႔ေတြ႕ဆုံရာတြင္ ယခုအခ်ိန္အခါသည္ ျမန္မာ-တ႐ုတ္ ႏွစ္ႏုိင္ငံအၾကား၊ တပ္မေတာ္ႏွစ္ရပ္အၾကား ဆက္ဆံေရးမွာ အေကာင္းဆုံးႏွင့္အျမင့္မားဆုံးအေျခအေနသုိ႔ ေရာက္ရွိေနၿပီး သံအမတ္ႀကီးအေနျဖင့္ တာ၀န္ ထမ္းေဆာင္ခ်ိန္ကာလအတြင္း ႏွစ္ႏုိင္ငံႏွင့္ တပ္မေတာ္ႏွစ္ရပ္အၾကား ခ်စ္ၾကည္ရင္းႏွီးမႈႏွင့္ ပူးေပါင္း ေဆာင္ရြက္မႈမ်ားပုိမုိတုိးတက္ ေကာင္းမြန္ေအာင္ ေဆာင္ရြက္ႏုိင္ခဲ့မႈအေျခအေနမ်ား၊ ျမန္မာႏုိင္ငံ၏ ထာ၀ရ ၿငိမ္းခ်မ္းေရးရရွိရန္အတြက္ တ႐ုတ္ႏုိင္ငံမွပါ၀င္ကူညီေဆာင္ရြက္ေပးေနမႈ အေျခအေနမ်ားႏွင့္ နယ္စပ္ေဒသ တည္ၿငိမ္ေအးခ်မ္းေရးႏွင့္ ဖြံ႕ၿဖိဳးတုိးတက္ေရးအတြက္ နယ္စပ္ေဒသေန ႏွစ္ႏုိင္ငံျပည္သူမ်ားအခ်င္းခ်င္း ခ်စ္ၾကည္ရင္းႏွီးစြာဆက္ဆံမႈ၊ ႏွစ္ႏုိင္ငံတပ္မေတာ္ႏွစ္ရပ္ ႏွင့္ အုပ္ခ်ဳပ္ေရးဆုိင္ရာအဖြဲ႕အစည္းအခ်င္းခ်င္း ပူးေပါင္းေဆာင္ရြက္မႈမ်ားမွတစ္ဆင့္ ေဆာင္ရြက္ရမည့္အေျခအေနမ်ား၊ နယ္စပ္ကုန္သြယ္မႈမ်ား တုိးျမႇင့္ေဆာင္ ရြက္ရန္ လုိအပ္မႈ အေျခအေနမ်ား၊ တ႐ုတ္ႏုိင္ငံ၏ရပ္၀န္းႏွင့္လမ္းေၾကာင္းစီမံကိန္း (OBOR)သည္ ျမန္မာႏုိင္ငံ အတြက္အက်ိဳးျပဳမည့္ စီမံကိန္းလုပ္ငန္းမ်ားပါ၀င္ေနသည့္အေျခအေနမ်ား၊ ရခုိင္ျပည္နယ္အေရး ကိစၥရပ္ မ်ားႏွင့္ပတ္သက္ၿပီး တ႐ုတ္ႏုိင္ငံအေနျဖင့္ ႏုိင္ငံတကာအလယ္တြင္ ျမန္မာႏုိင္ငံဘက္မွရပ္တည္ ေဆာင္ရြက္ေပးေနမႈအေျခအေနမ်ား၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ တ႐ုတ္ႏုိင္ငံခ်စ္ၾကည္ေရး ခရီးစဥ္ အတြင္း တ႐ုတ္ျပည္သူ႕သမၼတ ႏုိင္ငံသမၼတ Mr. Xi Jinping အပါအ၀င္ တ႐ုတ္ႏုိင္ငံရွိ နယ္ဘက္ စစ္ဘက္ ေခါင္းေဆာင္မ်ား ႏွင့္ရင္းႏွီးစြာေတြ႕ဆုံ၍ ႏွစ္ႏုိင္ငံႏွင့္တပ္မေတာ္ႏွစ္ရပ္အၾကား ခ်စ္ၾကည္ရင္းႏွီးမႈႏွင့္ ပူးေပါင္းေဆာင္ရြက္မႈမ်ား ပုိမုိတုိးတက္ေအာင္ေဆြးေႏြးေဆာင္ရြက္ႏုိင္ခဲ့မႈအေျခအေနမ်ားအား ရင္းႏွီးပြင့္လင္း စြာေဆြးေႏြးခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံ အမတ်ကြီး H.E. Mr. Hong Liang အားလက်ခံတွေ့ဆုံ 

နေပြည်တော်၊ မေ ၁၃ 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာ မည့် မြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံသံအမတ်ကြီး H.E. Mr. Hong Liang အား ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံ သံအမတ်ကြီးနှင့်အတူ သံရုံးမှတာဝန် ရှိသူများတက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် ယခုအချိန်အခါသည် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား၊ တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးမှာ အကောင်းဆုံးနှင့်အမြင့်မားဆုံးအခြေအနေသို့ ရောက်ရှိနေပြီး သံအမတ်ကြီးအနေဖြင့် တာဝန် ထမ်းဆောင်ချိန်ကာလအတွင်း နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများပိုမိုတိုးတက် ကောင်းမွန်အောင် ဆောင်ရွက်နိုင်ခဲ့မှုအခြေအနေများ၊ မြန်မာနိုင်ငံ၏ ထာဝရ ငြိမ်းချမ်းရေးရရှိရန်အတွက် တရုတ်နိုင်ငံမှပါဝင်ကူညီဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်စပ်ဒေသနေ နှစ်နိုင်ငံပြည်သူများအချင်းချင်း ချစ်ကြည်ရင်းနှီးစွာဆက်ဆံမှု၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ် နှင့် အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့အစည်းအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် ဆောင်ရွက်ရမည့်အခြေအနေများ၊ နယ်စပ်ကုန်သွယ်မှုများ တိုးမြှင့်ဆောင် ရွက်ရန် လိုအပ်မှု အခြေအနေများ၊ တရုတ်နိုင်ငံ၏ရပ်ဝန်းနှင့်လမ်းကြောင်းစီမံကိန်း (OBOR)သည် မြန်မာနိုင်ငံ အတွက်အကျိုးပြုမည့် စီမံကိန်းလုပ်ငန်းများပါဝင်နေသည့်အခြေအနေများ၊ ရခိုင်ပြည်နယ်အရေး ကိစ္စရပ် များနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာအလယ်တွင် မြန်မာနိုင်ငံဘက်မှရပ်တည် ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တရုတ်နိုင်ငံချစ်ကြည်ရေး ခရီးစဉ် အတွင်း တရုတ်ပြည်သူ့သမ္မတ နိုင်ငံသမ္မတ Mr. Xi Jinping အပါအဝင် တရုတ်နိုင်ငံရှိ နယ်ဘက် စစ်ဘက် ခေါင်းဆောင်များ နှင့်ရင်းနှီးစွာတွေ့ဆုံ၍ နှစ်နိုင်ငံနှင့်တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်အောင်ဆွေးနွေးဆောင်ရွက်နိုင်ခဲ့မှုအခြေအနေများအား ရင်းနှီးပွင့်လင်း စွာဆွေးနွေးခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။