၂၀၂၅ ခုနှစ်၊  မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော် နိုဝင်ဘာ  ၂

၂၀၂၅ ခုနှစ်၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ ရေပန်းရင်ပြင်တော်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်  ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊   ကော်မရှင်ဒုတိယ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ကော်မရှင်အဖွဲ့ဝင်   နိုင်ငံတော် ဝန်ကြီး ချုပ်  ဦးညိုစောနှင့်ဇနီး၊  ကော်မရှင်အဖွဲ့ဝင် အမှုဆောင်ချုပ် ဦးအောင်လင်းဒွေးနှင့်ဇနီး၊ ကော်မရှင် အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့်ဇနီး၊ကော်မရှင်အဖွဲ့ဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊  ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများနှင့်ဇနီးများ၊နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ မီးပုံးပျံလွှတ်တင်ရေးပြိုင်ပွဲဝင်အဖွဲ့များနှင့်တာဝန်ရှိသူများ တက်ရောက်ကြပြီး ဘုရားဖူးလာရဟန်းရှင်လူပြည်သူများ ကလည်း စည်ကားများပြားစွာလာရောက် ကြည့်ရှုကြသည်။

ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်ဇနီး တို့သည် အခမ်းအနားကျင်းပမည့်နေရာသို့ရောက်ရှိကြရာ မြန်မာ့အသံ နှင့်ရုပ်မြင်သံကြားမှ တိုင်းရင်း သား၊ တိုင်းရင်းသူများ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန  အနုပညာဦးစီးဌာနမှ  ယဉ်ကျေးမှုအဖွဲ့ များ၊ အနုပညာရှင်များက မြန်မာ့ရိုးရာ မီးပုံးငယ်များကိုကိုင်ဆောင်၍  လှိုက်လှဲနွေးထွေးစွာကြိုဆိုကြ သည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီးတို့က မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်မီးထွန်းပွဲတော်မီးပုံးပျံလွှတ်တင် ပူဇော် ခြင်း ဖွင့်ပွဲအခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ထိုသို့ဖဲကြိုးဖြတ်ဖွင့်လှစ်သည်နှင့်တစ်ပြိုင်နက်  မီးပုံးပျံငယ်များကိုတစ်ပြိုင်နက် လွှတ်တင်ခြင်း၊ မီးရှူး မီးပန်းများပစ်ဖောက်ခြင်းနှင့် မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင် တေးသီချင်းဖြင့် ကပြဖျော်ဖြေ ခြင်းများကိုဆောင်ရွက်ကြရာ နိုင်ငံတော်ယာယီ သမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့်ဇနီး၊ အခမ်း အနားတက်ရောက်လာကြသူများက ကြည့်ရှုအားပေးကြသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံ တော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီး၊ အဖွဲ့ဝင်များသည် ၂၀၂၅   ခုနှစ်၊  မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံ လွှတ်တင်ပူဇော်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့်ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများမှ ပြိုင်ပွဲဝင် အသင်းများအား လိုက်လံနှုတ်ဆက်ကြရာ ရိုးရာအကအလှများဖြင့် ကပြဖျော်ဖြေကြ သည်။

ဆက်လက်၍ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌ နှင့်ဇနီး၊ အခမ်းအနား တက်ရောက်လာကြသူများသည် ညမီးကြီး မီးပုံးပျံများနှင့် စိန်နားပန်မီးပုံးပျံ များအား ပြိုင်ပွဲဝင်အသင်းများအလိုက် အသီးသီး လွှတ်တင်ပူဇော်ယှဉ်ပြိုင်မှုများကို ကြည့်ရှု အားပေး ကြပြီး လာရောက်အားပေးကြ သည့် မိဘပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

ထိုကဲ့သို့ မီးပုံးပျံများလွှတ်တင်ရန်ပြင်ဆင် မှုများဆောင်ရွက်နေချိန်တွင် တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု အဖွဲ့များကလည်း ရိုးရာ အကအလှများဖြင့် ကပြဖျော်ဖြေတင်ဆက် ခဲ့ကြသည်။

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီးတို့သည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား  ဖူးမြော်ကြည်ညိုကာ ပန်း၊  ရေချမ်းနှင့်ဆီမီးများ ကပ်လှူပူဇော်ပြီး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး  တန်ဆောင်တိုင်မီးထွန်းပွဲတော်   ဖွင့်ပွဲ အခမ်း အနားသို့ တက်ရောက်လာကြသူများနှင့်အတူ ဆီမီးများကိုအတူတကွထွန်းညှိပူဇော်ကြသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်ဇနီးတို့သည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား  လက်ယာရစ် လှည့်လည်ဖူးမြော်ကြည်ညို၍ သဒ္ဓါဓိပတိခေါင်းလောင်းတော်ကြီးအား ထိုးခတ်ပူဇော်ကာ  မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး  တန်ဆောင်တိုင်မီးထွန်းပွဲတော်သို့ လာရောက်ကြသူများနှင့် ဘုရားဖူးလာ  ရဟန်းရှင်လူပြည်သူများအား ခင်မင်ရင်းနှီးစွာဖြင့် နှုတ်ဆက်ခဲ့ကြသည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး ဗုဒ္ဓဥယျာဉ်တော်အတွင်း၌ တန်ဆောင်တိုင်ပွဲတော်အခါသမယအဖြစ် တန်ဆောင်တိုင်မီးထွန်းပွဲတော်ကို နိုဝင်ဘာ လ ၂ ရက်မှ ၄ ရက်အထိ ကျင်းပပြုလုပ်သွား မည်ဖြစ်ပြီး ပွဲတော်ကာလအတွင်း ရုပ်ပွားတော်မြတ်ကြီး ရင်ပြင်တော်၌  ဝတ်ရွတ်အသင်းများက ရွတ်ဖတ်ပူဇော်ခြင်း၊ ဆီမီး ၉၀၀၀ ထွန်းညှိကပ်လှူပူဇော်ခြင်း၊ မီးရှူးမီးပန်းများ  ပစ်လွှတ်ပူဇော်ခြင်း၊  အလှညမီးကြီးနှင့်  စိန်နားပန် မီးပုံးပျံကြီးများ လွှတ်တင်ပူဇော်ခြင်း၊ မသိုးရွှေကြာသင်္ကန်း ရက်လုပ်ကပ်လှူပူဇော်ခြင်း၊ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်အတွင်း   LED  မီးများဖြင့်အလှဆင်ပူဇော်ခြင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများ၏ဒေသထွက်ကုန်၊ စားသောက်ကုန်၊   လူသုံးကုန်ပစ္စည်း အရောင်း ဆိုင်ခန်းများ၊ ဒေသထွက်မြန်မာ့ရိုးရာမုန့်ဆိုင်များ     ခင်းကျင်းပြသရောင်းချခြင်းတို့နှင့်အတူနိုင်ငံကျော် အနုပညာရှင်များကလည်း တေးဂီတနှင့် ဇာတ်သဘင်ဖျော်ဖြေပွဲများဖြင့် တင်ဆက်သွားမည် ဖြစ်ပြီး စည်ကားသိုက်မြိုက်စွာဖြင့်   စီစဉ်ကျင်းပသွားမည်ဖြစ်သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။