တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ မြန်မာ့ထေရဝါဒဗုဒ္ဓဝိဟာရ(မော်စကို)သို့သွားရောက်၍ သံဃာတော်များအား လှူဖွယ်ပစ္စည်း များနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်း

ေနျပည္ေတာ္၊ ၾသဂုတ္ ၁၈

ရုရွားဖက္ဒေရးရွင္းႏိုင္ငံတြင္ က်င္းပျပဳလုပ္ခဲ့သည့္ International Army Games-2019 ပိတ္ပြဲအခမ္းအနားသို႕ တက္ေရာက္ခဲ့ေသာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ ဦးေဆာင္ေသာ ျမန္မာ့တပ္မေတာ္ကိုယ္စားလွယ္အဖြဲ႕ သည္ ယေန႕နံနက္ပိုင္းတြင္ ေမာ္စကုိၿမိဳ႕ရွိ ျမန္မာ့ေထရ၀ါဒဗုဒၶ၀ိဟာရ(ေမာ္စကို)သို႔ သြားေရာက္ၿပီး ေက်ာင္းထုိင္ဆရာေတာ္ ေဒါက္တာ ဘဒၵႏၲအစၦရိယအား ဖူးေျမာ္ၾကည္ညိဳၾကကာ လွဴဖြယ္ပစၥည္းမ်ားႏွင့္ ေန႔ဆြမ္းဆက္ကပ္ လွဴဒါန္းခဲ့ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားသည္ ျမန္မာ့ေထရ၀ါဒ ဗုဒၶ၀ိဟာရ (ေမာ္စကို) ေက်ာင္းထုိင္ဆရာေတာ္ထံအား သာသနာေရးဆုိင္ရာမ်ားေလွ်ာက္ ထားၾကၿပီး လွဴဖြယ္ပစၥည္းမ်ားႏွင့္ န၀ကမၼအလွဴေငြမ်ားအားဆက္ကပ္လွဴဒါန္းကာ လွဴဒါန္းမႈအစုစုအတြက္ ေရစက္သြန္းခ် အမွ်ေပးေ၀ ၾကသည္။

ထုိ႕ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားသည္ ျမန္မာ့ေထရ၀ါဒဗုဒၶ၀ိဟာရ (ေမာ္စကို)ေက်ာင္းထုိင္ဆရာေတာ္ ေဒါက္တာ ဘဒၵႏၲအစၦရိယ အမွဴးျပဳေသာ ဆရာေတာ္၊ သံဃာေတာ္မ်ားအား ေန႕ဆြမ္းဆက္ကပ္လွဴဒါန္း ခဲ့ၾကသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ ျမန္မာ့ေထရ၀ါဒ ဗုဒၶ၀ိဟာရ (ေမာ္စကုိ) တြင္ ဆက္လက္ေဆာင္ရြက္သြားမည့္ သာသနိကအေဆာက္အဦ တည္ေဆာက္ေရးကိစၥရပ္မ်ား၊ ဗုဒၶဘာသာသာသနာထြန္းကားျပန္႕ပြားေရးဆုိင္ရာ ကိစၥရပ္မ်ားအား ေမးျမန္းေလွ်ာက္ထားၿပီး ေက်ာင္း၀န္းအတြင္း ေက်ာင္းထုိင္ဆရာေတာ္ ေဒါက္တာ ဘဒၵႏၲအစၦရိယႏွင့္အတူ လုိက္လံၾကည့္႐ႈ ခဲ့ၾကသည္။

 

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ မြန်မာ့ထေရဝါဒဗုဒ္ဓဝိဟာရ(မော်စကို)သို့သွားရောက်၍ သံဃာတော်များအား လှူဖွယ်ပစ္စည်း များနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်း

နေပြည်တော်၊ သြဂုတ် ၁၈

ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် International Army Games-2019 ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့ သည် ယနေ့နံနက်ပိုင်းတွင် မော်စကိုမြို့ရှိ မြန်မာ့ထေရဝါဒဗုဒ္ဓဝိဟာရ(မော်စကို)သို့ သွားရောက်ပြီး ကျောင်းထိုင်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တအစ္ဆရိယအား ဖူးမြော်ကြည်ညိုကြကာ လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မြန်မာ့ထေရဝါဒ ဗုဒ္ဓဝိဟာရ (မော်စကို) ကျောင်းထိုင် ဆရာတော်ထံအား သာသနာရေးဆိုင်ရာများလျှောက် ထားကြပြီး လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများအားဆက်ကပ်လှူဒါန်းကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးေ၀ ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မြန်မာ့ထေရဝါဒဗုဒ္ဓဝိဟာရ (မော်စကို)ကျောင်းထိုင် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တအစ္ဆရိယ အမှူးပြုသော ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း ခဲ့ကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် မြန်မာ့ထေရဝါဒ ဗုဒ္ဓဝိဟာရ (မော်စကို) တွင် ဆက်လက်ဆောင်ရွက်သွားမည့် သာသနိကအဆောက်အဦ တည်ဆောက်ရေးကိစ္စရပ်များ၊ ဗုဒ္ဓဘာသာသာသနာထွန်းကားပြန့်ပွားရေးဆိုင်ရာ ကိစ္စရပ်များအား မေးမြန်းလျှောက်ထားပြီး ကျောင်းဝန်းအတွင်း ကျောင်းထိုင်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တအစ္ဆရိယနှင့်အတူ လိုက်လံကြည့်ရှု ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။