ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ H.E. Mr. Aleksandr Lukashenko နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ‌ရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို

နေပြည်‌တော်   နိုဝင်ဘာ   ၂၈

မြန်မာနိုင်ငံ၌ တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ H.E. Mr. Aleksandr Lukashenko နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ‌ရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့သည် ယနေ့မွန်းလွဲပိုင်းတွင်  ပြည်ထောင်စု နယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထား သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော် အမြင့်ဆုံးဖြစ်တော်မူသည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးသို့  သွားရောက် ဖူးမြော်ကြည်ညိုကြသည်။

ဦးစွာ ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ  နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ‌ရေးကော်မရှင်ဥက္ကဋ္ဌတို့ သည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ရောက်ရှိကြရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ကော်မရှင် အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီး များဖြစ်ကြသည့် ဦးမြထွန်းဦး၊ ဦးသန်းဆွေ၊ ဦးမောင်မောင်အုန်း၊ ဦးတင်ဦးလွင်၊ ဦးကိုကို လွင်၊ ဦးမျိုးသန့်၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်၊ မာရဝိဇယဂေါပကအဖွဲ့များနှင့် တာဝန်ရှိသူများကကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာ‌ရေးကော်မရှင်ဥက္ကဋ္ဌ တို့သည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် ကြီး၏ အောင်မြေနေရာတွင် မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး ဂန္ဓကုဋိတိုက်သို့သွား ရောက်ကြည့်ရှုလေ့လာကြရာ ဂန္ဓကုဋိတိုက် အဆောင်အမှတ်(၂)တွင်  ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်  ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာ‌ရေးကော်မရှင်ဥက္ကဋ္ဌက     မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးတည်ထားကိုးကွယ် ခြင်းသမိုင်းမှတ်တမ်းနှင့်  မာရဝိဇယဗုဒ္ဓ ဥယျာဉ်တော်တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်မှုသမိုင်းမှတ်တမ်းတို့ကိုရှင်းလင်း ပြောကြားသည်။

ယင်းနောက် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာ‌ရေးကော်မရှင်ဥက္ကဋ္ဌ တို့သည် သဒ္ဓါဓိပတိခေါင်းလောင်းတော် ထိုး၍ ကုသိုလ်ပြုကြသည်။

ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံ ရေးနှင့် အေးချမ်းသာယာ‌ရေးကော်မရှင် ဥက္ကဋ္ဌက မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးသမိုင်းမှတ်တမ်းစာအုပ်(အင်္ဂလိပ်၊ မြန်မာ)နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတခရီးစဉ်ဆိုင်ရာမှတ်တမ်းဓာတ်ပုံနှင့် ဗီဒီယို မှတ်တမ်းတို့ကို ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတထံ ပေးအပ်သည်။

ယင်းနောက် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတဦးဆောင်သည့်    ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ဝင်များသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတည်ထားကိုးကွယ်ရာ ဗုဒ္ဓဥယျာဉ်တော်ပရိဝုဏ်တော်အတွင်းမှ  ပြန်လည်ထွက်ခွာရာ  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်  ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်ကော်မရှင်အတွင်းရေးမှူးတွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ မာရဝိဇယဂေါပကအဖွဲ့များနှင့်တာဝန်ရှိသူများက ရင်းနှီးနွေးထွေးစွာပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။