ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ H.E. Mr. Aleksandr Lukashenko နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ နှစ်နိုင်ငံအထိမ်းအမှတ်သစ်ပင်အတူတကွစိုက်ပျိုး

နေပြည်တော် နိုဝင်ဘာ ၂၈

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံတို့အကြား နှစ်နိုင်ငံသံတမန်ချစ်ကြည်ရင်းနှီးမှု အဓွန့်ရှည်တည်တံ့စေရန်ရည်ရွယ်၍ နှစ်နိုင်ငံအထိမ်းအမှတ်သစ်ပင်စိုက်ပျိုးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ပျဉ်းမနား-တောင်ညိုကားလမ်းဘေးရှိ ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန နေပြည်တော်အမျိုးသားပရဆေးဥယျာဉ်၌ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံ၌  တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိနေသည့်   ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ H.E. Mr. Aleksandr Lukashenko နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ  နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့တက်ရောက်၍ ကံ့ကော်ပင်ကို အတူတကွစိုက်ပျိုးပေးကြသည်၊၊

အဆိုပါအခမ်းအနားသို့ ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌတို့နှင့်အတူ  ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊  ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးထွန်းအုံ၊ ဦးမြထွန်းဦး၊ ဦးသန်းဆွေ၊  ဦးခင်မောင်ရီ၊  ဒေါက်တာသက်ခိုင်ဝင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီးများ၊ ဘယ်လာရုစ်သမ္မတ နိုင်ငံမှ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်၊၊

ယင်းနောက် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတနှင့်အဖွဲ့ဝင်များသည် ဘယ်လာရုစ်-မြန်မာ အထိမ်းအမှတ်ကံ့ကော်ပင်ရှေ့၌  စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး အမျိုးသားပရဆေးဥယျာဉ်အတွင်းရှိ  အာဆီယံနှင့် BIMSTEC ဘင်းစတက်အဖွဲ့ဝင်   နိုင်ငံ့အကြီးအကဲများစိုက်ပျိုးခဲ့သည့်  အထိမ်းအမှတ် သစ်ပင်များကိုလှည့်လည်ကြည့်ရှုခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။