ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နိုင်ငံတကာအဆင့်မီ အနုပညာ ဗဟိုဌာန(ရန်ကုန်) (Myanmar Art Center-Yangon) အဆောက်အအုံ တည်ဆောက်ခြင်း လုပ်ငန်းခွင်အား သွားရောက်ကြည့်ရှုစစ်ဆေး         

နေပြည်တော်   ဒီဇင်ဘာ   ၁၂

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ  နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကော်မရှင် အတွင်း ရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါ၍  ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ နိုင်ငံတကာအဆင့်မီ  အနုပညာဗဟိုဌာန(ရန်ကုန်) (Myanmar Art Center-Yangon) အဆောက်အအုံ တည် ဆောက် ခြင်းလုပ်ငန်းခွင်အား သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာန(ရန်ကုန်)အဆောက်အအုံ တည်ဆောက် ခြင်းလုပ်ငန်းခွင် ယာယီရှင်းလင်းဆောင်၌        ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးမောင်မောင်အုန်းက ဒီမိုကရေစီပထမအစိုးရသက်တမ်းတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ လမ်းညွှန်မှာကြားချက်နှင့်အညီ ဂီတ၊ သဘင်များ ဖျော်ဖြေတင် ဆက်နိုင် မည့် ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် အနုပညာဗဟိုဌာနများကို နိုင်ငံတကာ အဆင့်မီ အနုပညာဗဟိုဌာနများအဖြစ် တည်ဆောက်ရေးလုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရွက်ခဲ့မှု နောက်ခံသမိုင်းကြောင်းအခြေအနေများ၊ ဒီမိုကရေစီ ဒုတိယအစိုးရသက်တမ်းကာလတွင် အဆိုပါနိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာန တည်ဆောက်ရေးလုပ်ငန်းများ အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းဆက် လက် အကောင် အထည်ဖော်ရန် ရပ်တန့်ခဲ့ရမှုအခြေအနေများ၊ အဆိုပါရပ်တန့်ခဲ့ရသည့်   တည်ဆောက်ရေးလုပ်ငန်းများ ဆက်လက်   ဆောင်ရွက်နိုင်ရေးအတွက် အဆောက် အအုံဒီဇိုင်းများအား    မြန်မာ့ယဉ်ကျေးမှုကိုဖော်ညွှန်းပြသနိုင်သည့် ဒီဇိုင်းများဖြင့် ပုံဖော် တည်ဆောက်သွားမည့် အခြေအနေများနှင့် လုပ်ငန်းဆက်လက် အကောင်အထည် ဖော်ဆောင်ရွက်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ်  နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက  နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာန (ရန်ကုန်)အား မူလရည်မှန်းချက်များနှင့်အညီ ဖြစ်စေရေး ဆက်လက်အကောင်အထည် ဖော် တည်ဆောက်သွားရန်လိုကြောင်း၊ ထိုသို့တည်ဆောက်ရာတွင်လည်း နိုင်ငံတကာ အဆင့်မီသည့်ဆက်တင်များ၊ Lighting စနစ်များ၊ အသံစနစ်များကို စနစ်တကျ တွက်ချက် ထည့်သွင်းတည်ဆောက်သွားရန်လိုကြောင်း၊ ယခုအနုပညာဗဟိုဌာနအတွင်း အော်ပရာ ပြဇာတ်များတင်ဆက်ပြသနိုင်သည့်အဆင့်ဖြစ်အောင်တည်ဆောက်သွားရန်လိုကြောင်း၊  ယခုအနုပညာဗဟိုဌာနအား ဆက်လက်အကောင်အထည်ဖော်တည်ဆောက်ခြင်းသည်   မြန်မာ့ရုပ်ရှင်၊ သဘင်၊ ဂီတ စသည့်အနုပညာရပ်များ ဆက်လက်ထိန်းသိမ်းပြီး ပိုမိုဖွံ့ဖြိုး တိုးတက်အောင်ရည်ရွယ်၍  နိုင်ငံတော်မှ အလေးထား ဆောင်ရွက်နေခြင်းဖြစ် ကြောင်းဖြင့် မှာကြားသည်။

ထို့နောက်   နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာန (ရန်ကုန်တည်ဆောက်ရေးလုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး၍ ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်မည့်  အခြေအနေများနှင့်ပတ်သက်၍ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

အဆိုပါ နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာနများ တည်ဆောက်ခြင်းစီမံကိန်း များ အနေဖြင့်  ဒီမိုကရေစီဒုတိယအစိုးရသက်တမ်းကာလတွင် လုပ်ငန်းဆက်လက် အကောင် အထည်ဖော်မှုရပ်တန့်ခဲ့ရသဖြင့် အနုပညာရှင်များ၏     မြန်မာ့ရုပ်ရှင်၊ သဘင်၊  ဂီတ  စသည့် အနုပညာရပ်များ ဖော်ထုတ်ခွင့် ၁၀ နှစ်ခန့်  နောက်ကျခဲ့ရကြောင်း၊ ယခုအခါ နိုင်ငံတကာအဆင့်မီအနုပညာဗဟိုဌာနများတည်ဆောက်ခြင်းစီမံကိန်းများကို အမြန်ဆုံး ဆက်လက်အကောင်အထည်ဖော်၍   မြန်မာ့ရုပ်ရှင်၊ သဘင်၊ ဂီတ စသည့်အနု ပညာ ရပ်များ ဆက်လက်ထိန်းသိမ်းပြီး ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဖော်ဆောင်သွားမည် ဖြစ်သည်။                  

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။