နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ Rosoboronexport ကုမ္ပဏီနှင့် OSTANKINO Tower သို့ သွားရောက်လေ့လာ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ Rosoboronexport ကုမ္ပဏီနှင့် OSTANKINO Tower သို့ သွားရောက်လေ့လာ

နေပြည်တော် ဇွန် – ၂၂

ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ဒေသစံတော်ချိန် နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Rosoboronexport ကုမ္ပဏီသို့ သွားရောက်လေ့လာကြ သည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား Rosoboronexport ကုမ္ပဏီမှ ဒုတိယ ညွှန်ကြားရေးမှူး ချုပ် Mr. Alexander Shcherbininနှင့် အဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် အစည်းအဝေးခန်းမတွင် လက်ထောက်ညွှန်ကြားရေးမှူးချုပ် ဖြစ်သူ Mr. Andrew CHEKMAREW နှင့် တာဝန်ရှိသူများက စစ်ဘက်နည်းပညာဆိုင်ရာ ပူးပေါင်း ဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကို Power Point Presentation များဖြင့် ရှင်းလင်း တင်ပြသည်။ ရှင်းလင်းတင်ပြမှုများ အပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များက သိရှိလိုသည်များအား ပြန်လည် မေးမြန်းဆွေးနွေးခဲ့ကြသည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့ရှိ OSTANKINO Tower သို့ သွားရောက်လေ့လာကြည့်ရှုကြရာ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ကျော်စိုးမိုး နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။ ရှင်းလင်းမှုများအပေါ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သိရှိလိုသည်များ အား ပြန်လည်မေးမြန်းခဲ့ပြီး မော်စကိုမြို့အား အပေါ်စီးမှ မြင်တွေ့ရသည့် ရှုခင်းများ ကို ကြည့်ရှုကြကာ အမှတ်တရဓာတ်ပုံများ ရိုက်ကူးကြသည်။

အဆိုပါ OSTANKINO Tower ကို Russian Television and Radio Braodcasting Network မှ ၁၉၆၃ ခုနှစ်တွင် စတင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၁၉၆၇ ခုနှစ်တွင် ပြီးစီးခဲ့ကြောင်းနှင့် ထိုစဉ်က ကမ္ဘာပေါ်တွင် အမြင့်ဆုံး အဆောက်အဦ တစ်ခုဖြစ်ခဲ့ကြောင်း၊ တာဝါအောက်ခြေမှ ထိပ်ဆုံး အင်တာနာ အထိ စုစုပေါင်း ၅၄၀ မီတာခန့်မြင့်ပြီး အပေါ်ဆုံးအထပ်သည် ၃၆၀ မီတာခန့်အမြင့်ရှိကြောင်း၊ ယင်းတာဝါကို အောက်တိုဘာတော်လှန်ရေး၏ နှစ် ၅၀ မြောက် အထိမ်းအမှတ်အဖြစ် တည်ဆောက် ခဲ့ခြင်းဖြစ်ပြီး တာဝါတိုင် အပေါ်ဆုံးထပ်တွင် မှန်တံခါးများ၊ မော်စကိုမြို့၏ နေ့ည မြင် တွေ့ရသည့် ရှုခင်းများကို LED Board ဘုတ်များဖြင့် ပြသထားရှိကြောင်းနှင့် အမှတ်တရ အရောင်းဆိုင်များကိုလည်း ဖွင့်လှစ်ထားရှိကာ လာရောက်အပန်းဖြေ လေ့လာကြသည့် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များဖြင့် စည်ကားလျက်ရှိ သည်။

(Zawgyi Version)

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္သည့္ ကိုယ္စားလွယ္အဖြဲ႕ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ Rosoboronexport ကုမၸဏီႏွင့္ OSTANKINO Tower သို႔ သြားေရာက္ေလ့လာ

ေနျပည္ေတာ္ ဇြန္ – ၂၂

႐ုရွားဖက္ဒေရးရွင္းႏိုင္ငံသို႔ေရာက္ရွိေနသည့္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီ ဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္သည့္ ကိုယ္စားလွယ္အဖြဲ႕သည္ ယေန႔ေဒသစံေတာ္ခ်ိန္ နံနက္ပိုင္းတြင္ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ၊ Rosoboronexport ကုမၸဏီသို႔ သြားေရာက္ေလ့လာၾက သည္။

ဦးစြာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီ ဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားအား Rosoboronexport ကုမၸဏီမွ ဒုတိယ ၫႊန္ၾကားေရးမႉး ခ်ဳပ္ Mr. Alexander Shcherbininႏွင့္ အဖြဲ႕ဝင္မ်ားက ႀကိဳဆိုႏႈတ္ဆက္ၾကသည္။ ထို႔ေနာက္ အစည္းအေဝးခန္းမတြင္ လက္ေထာက္ၫႊန္ၾကားေရးမႉးခ်ဳပ္ ျဖစ္သူ Mr. Andrew CHEKMAREW ႏွင့္ တာဝန္ရွိသူမ်ားက စစ္ဘက္နည္းပညာဆိုင္ရာ ပူးေပါင္း ေဆာင္႐ြက္ႏိုင္မည့္ ကိစၥရပ္မ်ားကို Power Point Presentation မ်ားျဖင့္ ရွင္းလင္း တင္ျပသည္။ ရွင္းလင္းတင္ျပမႈမ်ား အေပၚ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားက သိရွိလိုသည္မ်ားအား ျပန္လည္ ေမးျမန္းေဆြးေႏြးခဲ့ၾကသည္။

ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီ ဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ၊ ေမာ္စကိုၿမိဳ႕ရွိ OSTANKINO Tower သို႔ သြားေရာက္ေလ့လာၾကည့္ရႈၾကရာ ျမန္မာစစ္သံ(ၾကည္း၊ ေရ၊ ေလ) ဗိုလ္မႉးခ်ဳပ္ ေက်ာ္စိုးမိုး ႏွင့္ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ၊ ကာကြယ္ေရးဝန္ႀကီးဌာနမွ တာဝန္ရွိသူမ်ားက လိုက္လံရွင္းလင္းျပသၾကသည္။ ရွင္းလင္းမႈမ်ားအေပၚ ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က သိရွိလိုသည္မ်ား အား ျပန္လည္ေမးျမန္းခဲ့ၿပီး ေမာ္စကိုၿမိဳ႕အား အေပၚစီးမွ ျမင္ေတြ႕ရသည့္ ရႈခင္းမ်ား ကို ၾကည့္ရႈၾကကာ အမွတ္တရဓာတ္ပုံမ်ား ႐ိုက္ကူးၾကသည္။

အဆိုပါ OSTANKINO Tower ကို Russian Television and Radio Braodcasting Network မွ ၁၉၆၃ ခုႏွစ္တြင္ စတင္ တည္ေဆာက္ခဲ့ျခင္းျဖစ္ၿပီး ၁၉၆၇ ခုႏွစ္တြင္ ၿပီးစီးခဲ့ေၾကာင္းႏွင့္ ထိုစဥ္က ကမာၻေပၚတြင္ အျမင့္ဆုံး အေဆာက္အဦ တစ္ခုျဖစ္ခဲ့ေၾကာင္း၊ တာဝါေအာက္ေျခမွ ထိပ္ဆုံး အင္တာနာ အထိ စုစုေပါင္း ၅၄၀ မီတာခန႔္ျမင့္ၿပီး အေပၚဆုံးအထပ္သည္ ၃၆၀ မီတာခန႔္အျမင့္ရွိေၾကာင္း၊ ယင္းတာဝါကို ေအာက္တိုဘာေတာ္လွန္ေရး၏ ႏွစ္ ၅၀ ေျမာက္ အထိမ္းအမွတ္အျဖစ္ တည္ေဆာက္ ခဲ့ျခင္းျဖစ္ၿပီး တာဝါတိုင္ အေပၚဆုံးထပ္တြင္ မွန္တံခါးမ်ား၊ ေမာ္စကိုၿမိဳ႕၏ ေန႔ည ျမင္ ေတြ႕ရသည့္ ရႈခင္းမ်ားကို LED Board ဘုတ္မ်ားျဖင့္ ျပသထားရွိေၾကာင္းႏွင့္ အမွတ္တရ အေရာင္းဆိုင္မ်ားကိုလည္း ဖြင့္လွစ္ထားရွိကာ လာေရာက္အပန္းေျဖ ေလ့လာၾကသည့္ ျပည္တြင္းျပည္ပ ခရီးသြားဧည့္သည္မ်ားျဖင့္ စည္ကားလ်က္ရွိ သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။