ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယတွင် ထိုင်းတော်ဝင် အစိုးရနှင့် ထိုင်းပြည်သူများ၏ကိုယ်စား မိမိအနေဖြင့် အဆွေတော်နှင့် မြန်မာပြည်သူများထံသို့ ဂုဏ်ယူ ဝမ်းမြောက်ကြောင်းနှင့် ဆုတောင်းမေတ္တာပို့သအပ်ပါကြောင်း ဖော်ပြအပ်ပါသည်။ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် ယဉ်ကျေးမှုနှင့် ဘာသာရေးဓလေ့ထုံးတမ်းများ တူညီသည့် အိမ်နီးချင်းနိုင်ငံများအဖြစ် အပြန်အလှန် ယုံကြည်မှု၊ လေးစားမှုနှင့် ဘုံအကျိုးစီးပွားတို့သာမက ခိုင်မာအားကောင်းသည့် ပြည်သူအချင်းချင်း ဆက်ဆံရေးတို့ဖြင့် တည်ဆောက်ထားသည့် ကာလရှည်ချစ်ကြည်ရင်းနှီးသည့်ဆက်ဆံရေးကို ထူထောင်ထားရှိကြပါသည်။
အခွင့်အခါကြုံခိုက် မိမိတို့ နှစ်နိုင်ငံနှင့် ပြည်သူများ၏ အပြန်အလှန်အကျိုးစီးပွားအတွက် နှစ်နိုင်ငံဆက်ဆံရေး ကို ဆက်လက်မြှင့်တင်နိုင်ရေး မြန်မာနိုင်ငံနှင့် နီးကပ်စွာပူးပေါင်းဆောင်ရွက်သွားမည့် ထိုင်းနိုင်ငံ၏ မယိမ်းယိုင် သည့်သန္နိဋ္ဌာန်အား ထပ်လောင်းအတည်ပြုလိုပါသည်။ ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးအဓွန့်ရှည်တည်တံ့မှုကို ဦးတည်လုပ်ဆောင်နေသည့်လမ်းကြောင်းအား ထောက်ခံအားပေးရန် အမြဲအသင့်ရှိပါသည်။


