ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံသို့  သီရိလင်္ကာနိုင်ငံ သမ္မတ မစ္စတာ အနူရာ ကုမာရ  ဒစ်ဆာနာယာက ထံမှပေးပို့သည့်ဝမ်းမြောက်ကြောင်းသဝဏ်လွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယတွင် သီရိလင်္ကာ နိုင်ငံအစိုးရနှင့် ပြည်သူများ၏ကိုယ်စားလည်းကောင်း၊ မိမိကိုယ်တိုင်အနေဖြင့်လည်းကောင်း ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတနှင့်ပြည်သူများအား ဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့် ဆုမွန်ကောင်း ပို့သအပ်ပါကြောင်း ဖော်ပြအပ်ပါသည်။

မြန်မာနိုင်ငံနှင့်သီရိလင်္ကာနိုင်ငံတို့အကြား ထေရဝါဒဗုဒ္ဓဘာသာနှင့် တူညီသည့်ယဉ်ကျေးမှုတန်ဖိုးထားခြင်းများအားအခြေခံသည့် ကာလရှည်ကြာစွာတည်တံ့လျက်ရှိသော ခင်မင်ရင်းနှီးမှုသည် လိုအပ်သည့်အချိန်များ၌ နှစ်နိုင်ငံအကြား စုစည်းညီညွတ်မှုစိတ်ထားဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ကြောင့် ပိုမိုခိုင်မာလာခဲ့ပါသည်။

နောင်လာမည့်နှစ်များတွင်လည်း နှစ်နိုင်ငံအကြား ခင်မင်ရင်းနှီးသည့်ဆက်ဆံရေးများသည် ဆက်လက် တိုးတက်လာပြီး နှစ်နိုင်ငံပြည်သူများ၏ အကျိုးဖြစ်ထွန်းစေမည်ဟု ယုံကြည်ပါသည်။

အဆွေတော်အား အစဉ်ချစ်ကြည်အလေးထားလျက်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။