ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့က လာရောက်ဂါရဝပြု တွေ့ဆုံ

နေပြည်တော် ဇန်နဝါရီ ၆

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး H.E. Ms. Maria Theresa Parreno Lazaro ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့က ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံးဧည့်ခန်းမ၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်ယာယီ သမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာစိုးဝင်းတို့ တက်ရောက် ကြပြီး အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်နိုင်ငံသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံအနေ ဖြင့် အာဆီယံအဖွဲ့အတွင်း ပူးပေါင်းဆောင် ရွက်မှုများကို အကောင်းဆုံးဖြစ်အောင် ပူးပေါင်းဆောင်ရွက်လျက်ရှိမှုအခြေအနေ များနှင့် မြန်မာနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့ အကြား သံတမန်ဆက်ဆံမှုများ ကောင်းမွန် လျက်ရှိမှုအခြေအနေများ၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲမသမာမှုများ ကြီးမား စွာဖြစ်ပွားခဲ့ပြီး နိုင်ငံတော်၏အာဏာကို မတရားသောနည်းဖြင့် ရယူရန် ကြိုးပမ်းခဲ့ မှုကြောင့် နိုင်ငံတော်၏ တာဝန်ကိုမလွဲ မရှောင်သာရယူခဲ့ရသည့် အခြေအနေ များ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက် ပြောင်းလဲမှုများနှင့် လွတ်လပ်ပြီး တရား မျှတသည့်ရွေးကောက်ပွဲဖြစ်စေရေးနှင့် မဲစာရင်းများ မှန်ကန်မှုရှိစေရေးကြိုတင် ပြင်ဆင်ဆောင်ရွက်ခဲ့မှု၊ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ရွေးကောက်ပွဲ ပထမပိုင်းအား အောင်မြင်စွာကျင်းပနိုင်ခဲ့မှု နှင့် ရွေးကောက်ပွဲကျင်းပပြုလုပ်ရန် ကျန်ရှိ သည့်မြို့နယ်များ၌ ရွေးကောက်ပွဲအပိုင်း ၂ နှင့် အပိုင်း ၃ ကို ဆက်လက်ကျင်းပပြုလုပ် သွားမည့်အခြေအနေများ၊ ရွေးကောက် ပွဲ အပိုင်း ၁ ကျင်းပပြုလုပ်ချိန်တွင် နိုင်ငံတကာ မှ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာ ရေးအဖွဲ့များ လာရောက်လေ့လာခဲ့မှုနှင့် ဖိလစ်ပိုင်နိုင်ငံမှလည်း ပါဝင်ဆောင်ရွက်ခဲ့ပြီးရွေးကောက်ပွဲနှင့်ပတ်သက်သည့်ကောင်းမွန်သည့်သုံးသပ်မှုများကိုရရှိခဲ့မှုအခြေအနေများ၊မြန်မာနိုင်ငံ၌ ရွေးကောက်ပွဲကျင်းပ ပြုလုပ်နေခြင်းသည် မြန်မာနိုင်ငံသားများ အားလုံး၏ ဒီမိုကရေစီအခွင့်အရေးများ ဆုံးရှုံးမှုမရှိစေရေး ဆောင်ရွက်ပေးသည့် အခြေအနေများ၊ မြန်မာနိုင်ငံနှင့် ဖိလစ်ပိုင် နိုင်ငံတို့အကြား နိုင်ငံရေးကဏ္ဍ၊ စီးပွားရေး ကဏ္ဍနှင့် ကုန်သွယ်မှုကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ဆောင်ရွက်သွား မည့်အခြေအနေများနှင့် မြန်မာနိုင်ငံအနေ ဖြင့် အာဆီယံအဖွဲ့အတွင်းပူးပေါင်းဆောင် ရွက်မှုများကို အကောင်းဆုံးဖြစ်အောင် ဆက်လက်မြှင့်တင်ဆောင်ရွက်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်ယာယီ သမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အာဆီယံ ဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စား လှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ပြီး တက်ရောက်လာကြသူ များနှင့်အတူ မှတ်တမ်းတင်စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။