ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်း သာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှ (၇၉)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ 

ချစ်ခင်လေးစားအပ်ပါသော ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသား မိဘပြည်သူ ညီအစ်ကိုမောင်နှမများအားလုံး မင်္ဂလာပါ။

ယနေ့ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ကျရောက်သည့် (၇၉)နှစ်မြောက် ရှမ်းပြည်နယ်နေ့ နေ့ထူးနေ့မြတ်အခါသမယ၌ ရှမ်းပြည်နယ်နှင့် နိုင်ငံတစ်ဝန်းရှိ ပြည်ထောင်စုဖွားတိုင်းရင်းသား ပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ ကြောင်းနှင့် အေးချမ်းသာယာကြပါစေကြောင်း ဆုမွန်ကောင်းတောင်း လျက် နှုတ်ခွန်းဆက်သအပ်ပါသည်။

ရှမ်းပြည်နယ်သည် တိုင်းဒေသကြီးနှင့်ပြည်နယ်များအားလုံးအနက် ဧရိယာအကျယ်ပြန့်ဆုံးဖြစ်ပြီး တိုင်းရင်းသားမျိုးနွယ်စုအများဆုံး မှီတင်းနေထိုင်လျက်ရှိသည့် ပြည်နယ်ကြီးလည်းဖြစ်ပါသည်။ ရှမ်းပြည်နယ်သည် မိမိတို့နိုင်ငံ၏အ‌ရှေ့ဘက်တောင်တန်းဒေသများဖြစ်ပြီး ဧရိယာစတုရန်းမိုင်ပေါင်းခြောက်သောင်းကျော်ကျယ်ဝန်းကာ တစ်ဖက်နိုင်ငံများနှင့်လည်းဆက်စပ်နေသဖြင့် နိုင်ငံအတွက်အရေးပါသည့်ပြည်နယ်တစ်ခုဖြစ်ပါသည်။

ရှမ်းပြည်နယ်အတွင်း ရှမ်း၊ ပအို့ဝ်၊ ပလောင်၊ ဓနု၊ အင်းသား၊ တောင်ရိုး၊ “ဝ”၊ ဓနော့၊ ကိုးကန့်၊ လားဟူ၊ ယင်းနက်၊ ယင်းကျား၊ မြောင်ဇီး၊ အာခါ စသည့်ရှမ်းမျိုးနွယ်စုများနှင့်အတူ ကချင်၊ ကယား၊ လီဆူစသည့် တိုင်းရင်းသားများသည်လည်း  ကာလကြာရှည်စွာ  အတူယှဉ်တွဲစုပေါင်းနေထိုင်လာခဲ့ကြသည်မှာ သမိုင်းအထောက်အထားများကသက်သေခံလျက်ရှိပေသည်။

ရှမ်းပြည်နယ်သည် သဘာဝရာသီဥတုသင့်တင့်ကောင်းမွန်ပြီး ခရီးသွားတောင်ပေါ်အပန်းဖြေမြို့များတည်ရှိလျက်ရှိသော သာယာ လှပသည့်ပြည်နယ်ကြီးတစ်ခုဖြစ်ပါသည်။ ထို့ပြင်   ကျောက်ခေတ် ယဉ်ကျေးမှုများဖြစ်သည့် ပြဒါးလင်းဂူ၊ လွယ်ဝန်းဂူနှင့် ထုံးကျောက်ဂူ များ အများအပြားနှင့် သဘာဝအင်းအိုင်များ၊ သမိုင်းရှည်ကြာသော မြို့ပြယဉ်ကျေးမှုထွန်းကားခဲ့သည့်အမွေအနှစ်များနှင့်အတူ တိုင်းရင်း သားမျိုးနွယ်စုများ၏ ယဉ်ကျေးမှုဓလေ့စရိုက်များစုံလင်စွာနှင့် သဘာဝသယံဇာတများပေါကြွယ်ဝလျက် အဘက်ဘက်မှသာယာပြည့်စုံသည့် ပြည်နယ်တစ်ခုလည်းဖြစ်ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ရှေးနှစ်ပေါင်းများစွာ ကပင်  ကိုယ့်ထီးကိုယ့်နန်း၊  ကိုယ့်ကြငှန်းဖြင့်  တိုင်းရင်းသားများ အတူတကွလက်တွဲနေထိုင်ခဲ့ကြပြီး ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင် စာပေများထွန်းကားခဲ့ကာကမ္ဘာ့အလယ်တွင်ဝင့်ထည်စွာဖြင့်ရပ်တည်လာခဲ့သော  အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုဖြစ်ပါသည်။

သို့ရာတွင် နယ်ချဲ့အင်္ဂလိပ်တို့သည် မြန်မာနိုင်ငံကို  ကျူးကျော်စစ် သုံးကြိမ်ဆင်နွှဲ၍ မတရားတိုက်ခိုက်သိမ်းယူခဲ့ခြင်းကြောင့် ၁၈၈၆  ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် မြန်မာတစ်နိုင်ငံလုံး သူ့ကျွန်ဘဝကျရောက်ခဲ့ရပါသည်။

နယ်ချဲ့ဗြိတိသျှတို့၏ မတရားကျူးကျော်တိုက်ခိုက်မှုနှင့် လွတ်လပ်ရေးပြန်လည်ရရှိရန်  ကြိုးပမ်းခဲ့ကြရာတွင်ရှမ်းစော်ဘွားများနှင့် ရှမ်းတိုင်းရင်းသားတို့သည်ပြည်ထောင်စုဖွားတိုင်းရင်းသားများနှင့်အတူရွပ်ရွပ်ချွံချွံပူးပေါင်းတွန်းလှန်ခဲ့ကြပါသည်။နိုင်ငံ၏အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက်ဥမကွဲ သိုက်မပျက်၊  တိုင်းချစ်ပြည်ချစ်စိတ်ဖြင့်လက်တွဲခဲ့ကြသည့်အစဉ်အလာသည် ရှမ်းပြည်နယ်နှင့်ရှမ်းတိုင်းရင်းသားတို့အတွက် လေးစားဂုဏ်ယူဖွယ်ရာဖြစ်ပါသည်။

လွတ်လပ်ရေးကြိုးပမ်းမှုကာလတစ်လျှောက်စစ်မှန်သော လွတ်လပ်ရေးလုံးဝမရရှိမချင်းတိုက်ပွဲပေါင်းစုံဆင်နွှဲနေကြမည်ဟူသော တိုင်းရင်းသားအားလုံး၏ရင်တွင်းတွင်  ကိန်းအောင်းနေသည့် အပြင်းထန်ဆုံးနှင့် အခိုင်မာဆုံးသော သန္နိဋ္ဌာန်ကြီးအတွက် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိရန်ကြိုးပမ်းကြရာတွင် ရှမ်းပြည်နယ်မှ တိုင်းရင်းသားခေါင်းဆောင်များသည် တညီတညွတ်တည်း စည်းလုံး ညီညွတ်စွာ အင်တိုက်အားတိုက်ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါသည်။

မြန်မာပြည်မ၌ “ဖဆပလ” အဖွဲ့ချုပ်ကြီးဦးဆောင်၍ လွတ်လပ်ရေးအတွက် အပြင်းအထန်ကြိုးပမ်းတိုက်ပွဲဝင်ချိန်တွင်  ရှမ်းပြည်နယ်၌ ရှမ်းတိုင်းရင်းသား မျိုးချစ်လူကြီးလူငယ်များကလည်း   မျိုးချစ် စိတ်ဓာတ်အပြည့်အဝဖြင့် လွတ်လပ်ရေးကြိုးပမ်းမှုတိုက်ပွဲများတွင် ပါဝင်လှုပ်ရှားခဲ့ကြပါသည်။

၁၉၄၂ ခုနှစ် ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားသည့်အချိန်ကာလတွင် ဖက်ဆစ်ဂျပန်တို့က ရှမ်းပြည်နယ်အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းလုံးကိုသိမ်းပိုက်အုပ်ချုပ်ခဲ့ကြပြန်ပါသည်။ နယ်ချဲ့ဗြိတိသျှကိုမောင်းထုတ်နိုင်ခဲ့‌သော်လည်း နောက်ရောက်လာသည့်ဖက်ဆစ်ဂျပန်တို့သည်တိုင်းပြည်နှင့်လူမျိုးအပေါ်  ရက်စက်စွာနှိပ်စက်ခဲ့ကြပါသည်။ ထို့ကြောင့် အမျိုးသားခေါင်းဆောင်ကြီးများနှင့် တိုင်းရင်းသား အားလုံးသည် ဖက်ဆစ်ဂျပန်တို့ကို တညီတညွတ်တည်း ပါဝင်လှုပ်ရှား တိုက်ပွဲဝင်ခဲ့ကြရာ ၁၉၄၅ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ဖက်ဆစ် ဂျပန်တို့အား မြန်မာ့မြေပေါ်မှ  အပြီးတိုင်မောင်းထုတ်နိုင်ခဲ့ကြပါသည်။

သို့ရာတွင် ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးသွားပြီးနောက် အင်္ဂလိပ် နယ်ချဲ့တို့ တစ်ကျော့ပြန်ဝင်ရောက်လာခဲ့ပြီး တောင်တန်းနှင့်ပြည်မကို ခွဲခြားကာ ရှမ်းပြည်နယ်တစ်ဝန်းလုံးကို ယခင်ရှိခဲ့သောပဒေသရာဇ် စနစ်ဟောင်းအတိုင်း စော်ဘွား၊ မြို့စား၊ ငွေခွန်မှူး စသည့်အကြီးအကဲ များအားဆက်လက်ထားရှိပြီး သွေးခွဲအုပ်ချုပ်ခဲ့ပါသည်။ ထို့အပြင် ဗြိတိသျှတို့သည် စစ်အတွင်းကရေးဆွဲခဲ့သော စက္ကူဖြူစာတမ်းအတိုင်း မြန်မာပြည်အား မဖြစ်မနေလွတ်လပ်ရေးပေးရလျှင်သော်မှ တောင်တန်းဒေသများကိုချန်လှပ်ပြီး ဆက်လက်သွေးခွဲအုပ်ချုပ်ရန် ကြိုးစားခဲ့ကြပြန်ပါသည်။

ဤသို့ဖြင့် ဗြိတိသျှတို့၏ဖိနှိပ်ချုပ်ချယ်သွေးစုပ်မှုများနှင့်တောင်တန်းပြည်မခွဲခြားမှုများကို တိုင်းရင်းသားအားလုံး၏ညီညွတ်မှုအင်အားဖြင့်တောင်းဆိုတိုက်ပွဲဝင်မှုကြောင့်ဗြိတိသျှတို့သည် ၁၉၄၇ ခုနှစ်တွင်ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သောမြန်မာကိုယ်စားလှယ်အဖွဲ့အားလန်ဒန်သို့ဖိတ်ခေါ်၍ မြန်မာနိုင်ငံ၏ အနာဂတ်အရေးကိုဆွေးနွေးခဲ့ရာမြန်မာနိုင်ငံကိုလွတ်လပ်ရေးပေးသည့်အခါရှမ်းပြည်နယ်အပါအဝင် တောင်တန်းဒေသအားလုံးကိုပါ တစ်ပြိုင်တည်းလွတ်လပ်ရေးပေးရန်ဗိုလ်ချုပ်အောင်ဆန်းကတောင်းဆိုခဲ့ပါသည်။ ရှမ်းပဒေသရာဇ်ကောင်စီ၏အမှုဆောင်ကောင်စီက ဗိုလ်ချုပ်အောင်ဆန်းသည် စော်ဘွားများ၏ကိုယ်စားလှယ်မဟုတ်ကြောင်း ကန့်ကွက်ခဲ့သဖြင့်ရှမ်းပြည်ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်မှခေါင်းဆောင်များက   တောင်ကြီးမြို့၌ လူထုအစည်းအဝေးကြီးကျင်းပကာ ဆုံးဖြတ်ချက်များချမှတ်ပြီး ဗိုလ်ချုပ်အောင်ဆန်းသည် တောင်တန်းသားများအတွက် ကိုယ်စားလှယ်ဖြစ်ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းကို အပြည့်အဝထောက်ခံကြောင်း ကြေးနန်းပေးပို့လိုက်မှသာလျှင် အောင်ဆန်း-အက်တလီစာချုပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။

၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့မှ  ၆ ရက်နေ့အထိ ကောင်စီအမှုဆောင်အဖွဲ့ဝင်စော်ဘွားများနှင့် ရှမ်းပြည်လူထုကိုယ်စားလှယ်များပါဝင်သည့်ဆွေးနွေးပွဲကိုစတင်ကျင်းပခဲ့ပြီးဖေဖော်ဝါရီလ ၇ ရက်နေ့တွင်ရှမ်း၊ကချင်၊ချင်းကိုယ်စားလှယ်များကဆပ်ကော်မတီဖွဲ့စည်းကာ ပြည်မနှင့်အတူ လွတ်လပ်ရေးရယူရန်ဆွေးနွေးဆုံးဖြတ်ချက်များကို သဘောတူလက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။ထိုကဲ့သို့ ရှမ်းပြည်နယ်အတွင်းရှိရှမ်း၊ကချင်၊ချင်းတိုင်းရင်းသားခေါင်းဆောင်များသည် ပြည်မနှင့်အတူပူးပေါင်း၍ လွတ်လပ်ရေးအရယူမည့်သဘောတူဆုံးဖြတ်ချက်များကို ဆုံးဖြတ်ချမှတ်နိုင်ခဲ့သည့်ဖေဖော်ဝါရီလ ၇ ရက်နေ့ကို  ဂုဏ်ပြုသောအားဖြင့်  ရှမ်းပြည်နယ်နေ့အဖြစ် သတ်မှတ်ကျင်းပပြုလုပ်လာခဲ့သည်မှာ(၇၉)နှစ်တိုင်ခဲ့ပြီဖြစ်ပါသည်။

လေးစားချစ်ခင်ရပါသော တိုင်းရင်းသားပြည်သူများခင်ဗျား

ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးသည် တိုင်းရင်းသားများ၏ ညီညွတ်မှုစွမ်းအားကြောင့် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ  ၄  ရက်နေ့တွင် လွတ်လပ်သည့်အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ်ကမ္ဘာ့အလယ်တွင် ခံ့ညားထည်ဝါစွာ ပြန်လည်ရပ်တည်နိုင်ခဲ့ပါသည်။သို့သော်လည်း နယ်ချဲ့ဗြိတိသျှတို့၏သွေးခွဲအုပ်ချုပ်ခဲ့မှုကြောင့်  ပေါ်ပေါက်ခဲ့ရသည့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခအမွေဆိုးများသည် ယနေ့တိုင်ချုပ်ငြိမ်းမှုမရှိဘဲ လူမျိုးစွဲ၊ ဝါဒစွဲများဖြင့်   ကျဉ်းမြောင်းသည့်နိုင်ငံရေးအမြင်၊လူမျိုးရေးအမြင်၊  ကိုယ်ကျိုးအတ္တလွန်ကဲမှုများနှင့်အတူ  ဖြစ်ပေါ်လျက်ရှိခြင်းကြောင့်  နိုင်ငံနှင့်ပြည်သူများဆင်းရဲဒုက္ခများ ကြုံတွေ့နေရဆဲဖြစ်ပါသည်။

သို့ဖြစ်ရာ   ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းရေး အတွက်  တိုင်းရင်းသားစည်းလုံးညီညွတ်ရေးသည် အသက်တမျှ အရေးကြီးသည့်အပြင်  နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်ကြီးမားသောမောင်းနှင်အားတစ်ရပ်ဖြစ်သည့်အားလျော်စွာ တိုင်းရင်းသားညီအစ်ကိုများအကြား   သံသယများဖယ်ရှားကာ  ဆွေးနွေးညှိနှိုင်းခြင်းဖြင့် ယုံကြည်မှုတည်ဆောက်ပြီး ထာဝရငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်သွားကြရမည်ဖြစ်ပါသည်။

နိုင်ငံတော်အနေဖြင့် ပြည်ထောင်စုကြီးတစ်ခုလုံး အေးချမ်းသာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကိုအချိန်တိုကာလအတွင်းအားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ရသကဲ့သို့ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ၊ ဆူပူအကြမ်းဖက်မှုများနှင့်သဘာဝဘေးဖြစ်ပွားမှု တို့ကြောင့် ကြုံတွေ့လာရသည့် ထိခိုက်ပျက်စီးမှုများကိုလည်း ငွေကြေးဘီလျံပေါင်းများစွာကျခံပြီး ပြန်လည်တည်ဆောက်ပေး လျက်ရှိပါသည်။ ဤကဲ့သို့ဆောင်ရွက်ရာတွင် ရှမ်းပြည်နယ်အတွင်း ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့သည့် မန္တလေးငလျင် ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အစိုးရရုံးဌာနအဆောက်အဦများ၊ဝန်ထမ်းအိမ်ရာများ၊ ဘာသာရေးအဆောက်အဦများနှင့် စေတီပုထိုး များ၊ ဆေးရုံများ၊ ကျောင်းများနှင့်ဒေသခံပြည်သူများ၏ နေအိမ်များ ပြန်လည်တည်ဆောက်နိုင်ရေးအတွက် ငွေကျပ် (၁၄၇) ဘီလျံကျော် ခွဲဝေချထားကာ သက်ဆိုင်ရာဌာနများမှ ကျွမ်းကျင်ပညာရှင်များ ဦးဆောင်စေလျက် ဆောင်ရွက်ပေးလျက်ရှိပါသည်။

မိမိတို့နိုင်ငံသည် ပြည်ထောင်စုစနစ်ဖြင့် တည်ဆောက်ထားသည့် နိုင်ငံဖြစ်သည့်အတွက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးသည် အဓိကကျပါသည်။ တိုင်းရင်းသားအချင်းချင်း စည်းလုံး ညီညွတ်စေရန်အတွက် အရေးကြီးဆုံးနှင့် အလိုအပ်ဆုံးမှာ ပြည်ထောင်စု ၏ မည်သည့်နေရာတွင် နေထိုင်သည်ဖြစ်စေ ပြည်ထောင်စုဖွား တိုင်းရင်းသားဖြစ်သည်ဟူသည့် ပြည်ထောင်စုစိတ်ဓာတ်မွေးမြူကြရေးပင် ဖြစ်ပါသည်။

တိုင်းပြည်တစ်ခုဖြစ်စေ၊ လူမျိုးတစ်မျိုးဖြစ်စေ ကောင်းစွာ ရှင်သန်ရပ်တည်နေနိုင်ရန်အတွက် မိမိကိုယ်ကို ခုခံကာကွယ်နိုင်စွမ်း နှင့် မိမိတို့၏ လုပ်ကိုင်ဆောင်ရွက်နိုင်မှုများကို မြှင့်တင်နေကြရမည် ဖြစ်ပါသည်။ နိုင်ငံနှင့် လူမျိုးတို့ ထာဝရတည်တံ့ခိုင်မြဲရေးကို ကိုယ်စွမ်း ကိုယ်စနှင့် စည်းလုံးညီညွတ်သော စွမ်းအားတို့ဖြင့် ထိန်းသိမ်းမှု မပြုနိုင်လျှင် နိုင်ငံ၏အချုပ်အခြာအာဏာအားနည်းပြီး သူတစ်ပါး လက်အောက်ခံဘဝသို့ ကျရောက်နိုင်သည်ကိုလည်း သတိပြုစေလို ပါသည်။ လွတ်လပ်သည့်နိုင်ငံအဖြစ် တည်တံ့ခိုင်မြဲနေစေရန်၊ သူတစ်ပါး လက်အောက်ခံမဖြစ်စေရန် မိမိတို့အားလုံး စည်းလုံးညီညွတ်ကြရ မည်ဖြစ်ပါသည်။ နိုင်ငံတော်အပေါ် ဘေးအန္တရာယ်ကျရောက်လာ လျှင်လည်း နိုင်ငံတော်ကာကွယ်ရေးအတွက် အဓိကတာဝန်ရှိသည့် တပ်မတော်နှင့်ပြည်သူတို့ ခိုင်မြဲစွာ လက်တွဲပြီး တိုင်းပြည်ချစ်စိတ်၊ရဲစွမ်းသတ္တိနှင့် စုပေါင်းစွမ်းအားဖြင့် နိုင်ငံတော် အဓွန့်ရှည်တည်တံ့ ခိုင်မြဲရေးအတွက် စည်းလုံးညီညွတ်စွာဖြင့် တွန်းလှန်ကာကွယ် စောင့်ရှောက်ကြရမည် ဖြစ်ပါသည်။ တိုင်းရင်းသားညီအစ်ကိုများ အကြား လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလကဲ့သို့ စည်းလုံးညီညွတ်မှု မျိုး၊ နားလည်ယုံကြည်မှု ပုံစံမျိုးတို့ကို ပြန်လည်ရရှိအောင်  တည်ဆောက်ပြီး တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို အမြန်ဆုံးပြသ နိုင်ရန် ဝိုင်းဝန်းကြိုးစားသွားကြရမည် ဖြစ်ပါသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အာဏာရပါတီ၏ မဲမသမာမှုများဖြင့် နိုင်ငံတော်အာဏာကို မတရား ရယူခြင်းမှ ကာကွယ်နိုင်ရန်အတွက် သဘာဝဘေးဖြစ်ပွားမှုတို့ကြောင့် ကြုံတွေ့လာရသည့်ထိခိုက်ပျက်စီးမှုများကိုလည်း ငွေကြေးဘီလီယံပေါင်းများစွာကျခံပြီး ပြန်လည်တည်ဆောက်ပေးလျက်ရှိပါသည်။ ဤကဲ့သို့ဆောင်ရွက်ရာတွင် ရှမ်းပြည်နယ်အတွင်း ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ကဖြစ်ပွားခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အစိုးရရုံးဌာနအဆောက်အဦများ၊ ဝန်ထမ်းအိမ်ရာများ၊ ဘာသာရေးအဆောက်အဦများနှင့် စေတီပုထိုးများ၊ ဆေးရုံများ၊ ကျောင်းများနှင့် ဒေသခံပြည်သူများ၏နေအိမ်များ ပြန်လည်တည်ဆောက်နိုင်ရေးအတွက် ငွေကျပ် (၁၄၇) ဘီလီယံကျော် ခွဲဝေချထားကာ သက်ဆိုင်ရာဌာနများမှ ကျွမ်းကျင်ပညာရှင်များ ဦးဆောင်စေလျက် ဆောင်ရွက်ပေးလျက်ရှိပါသည်။

မိမိတို့နိုင်ငံသည် ပြည်ထောင်စုစနစ်ဖြင့် တည်ဆောက်ထားသည့်နိုင်ငံဖြစ်သည့်အတွက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးသည် အဓိကကျပါသည်။ တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်စေရန်အတွက် အရေးကြီးဆုံးနှင့် အလိုအပ်ဆုံးမှာ ပြည်ထောင်စု၏မည်သည့်နေရာတွင်နေထိုင်သည်ဖြစ်စေ ပြည်ထောင်စုဖွား တိုင်းရင်းသားဖြစ်သည်ဟူသည့်   ပြည်ထောင်စုစိတ်ဓာတ်မွေးမြူကြရေးပင်ဖြစ်ပါသည်။

တိုင်းပြည်တစ်ခုဖြစ်စေ၊ လူမျိုးတစ်မျိုးဖြစ်စေ  ကောင်းစွာ ရှင်သန်ရပ်တည်နေနိုင်ရန်အတွက် မိမိကိုယ်ကို ခုခံကာကွယ်နိုင်စွမ်း နှင့် မိမိတို့၏ လုပ်ကိုင်ဆောင်ရွက်နိုင်မှုများကို မြှင့်တင်နေကြရမည် ဖြစ်ပါသည်။ နိုင်ငံနှင့်လူမျိုးတို့ ထာဝရတည်တံ့ခိုင်မြဲရေးကို ကိုယ်စွမ်း ကိုယ်စနှင့် စည်းလုံးညီညွတ်သော စွမ်းအားတို့ဖြင့် ထိန်းသိမ်းမှု မပြုနိုင်လျှင် နိုင်ငံ၏အချုပ်အခြာအာဏာအားနည်းပြီး သူတစ်ပါး လက်အောက်ခံဘဝသို့ ကျရောက်နိုင်သည်ကိုလည်း သတိပြုစေလို ပါသည်။ လွတ်လပ်သည့်နိုင်ငံအဖြစ် တည်တံ့ခိုင်မြဲနေစေရန်၊ သူတစ်ပါး လက်အောက်ခံမဖြစ်စေရန် မိမိတို့အားလုံး စည်းလုံးညီညွတ်ကြရ မည်ဖြစ်ပါသည်။ နိုင်ငံတော်အပေါ် ဘေးအန္တရာယ်ကျရောက်လာ လျှင်လည်း နိုင်ငံတော်ကာကွယ်ရေးအတွက် အဓိကတာဝန်ရှိသည့် တပ်မတော်နှင့်ပြည်သူတို့ ခိုင်မြဲစွာ လက်တွဲပြီး တိုင်းပြည်ချစ်စိတ်၊ရဲစွမ်းသတ္တိနှင့် စုပေါင်းစွမ်းအားဖြင့်နိုင်ငံတော်အဓွန့်ရှည်တည်တံ့ ခိုင်မြဲရေးအတွက်  စည်းလုံးညီညွတ်စွာဖြင့် တွန်းလှန်ကာကွယ် စောင့်ရှောက်ကြရမည်ဖြစ်ပါသည်။  တိုင်းရင်းသားညီအစ်ကိုများ အကြား လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလကဲ့သို့ စည်းလုံးညီညွတ်မှုမျိုး၊နားလည်ယုံကြည်မှုပုံစံမျိုးတို့ကို ပြန်လည်ရရှိအောင်  တည်ဆောက်ပြီး တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို အမြန်ဆုံးပြသနိုင်ရန် ဝိုင်းဝန်းကြိုးစားသွားကြရမည်ဖြစ်ပါသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ၂၀၂၀ ပြည့်နှစ်  ရွေးကောက်ပွဲတွင် အာဏာရပါတီ၏မဲမသမာမှုများဖြင့် နိုင်ငံတော်အာဏာကိုမတရားရယူခြင်းမှကာကွယ်နိုင်ရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံ‌တော်အာဏာကို မလွှဲမရှောင်သာထိန်းသိမ်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ ယခုအခါ ပြည်သူများလိုလားသည့် ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းနိုင်ရန်အတွက် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲတစ်ရပ်ကိုလည်းကျင်းပပေးခဲ့ပြီးဖြစ်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီပေါ်ပေါက်လာသည့်အစိုးရထံသို့ နိုင်ငံတော်အာဏာကို စနစ်တကျလွှဲပြောင်းပေးအပ်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

မိမိတို့တာဝန်ယူခဲ့သည့် ၂၀၂၁ ခုနှစ်နောက်ပိုင်း ပြည်တွင်းပြည်ပပယောဂများနှင့် သွေးထိုးမြှောက်ပင့်မှုများကြောင့် နိုင်ငံနှင့်တစ်ဝန်း ဆူပူအကြမ်းဖက်မှုများ ဖြစ်ပေါ်ခဲ့ပါသည်။   ၎င်းမတည်ငြိမ်မှုများကို အခွင့်ကောင်းယူ၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အချို့ကလည်း  အကြမ်းဖက်အဖွဲ့များအား  စည်းရုံးသိမ်းသွင်း၍  နိုင်ငံတည်ငြိမ်မှုပျက်ပြားအောင်လုပ်ဆောင်လာခဲ့ကြပါသည်။  မိမိတို့ တပ်မတော်နှင့်  နိုင်ငံတော်အစိုးရအနေဖြင့်  နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့်လုံခြုံရေးအတွက်အသက်သွေးချွေးမြောက်မြားစွာပေးဆပ်ရင်းနှီး၍  ကာကွယ်စောင့်ရှောက်ခဲ့ရပြီး သက်ဆိုင်ရာအဖွဲ့ အစည်းများနှင့် ဆွေးနွေးညှိနှိုင်းမှုများဖြင့် တည်ငြိမ်အေးချမ်းသည့် မူလအခြေအနေရောက်အောင် ပြန်လည်ကြိုးစားလျက်ရှိပါသည်။ သို့ဖြစ်ရာ ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များနှင့် အကြမ်းဖက်အဖွဲ့များအနေဖြင့် နိုင်ငံ၏ပကတိလိုအပ်ချက်ကို သိရှိနားလည်ပြီး လက်နက်ကိုင်လမ်းစဉ်နှင့် ဆူပူအကြမ်းဖက်မှုများ ကို စွန့်လွှတ်ကာ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးပွဲစကားဝိုင်းသို့ လာရောက်ကြရန်နှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ပူးပေါင်းဆောင်ရွက် ပေးကြရန်ကိုလည်း ဖိတ်ခေါ်အပ်ပါသည်။ ထို့ပြင် ပြည်နယ်အတွင်း ဖြစ်ပွားနေသော မူးယစ်ဆေးဝါးထုတ်လုပ်ဖြန့်ဖြူးမှုများ၊ အွန်လိုင်း လောင်းကစားလိမ်လည်မှုများနှင့် တရားမဝင်ကုန်သွယ်မှု စသည့် နိုင်ငံနှင့်ပြည်သူ၏ဂုဏ်သိက္ခာကိုကျဆင်းစေပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကိုပျက်စီးစေသည့် လုပ်ဆောင်နေမှုများ ပပျောက်စေရေးကိုလည်း အားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းအပ်ပါသည်။

သို့ဖြစ်၍ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအနေဖြင့် တရားမျှတခြင်း၊လွတ်လပ်ခြင်း၊ သာတူညီမျှ အခွင့်အရေးရရှိခြင်းဟူသည့် အနှစ်သာရများဖြင့်ပြည့်ဝသော  ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့်ပြည်ထောင်စုတည်ဆောက်ရေးအတွက်  မျိုးချစ်စိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်တို့ကို အရင်းခံကာ နိုင်ငံနှင့်လူမျိုးကောင်းကျိုးအတွက် နိုင်ငံတော်အစိုးရနှင့်အတူ ပူးပေါင်းလက်တွဲဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုပါသည်။

နိဂုံးချုပ်အနေဖြင့် အေးချမ်းသာယာသောပြည်ထောင်စုကြီးဖြစ်ပေါ်လာရေးနှင့်တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတို့ကို အုတ်မြစ်ချပေးနိုင်ခဲ့သည့် “ရှမ်းပြည်နယ်နေ့  အခါသမယတွင် ရှမ်းပြည်နယ် အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားမိဘပြည်သူညီအစ်ကို မောင်နှမများအားလုံးအနေဖြင့် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်ကိုတည်ဆောက်ရာတွင် နိုင်ငံတော်၊တပ်မတော်၊ တိုင်းရင်းသားပြည်သူအားလုံးတို့နှင့်အတူ လက်တွဲပူးပေါင်းဆောင်ရွက်ကြပါရန် တိုက်တွန်းလျက် ဤသဝဏ်လွှာပေးပို့အပ်ပါသည်။

ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ

သတိုးသီရိသုဓမ္မမင်းအောင်လှိုင်

ယာယီသမ္မတ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဥက္ကဋ္ဌ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်       

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။