ကမ္ဘာ့အဆင့်အားကစားပြိုင်ပွဲများ၊ (၃၃) ကြိမ်မြောက် အရှေ့တောင် အာရှအားကစား ပြိုင်ပွဲနှင့် (၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်များ ရရှိခဲ့သည့် မြန်မာအားကစားအဖွဲ့များအား နိုင်ငံတော်မှ ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ၊ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်၍ ဂုဏ်ပြုဆုငွေများချီးမြှင့်

နေပြည်တော်   ဖေဖော်ဝါရီ   

၂၀၂၅ ခုနှစ်အတွင်း အင်ဒိုနီးရှားနိုင်ငံ၌ကျင်းပခဲ့သည့် ()ကြိမ်မြောက်  ကမ္ဘာ့ဗိုဗီနမ် ချန်ပီယံရှစ်ပြိုင်ပွဲ၊ (၁၆)ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစား ပြိုင်ပွဲ၊ ထိုင်းနိုင်ငံ၌ကျင်းပသည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအား ကစားပြိုင်ပွဲ နှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း ထိုင်းနိုင်ငံ၌ကျင်းပပြုလုပ်ခဲ့သည့် (၁၃)ကြိမ်မြောက်  အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတို့တွင် နိုင်ငံ့ဂုဏ်ဆောင်ခဲ့သည့် အားကစား သမားမောင်မယ်များအား  နိုင်ငံတော်မှဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်း တွင်  နေပြည်တော်ရှိ  ဝဏ္ဏသိဒ္ဓိအားကစားရုံ(A) ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မ ာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားပြီး ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။

အခမ်းအနားသို့ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ကော်မရှင် အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စု ဝန်ကြီး များနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မ တော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ ဖိတ်ကြားထား သူများ၊ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ၊ အုပ်ချုပ်သူများ၊ နည်းပြများနှင့် တာဝန်ရှိ သူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌကအဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်သည့် အခမ်းအနား သည် ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုချီးမြှင့်ခြင်း ဟူသည့် မင်္ဂလာတရားတော် နှင့် အညီ ကျင်းပသည့် မင်္ဂလာရှိသောအခမ်းအနားဖြစ်ပါကြောင်း။

အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီတွင် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ  ရက်မှ  ရက်အထိ ကျင်းပခဲ့သည့် ()ကြိမ်မြောက် ကမ္ဘာ့ဗိုဗီနမ် ချန်ပီယံရှစ်ပြိုင်ပွဲတွင် ကမ္ဘာ့နိုင်ငံပေါင်း (၂၄)နိုင်ငံ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့်အနက် မြန်မာနိုင်ငံက အုပ်ချုပ်နည်းပြ()ဦး၊ အားကစားသမား                   အမျိုးသား()ဦး၊ အမျိုးသမီး()ဦး စုစုပေါင်း()ဦး စေလွှတ်ပြီး Event(၁၆)မျိုး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါကြောင်း၊ ပြိုင်ပွဲတွင် ရွှေတံဆိပ် ()ခု၊ ငွေတံဆိပ် ()ခု၊ ကြေးတံဆိပ်()ခု စုစုပေါင်းဆုတံဆိပ်(၁၄)ခု ဆွတ်ခူးရရှိခဲ့ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ခဲ့သည့် အားကစားသမား()ဦးလုံးအနေဖြင့် ကမ္ဘာ့အဆင့်ပြိုင်ပွဲကြီးတွင် တစ်ဦးမကျန် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များ မလွတ်တမ်း ဆွတ်ခူးနိုင်ခဲ့သည်ကို ဂုဏ်ယူဖွယ်ရာ တွေ့ရှိရပါကြောင်း။

အလားတူ အင်ဒိုနီးရှားနိုင်ငံ၊ ဘန်တန်ကျွန်းတွင် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်မှ ၁၇ ရက်အထိကမ္ဘာ့ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်ကကြီးမှူးကျင်းပခဲ့သည့် (၁၆)ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့်  ကာယကြံ့ခိုင်မှု အားကစား ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်နိုင်ငံပေါင်း(၃၄)နိုင်ငံအနက် မြန်မာနိုင်ငံက အုပ်ချုပ်နည်းပြ ()ဦး၊ အားကစား သမားအမျိုးသား ()ဦးနှင့် အမျိုးသမီး()ဦး စုစုပေါင်း ()ဦး စေလွှတ် ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ်()ခု၊ ငွေတံဆိပ် ()ခု၊ ကြေးတံဆိပ်()ခု၊ စုစုပေါင်း ဆုတံဆိပ် ()ခု ဆွတ်ခူးရရှိခဲ့သည်ကို တွေ့ရှိရပါကြောင်း။

၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်း ကျင်းပပြုလုပ်ခဲ့သည့် (၃၃)ကြိမ်မြောက် အရှေ့ တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း (၃၈)နည်း တွင် အုပ်ချုပ်နည်းပြ၊ အားကစားသမား (၆၉၈)ဦး၊ ပင်မအုပ်ချုပ်မှုအဖွဲ့(၉၁)ဦး စုစုပေါင်း (၇၈၉)ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း၊ ရွှေတံဆိပ်()ခုအပါဝင် ဆုတံဆိပ် (၇၂)ခုနှင့် နိုင်ငံအလိုက် အဆင့်()ရယူပေးနိုင်ခဲ့ကြသည်ကို တွေ့ရှိရပါကြောင်း၊ ၂၀၂၃ ခုနှစ်က ကျင်းပခဲ့သည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံ အနေဖြင့် အားကစားနည်း(၁၉)နည်းတွင် အားကစားသမား (၃၄၁)ဦး၊ အုပ်ချုပ်နည်းပြ (၁၀၄)ဦး၊ စုစုပေါင်း(၄၄၅)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ်(၂၁)ခု အပါအဝင် စုစုပေါင်း ဆုတံဆိပ်(၁၁၄)ခု ရရှိခဲ့ကြပြီး နိုင်ငံအလိုက် အဆင့်()သာရရှိခဲ့ ပါကြောင်း၊ ယခု (၃၃)ကြိမ် မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် နိုင်ငံအလိုက်အဆင့်(ကို ရရှိခဲ့ခြင်းကြောင့် ဝမ်းမြောက်ကြောင်း ပြောကြားလိုကြောင်း၊ သို့သော် ဆုတံဆိပ်ရရှိမှု တွင် နည်းလာသည်ကို တွေ့ရသည့်အတွက် လာမည့်ပြိုင်ပွဲများ တွင် ယခုထက် အောင်မြင်မှုရအောင် ပိုမို ကြိုးစားကြရန် မှာကြားလိုပါကြောင်း။

ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် အားကစားနည်း(၃၈)နည်းအနက် ခြင်းလုံး အားကစားနည်းနှင့် ဘိလိယက်နှင့်စနူကာ အားကစားနည်း ()ခုတွင် ရွှေတံဆိပ် ()ခု၊ ငွေတံဆိပ် ()ခုနှင့် ကြေးတံဆိပ် ()ခု ရရှိခဲ့ပါကြောင်း၊ ကျန်အားကစားနည်း (၃၆)ခု အနက် အားကစားနည်း(၁၆)ခုတွင် ငွေတံဆိပ် (၁၇)ခုနှင့် ကြေးတံဆိပ် (၄၁ခု ရရှိခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ငွေတံဆိပ်ရရှိခဲ့ကြသည့် အားကစားနည်းများသည် ဗိုလ်လုပွဲအဆင့်အထိ တက်ရောက်နိုင်ခဲ့ပြီး ရွှေတံဆိပ် မရရှိခဲ့ကြသော်လည်း နိုင်ငံတော် အတွက်အမြင့်ဆုံးအဆင့်အထိ အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်သွားခဲ့ကြသည်ကို တွေ့ရှိခဲ့ရသည့်အတွက် အားရကျေနပ်စရာ ကောင်းကြောင်း၊ တစ်ချို့ပြိုင်ပွဲများတွင် တစ်ဘက်ပြိုင်ဘက်အသင်းနှင့် အစွမ်းအစသိပ်မကွာဘဲ တန်းတူယှဉ်ပြိုင်နိုင်သော် လည်း အနိုင်မရရှိခဲ့ခြင်းသည်  မည်သည့်အတွက်ကြောင့်ဆိုသည့် အားနည်းချက်ကို ရှာဖွေပြီး ဆက်လက်ဆောင်ရွက်သွားကြမည်ဆိုပါက ယခုထက် အောင်မြင်မှုများ ပိုရ နိုင်လိမ့်မည်ဟု သုံးသပ်မိပါကြောင်း။

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း ထိုင်းနိုင်ငံ၌ ကျင်းပပြီးစီးခဲ့သည့် (၁၃)ကြိမ် မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲကို မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း (၁၁ခု၊ အားကစားသမား (၉၇)ဦး၊ အုပ်ချုပ်နည်းပြ (၄၇)ဦး၊ ဒိုင်လူကြီး ()ဦးအပါအဝင် စုစုပေါင်း (၁၄၅)ဦးတို့ဖြင့်  ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါကြောင်း၊ ပြိုင်ပွဲတွင် ရွှေ တံဆိပ် (၂၀) ငွေတံဆိပ် (၁၉ခု၊ ကြေးတံဆိပ် (၂၀စုစုပေါင်းဆုတံဆိပ် (၅၉)ခုရရှိပြီး ပြိုင်ပွဲဝင် (၁၁)နိုင်ငံအနက် အဆင့်()ဖြင့် အောင်မြင်မှုရရှိခဲ့သည်ကို တွေ့ရှိရပါ ကြောင်း။

၂၀၂၃ ခုနှစ်၊ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပခဲ့သည့် (၁၂)ကြိမ်မြောက်အာဆီယံ မသန် စွမ်းအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံက ရွှေ(၁၅)ခု အပါဝင် စုစုပေါင်းဆုတံဆိပ် (၅၇)ခု ရရှိပြီး နိုင်ငံအလိုက်အဆင့်()ရရှိခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ယခု (၁၃)ကြိမ် မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် ယခင်အကြိမ်ကထက် ရွှေတံဆိပ်()ခု ပိုမိုဆွတ်ခူးရရှိခဲ့ခြင်းဖြစ်ပြီး စုစုပေါင်းဆုတံဆိပ်အရေအတွက် ()ခု ပိုမိုဆွတ်ခူးရရှိခဲ့သည်ကိုလည်း တွေ့ရှိရကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ ကြိုးစား ယှဉ်ပြိုင်မှုနှင့်အောင်မြင်မှုများကို ဂုဏ်ပြုသည့်အနေဖြင့် နိုင်ငံတော်က ပြိုင်ပွဲယှဉ်ပြိုင် နေစဉ်ကာလအတွင်း ရွှေတံဆိပ်တစ်ခု ရရှိပါက အမေရိကန်ဒေါ်လာ (၃၀၀) ငွေတံဆိပ်တစ်ခုရရှိပါက အမေရိကန်ဒေါ်လာ (၂၀၀) ကြေးတံဆိပ်တစ်ခုရရှိပါက အမေရိ ကန် ဒေါ်လာ (၁၀၀ချက်ချင်းချီးမြှင့်ခဲ့ကြောင်း။

ယင်းပြိုင်ပွဲမှတ်တမ်းများအရ မြန်မာနိုင်ငံက မသန်စွမ်းအားကစားသမားများသည် မသန်သော်လည်း စွမ်းဆောင်ရည်ရှိသူများဖြစ်ပြီး နိုင်ငံ့၏ဂုဏ်ကို မြှင့်တင်နိုင်ခဲ့ကြ သူများဖြစ်သည်ဟု မှတ်တမ်းတင်ဂုဏ်ပြုပြောကြားလိုပါကြောင်း၊ မြန်မာနိုင်ငံ မသန်စွမ်း အားကစားအဖွဲ့ချုပ် တစ်ခုတည်းကပဲ အားကစားနည်း(၁၁)နည်းကို ဝင်ရောက် ယှဉ်ပြိုင်ရန် စီမံဆောင်ရွက်ရာတွင် ပြိုင်ပွဲတိုင်း မျှော်မှန်းဆုတံဆိပ်များဆွတ်ခူးရရှိပြီး နိုင်ငံအလိုက် အဆင့်()ရရှိခြင်းသည် အားကစားတိုးတက်ရန် အဖွဲ့ချုပ်များ၏ အခန်းကဏ္ဍသည် ပိုမို အရေးပါသည်ဆိုသည်မှာ သိသာထင်ရှားပါကြောင်း။

မသန်စွမ်းအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အားကစားနည်း (၁၁)နည်း အနက် ပြေးခုန်ပစ်၊ ရေကူးနှင့် ဘော်လီဘောအားကစားနည်းတို့မှ ရွှေ တံဆိပ်(၂၀) ပြေးခုန်ပစ်၊ ရေကူး၊ ဘောလုံးအားကစားနည်းတို့က ငွေတံဆိပ်(၁၉)ခု၊ ပြေးခုန်ပစ်၊ ရေကူး၊ စစ်တုရင်၊ စားပွဲတင် တင်းနစ်၊ အလေးမနှင့် ဂိုးလ်ဘော အားကစားနည်းတို့က ကြေးတံဆိပ် (၂၀)ရရှိခဲ့ကြောင်း၊ မသန်စွမ်းသူများ အားကစား အဖွဲ့ချုပ်ကရရှိခဲ့သည့် ရွှေ၊ ငွေ၊ ကြေးဆုတံဆိပ်များသည် အိုလံပစ်အားကစားနည်း များဖြစ်သည့် ပြေးခုန်ပစ်၊ ရေကူး၊ ဘော်လီဘော စသည့်အားကစားနည်းများဖြစ် သည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံအနေဖြင့် နောက်ထပ်အဆင့်တစ်ခု တိုးတက်ရန်အတွက် ရေကူး၊ ပြေးခုန်ပစ် ကဲ့သို့ အိုလံပစ် အားကစားနည်းများကို မဖြစ်မနေပြန်လည်ဦးမော့အောင် အလေးထားကြိုးစားဆောင်ရွက်ကြရန် သက်ဆိုင်သူများအားလုံးကို တိုက်တွန်းမှာ ကြားလိုကြောင်း။

ယခုကဲ့သို့ နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် နိုင်ငံတော်အတွက် ဆုတံဆိပ် များ ရယူပေးနိုင်ခြင်းသည် နိုင်ငံ့ဂုဏ်ကိုအားကစားဖြင့်မြှင့်တင်ပေးရာ ရောက်သည့် အပြင် နိုင်ငံတကာအလယ်တွင် အမိမြန်မာနိုင်ငံတော်အလံကိုလွှင့်တင်ပြီး နိုင်ငံတော် သီချင်း သံလွင့်ပျံ့အောင် စွမ်းဆောင်ကြိုးပမ်းခဲ့သူများလည်းဖြစ်ကြပါကြောင်း၊ ထို့ကြောင့် အုပ်ချုပ်သူ နည်းပြများအပါအဝင် နိုင်ငံ့ဂုဏ်ဆောင် အားကစားမောင်မယ်များကို ယခုကဲ့သို့ ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ရခြင်းပင် ဖြစ်ကြောင်း။

ထို့ကြောင့် လာမည့် ၂၀၂၇ ခုနှစ်၊ မလေးရှားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၃၄ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် (၁၄)ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲများတွင် မြန်မာနိုင်ငံအနေဖြင့် အဆင့်မီမီဖြင့် ဆုတံဆိပ် များရရှိရန် ယှဉ်ပြိုင်နိုင်ရေးကြိုတင်ပြင်ဆင်လေ့ကျင့်ထားကြရန် မှာကြားလိုပါကြောင်း၊ ထိုသို့ ပြင်ဆင်ရာတွင် ချက်ချင်းရွှေတံဆိပ်ရနိုင်သည့် အားကစားနည်းများနှင့်ရွှေ တံဆိပ်မရနိုင်သေးသော်လည်း ရေရှည်ဖွံ့ဖြိုးတိုးတက်အောင်လုပ်ရမည့်အားကစား နည်းများကို ခွဲခြားပြီး စနစ်တကျစီမံချက်ရေးဆွဲဆောင်ရွက်ရန်နှင့်  လတစ်ကြိမ်၊  လတစ်ကြိမ်ဆောင်ရွက်ထားရှိမှုများကို သုံးသပ်ပြင်ဆင်ဆောင်ရွက်သွားကြရန် လိုအပ် မည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ အားကစားအဖွဲ့ချုပ်များက တာဝန်ယူ ဆောင်ရွက်ရမည့်အပိုင်းများကို သေချာစွာခွဲခြားသိမြင်ပြီး နိုင်ငံတော်ကဖြည့်ဆည်း တာဝန်ယူဆောင်ရွက်ပေးရမည့်အပိုင်းကိုလည်း အချိန်မီတင်ပြသွားကြရန် လိုအပ် ကြောင်း။

ထို့ပြင် ပြည်တွင်း၌ ကျင်းပသည့် အားကစားပြိုင်ပွဲများတွင် လူငယ်မျိုးဆက် သစ် အားကစားသမားများ စဉ်ဆက်မပြတ် ထွက်ပေါ်ရေး၊ နည်းပြများ၊ ဒိုင်၊ ဂျူရီများကို ခေတ်နှင့်အညီ Update ဖြစ်သည့် သင်တန်းများ တက်ရောက်နိုင်ရေး၊ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များကလည်း အရှေ့တောင်အာရှ အားကစားအဖွဲ့ချုပ်အပါအဝင် နိုင်ငံတကာအားကစားအဖွဲ့အစည်းများတွင် သက်ဆိုင်ရာကဏ္ဍအလိုက် ဝင်ဆန့်နိုင် ရေးကိုလည်း စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်း မှာကြားလို ကြောင်း။

ယနေ့ခေတ်သည် သိပ္ပံခေတ်၊ AI ခေတ် ဖြစ်သည်နှင့်အညီ Sport Scientist, Sport Nutritionist, Sport Psychologist စသည့် ပညာရှင်များအပါအဝင် အားကစားသုတေ သီများပေါ်ထွက်ရေးကို ဦးတည်ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ အားကစား အဖွဲ့ချုပ်များအနေဖြင့် ပြည်တွင်းနည်းပြများကို  မိမိတို့၏ မိတ်ဖက်နိုင်ငံ များတွင် အားကစားသင်တန်းများ တက်ရောက်နိုင်ရေး၊ နှစ်နိုင်ငံချစ်ကြည်ရေး အထိမ်းအမှတ် အားကစားပြိုင်ပွဲများ အပြန်အလှန်စေလွှတ်ယှဉ်ပြိုင်နိုင်ရေး ဆက်လက်ဆောင်ရွက် ကြရန် တိုက်တွန်းမှာကြားလိုကြောင်း။

နောင်ကျင်းပပြုလုပ်မည့် ကမ္ဘာ့အဆင့်၊ အာရှအဆင့် အားကစားပြိုင်ပွဲများ၊ အရှေ့ တောင်အာရှ အားကစားပြိုင်ပွဲများ၊ အာဆီယံဒေသတွင်း အားကစားပြိုင်ပွဲများနှင့်  နိုင်ငံ တကာဖိတ်ခေါ်ပြိုင်ပွဲများတွင် ရွှေ၊ ငွေ၊ ကြေးဆုတံဆိပ်များ ယခုထက်ပိုမိုရရှိပြီး နိုင်ငံ့ဂုဏ်ကိုအားကစားဖြင့် မြှင့်တင်နိုင်ရေး၊ လူငယ်လူရွယ်တိုင်း အားကစားကို စိတ်ပါဝင်စားပြီး လေ့လာလိုက်စားရာမှတစ်ဆင့် ပြိုင်ပွဲဝင်နိုင်သည်အထိ လေ့ကျင့် ယှဉ်ပြိုင်နိုင်ရေးနှင့် အရှေ့တောင်အာရှအဆင့်မှသည် အာရှအဆင့်၊ ကမ္ဘာ့အဆင့်အထိ ထိုးဖောက်နိုင်အောင်ရည်မှန်းချက်ထားပြီး ဆက်လက်ကြိုးပမ်းအားထုတ်သွားကြရန်  တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ထို့နောက်()ကြိမ်မြောက်  ကမ္ဘာ့ဗိုဗီနမ်ချန်ပီယံရှစ်ပြိုင်ပွဲ၊ (၁၆)ကြိမ်မြောက်ကမ္ဘာ့ ကာယဗလနှင့်  ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲ၊ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတို့တွင် နိုင်ငံ့ဂုဏ်ဆောင်ခဲ့သည့် အားကစားသမားမောင်မယ်များအား နိုင်ငံတော်မှဂုဏ်ပြု ချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ရာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံ ရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌက ()ကြိမ်မြောက်ကမ္ဘာ့ဗိုဗီနမ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်  ဆုရရှိခဲ့ကြသည့် မမေဟန်နီအောင်လွင် နှင့် မနှင်းသက်ဝေ၊ (၁၆)ကြိမ်မြောက်ကမ္ဘာ့ ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစား ပြိုင်ပွဲ၊ Men Bodybuilding 75 kg ပြိုင်ပွဲ၌ ရွှေတံဆိပ်  ဆုရရှိခဲ့သည့်မောင်ရဲထွန်းနောင်၊ (၃၃ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၊ ခြင်းလုံးအားကစားနည်းတွင် အမျိုးသားအသင်းလိုက် Event-3 ပြိုင်ပွဲတွင်  ရွှေတံဆိပ်  ဆုရရှိခဲ့သည့် အမျိုးသားအသင်း နှင့် အမျိုးသမီးအသင်းလိုက် Event-3 ပြိုင်ပွဲတွင် ရွှေတံဆိပ်  ဆုရရှိခဲ့သည့် အမျိုးသမီးအသင်း၊ ဘိလိယက်နှင့် စနူကာအားကစားနည်းတွင် ဘိလိယက်အမျိုးသားအသင်းလိုက်ပြိုင်ပွဲ၌ ရွှေတံဆိပ်  ဆုရရှိခဲ့သည့် ဘိလိယက်အမျိုးသားအသင်း၊ (၁၃ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ   ရေကူးအားကစားနည်းတွင် မီတာ ၂၀၀ အလွတ်ကူး၊ မီတာ ၅၀ ရင်ဘောင် တန်းကူး၊ မီတာ ၅၀ အလွတ်ကူး၊ မီတာ ၁၀၀ အလွတ်ကူး ပြိုင်ပွဲ  မျိုးလုံး၌ ရွှေတံဆိပ်  ဆုရရှိသည့် မောင်ညီညီလင်းထက်၊ မီတာ ၁၀၀ ရင်ဘောင်တန်းကူး ပြိုင်ပွဲတွင် ရွှေတံဆိပ်  ဆုနှင့် မီတာ ၅၀ ရင်ဘောင်တန်းကူးပြိုင်ပွဲတွင် ငွေတံဆိပ်  ဆုရရှိခဲ့သည့် မောင်နန္ဒစိုးမင်း၊ အလွတ်ကူးပြိုင်ပွဲများတွင် ရွှေတံဆိပ်  ဆုနှင့် ငွေတံဆိပ်  ဆုရရှိခဲ့သည့် ဒုတိယတပ်ကြပ်စိုးဝင်း၊ ရင်ဘောင်တန်းကူးပြိုင်ပွဲ များတွင် ရွှေတံဆိပ်  ဆုနှင့်ငွေတံဆိပ်  ဆု ရရှိခဲ့သည့်မောင်မင်းထူး၊ မီတာ ၁၀၀ ပက်လက်ကူးပြိုင်ပွဲတွင် ရွှေတံဆိပ်  ဆုနှင့်မီတာ ၂၀၀ အလွတ်ကူးပြိုင်ပွဲတွင် ကြေး တံဆိပ်  ဆုရရှိခဲ့သည့် မောင်အောင်မြင့်မြတ်၊ ပြေးခုန်ပစ်အားကစားနည်းတွင် သံလုံးပစ်နှင့်လှံတံပစ်ပြိုင်ပွဲတို့၌ ရွှေတံဆိပ်  ဆုရရှိခဲ့သည့်ဒုတိယအရာခံဗိုလ်တင်ညို၊မီတာ ၄၀၀ ပြိုင်ပွဲတွင် ရွှေတံဆိပ်  ဆု၊ မီတာ ၂၀၀ ပြိုင်ပွဲတွင် ငွေတံဆိပ်  ဆု၊ မီတာ ၁၀၀ ပြိုင်ပွဲတွင် ကြေးတံဆိပ်  ဆုရရှိခဲ့သည့် မောင်အောင်မြင့်ဌေး၊ မီတာ ၂၀၀ ပြိုင်ပွဲ တွင် ရွှေတံဆိပ်  ဆု၊ ငွေတံဆိပ်  ဆုရရှိသည့် တပ်ကြပ်ကြီး စိုးပေ၊ သံပြားပစ်နှင့်   သံလုံးပစ်ပြိုင်ပွဲတို့တွင် ရွှေတံဆိပ်  ခု ရရှိခဲ့သည့်မထက်ထက်အေး၊ သံပြားပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်  ခု၊ သံလုံးပစ်ပြိုင်ပွဲတွင်ငွေတံဆိပ်  ခု ရရှိခဲ့သည့် တပ်ကြပ် ရဲမင်းစိုး၊ လှံတံပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်  ခုရရှိသည့်ဒုတပ်ကြပ်(ငြိမ်း)စိုးသန်း၊ အလျားခုန်ပြိုင်ပွဲ တွင် ရွှေတံဆိပ်  ခု၊ မီတာ ၁၀၀ ပြိုင်ပွဲတွင် ကြေးတံဆိပ်  ခုရရှိခဲ့သည့်မနန်းစန်း ရတနာထွန်း၊ သံလုံးပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်  ခု၊ လှံတံပစ် ပြိုင်ပွဲတွင် ကြေးတံဆိပ်  ခုရရှိခဲ့သည့် မစိန်ဖော့၊ လှံတံပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်  ခု၊ သံလုံးပစ်ပြိုင်ပွဲတွင် ငွေတံဆိပ်  ခု ရရှိခဲ့သည့် မောင်စည်သူထက်၊ ထိုင်လျက်ဘောလီဘော ပြိုင်ပွဲတွင် ရွှေတံဆိပ်ရရှိခဲ့သည့် မြန်မာအားကစားအဖွဲ့တို့အား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက ()ကြိမ် မြောက်ကမ္ဘာ့ဗိုဗီနမ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် ငွေတံဆိပ်  ဆုရရှိခဲ့သည့်မြန်မာအားက စားအဖွဲ့၊ (၁၆)ကြိမ်မြောက်ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲတွင် ငွေတံဆိပ်  ခုနှင့် ကြေးတံဆိပ်  ခုရရှိခဲ့သည့် မဇူးဇူးသန့်၊ ငွေတံဆိပ်  ခုရရှိခဲ့သည့် မောင်ချမ်းမြေ့ထွန်း၊ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဘိလိ ယက်နှင့် စနူကာအားကစားနည်းတွင် ငွေတံဆိပ်  ခုရရှိခဲ့သည့် ဦးပေါက်စ၊ ကနူးကယက်လှေအားကစားနည်းတွင် အသင်းလိုက်ငွေတံဆိပ်  ဆုရရှိခဲ့သည့် မြန်မာအားကစားအဖွဲ့၊ ငွေတံဆိပ်  ဆုရရှိခဲ့သည့်မောင်မျိုးလှိုင်ဝင်းနှင့် ကြေးတံဆိပ်  ဆု ရရှိခဲ့သည့် မပိုပိုအောင်၊ ပိုက်ကျော်ခြင်းအားကစားနည်းတွင် အသင်းလိုက်ငွေတံဆိပ်  ဆုရရှိခဲ့သည့် မြန်မာအားကစားအဖွဲ့၊ ငွေတံဆိပ်  ဆုရရှိခဲ့သည့်  ယောက်တွဲ (အမျိုး သားအသင်း) အပြည်ပြည်ဆိုင်ရာလှေအားကစားနည်းတွင် ငွေတံဆိပ်  ခုရရှိခဲ့သည့် မောင်ဝေယံမိုး၊ ကြေးတံဆိပ်  ဆုရရှိခဲ့သည့် မနီလာဝင်း တို့အား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် နိုင်ငံ့ဂုဏ်ဆောင် ဆုတံဆိပ်ရအားကစားသမားများ ကိုယ်စား (၁၆ကြိမ်မြောက်ကမ္ဘာ့ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်  ခုရရှိခဲ့သည့် မောင်ရဲထွန်းနောင်က ကျေးဇူးတင်စကားပြောကြားသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများနှင့် နည်းပြ များကို ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။

နိုင်ငံတော်အနေဖြင့် ပြိုင်ပွဲအသီးသီးတွင်  အားကြိုးမာန်တက်ယှဉ်ပြိုင်ပြီး တစ်ဦးချင်း ပြိုင်ပွဲများတွင် ရွှေတံဆိပ်ရရှိခဲ့သူများကို ကျပ်သိန်း (၃၀၀) ငွေတံဆိပ်ရရှိခဲ့သူများကို ကျပ်သိန်း(၂၀၀) ကြေးတံဆိပ်ရရှိခဲ့သူများကို ကျပ်သိန်း (၁၀၀) အသင်းလိုက်ပြိုင်ပွဲ များတွင် ရွှေတံဆိပ်ရရှိခဲ့ကြသည့် အသင်းသားတစ်ဦးကို ကျပ်သိန်း (၁၀၀) ငွေတံဆိပ်ရ ရှိခဲ့ကြသည့်အသင်းသားတစ်ဦးကို ကျပ်သိန်း (၇၀) ကြေးတံဆိပ်ရရှိခဲ့ကြသည့် အသင်း သားတစ်ဦးကိုကျပ်(၃၅)သိန်း၊ အားကစားနည်းအလိုက် တာဝန်ယူဆောင်ရွက်ခဲ့ကြသည့်  နည်းပြများကို မိမိတို့အားကစားနည်းအလိုက် ရွှေတံဆိပ်ရရှိခဲ့ပါက နည်းပြ တစ်ဦးကို ကျပ်သိန်း(၁၀၀)၊ငွေတံဆိပ်ရရှိခဲ့ပါက ကျပ်သိန်း (၅၀) ကြေးတံဆိပ်ရရှိခဲ့ပါက ကျပ်သိန်း (၃၀)စီနှင့် အားကစားနည်းအလိုက် အုပ်ချုပ်မှုအဖွဲ့များကိုလည်း ရွှေတံဆိပ်ရရှိခဲ့ပါက ကျပ်သိန်း(၁၀၀) ငွေတံဆိပ်ရရှိခဲ့ပါက ကျပ်သိန်း(၅၀) ကြေးတံဆိပ်ရရှိခဲ့ပါက ကျပ်သိန်း (၃၀)စီ ချီးမြှင့်ပေးလျက်ရှိပြီး ယနေ့ကျင်းပပြုလုပ်သည့် ()ကြိမ်မြောက် ကမ္ဘာ့ဗိုဗီနမ် ချန်ပီယံရှစ်ပြိုင်ပွဲ၊ (၁၆)ကြိမ်မြောက် ကမ္ဘာ့ကာယဗလ နှင့် ကာယကြံ့ခိုင်မှု အားကစား ပြိုင်ပွဲ၊ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတို့တွင် မြန်မာအားကစားအဖွဲ့များအနေဖြင့် ရွှေ တံဆိပ် ၂၆ ဆု၊ ငွေတံဆိပ် ၄၇ ဆု၊ ကြေးတံဆိပ် ၇၇ ဆု၊ စုစုပေါင်း ဆုတံဆိပ် ၁၅၀ ဆု ရရှိခဲ့သည့်အတွက် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများနှင့်ပြိုင်ပွဲများတွင်  ဆုတံဆိပ် များ ရရှိအောင် စွမ်းဆောင်ပေးခဲ့သည့် အုပ်ချုပ်/နည်းပြအဖွဲ့ ၂၈ ဖွဲ့တို့အတွက် နိုင်ငံတော်မှ ဂုဏ်ပြုချီးမြှင့်ငွေမှာ စုစုပေါင်း ငွေကျပ်သိန်းပေါင်း ၃၆၆၉၀ ဖြစ်သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။