ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြင်ဦးလွင်မြို့ မြို့ပြဖွံ့ဖြိုးတိုး တက်ရေးအကောင်အထည်ဖော်ဆောင်ရွက်နေမှုများအားလိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်  ဖေဖော်ဝါရီ   ၂၇

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ    နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကော်မရှင်အတွင်း ရေးမှူး   ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊  ခရီးစဉ်တွင် လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူတို့လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေးအကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများကို လိုက်လံ ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည်  ပြင်ဦးလွင်မြို့အတွင်း မော်တော်ယာဉ်များဖြင့်လှည့်လည်၍ ရပ်ကွက်ကြီး(၈)၊ (၁၀)၊ ပဒေသာမြို့သစ်တို့ရှိ သိင်္ဂီလမ်း၊ ရတနာလမ်း၊ နဝရတ်လမ်း၊ ပြည်သာယာလမ်းတို့တွင်   ပြင်ဦးလွင်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့ပြ အင်္ဂါရပ် နှင့် အညီဖြစ်စေရေး ၂၄ ပေ အကျယ် ရရှိစေရန် လမ်းချဲ့ခြင်းနှင့်ဆက်စပ်လုပ်ငန်း များဖြစ် သည့် လမ်းပြုပြင်ခြင်းလုပ်ငန်းများ၊ တံတားတည်ဆောက်ခြင်းလုပ်ငန်းများ၊ မြေသားရေ မြောင်းတူးဖော်ခြင်းလုပ်ငန်းများ၊ ကတ္တရာခင်းခြင်းလုပ်ငန်းများ၊ Thermo Plastic Paint ရေးဆွဲခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုအခြေအနေများကို လိုက်လံကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ပြင်ဦးလွင်ဘူတာသို့ရောက်ရှိကြပြီး ဘူတာ နယ်မြေတွင်  မြို့ပြဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက် နေမှုအခြေအနေများကို သွား ရောက် ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ကြည့်ရှုစစ်ဆေးရာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြထွန်းဦးနှင့် ဒုတိယဝန်ကြီး ဦးအောင်မြိုင်တို့က ဘူတာနယ်မြေတွင် ပွဲကြည့်စင်အပါဘောလုံးကွင်းနှင့်  မိုးလုံလေလုံအားကစားရုံ တည်ဆောက်ခြင်း လုပ်ငန်း များ၊ ဝန်ထမ်းအိမ်ရာတည်ဆောက်ခြင်းလုပ်ငန်းများ၊ အဆင့်မြင့်ဟိုတယ်နှင့် ဈေးဝယ်စင် တာပါရှိသည့် ၄ ထပ်အဆောက်အဦ  တည်ဆောက်ရေးလုပ်ငန်းများအား လုပ်ငန်းစဉ် အဆင့် အလိုက်   အကောင်အထည်ဖော်  ဆောင်ရွက်လျက်ရှိမှုနှင့် ဆက်လက်ဆောင် ရွက်သွား မည့်အခြေအနေများ၊ ပြင်ဦးလွင် – ဂုတ်ထိပ် ရထားခရီးစဉ်ပြေးဆွဲ နေမှုအခြေ အနေများကို ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော် ယာယီသမ္မတ  နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌက ပြင်ဦးလွင်မြို့၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်စေခြင်းဖြစ်ပြီး မြေကိုအကျိုးရှိရှိအသုံးချနိုင်ရေး အတွက်စနစ်တကျဖြင့်ရေးဆွဲ တွက်ချက်အကောင်အထည် ဖော်ဆောင်ရွက်သွားရန် လိုကြောင်း၊ ပြင်ဦးလွင်ဘူတာနှင့်ကလောဘူတာတို့သည်   ရှေးဟောင်းသမိုင်းဝင် ဘူတာများဖြစ်သည့်အတွက် ဘူတာအဆောက်အဦအား စနစ်တကျထိန်းသိမ်းသွား ရန်နှင့် ဘူတာနယ်နိမိတ်အတွင်း စနစ်တကျရှိစေရေး၊ သန့်ရှင်းသာယာလှပမှုရှိစေရေး၊ စိတ်ချမ်းမြေ့ဖွယ်ပတ်ဝန်းကျင်ဖြစ်စေရေး စဉ်ဆက်မပြတ် ဆောင်ရွက်ထား ရှိရန်လို ကြောင်း၊  မြို့ပြဖွံ့ဖြိုးတိုးတက်မှုများနှင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ခြင်းများကို ဖော်ဆောင်ခြင်းအားဖြင့် ဒေသတွင်းသို့ လာရောက်လည်ပတ်မည့်  ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်မည်ဖြစ်ပြီး အမျိုးသားဝင်ငွေသည်လည်း တိုးတက်လာစေမည်ဖြစ်ကြောင်း၊ ပြင်ဦးလွင်ဘူတာမှဂုတ်ထိပ်တံတားသို့ ရထားခရီး စဉ်များပြေးဆွဲမှုနှင့်ပတ်သက်၍လည်း အပန်းဖြေခရီးလာရောက်သည့်သူများအနေဖြင့် ဒေသန္တရ ဗဟုသုတများနှင့် သဘာဝပတ်ဝန်းကျင် သာယာလှပမှုများကို ခံစားရရှိနိုင် မည်ဖြစ်သဖြင့် ခရီးသည်များဘေးကင်းလုံခြုံစွာဖြင့်စီးနင်း လိုက်ပါလေ့လာနိုင်ရေး ဆောင်ရွက်ပေးသွားရန်လိုကြောင်းနှင့်  အခြား လိုအပ်သည်များကို  လမ်းညွှန်မှာ ကြားသည်။

ထို့နောက်  နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌသည် အနီးစခန်းလေဆိပ်အဆင့်မြှင့်တင်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး  ဦးမြထွန်းဦးနှင့်တာဝန်ရှိသူများ၏တင်ပြချက်များအပေါ်  လုပ်ငန်းများ ဆောင်ရွက်ရာတွင် နောင်ဖြစ်ပေါ်လာမည့် ခရီးသွားလာမှု၊ ကုန်စည်ကူးသန်း ရောင်းဝယ် မှုနှင့်   ဖွံ့ဖြိုးတိုးတက်မှုတို့ကိုကြည့်၍ ရေရှည်အကျိုးရှိစေရေး   စနစ်တကျ တွက်ချက် ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များ  လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်း ရရှိသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။