မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စီးပွားရေးကို အဓိကထား ဆောင်ရွက်နေခြင်းဖြစ်သဖြင့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်း (Agro-based Industries)ကို မဖြစ်မနေ အကောင်အထည်ဖော်ဆောင်ရွက်
နေပြည်တော် မတ် ၁၃
မြန်မာ့မျက်နှာစာသစ်ဖိုရမ်(ယုံကြည်မှု၊ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု) Forum on The Dawn of A New State (Trust, Stability & Development) ဖွင့်ပွဲ အခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၁)(MICC-1)၌ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

အခမ်းအနားသို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်း သာယာရေး ကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ကော်မရှင် အဖွဲ့ဝင် အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး၊ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှအဆင့်မြင့်တပ်မတော်အရာရှိကြီး များ၊ ဒုတိယ ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြား သံရုံးများမှ သံအမတ်ကြီးများနှင့် ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စား လှယ်များ၊ ပြည်တွင်းပြည်ပ ပညာရှင်များ၊ အသင်းအဖွဲ့များမှ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင် များ၊ အနုပ ညာရှင် များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ အခမ်းအနားအား မြန်မာ့မျက်နှာစာသစ်ဖိုရမ် ဂုဏ်ပြုတေးသီချင်း “မြန်မာ့ မျက်နှာစာသစ်”သီချင်းဖြင့် စတင်ဖွင့်လှစ်ပြီး နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော် လုံခြုံ ရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ နှင့် အခမ်းအနားတက်ရောက် လာကြသူ များ သည် “တည်ငြိမ်မှု၊ ယုံကြည်မှုမှသည် ဖွံ့ဖြိုးတိုးတက်မှုဆီသို့” Video Clip အား ကြည့်ရှုကြသည်။
ထို့နောက်နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ က အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်း သာယာ ရေး ကော်မရှင်ဥက္ကဋ္ဌက ဖြည့်စွက်ပြောကြားရာတွင် ယနေ့ဆွေးနွေးပွဲသို့ ပါဝင်တက် ရောက်လာကြသည့် လွှတ်တော်ကိုယ်စားလှယ်အသီးသီးကို မိမိအနေဖြင့် ကြိုဆိုပါ ကြောင်း၊ မိမိတို့အနေဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတစွာဖြင့် စစ်မှန်သည့်ရွေးကောက်ပွဲ၊ သန့်ရှင်းသည့်ရွေးကောက်ပွဲတစ်ရပ် အဖြစ်ကျင်းပနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ရွေးကောက်ပွဲတွင် မဲပေးမှုရာခိုင်နှုန်းအနေဖြင့် ၅၄ ဒသမ ၂၂ ရာခိုင်နှုန်းကျော်ရှိခဲ့ပြီး ပြည်သူများအနေဖြင့် တက်ကြွစွာဖြင့် မဲပေးခဲ့ကြကာ စစ်မှန်သည့်မဲရလာဒ်များဖြင့် ပေါ်ထွက်လာသည့် ရွေးကောက်ခံ ကိုယ်စားလှယ်များ သည် ပြည်သူကိုစစ်မှန်စွာကိုယ်စားပြုသူများဖြစ်၍ မိမိအနေဖြင့် ဝမ်းမြောက်ကြောင်း ကို ပြောကြားလိုကြောင်း။
မိမိတို့အနေဖြင့် နိုင်ငံတော်ကို စီးပွားရေးအရမည်ကဲ့သို့ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရမည်ကို စဉ်းစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အူမတောင့်မှ သီလ စောင့်မည် ဟူသည့် စကားနှင့်အညီ ပြည်သူလူထုအားလုံး၏လူမှုစီးပွားဘဝများ အဆင် ပြေအောင်ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ တစ်ဖက်မှလည်း နိုင်ငံ၏ ဒီမိုကရေစီ စနစ်ကိုထိန်းသိမ်းဆောင်ရွက်ရန်လိုကြောင်း။
ကမ္ဘာပေါ်တွင် အုပ်ချုပ်မှုစနစ်အမျိုးမျိုးရှိပြီး တစ်နိုင်ငံနှင့် တစ်နိုင်ငံကျင့်သုံးမှု များကွဲပြားကြသည်ကိုတွေ့ရကြောင်း၊ ပါတီစုံစနစ်ကျင့်သုံးသည့်နိုင်ငံများ၊ တစ်ပါတီတည်းကသာ ဦးဆောင် ဆောင်ရွက်သည့်နိုင်ငံများ၊ အင်အားကြီးနှစ်ပါတီမှ ဦးဆောင် ဆောင်ရွက်သည့်နိုင်ငံများ စသည်ဖြင့်ကျင့်သုံးမှုအမျိုးမျိုးကို လေ့လာတွေ့ရှိရကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ပြည်သူများမှလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ကိုကျင့်သုံး လျက်ရှိပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ် ကို ကျင့်သုံးဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ဖက်ဒရယ်စနစ်ကိုကျင့်သုံးရာတွင် လူပုဂ္ဂိုလ် ၊ လူမျိုးစုအပေါ် အခြေခံခြင်းမဟုတ်ဘဲ နေရာဒေသကို အခြေခံ၍ ကျင့်သုံးခြင်းဖြစ် သည်ကို သတိချပ်ကြစေလိုကြောင်း။

လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် နိုင်ငံ၏အနာဂတ်ကို ပုံဖော်ရာတွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းပါ အချက်အလက်များ အပေါ် တွင် အခြေခံပြီး ဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံ၏ ပညာရေး ကဏ္ဍမြှင်တင်ရေးအတွက် မဖြစ်မနေအလေး ထားလုပ်ဆောင်ကြရန်လို ကြောင်း၊ ကျေးလက်ဒေသများဖွံ့ဖြိုးတိုးတက်ရေးကို အထူးအလေးထား ဆောင်ရွက်လျက်ပြီး ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် စိုက်ပျိုးမွေးမြူရေး အတတ်ပညာများ လိုအပ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်၏ ပညာရေးကဏ္ဍ တိုးတက်လာစေရေး အားပေးဆောင်ရွက် လျက်ရှိသကဲ့သို့ စိုက်ပျိုးမွေးမြူရေး အသိပညာများတတ်ကျွမ်း သည့် လူသားအရင်း အမြစ် များ တိုးတက်လာစေရေးအတွက်လည်း အခြေခံပညာ အထက်တန်းတက် ရောက်နေကြသည့် ကျောင်းသား၊ ကျောင်းသူ များကို စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး အသိပညာများကိုသင်ကြားပေးလျက်ရှိသကဲ့သို့ လာမည့် ပညာသင်နှစ်တွင် အခြေခံ ပညာ အလယ်တန်းအဆင့်မှ စတင်၍ သင်ကြားနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း။
မိမိတို့နိုင်ငံ၏ သမိုင်းကြောင်းဆိုင်ရာအချက်အလက်များကို လေ့လာကြည့် မည်ဆိုပါက စာပေအတတ်ပညာဆိုင်ရာများ၊ အနုသုခုမပညာရပ်များ၊ လူနေမှုစနစ်များ အနေဖြင့် အဆင့်အတန်းမြင့်မားခဲ့သည်ကိုတွေ့မြင်ရမည်ဖြစ်ကြောင်း၊ ခေတ်အဆက် ဆက်တွင် စစ်မက်များဖြစ်ပွားခြင်း၊ ပြည်ပကျူးကျော်စစ်များဖြစ်ပွားခြင်း၊ အချင်းချင်း မသင့်မြတ်မှုများဖြစ်ပွားမှုကြောင့် စစ်ပွဲဖြစ်ပွားခြင်းများကြောင့် မိမိတို့၏ ရှေးယခင်က တတ်မြောက်ခဲ့သည့် အသိပညာ၊ အတတ်ပညာများကို ဆက်လက်လက်ဆင့်ကမ်း ထိန်းသိမ်းနိုင်မှု အားနည်းခဲ့ကြသည်ကိုတွေ့ရကြောင်း၊ အလားတူလွတ်လပ် ရေးဆုံးရှုံး ပြီးကိုလိုနီလက်အောက်သို့ကျရောက်ခဲ့ချိန်တွင်လည်း မိမိတို့နိုင်ငံ၏ ပညာရေးနိမ့်ပါး အောင်ဆောင်ရွက်ခဲ့ကြကြောင်း၊ လွတ်လပ်ရေးရရှိပြီးချိန်တွင်လည်း ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားခဲ့ခြင်းကြောင့် တည်ငြိမ် အေးချမ်းမှုများပျက်ပြားခဲ့ ရပြီး ပညာသင်ကြားမှုများထိခိုက်ခဲ့ရကြောင်း။
အတန်းပညာရှိမှသာ အသိပညာရှင်၊ အတတ်ပညာရှင်များ ပေါကြွယ်ဝလာမည် ဖြစ်သဖြင့် ပညာရည်မြှင်တင်ရေးကို မိမိတို့အနေဖြင့် မဖြစ်မနေ ဆက်လက် ဆောင်ရွက် သွားကြရမည်ကို လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် သတိချပ်ကြစေ လိုကြောင်း၊ ယေဘုယျအားဖြင့် ဝေးလံခေါင်ပါးသည့်ဒေသများ၊ တည်ငြိမ်အေးချမ်းမှု ပျက်ပြားလျက် ရှိသည့် ဒေသများတွင် ပညာရေးအားနည်းကြသည်ကိုတွေ့ရကြောင်း၊ တည်ငြိမ်အေး ချမ်းမှု ပျက်ပြားလျက်ရှိသည့် ဒေသများရှိ ပညာရေးကိုလေ့လာကြည့် ပါက တစ်ဦးချင်း ပညာရေးအားနည်းမှုကြောင့် စဉ်းစားတွေးခေါ်မှုများအားနည်ပြီး ပဋိပက္ခများဖြစ်ပေါ်နေ သည်ကိုတွေ့ရှိရကြောင်း။
မိမိတို့နိုင်ငံအနေဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ တွင် မဲမသမာမှုများဖြစ်ပွားခဲ့မှုကြောင့် ယခုကဲ့သို့သော အခြေအနေသို့ ရောက်ရှိခဲရ ခြင်းဖြစ် ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ရွေးကောက်ပွဲပြန်လည်ကျင်းပချိန်တွင် မဲစာရင်း များ မှန်ကန်မှုရှိစေရေးနှင့် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေ ရေး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ခြင်းကြောင့် သိက္ခာရှိသည့် ရွေး ကောက်ပွဲ၊ လွတ်လပ်မျှတသည့်ရွေးကောက်ပွဲတစ်ခုအဖြစ် အောင်မြင်စွာကျင်းပ နိုင်ခဲ့ကြောင်း၊ ထို့ကြောင့်ယခုအခါ အဆိုပါသန့်ရှင်းသည့် ဆန္ဒမဲများဖြင့်ထွက်ပေါ်လာ သည့် ရွေးကောက်ခံကိုယ်စားလှယ်များထွက်ပေါ်လာခြင်းဖြစ်ကြောင်း။
မိမိတိုနိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စီးပွားရေးကို အဓိကထား ဆောင်ရွက်နေခြင်းဖြစ်သဖြင့် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်း (Agro-base Industires) ကို မဖြစ်မနေအကောင်အထည်ဖော် ဆောင်ရွက်ရန် လိုကြောင်း၊ အလားတူဖွံ့ဖြိုးတိုးတက်နေသည့်ခေတ်နှင့်အညီ နည်းပညာများဖွံ့ဖြိုး တိုးတက်ရေးကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စိုက်ပျိုးမွေးမြူရေးကိုအခြေခံ သည့် ကုန်ထုတ်လုပ်ငန်း (Agro-base Industires) ကိုဆောင်ရွက်ရာတွင် အထောက် အကူဖြစ်စေရန်အတွက် စက်မှုကုန်ကြမ်းသီးနှံများကို ပိုမိုတိုးတက်စိုက်ပျိုးထုတ်လုပ် နိုင်ရန်လိုကြောင်း၊ ထိုအထဲတွင် ဝါသီးနှံကိုစိုက်ပျိုးခြင်းဖြင့် ဝါမှ ဝါဂွမ်း၊ ချည်နှင့် အထည် အလိပ်များ ကို ထုတ်လုပ်နိုင်ပြီး စက်မှုကုန်ထုတ်လုပ်ငန်းများကို များစွာ အထောက် အကူပြုစေနိုင်ကြောင်း၊ အလားတူ မိမိတို့နိုင်ငံ၏ သစ်တောထွက်သယံ ဇာတများတွင် ပေါကြွယ်ဝစွာရှိပြီးဖြစ်သည့် ဝါးများကို အသုံးပြု၍လည်း ဝါးပျော့ဖတ် နှင့် အခြားတန်ဖိုး မြှင့် ထုတ်ကုန်များကို စက်မှုကုန်ထုတ်လုပ်ငန်းများဖြင့် ဆောင်ရွက် နိုင်ကြောင်း။
အလားတူ မိမိတို့နိုင်ငံတွင် အသေးစား၊ အလတ်စားနှင့် အငယ်စားစီးပွားရေး (MSME)ကုန်ထုတ်လုပ်ငန်းများကို ဆောင်ရွက်ရာတွင်လည်း စားသောက်ကုန်များကို သာမကအခြား ပြည်တွင်းသုံးပြည်ပအစားထိုး ထုတ်ကုန်များနှင့် ပြည်ပပို့ကုန်များကို ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ခြင်းဖြင့် နိုင်ငံခြားငွေသုံးစွဲမှုများကို လျှော့ချနိုင်ပြီး နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေများရရှိနိုင်မည်ဖြစ်ကြောင်း၊ ပြည်ပပို့ ကုန်များတင်ပို့ခြင်းကြောင့် နိုင်ငံခြားငွေများရရှိမှသာ နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုး တိုးတက် လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံ၏ အဓိကစီးပွားရေးဖြစ် သည့် စိုက်ပျိုး မွေးမြူရေးကိုအခြေခံသော ထုတ်ကုန်များကို အရည်အသွေးပြည့်မီစွာဖြင့် ပိုမို တိုးတက် ထုတ်လုပ်နိုင်ရေး အားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်လို ကြောင်း။

နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်နိုင်ငံအတွင်းနေထိုင်ကြသူများ အားလုံးက အမှန်တကယ်အလုပ်လုပ်ကြရန်လိုကြောင်း၊ အလားတူ သုံးစွဲမှုများဆောင်ရွက်ရာတွင် အသုံးနှင့် အဖြုန်းကိုနားလည်ပြီး တစ်ဦးချင်းမှအစ ချိုးခြံချွေတာသုံးစွဲခြင်းဖြင့် နိုင်ငံ တော်၏ ငွေကြေးသုံးစွဲမှုများကို လျှော့ချနိုင်ပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကို များစွာ အထောက်အကူပြုစေမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် သဘာဝဘေး အန္တရာယ် များကြောင့် ထိခိုက်ပျက်စီးခဲ့ရသည်များကို ပြန်လည်တည်ဆောက်ရေး ဆောင်ရွက်နေ ရဆဲဖြစ်ကြောင်း၊ နိုင်ငံတိုးတက်ရေးအတွက် အမှန်တကယ် အလုပ်လုပ် သူများ ဖြစ်ကြ ရန်လိုကြောင်း၊ နိုင်ငံ့အနာဂတ်တိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် လူငယ်များနှင့် အမျိုးသမီးများပါဝင်မှု အခန်းကဏ္ဍကိုလည်း မိမိအနေဖြင့် အလေးထား အသိအမှတ် ပြုပါကြောင်း၊ ယခုမြန်မာ့မျက်နှာသစ်နှစ်ဖိုရမ်(ယုံကြည်မှု၊ တည်ငြိမ် အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု) သည် မိမိတို့နိုင်ငံ၏ အနာဂတ်အတွက် အရေးပါသည့် ဆွေးနွေးပွဲ၊ အဓိပ္ပါယ်ရှိသည့် ဆွေးနွေးပွဲဖြစ်သဖြင့် အားလုံးက အလေးထားဆွေးနွေး ဆောင်ရွက် သွားကြရန် တိုက်တွန်းပြောကြားလိုကြောင်းဖြင့် ဆွေးနွေးပြောကြားသည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်း သာယာ ရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဖိုရမ်တွင် ပါဝင်ဆွေး နွေးကြမည့် ပြည်ပပညာရှင်များအား မြန်မာ့မျက်နှာစာသစ်ဖိုရမ် ကျင်းပခြင်းအထိမ်း အမှတ် လက်ဆောင်များအား ပေးအပ် သည်။
၎င်းနောက် မြန်မာ့မျက်နှာစာသစ်ဖိုရမ်တွင်ပါဝင်ဆွေးနွေးကြမည့် နိုင်ငံတကာ ပညာရှင်များက နှုတ်ခွန်းဆက်စကားများ အသီးသီးပြော ကြားကြသည်။
ထို့နောက် အနုပညာရှင် များက “ရောင်နီသစ်ပြီ”တေးသီချင်းဖြင့် သီဆိုဖျော်ဖြေ တင်ဆက်ကြသည်။ ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ နှင့် အခမ်းအနားတက်ရောက်လာကြသူ များ သည် မှတ်တမ်းတင်စုပေါင်းဓာတ်ပုံရိုက်ကြသည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေး ကော်မရှင်ဥက္ကဋ္ဌ နှင့် အခမ်းအနားတက်ရောက်လာကြသူများ သည် မြန်မာ့ မျက်နှာစာသစ်ဖိုရမ် အထိမ်းအမှတ် ပြခန်းများအား စိတ်ပါဝင်စားစွာဖြင့် လှည့်လည် ကြည့်ရှု ခဲ့ကြသည်။
အဆိုပါ မြန်မာ့မျက်နှာစာသစ်နှစ်ဖိုရမ်(ယုံကြည်မှု၊ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုး တိုးတက်မှု) Forum on The Dawn of A New State(Trust , Stability & Development) ကို ရည်ရွယ်ချက်(၄)ရပ်ဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး မတ်လ ၁၄ ရက် နေ့အထိကျင်းပပြုလုပ်သွားမည်ဖြစ်ကာ ပြည်တွင်း၊ ပြည်ပပညာရှင်များက ပါဝင် ဆွေးနွေးသွားမည်ဖြစ်သည်။


