နေပြည်တော်၊ ဇွန် ၂၇
(Unicode Version)
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းနိုင်ငံ၊ ပတ္တရားမြို့ ရှိ Wat Chaimongkol ဘုန်းတော်ကြီးကျောင်းနှင့် Wat Luang Phor Aee ဘုန်း တော်ကြီးကျောင်းများသို့ သွားရောက်ဖူး မြော်ကြည်ညို၊ ထိုင်းဘုရင့်ရေတပ် Sea Turtle ပင်လယ်လိပ်ထိန်းသိမ်းမွေးမြူရေးစခန်းသို့သွားရောက်လေ့လာ
နေပြည်တော်၊ ဇွန်  ၂၇
ထိုင်းနိုင်ငံသို့ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်သည် ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း၊ ဒုတိယဗိုလ် ချုပ်ကြီးစိုးထွဋ်နှင့် တပ်မတော် အရာရှိကြီးများ၊ ထိုင်းနိုင်ငံဆိုင်ရာမြန်မာစစ်သံ(ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် ခင်ဇော်တို့ လိုက်ပါပြီး ယနေ့နံနက်ပိုင်းတွင် ပတ္တရားမြို့ရှိ Wat Chaimongkol ဘုန်းတော်ကြီး ကျောင်းနှင့် Wat Luang Phor Aee ဘုန်းတော်ကြီးကျောင်းများသို့သွားရောက်ဖူးမြော် ကြည်ညိုသည်။
ဦးစွာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့သည် Wat Luang Phor Aee ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိကြပြီး ဘုန်းတော်ကြီးကျောင်းအတွင်းရှိ ဗုဒ္ဓရုပ်ပွား တော်မြတ်အား ဖူးမြော်ကြည်ညို၍ ဆီမီးကပ်လှူပူ ဇော်သည်။ ယင်းနောက် ကျောင်းထိုင်ဆရာတော် Laungpor Ei အားဖူးမြော်ကြည်ညို၍ လှူဖွယ် ပစ္စည်းများနှင့် နဝကမ္မအလှူငွေများဆက်ကပ်လှူဒါန်းပြီး ဆရာတော်မှ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့အား ဗုဒ္ဓ ရုပ်ပွားတော်မြတ်တစ်ဆူကို ဓမ္မဒါန လက်ဆောင်အဖြစ်ပြန်လည်ပေးအပ်သည်။ ၎င်းနောက်လှူဒါန်းမှု အစုစု တို့အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် Wat Luang Phor Aee ဘုန်းတော် ကြီးကျောင်းသို့ရောက်ရှိကြပြီး ဘုန်းတော်ကြီးကျောင်း အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညို၍ ရွှေသင်္ကန်းများကပ်လှူပူဇော် ကြသည်။ ယင်းနောက် ရာပြည့်အထိမ်းအမှတ်စေတီအတွင်းရှိ ယခင်ကျောင်းထိုင် ဘုန်း တော်ကြီးများ၏ ရုပ်တုများနှင့်အသုံးအဆောင်ပစ္စည်းများအားလှည့်လည်ကြည့်ရှုရာ ဆရာတော်တစ်ပါးမှ ရှင်းလင်းပြောကြားသည်။
၎င်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် ကျောင်းထိုင်ဆရာတော် Laungpor Ei အားဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများဆက်ကပ်လှူဒါန်းပြီး ဆရာတော်မှတပ်မ တော်ကာကွယ်ရေးဦးစီးချုပ် နှင့်ဇနီးတို့အား ဓမ္မဒါနလက်ဆောင်များပြန်လည်ပေးအပ်သည်။ ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် လှူဒါန်းမှုအစုစုအတွက်ရေစက်သွန်းချ အမျှပေး ဝေကြသည်။
ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ထိုင်းဘုရင့် ရေတပ် Sea Turtle ပင်လယ် လိပ်ထိန်းသိမ်းမွေးမြူရေးစခန်းသို့သွားရောက်လေ့လာကြရာ တာဝန်ရှိသူတစ်ဦးက ထိုင်းဘုရင့်ရေတပ်မှ ပင် လယ်လိပ်များအား စနစ်တကျမွေးမြူစောင့် ရှောက်၍ ပင်လယ်အတွင်းပြန်လည် စေလွှတ်ပေးမှု အခြေအနေ များအား Video Clip ဖြင့် ရှင်းလင်းတင်ပြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သိရှိလိုသည်များအား မေးမြန်းဆွေးနွေးသည်။
ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် လိပ်များမွေးမြူ ထားရှိမှုများနှင့် ထိခိုက် ဒဏ်ရာရရှိသည့်လိပ်များအားခွဲစိတ်ကုသမှုဆောင်ရွက်ပေးသည့် ဆေးခန်းတို့အား ကြည့်ရှုလေ့လာ ရာတာဝန်ရှိ သူများကလိုက်လံရှင်းလင်းပြသကြသည်။၎င်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များ သည် လိပ်များအား ပင်လယ်အတွင်းသို့လွှတ်ပေးကြပြီး ထိုင်းဘုရင့်ရေတပ် Sea Turtle ပင်လယ်လိပ် ထိန်း သိမ်းမွေးမြူရေးစခန်းအတွက် အလှူငွေများပေးအပ် လှူဒါန်းသည်။
အဆိုပါ ထိုင်းဘုရင့်ရေတပ် Sea Turtle ပင်လယ်လိပ်ထိန်းသိမ်းမွေးမြူရေးစခန်းသည် ပင်လယ်လိပ်များ မျိုးမသုဉ်းစေရန်အတွက် တစ်နှစ်လျှင်လိပ်ဥ ၃ သောင်းခန့် စုဆောင်း၍ သဘာဝအတိုင်း အကောင်ပေါက်သည် အထိ စနစ်တကျမွေးမြူစောင့်ရှောက် ပေးခြင်း၊ အရွယ်ရောက်ပြီးလိပ်အကောင်ရေ ၅ ထောင်မှ ၇ ထောင်ခန့်အား ပင်လယ် အတွင်းသို့ပြန်လည်စေလွှတ်ပေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး ပြင်ပမှငါးဖမ်းသမားများ ၏ငါးမျှားချိတ်များတွင်မိသည့် ပင်လယ်လိပ်များ၊ အခြားအကြောင်းအမျိုးမျိုးဖြင့် ထိခိုက်ဒဏ်ရာရသည့် ပင်လယ်လိပ်များအား အဆိုပါစခန်းတွင်ခွဲစိတ်ကုသခြင်းများ ဆောင်ရွက်ပေးသည်။ ပင်လယ်လိပ်ထိန်းသိမ်း မွေးမြူရေးစခန်းတွင်လိပ်အမျိုးအစား ၄ မျိုးအားထိန္းသိမ္းဆောင်ရွက်လျက်ရှိပြီး ပြင်ပမှလာရောက် လေ့လာ လိုသူများလည်း အခမဲ့လေ့လာနိုင်ကြောင်းနှင့်အဆိုပါ Sea Turtle ပင်လယ်လိပ်ထိန်းသိမ်းမွေးမြူရေးစခန်းအား ထိုင်းဘုရင့်ရေတပ်နှင့် အလှူရှင်များစုပေါင်းလှူဒါန်းမှုဖြင့်ဆောင်ရွက်နေခြင်းဖြစ်သည်။