တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)၊ ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၇) စစ်လက်ရုံးရွေးချယ်ပွဲသို့ တက်ရောက်စိစစ်ရွေးချယ်၊ တွေ့ဆုံအမှာစကား ပြောကြား

နေပြည်တော်၊ နိုဝင်ဘာ ၁၂

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)၌ ပြုလုပ်သည့် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၇) စစ်လက်ရုံးရွေးချယ်ပွဲသို့ တက်ရောက်စိစစ်ရွေးချယ်သည်။

အဆိုပါစစ်လက်ရုံးရွေးချယ်ပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ညွန့်ဝင်းဆွေနှင့် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ဇော်နိုင်ဦးတို့ တက်ရောက်ကြပြီး အမျိုးသမီးဗိုလ်လောင်းများအား တစ်ဦးချင်းတွေ့ဆုံကာသင်တန်းကာလတစ်လျှောက် စည်းကမ်းလိုက်နာမှု၊ ဘာသာရပ်အလိုက်ထူးချွန်မှု၊ ထက်မြက်မှု၊ ဝါသနာနှင့် ကြိုးစားအားထုတ်မှုများအပေါ်မူတည်၍ သင့်လျော်သည့် (ကြည်း၊ ရေ၊ လေ) စစ်လက်ရုံး အသီးသီးအတွက် စိစစ်ရွေးချယ်ပေးခဲ့ကြသည်။

ထို့နောက် နေ့လယ်ပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ဗိုလ်လောင်းစားရိပ်သာ၌ သင်တန်းသားဗိုလ်လောင်းများနှင့်အတူ နေ့လယ်စာ ကိုအတူတကွသုံးဆောင်ကြပြီး စစ်လက်ရုံးရွေးချယ်မှုအား ဆက်လက်ပြုလုပ်ခဲ့ကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဗိုလ်သင်တန်းကျောင်းရှိ မြ၀တီခန်းမတွင် သင်တန်းသားဗိုလ်လောင်းများအား တွေ့ဆုံအမှာစကားပြောကြားရာ၌ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်ရာ၌ အမျိုးသမီးစစ်မှုထမ်းများ ပါဝင်ထမ်းရွက်နိုင်စေရန်အတွက် အမျိုးသမီးစစ်မှုထမ်း(အရာရှိ)များအား လေ့ကျင့်သင်ကြား မွေးထုတ်ပေးရန်ဟူသည့် ရည်ရွယ်ချက်ဖြင့် ၂၀၁၄ ခုနှစ်တွင် အမျိုးသမီးဗိုလ်လောင်း သင်တန်း အမှတ်စဉ်(၁)ကို ၁၀၀ ဦးဖြင့် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ သင်တန်း အမှတ်စဉ်(၆)အထိ အမျိုးသမီးအရာရှိပေါင်း ၆၁၀ ဦးကို မွေးထုတ်ပေးနိုင်ခဲ့ပြီး တပ်မတော်(ကြည်း၊ ရေ၊ လေ) လက်ရုံးတပ်ဖွဲ့အသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိကြောင်း၊ လက်ရှိအချိန်တွင် အမျိုးသမီးအရာရှိများအပြင်၊ ကွန်ပြူတာဒီပလိုမာ တပ်ကြပ်ကြီးစာရေးများနှင့် အခြေခံတပ်သားသစ်များကိုလည်း ခေါ်ယူလေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း။

မြန်မာနိုင်ငံ၏ လူဦးရေ ၅၀ ရာခိုင်နှုန်းကျော်မှာ အမျိုးသမီးများဖြစ်ကြောင်း၊ နိုင်ငံတကာတွင် အမျိုးသမီးများ၏ ကဏ္ဍကိုမြှင့်တင်လျက်ရှိသကဲ့သို့ မိမိတို့တပ်မတော် တွင် ယခင်ကတည်းက အမျိုးသမီးစစ်မှုထမ်းများအား လက်ရုံးဝန်ထမ်းတပ်ဖွဲ့များတွင် တာဝန်ပေးအပ်ခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် ဆေးတပ်ဖွဲ့တွင်သာ ဆက်လက်တာဝန်ပေးအပ်ခဲ့ကြောင်း၊ ယခုအခါ မိမိတို့အနေဖြင့် အမျိုးသမီးအရာရှိ၊ စစ်သည်များအား ပြန်လည်မွေးထုတ်ကာ တာဝန်ပေးအပ်လျက်ရှိပြီး ယခုကဲ့သို့ အမျိုးသမီး အရာရှိများမွေးထုတ်ပေးနေခြင်းသည် စစ်ဘက်ခေါင်းဆောင်များ မွေးထုတ်ပေးနေခြင်းပင်ဖြစ်ကြောင်း၊ နိုင်ငံတော်တည်ဆောက်ရေးတွင် အမျိုးသမီးများ၏ စွမ်းအားများကိုအသုံးပြုနိုင်မည်ဆိုပါက ပိုမိုကောင်းမွန်စေမည်ဖြစ်ကြောင်း၊ ယခင်အမှတ်စဉ်များတွင် သင်တန်းဆင်းခဲ့ကြသည့် အမျိုးသမီးအရာရှိများအနက် တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်နှင့် ရေယာဉ်များတွင် ကိုယ်ခန္ဓာနှင့် စိတ်ဓာတ်ကြံ့ခိုင်မှုရှိစွာ တာဝန်ထမ်းဆောင်လျက်ရှိသည်ကို တွေ့ရှိရသည့်အတွက်လည်း ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ ယခုထက် ပိုမိုစွမ်းဆောင်ရည်မြင့်မားသည့် လေယာဉ်၊ ရေယာဉ်များတွင် တာဝန်ပေးအပ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း။

လူတိုင်းတွင်ဘ၀အတွက် ရည်မှန်းချက်များကိုယ်စီရှိကြပြီး မိမိတို့ရည်မှန်းချက်များကိုအကောင်အထည်ဖော်ရာတွင် ကိုယ့်ကိုကိုယ်ထိန်းသိမ်းနေထိုင်ရမည်ဖြစ်ပြီး ကြိုးစားအားထုတ်မှု၊ စည်းကမ်းလိုက်နာမှု၊ ကျန်းမာရေးကောင်းမွန်မှုနှင့် တာဝန် ထမ်းဆောင်နိုင်မှုများအပေါ် မူတည်၍ ရလဒ်ကွာခြားသွားမည်ဖြစ်ကြောင်း၊ စစ်ဘက် ဆိုင်ရာခေါင်းဆောင်မှုအတတ်ပညာကို သင်ကြားပေးနေခြင်းဖြစ်သည့်အတွက် မိမိကိုယ်ကိုယ်ထိန်းသိမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ခေါင်းဆောင်ကောင်း ဖြစ်ရန်အတွက် နောက်လိုက်ကောင်းဖြစ်ရန်လိုသလို အမိန့်နာခံတတ်မှုနှင့် ညွှန်ကြားချက် များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်စွမ်းရှိရမည်ဖြစ်ကြောင်း၊ နေရာနယ်ပယ် အသီးသီးမှလာရောက်ကြသူများဖြစ်သဖြင့် တာဝန်ထမ်းဆောင်ရာတွင် အခက်အခဲအချို့ရှိမည်ဖြစ်ကြောင်း၊ မိမိကိုယ်မိမိ အလိုမလိုက်ရန်နှင့် လက်အောက်ကိုလည်း ထိန်းသိမ်းကြပ်မတ်ရန်လိုကြောင်း၊ မိမိဘ၀တိုးတက်မှုနှင့် ကျန်းမာရေးကိုထိခိုက် ပျက်စီးစေနိုင်သည့် လုပ်ငန်းရပ်များကို ရှောင်ကြဉ်ကြရန်လိုကြောင်း၊ မိမိကိုယ်ကို စည်းကမ်းတကျ ရောင့်ရဲတင်းတိမ်စိတ်ဖြင့် ထိန်းသိမ်းပြီး ကြိုးစားအားထုတ်မှုများဖြင့် ဘ၀တိုးတက်အောင် ဆောင်ရွက်ကာ တပ်မတော်အရာရှိခေါင်းဆောင်ကောင်းများဖြစ်အောင် ကြိုးစားကြ ရမည်ဖြစ်ကြောင်း၊ ကြိုးစားအားထုတ်မှုနှင့် ရိုးသားမှုရှိရမည်ဖြစ်ပြီး ဘ၀ရည်မှန်းချက်ကို ခိုင်မာစွာဖြင့် အားမလျော့ဘဲ ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း၊ အမျိုးသမီးများ၏ အခန်းကဏ္ဍကို မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသဖြင့် တိုင်းပြည်နှင့် တပ်မတော်၏ ကဏ္ဍအသီးသီးတွင် ယုံကြည်စွာဖြင့် တာဝန်တာဝန်ပေးအပ်နိုင်သည့် ခေါင်းဆောင်ကောင်းများ၊ အရာရှိကောင်းများဖြစ်အောင် မိမိကိုယ်ကိုယ်ထိန်းထိန်းသိမ်းသိမ်းဖြင့် ကြိုးစားအားထုတ်ကြစေလိုကြောင်းဖြင့်မှာကြားသည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ တပ္မေတာ္ (ၾကည္း) ဗိုလ္သင္တန္းေက်ာင္း(ေမွာ္ဘီ)၊ ဘြဲ႕ရအမ်ိဳးသမီး ဗိုလ္ေလာင္းသင္တန္း အမွတ္စဥ္(၇) စစ္လက္႐ုံးေ႐ြးခ်ယ္ပြဲသို႔ တက္ေရာက္စိစစ္ေ႐ြးခ်ယ္၊ ေတြ႕ဆုံအမွာစကား ေျပာၾကား

ေနျပည္ေတာ္၊ ႏိုဝင္ဘာ ၁၂

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ယေန႔နံနက္ပိုင္းတြင္ တပ္မေတာ္(ၾကည္း)ဗိုလ္သင္တန္းေက်ာင္း(ေမွာ္ဘီ)၌ ျပဳလုပ္သည့္ ဘြဲ႕ရအမ်ိဳးသမီးဗိုလ္ေလာင္းသင္တန္းအမွတ္စဥ္(၇) စစ္လက္႐ုံးေ႐ြးခ်ယ္ပြဲသို႔ တက္ေရာက္စိစစ္ေ႐ြးခ်ယ္သည္။

အဆိုပါစစ္လက္႐ုံးေ႐ြးခ်ယ္ပြဲသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉး ဗိုလ္မႉးခ်ဳပ္ ၫြန႔္ဝင္းေဆြႏွင့္ တပ္မေတာ္(ၾကည္း) ဗိုလ္သင္တန္းေက်ာင္း(ေမွာ္ဘီ) ေက်ာင္းအုပ္ႀကီး ဗိုလ္မႉးခ်ဳပ္ ေဇာ္ႏိုင္ဦးတို႔ တက္ေရာက္ၾကၿပီး အမ်ိဳးသမီးဗိုလ္ေလာင္းမ်ားအား တစ္ဦးခ်င္းေတြ႕ဆုံကာသင္တန္းကာလတစ္ေလွ်ာက္ စည္းကမ္းလိုက္နာမႈ၊ ဘာသာရပ္အလိုက္ထူးခြၽန္မႈ၊ ထက္ျမက္မႈ၊ ဝါသနာႏွင့္ ႀကိဳးစားအားထုတ္မႈမ်ားအေပၚမူတည္၍ သင့္ေလ်ာ္သည့္ (ၾကည္း၊ ေရ၊ ေလ) စစ္လက္႐ုံး အသီးသီးအတြက္ စိစစ္ေ႐ြးခ်ယ္ေပးခဲ့ၾကသည္။

ထို႔ေနာက္ ေန႔လယ္ပိုင္းတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕ဝင္မ်ားသည္ ဗိုလ္ေလာင္းစားရိပ္သာ၌ သင္တန္းသားဗိုလ္ေလာင္းမ်ားႏွင့္အတူ ေန႔လယ္စာ ကိုအတူတကြသုံးေဆာင္ၾကၿပီး စစ္လက္႐ုံးေ႐ြးခ်ယ္မႈအား ဆက္လက္ျပဳလုပ္ခဲ့ၾကသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ဗိုလ္သင္တန္းေက်ာင္းရွိ ျမ၀တီခန္းမတြင္ သင္တန္းသားဗိုလ္ေလာင္းမ်ားအား ေတြ႕ဆုံအမွာစကားေျပာၾကားရာ၌ တပ္မေတာ္(ၾကည္း) ဗိုလ္သင္တန္းေက်ာင္း(ေမွာ္ဘီ)ကို ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္တြင္ ကာကြယ္ေရးတာဝန္ကို ထမ္းေဆာင္ရာ၌ အမ်ိဳးသမီးစစ္မႈထမ္းမ်ား ပါဝင္ထမ္း႐ြက္ႏိုင္ေစရန္အတြက္ အမ်ိဳးသမီးစစ္မႈထမ္း(အရာရွိ)မ်ားအား ေလ့က်င့္သင္ၾကား ေမြးထုတ္ေပးရန္ဟူသည့္ ရည္႐ြယ္ခ်က္ျဖင့္ ၂၀၁၄ ခုႏွစ္တြင္ အမ်ိဳးသမီးဗိုလ္ေလာင္း သင္တန္း အမွတ္စဥ္(၁)ကို ၁၀၀ ဦးျဖင့္ စတင္ဖြင့္လွစ္ခဲ့ျခင္းျဖစ္ေၾကာင္း၊ သင္တန္း အမွတ္စဥ္(၆)အထိ အမ်ိဳးသမီးအရာရွိေပါင္း ၆၁၀ ဦးကို ေမြးထုတ္ေပးႏိုင္ခဲ့ၿပီး တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) လက္႐ုံးတပ္ဖြဲ႕အသီးသီးတြင္ တာဝန္ထမ္းေဆာင္လ်က္ရွိေၾကာင္း၊ လက္ရွိအခ်ိန္တြင္ အမ်ိဳးသမီးအရာရွိမ်ားအျပင္၊ ကြန္ျပဴတာဒီပလိုမာ တပ္ၾကပ္ႀကီးစာေရးမ်ားႏွင့္ အေျခခံတပ္သားသစ္မ်ားကိုလည္း ေခၚယူေလ့က်င့္သင္ၾကားေပးလ်က္ရွိေၾကာင္း။

ျမန္မာႏိုင္ငံ၏ လူဦးေရ ၅၀ ရာခိုင္ႏႈန္းေက်ာ္မွာ အမ်ိဳးသမီးမ်ားျဖစ္ေၾကာင္း၊ ႏိုင္ငံတကာတြင္ အမ်ိဳးသမီးမ်ား၏ က႑ကိုျမႇင့္တင္လ်က္ရွိသကဲ့သို႔ မိမိတို႔တပ္မေတာ္ တြင္ ယခင္ကတည္းက အမ်ိဳးသမီးစစ္မႈထမ္းမ်ားအား လက္႐ုံးဝန္ထမ္းတပ္ဖြဲ႕မ်ားတြင္ တာဝန္ေပးအပ္ခဲ့ၿပီး အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေဆးတပ္ဖြဲ႕တြင္သာ ဆက္လက္တာဝန္ေပးအပ္ခဲ့ေၾကာင္း၊ ယခုအခါ မိမိတို႔အေနျဖင့္ အမ်ိဳးသမီးအရာရွိ၊ စစ္သည္မ်ားအား ျပန္လည္ေမြးထုတ္ကာ တာဝန္ေပးအပ္လ်က္ရွိၿပီး ယခုကဲ့သို႔ အမ်ိဳးသမီး အရာရွိမ်ားေမြးထုတ္ေပးေနျခင္းသည္ စစ္ဘက္ေခါင္းေဆာင္မ်ား ေမြးထုတ္ေပးေနျခင္းပင္ျဖစ္ေၾကာင္း၊ ႏိုင္ငံေတာ္တည္ေဆာက္ေရးတြင္ အမ်ိဳးသမီးမ်ား၏ စြမ္းအားမ်ားကိုအသုံးျပဳႏိုင္မည္ဆိုပါက ပိုမိုေကာင္းမြန္ေစမည္ျဖစ္ေၾကာင္း၊ ယခင္အမွတ္စဥ္မ်ားတြင္ သင္တန္းဆင္းခဲ့ၾကသည့္ အမ်ိဳးသမီးအရာရွိမ်ားအနက္ တပ္မေတာ္ေလယာဥ္၊ ရဟတ္ယာဥ္ႏွင့္ ေရယာဥ္မ်ားတြင္ ကိုယ္ခႏၶာႏွင့္ စိတ္ဓာတ္ႀကံ့ခိုင္မႈရွိစြာ တာဝန္ထမ္းေဆာင္လ်က္ရွိသည္ကို ေတြ႕ရွိရသည့္အတြက္လည္း ဝမ္းေျမာက္ဂုဏ္ယူမိပါေၾကာင္း၊ ယခုထက္ ပိုမိုစြမ္းေဆာင္ရည္ျမင့္မားသည့္ ေလယာဥ္၊ ေရယာဥ္မ်ားတြင္ တာဝန္ေပးအပ္ႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိေၾကာင္း။

လူတိုင္းတြင္ဘ၀အတြက္ ရည္မွန္းခ်က္မ်ားကိုယ္စီရွိၾကၿပီး မိမိတို႔ရည္မွန္းခ်က္မ်ားကိုအေကာင္အထည္ေဖာ္ရာတြင္ ကိုယ့္ကိုကိုယ္ထိန္းသိမ္းေနထိုင္ရမည္ျဖစ္ၿပီး ႀကိဳးစားအားထုတ္မႈ၊ စည္းကမ္းလိုက္နာမႈ၊ က်န္းမာေရးေကာင္းမြန္မႈႏွင့္ တာဝန္ ထမ္းေဆာင္ႏိုင္မႈမ်ားအေပၚ မူတည္၍ ရလဒ္ကြာျခားသြားမည္ျဖစ္ေၾကာင္း၊ စစ္ဘက္ ဆိုင္ရာေခါင္းေဆာင္မႈအတတ္ပညာကို သင္ၾကားေပးေနျခင္းျဖစ္သည့္အတြက္ မိမိကိုယ္ကိုယ္ထိန္းသိမ္းေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း၊ ေခါင္းေဆာင္ေကာင္း ျဖစ္ရန္အတြက္ ေနာက္လိုက္ေကာင္းျဖစ္ရန္လိုသလို အမိန႔္နာခံတတ္မႈႏွင့္ ၫႊန္ၾကားခ်က္ မ်ားကို ေအာင္ျမင္စြာ အေကာင္အထည္ေဖာ္ႏိုင္စြမ္းရွိရမည္ျဖစ္ေၾကာင္း၊ ေနရာနယ္ပယ္ အသီးသီးမွလာေရာက္ၾကသူမ်ားျဖစ္သျဖင့္ တာဝန္ထမ္းေဆာင္ရာတြင္ အခက္အခဲအခ်ိဳ႕ရွိမည္ျဖစ္ေၾကာင္း၊ မိမိကိုယ္မိမိ အလိုမလိုက္ရန္ႏွင့္ လက္ေအာက္ကိုလည္း ထိန္းသိမ္းၾကပ္မတ္ရန္လိုေၾကာင္း၊ မိမိဘ၀တိုးတက္မႈႏွင့္ က်န္းမာေရးကိုထိခိုက္ ပ်က္စီးေစႏိုင္သည့္ လုပ္ငန္းရပ္မ်ားကို ေရွာင္ၾကဥ္ၾကရန္လိုေၾကာင္း၊ မိမိကိုယ္ကို စည္းကမ္းတက် ေရာင့္ရဲတင္းတိမ္စိတ္ျဖင့္ ထိန္းသိမ္းၿပီး ႀကိဳးစားအားထုတ္မႈမ်ားျဖင့္ ဘ၀တိုးတက္ေအာင္ ေဆာင္႐ြက္ကာ တပ္မေတာ္အရာရွိေခါင္းေဆာင္ေကာင္းမ်ားျဖစ္ေအာင္ ႀကိဳးစားၾက ရမည္ျဖစ္ေၾကာင္း၊ ႀကိဳးစားအားထုတ္မႈႏွင့္ ႐ိုးသားမႈရွိရမည္ျဖစ္ၿပီး ဘ၀ရည္မွန္းခ်က္ကို ခိုင္မာစြာျဖင့္ အားမေလ်ာ့ဘဲ ႀကိဳးစားေဆာင္႐ြက္ၾကေစလိုေၾကာင္း၊ အမ်ိဳးသမီးမ်ား၏ အခန္းက႑ကို ျမႇင့္တင္ေဆာင္႐ြက္ေပးလ်က္ရွိသျဖင့္ တိုင္းျပည္ႏွင့္ တပ္မေတာ္၏ က႑အသီးသီးတြင္ ယုံၾကည္စြာျဖင့္ တာဝန္တာဝန္ေပးအပ္ႏိုင္သည့္ ေခါင္းေဆာင္ေကာင္းမ်ား၊ အရာရွိေကာင္းမ်ားျဖစ္ေအာင္ မိမိကိုယ္ကိုယ္ထိန္းထိန္းသိမ္းသိမ္းျဖင့္ ႀကိဳးစားအားထုတ္ၾကေစလိုေၾကာင္းျဖင့္မွာၾကားသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။